ယနေ့ ၂၅၊၁၂၊၂၀၁၁ ရက် နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့် အချိန် မန္တလေးတိုင်း ကျောက်ဆည်မြို့၏ လူ၊ ကား အစည်ကားဆုံးနေရာဖြစ်သော မြို့လယ်ခေါင် လမ်းလေးခွဆုံ (ဒေသအခေါ် လက်ပြတိုင်) အနီးတွင် အမျိုးသမီး တစ်ဦး လသားအရွယ် ကလေးငယ်တစ်ဦးအား ရင်ခွင်ပိုက်လျက် ကားလမ်းမ အလယ်တွင် တင်ပလင်ခွေထိုင် ကာ သူမ၏ စိတ်ညစ်ဖွယ်ကောင်းသော ဘဝကို အဆုံးသတ်ရန် ကြံစည်မှု တစ်ခု ဖြစ်ခဲ့ပါသည်။ ဖြစ်ပွားပုံအကျဉ်းမှာ ထိုအမျိုးသမီးသည် သူ၏ ကလေးငယ်ကို လက်တဖက်ဖြင့် ရင်ခွင်ပိုက်ကာ အခြားလက်တဖက်ဖြင့် လက်ဆွဲဆာလာအိတ်ပန်းရောင်ကို ကိုင်လျက် လမ်းလယ်ခေါင်သို့ လျှောက်လာပြီးလျင် ဆွဲလာသောအိတ်ကိုချကာ ထိုင်ချလိုက်ပါသည်။ ထိုအခါ ဖြတ်သန်းသွားလာနေသော လူအများလည်း ပထမ၌ ခေတ္တ ခဏ အထူးအဆန်းဖြစ်ပြီး […]
