black chawDecember 22, 20112min033
၂၀၁၁ ခုနှစ်အတွင်း ကိုပေါက် တင်ခဲ့တဲ့ ပို့စ် တွေကို ပြန်တူးဆွထားတာလေးပါခင်ဗျာ။ စိတ်သွားတိုင်း ကိုယ်မပါသော ဘလက် ပါခင်ဗျာ။ လုပ်ချင်တာတွေ များနေပြီး ရတဲ့ အချိန်နှင့် တတ်နိုင်သည့် ခွန်အား မမျှ ဖြစ်နေခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ အစပြုမိပြီ ဖြစ်သဖြင့် အဆုံးထိရောက်အောင် လျှောက်ပါမည်။ ပို့စ်တစ်ပုဒ်ခြင်း အသေးစိတ်ရေးဘို့ အချိန်က အလွန်နည်းနေပါသဖြင့် သည်းခံခွင့်လွှတ်ပေးကြဘို့ပြောချင်ပါသည်။ ကျွန်တော့် ပို့စ်လေးကို ဖတ်ပြီး ကိုပေါက် အတွက် မုဒိတာစကားလေးတွေ ကွန်းမန့်လေးနဲ့ ပြောပေးကြဘို့ တောင်းပန်ချင်ပါသည်။ ဘလက်အတွက် မလိုအပ်ပါ။ ဘလက်က ငယ်သေးတယ်လေဗျာ ဟားဟား။ ညီငယ် အင်ဇာဂီ ၏ မြန်မာ့ ရိုးရာ စားစရာ ဆိုသည့် ပို့စ် လေး ကို ကိုးကားခွင့်ပြုပါခင်ဗျာ။ ဒီလိုဗျာ။ […]


တရုတ်နိုင်ငံရဲ့  CCTV  ရုပ်သံလိုင်း ကို မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ CCTV ရုပ်သံလိုင်းများထဲမှ CCTV-4(Chinese),CCTV-News(English)CCTV-9 (Documentry) ဆိုပြီး  လိုင်းခွဲသုံးခု ဖြစ်ပါတယ်။ SKY NET လိုင်းက ထုတ်လွှင့်မှာ ဖြစ်ပါတယ်။


AnonymousDecember 22, 20111min07
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က မီးသတ်လုပ်ငန်းဟာ အများအကျိုးဆောင်တဲ့ စွန့်လွှတ် စွန့်စားရတဲ့ သူရဲကောင်းများရဲ့ မွန်မြတ်တဲ့ အလုပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ၊ အမှန်တကယ်လည်းပဲ မီးသတ်တပ်ဖွဲ့ ပြည်သူလူထု ရဲ့အသက်အိုးအိမ်စည်းစိမ် နဲ့ ဥစ္စာပစ္စည်းတွေကို မီးဘေး အန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။          ဒါပေမယ့် ခေတ်တွေ စနစ်တွေ ပြောင်းလဲလာမှုနဲ့ အတူ မီသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေလဲ ပြောင်းလဲ လာခဲ့ပါတယ်။   မီးသတ်တပ်ဖွဲ့ဝင်တွေကို ကျွမ်းကျင်မှုရှိစေဖို့အတွက် မီးသတ်သင်တန်းတွေ လေ့ကျင့် သင်ကြားပေးနေရာကနေ နိုင်ငံတော်အေးချမ်းသာယာရေး အရန်အင်အား ဆိုပြီး မီးသတ်တပ်ဖွဲ့ဝင်တွေကို အခြေခံစစ်ပညာတွေ ၊ လက်နက်ငယ်ကိုင်တွ ပစ်ခတ်နည်းတွေကို သင်ကြားပို့ချလာပါတယ်။  မီးသတ်ပိုက် ကိုင်တဲ့ လက်တွေဟာ သေနတ်တွေကို ကိုင်လာရပါတယ်။  လက်ထိပ်တွေ ကိုင်လာရပါတယ် နံပါတ်ဒုတ်တွေ ကိုင်လာရပါတယ် ဧည့်စာရင်းတွေစစ် လုံခြုံရေးတွေစစ် ယာဉ်ထိန်းအလုပ်တွေ […]


