လွမ်းသည် သို့သော်

ကာရံOctober 12, 20131min05

တစ်ခါတစ်ရံ လူတစ်ယောက်ကို သတိရတယ်ဆိုသော စိတ်ကလေးက အတော်လေးကို ပင်ပန်းစေသောအရာလေးပါ

အတူနေလာတာကြာတော့သံယောဇဉ်တွေဖြစ်တည်လာတယ် ခိုင်မာလာတော့လဲ တစ်ယောက်ကိုတစ်ယောက်မေ့မရအောင်ဖြစ်တည်နေတာပေါ့

အနေဝေးကွာလာတာနဲ့အမျှ လွမ်းသည်ဆိုသော ဒဏ်ရာလေးတွေ ကိန်းအောင်နေပါပြီ အချစ်နဲ့စ မေတ္တာအလယ် အလွမ်းနဲ့ မဆုံးပါရစေသား

နွေဦးလေပြေ

ရွှက်ကြွေသည့်သဘော

မျက်ရည်မိုးဆွေ

ပြိုကျလုလု

ကြင်သူဘယ်အဝေး

မျှော်ငေးလို့လွမ်း

တမ်းတမိသူ

ချစ်သူမောင်သည်

တစ်ယောက်ဘဲချစ်

သံယောဇဉ်၏

မြစ်ဖျားခံရာ

ခံစားစိတ်လေး

အနေဝေးလဲ

မင်းရဲ့ရင်မှာ

အစဉ်သာ

လင်းမယ့် လမင်းပမာ…………..

                                             ပိတောက်မိုး

5 comments

  • ရွှေ ကြည်

    October 12, 2013 at 8:45 pm

    လူတယောက်ကိုသတိရနေရတာ သိပ်ကိုပင်ပန်းလွန်းတာပါဗျာ နှစ်ဦးနှစ်ဖက်ကျေနပ်ပြီး အပြန်အလှန်သတိရနေကြရတဲ့ ဘဝ တွေကိုအားကျပါရဲ့
    တဖက်သတ်ကြီးသတိရကျန်ခဲ့ရတဲ့ဘဝ ကို နောင်ဘဝ အထိုထို ကင်းရပါလို၏

    Reply

  • alinsett

    October 13, 2013 at 7:36 am

    သတ်ိရတိုင်းးး
    စာမှန်မှန် ရေးပေါ့
    သူငယ်ချင်းရယ်

    :kwi:

    Reply

  • padauk moe

    October 13, 2013 at 9:27 am

    အေးပါကွ မရေးဖြစ်တာပါ

    Reply

  • မဟာရာဇာ အံစာတုံး

    October 13, 2013 at 9:41 am

    အလွမ်း .. အလွမ်း ..
    အဲ့ဒီ အလွမ်း …
    ရင်ကို နွမ်းစေတယ် ….
    တကယ် … တကယ် …
    အဲ့ဒီ အလွမ်း …
    ရင်ကို ပန်းစေပါတယ် …..။

    Reply

  • padauk moe

    October 13, 2013 at 2:27 pm

    ရင်မှာဖြစ်သောပန်း အစဉ်လန်းစေကြောင်း ပိတောက်မိုးမှ မေတ္တာထက်လောင်းပေးလိုက်တယ်နော်

    Reply

Leave a Reply

Your email address will not be published.