ကျွန်တော် ရွာသူရွာသားတွေရဲ့ ပို့စ်လေးတွေအကြောင်းကို အပင်ပန်းခံတူးဆွဖေါ်ပြပေးနေတာဟာ ကျွန်တော် တတ်နိုင်တာလေးနဲ့ လက်ဆောင်လေးတွေပေးနေတယ်လို့ မှတ်ယူပေးကြပါခင်ဗျာ။ သူကတော့ တော်လို့ ငါကတော့ ညံ့လို့ ဆိုတဲ့ သဘောတွေ မပါပါဘူး။ ကျွန်တော် ရေးတင်လိုက်တဲ့ ပို့စ်လေးတစ်ခုက ရွာသူရွာသားတစ်ယောက်အတွက် အမှတ်တရ တော့ ဖြစ်နေမယ်လို့ ထင်ပါတယ်။ မန်းသူမန်းသားတွေရဲ့ မန်းဂဇက် ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ပို့စ်တစ်ခုထဲမှာ အပြည့်ထည့်လိုက်ချင်ပေမယ့် ဆရာမကြီးပို့စ်တွေက ပို့စ်တစ်ခုသီးခြားတင်မှ အဆင်ပြေနိုင်မှာကြောင့် အပိုင်း ၂ ကို ဆရာမကြီး အတွက် သီးသန့်တင်လိုက်ဖြစ်ပါတယ်ခင်ဗျာ။ အင်္ဂလိပ်စာလေ့လာလိုသူတွေအတွက်လည်း ပို့စ်လေးတွေ ပြန်ရှာပြီး လင့်လေးတွေထည့်ပေးထားပါတယ်ခင်ဗျာ။ ဆရာမကြီး TTNU ကတော့ မန်းဂဇက်မှာ BEST TEACHER စီးရီးနဲ့ အခိုင်အမာနေရာတစ်ခု ရရှိခဲ့တာဖြစ်ပါတယ်။ ဆရာမကြီးက အင်္ဂလိပ်စာ သင်ခန်းစာလေးတွေပေးရင်း ဘဝအတွေ့အကြုံတွေလည်းရေးရင်း […]