black chawDecember 21, 20111min039
ဘယ်သူက ဘယ်တုန်းက ကင်ပွန်းတတ်ပေးခဲ့သည်မသိပါ။ ကျွန်တော်တို့ ရွာထဲရောက်တော့ ရွာတော်ရှင်ဆိုသောဘွဲ့ကို ပိုင်ဆိုင်ထားပြီး ဖြစ်နေသည်မှာ ဘွားဆူး ဟုလည်းရွာသူားတွေ ခေါ်ဝေါ်ကြသော ဆူး ဖြစ်ပါသည်။ ရွာရည်မလည်ခင်တုန်း ကတော့ ဘွားဆူးကို ဘာလို့ ဒီလောက်နာမည်ကြီးရတာလဲ ဆိုတာ နားမလည်နိုင်ခဲ့ပါ။ တဖြည်းဖြည်း မှ ရွာတွင် ဆူး နေရာ အခိုင်အမာရထားရသော အကြောင်းကို နားလည်လာခဲ့ပါသည်။ ပွိုင့်တစ်သိန်းပြည့်၍ သူကြီးထံမှ ပထမဆုံး စာမူခ လက်ခံ ရရှိသော စာရေးသူမှာလည်း ဆူး ပဲဖြစ်ပါသည်။ တစ်ခါတစ်ခါ ရွာထဲမှ ပျောက်ပျောက်သွားတတ် သည် ကလွဲလျှင် ရေးအားကောင်းသော စာရေးသူတစ်ယောက်ဖြစ်ပါသည်။ အဆိုပါ ဆူး၏ ၂၀၁၁ ခုနှစ်အတွင်း ရေးခဲ့သော ပို့စ်များထဲမှ လက်လှမ်းမီသလောက် ရှာဖွေဖတ်ရှု ဖြစ်ခဲ့ပါသည်။ ထူးခြားသည်ထင်သည့်ပို့စ်လေးများအကြောင်းပြောပြချင်ပါသည်။ ၁။ […]


DaveDecember 21, 20111min00
ဒီဇင်ဘာ ၂ဝရက် နေ့က မေတ္တာ Campaign (အထက်မြန်မာပြည်)၏ စည်းရုံးမှုဖြင့် မန ္တလေးမြို့ ၊စက်မှု(၁)၊ ၆၂လမ်းနှင့် ၆၂(ပန်ခြံလမ်း) လမ်းဆုံရှိ မြဝတီမင်းကြီးတိုက် ဘုံပျံတောရတွင် မြန်မာနိုင်ငံကျောင်းသားများနေ့ အထိမ်းအမှတ်ငြိမ်းချမ်းရေးတရားပွဲကျင်းပသည်။ … ရှေးဦးစွာ ထိုနေ့နံနက် ၁ဝနာရီတွင် ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်အပါအဝင် ခေတ်အဆက်ဆက်က ကျဆုံးခဲ့သော ကျောင်းသားများနှင့် ကျောင်းသားခေါင်းဆောင်များကိုရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းသည်။ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့် ကြိုးပမ်းခဲ့သော ကျောင်းသားများနှင့် ကျောင်းသားခေါင်းဆောင်များကို ပြန်ပြောင်းအောက်မေ့ကာ ဦးခိုက်ဂါရဝပြုသောအားဖြင့် အစီအစဉ် ၁၂ခုဖြင့် မြန်မာနိုင်ငံကျောင်းသားများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရာ တက္ကသိုလ်၊ကောလိပ်နှင့် အခြားကျောင်းအသီးသီးမှ ၁၉၇ဝပြည့်လွန်၊ ၁၉၈၈ခုနှစ်နောက်ပိုင်း ကျောင်းသားဟောင်းများနှင့် ကျောင်းသားခေါင်းဆောင်ဟောင်းများ၊မန ္တလေးတိုင်းNLD ပါတီ မှ အင်အားစုများနှင့် ကျောင်းသားအရေး အာပေးထောက်ခံသူများ စုစုပေါင်း […]


NovyDecember 21, 20112min08
တုန်လှုပ်ခြောက်ခြားဖွယ် သစ်ပင်လူသား အသက် ဆယ့်ငါးနှစ်အရွယ်တုန်းက Dede Koswara ဟာ ငါးဖမ်းသမားတစ်ဦးဖြစ်ဖို့ လေ့လာသင်ယူခဲ့တယ် ။ သူဟာ အဆောက်အဦးတွေ ဘယ်လိုတည်ဆောက်သလဲဆိုတာကိုလည်း လေ့လာယူသင်ယူခဲ့တယ် ။ အင်ဒိုနီး ရှားနိုင်ငံ မှာ ပျော်ရွှင်စရာလူငယ်လေးတစ်ယောက်အဖြစ်နဲ့ပေါ့ ။ အဲဒီနောက်ပိုင်း . . သူဟာ သူ့ဒူးခေါင်း ကိုဖြတ်ပစ်ခဲ့ရတယ် ။ အဲဒီကနေစလို့ ကံကြမ္မာဆိုးကြီးတစ်ခုဟာ ဘဝတစ်ခုလုံး ကို ဗြောင်းပြန် ဆန်အောင် မွှေနှောက် ပစ်ခဲ့တယ် ။ သူ့ဒူးခေါင်းဟာ အချိန်အကြာကြီးတိုင်အောင် အနာကျက်ဖို့ခဲယဉ်းနေသလို ပွန်းပဲ့ရာလေးတစ်ခုကနေစပြီး ကြွက်နို့လေး တစ်ခုဖြစ်ပေါ်လာခဲ့တယ် ။ အဲဒီနောက်ပိုင်းမှာ ကြွက်နို့တွေဟာ ပတ်ပတ်လည် များပြားလာ ခဲ့ရတယ် ။ အဲဒီလိုနဲ့သူဟာ ငါးဖမ်းသမားတစ်ယောက် ဆောက်လုပ်ရေးသမားတစ်ဦးအနေနဲ့ အိမ်ထောင်တွေ ဘာတွေကျပြီး ကလေးတွေ […]


black chawDecember 21, 20111min025
nozomi ဆိုလျှင် ကျွန်တော်တို့ ရွာသားအသစ်တွေက ဘူတန်သွားတောလား နှင့် တွဲ၍ မှတ်မိနေကြပါသည်။ ဘူတန်ဘုရင် နှင့် သူ့ မိဖုရားငယ်ငယ်ချောချောလေးပုံကို ရအောင်တင်ပေးနိုင်သော nozomi ကိုးခင်ဗျ။ အဲဒီနောက်ပိုင်း ကျွန်တော် ဖတ်ဖြစ်တဲ့ nozomi ပို့စ်လေးတွေက သပ်သပ်ယပ်ယပ်လေးတွေနှင့် စံနစ်ကျလှပနေတာ သတိပြုမိပါသည်။ သူ့ပို့စ် အချို့အကြောင်း ကျွန်တော် နည်းနည်း ပြန်ပြောပြချင်ပါသည်။ (၁) ရပိုင်ခွင့် နှင့် တာဝန် http://myanmargazette.net/66252/business-economy/think-tank အငှားကား ဝယ်ထောင်ထားသူ မိတ်ဆွေဝန်ထမ်း၏ အတွေ့အကြုံနှင့် ELEVEN ဂျာနယ်ပါ ဆရာ စိုးဘားဒိုင်ရဲ့ ဆောင်းပါးလေးကို ဖေါ်ပြပြီး သူပေးချင်တဲ့ မက်ဆေ့ချ် လေးကို ပေးသွားတာလေးပါ။ သူပေးချင်တာလေးကို နည်းနည်းလေး ကောက်နှုတ်ဖေါ်ပြခွင့်ပြုပါ။ ဒီရက်ထဲ သတင်းစာတွေမှာ ရပိုင်ခွင့် နဲ့ တာဝန် […]


NovyDecember 21, 20111min05
လှည်းတန်း မီးပိုင့် အနားက အများသုံး အိမ်သာမှာ ဗုံးပေါက်တယ်လို့ ကြားပါတယ် အခု အိမ်သာ ပတ်လည်နားကိုလည်း အကာတွေနဲ့ ကာထားတယ်လို့ သတင်းရလို့ပါ ဟုတ်မဟုတ်သိတဲ့လူရှိရင် ပြောပေးပါအုံး


manawphyulayDecember 21, 20111min016
ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သော လှည်းတန်းလမ်းဆုံ အနီး ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် လူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက် ရှိပါသည်။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အသစ်ဆောက်လုပ်ထားတဲ့ အများသုံးအိမ်သာအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ သတင်းရပါတယ်။ ပိုစ့်က ဒီနေ့တင်တာ ၃ ခုဖြစ်သွားတဲ့အတွက် သတင်းပေးချင်လို့သာ ထပ်မံတင်လိုက်ပါတယ်။ သူဂျီးပွိုင့်မပေးလည်းရပါတယ်ရှင်။


  ဂေဖက်မှာစာမရေးတာကြာပေမဲ့…ဗဟုသုတလည်းရ အံ့လည်းအံ့ဩမိတာလေးတွေရှိလို့ရေးမိပြန်ပါတယ်…   အစားအစာမီနူးအသစ်များရှာဖွေရင်းနဲ့တွေ့မိဖတ်မိတာလေးကို ရွာသူား မောင်နှများအားလက်ဆင့်ကမ်းလိုက်ခြင်းပါ…ဒီလိုပါ… တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်တွေကိုစွပ်ပြုတ်လုပ်သောက်ကြခြင်းပါပဲ…. ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြတ်နေတဲ့ပုံတွေဟာ တရုတ်နိုင်ငံ ကန်တုံမြို့( Canton)မှာပါ…ဒီကလေးစွပ်ပြုတ်ဟာ ကျမ်းမာခြင်း၊သက်လုံကောင်းခြင်း၊အထူးသဖြင့် လိင်အားတိုးခြင်းတို့ဖြစ်စေတယ်လို့ဆိုပါတယ်…ဈေးနူန်းကတော့ ဒေါ်လာ (၄၀၀၀) ခန့်ရှိတယ်လို့သိရပါတယ်..ဝယ်စားနေကြဖောက်သယ်တစ်ဦးဖြစ်တဲ့ စက်ရုံမန်နေဂျာတစ်ဦးကတော့ ဒီလူဆေးစွပ်ပြုတ်ဟာ ထိရောက်မူရှိတယ်လို့ အင်တာဗျူမှာ အတည်ပြုပြောဆိုသွားပါတယ်.. အဲဒီစွပ်ပြုတ်ရဖို့အတွက် အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေအပါအဝင် ကြက်သားနဲ့ရောပြီး ကလေးငယ်ကို ၈ နာရီကြာအောင်ရေးနွေးနဲ့ပွက်ပွက်ဆူေအောင်ပြုတ်ရပါတယ်တဲ့… အသက် ၆၂ နှစ်အရွယ်ရှိတဲ့စက်ရုံမန်နေဂျာက သတင်းတောက်တွေကိုပြောပြခဲ့ပါတယ်… ဒီပုံမှာတွေရတဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ သမီးမိန်းကလေး ၂ ယောက်ရှိထားပြီ… တတိယကိုယ်ဝန်ဟာလည်း သမီးမိန်းကလေးပဲဖြစ်လို့ ကိုယ်ဝန်ကို ၅လအရွယ်မှာဖျက်ချဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ဒါဟာလည်းကုန်ကျစရိတ်သက်သာတဲ့နည်းလမ်းလည်းဖြစ်တယ်လို့ဆိုပါတယ်.. ဒေသခံ သတင်းထောက်တစ်ဦးက ဒီပြဿနာတွေဟာ တရုတ်လူမျိုးတွေအနေနဲ့ ကျမ်းမာရေးနဲ့ပက်သက်ပီး အရမ်းအာရုံစူစိုက်လွမ်းလို့ ထွက်ပေါ်လာတဲ့ ပြဿတွေပါပဲတဲ့.. […]


ပြောင်းသွားပြီ…ပြောင်း..သွားပြီ…ပြောင်း…..သွားပြီ….အဝတ်..အဝတ်..အဝတ်… အတွင်းထဲမှာ ဘာတွေပြောင်းနေလဲတော့..မသိ..ကျနော်တို ့ ခံစားရတဲ့ လူမှု ့ဘဝကတော့ သိပ်မပြောင်းသေးပါဘူး မီးမှန်လာတာ တစ်ခုတော့..ကောင်းတဲ ့ဘက်မှာရှိပါတယ်.. ဖုန်းတွေချပေးတယ်..ကားတွေသွင်းခွင့်ပေးတယ်..ထုံးစံအတိုင်းလိုပါဘဲ..တစ်ဆင့်ကတော့..ဆရာစား ချန်ထားတဲ ့သဘောလေးတွေတွေ ့ရတယ် ဥပမာ ကားပါမစ်အတွက် အဆင့်တွေအများ ကြီးကျော်ဖြတ်ရတယ် ထုံးစံလေးတွေကလဲ မပြောင်းလဲသေးတာ တွေ ့ရပါတယ် လက်ဖက်ရည်ဖိုး လို ့တော့ပြောကြပါတယ်။ ကားတင်သွင်းခွင့် ရတဲ ့သူတွေ က ဘယ်လိုလူတွေလဲ အများဆုံးဘယ်လို လူတွေ တင်သွင်းနေတာလဲ ကျနော်တို ့ကတော့ အဆင့်တွေအများကြီး မကျော်ဖြတ်နိုင်သေးပါဘူး တစ်ချို ့လဲ.တင်သွင်းခွင့်ရပါတယ် သာမာန်ပြည်သူတွေပေါ့ ဒါပေမယ့်ပေးရတဲ ့ဝန်ဆောင်ခ ချင်းကျပြန်တော့ ကွာခြားလှပါတယ်.. ကျနော် ပြောချင်တဲ့သဘောကတော့.အားလုံးကို အဆင့်တွေအများကြီးမထားပါနဲ ့ လို ့ပြောချင်ပါတယ်..အဆင့်တိုင်းအဆင့်တိုင်း..မှာစားပေါက်လေးတွေပွင့်နေလို ့ပါဘဲ ကျနော်တို့ ရပ်ကွက် အုပ်ချုပ်ရေးရုံးမှာ […]


black chawDecember 20, 20111min019
ဆရာကြီး မောင်သာရ က ကျွန်တော်တို့ ရွာ အတွက် ပို့စ် သုံးပုဒ် ချီးမြှင့်ပေးခဲ့ပါသည်။ ထို့အတွက် ကျွန်ုပ်ဘလက်ချော မှ ကျေးဇူးတင်ကြောင်း ဂဇက်တံခါးစောင့် ပို့စ်တစ်ခုတွင် ခေါင်းစဉ်တတ်ပြီး ဂုဏ်ပြုခဲ့ဘူးပါသည်။ ဆရာကြီးမောင်သာရ အတွက် ဂဇက်က တံခါးအမြဲ ဖွင့်ထားပါသည် (http://myanmargazette.net/80346/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion) ဆိုသည့် ပို့စ်လေးတင်ဖြစ်ပါသည်။ ပို့စ်ထဲတွင်လည်း ဆရာကြီးကို ကျေးဇူးတင်ကြောင်း ဒီလိုရေးခဲ့ဘူးပါသည်။ ဘလက်တစ်ယောက် မြောက်ကြွမြောက်ကြွ ဖြစ်နေမိပါသည်။ မန်းဂဇက်မှာ စာရေးနေတာကွ၊ ဆရာကြီးမောင်သာရတောင် ဝင်ရေးပေးနေတဲ့ ဂဇက်ကွ၊ အဲဒီလိုကြီးကို ဂုဏ်ယူမိနေတာ ဖြစ်ပါသည်။ ဆရာကြီးက ပို့စ် သုံးပုဒ် ချီးမြှင့်ခဲ့ပါသည်။ ၁။ ဘယ်သူ့ဘက်က ခြေသာသလဲ (12, Nov) ၂။ အောင်ဆန်းစုကြည် ဘာလဲ ဘယ်လဲ (16, Nov) […]