Diamond KeyJanuary 9, 20121min021
မနေ့က အပြင်ကို ကိစ္စတစ်ခုနဲ့ ထွက်အလာ (မန္တလေး) ၁၈ လမ်းနဲ့ ၈၆ လမ်းဆုံတဲ့ နေရာအရောက်မှာ လူတွေ အုပ်စုလိုက် ဖြစ်နေတာနဲ့ စုံစမ်းကြည့်တော့ ဆိုင်ကယ်တစ်စီးက လမ်းကူးနေတဲ့ အဖွားကြီး တစ်ယောက်ကို တိုက်မိပြီး မောင်းပြေးလို့ ပတ်ဝန်းကျင်ကလူတွေက ဝိုင်းဖမ်းလို့ မိခါစလို့ သိလိုက်ရတယ်။ ယာဉ်ထိမ်းကိုလည်း အကြောင်းကြားကြပါတယ်။ အဲဒီမှာ အခက်အခဲ တစ်ခုတွေ့ရတာက ဆေးရုံပို့ဖို့ ကားမရတာပါပဲ။ ဖြတ်သွားဖြတ်လာနဲ့ အနီးအနားက ကားတွေကလည်း လူနာကိုတင်ပြီး မပို့ရဲကြပါ။ ဒါနဲ့ အခုနောက်ပိုင်းကာလ မန္တလေးမှာ ဒီလိုကိစ္စမျိုးတွေ အတွက် အဆင်ပြေတဲ့ လူမှုကူညီရေး အသင်းတွေ ပေါ်လာတော့ လူမှုကူညီရေး အသင်းတစ်ခုကို ဖုန်းဆက်လိုက်တော့ ကားတစ်စီး ချက်ချင်းရောက်လာပြီး လူနာကို ဆေးရုံကို လိုက်ပို့ပေးပါတယ်။ ခဏအကြာမှာတော့ ယာဉ်ထိန်းတပ်ကြပ်ကြီးတစ်ဦး […]


black chawJanuary 9, 20122min037
မ န္တလးသူ မန္တလေးသားများရဲ့ မန်းဂဇက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ် တစ်ပုဒ်တင်ဘို့ ကြိုးစားနေခဲ့တာ လနဲ့ချီပြီး ကြာခဲ့ပါပြီဗျာ။ ပို့စ်တွေ ပြန်ဖတ်ဖို့ ကြိုးစားရတာကိုက အတော်ကြာပါတယ်။ အခု Jan 6, 2012 ည 9:15 ကျမှ လက်တွေ့စဖြစ်ပါတယ်။ မန်းသူမန်းသားတွေကို စာရင်းတို့ ကြည့်လိုက်တော့ ကိုပေါက်၊ မောင်ပေ၊ ကိုစိန်သော့၊ ကိုဆန်နီ၊ ဆရာမကြီး၊ မပုချ်၊ whowho စသည့်နာမည် များကို အမှတ်ရမိနေပါ၏။ အန်ကယ်ကြီးလည်း ပါတယ်ထင်မိပါတယ်။ ကဲ အန်ကယ်ကြီးရောပေါ့ခင်ဗျာ။ လောလောဆယ် ပို့စ် နည်းနည်းလေးပဲ ရေးပြီး နေရာတစ်ခု အခိုင်အမာရယူထားသော pooch ရဲ့ ပို့စ်လေးတွေနဲ့ စလိုက်ရအောင်ပါ။ မန်းသူမန်းသားတွေ ဟာ မန္တလေး ဂဇက်အတွက် အင်အားစုကြီးတစ်ခုဆိုတာ […]


gyinkalayJanuary 8, 20121min011
တစ်ရက်မြို ့ထဲ ကိစ္စတစ်ခုရှိလို ့အသွား…ဗိုလ်ချုပ်လမ်းနဲ ့သိမ်ဖြူလမ်းထောင့်မီးပွိုင့်မှာ..လမ်းကူးဖို ့ဆိုပြီး ပွိုင့်ကို ကြည့်လိုက်တော့ ဝါရာကနေ နီသွားပြီ ဆိုပြီး ခြေတစ်လှမ်းက ကတ္တရာလမ်းပေါ်အချ မောင်းလာတဲ့ကားကို မျက်စိကစားကြည်ု့လိုက်တာ..ကားက အစိမ်းရောင်ဂျစ်ကား  ကားနံပါတ်က 37– နဲ ့စတယ်..အရှေ ့မှာကြယ်တစ်လုံးပါတယ်…မောင်းတဲ့သူက လ ဲစစ်ယူနီဖောင်းအစိမ်းရောင်နဲ ့ ကျန်သုံးယောက်ကလဲ ယူနီဖောင်းကိုယ်စီနဲ ့ပဲ ပွိုင့်ကလဲနီနေပြီ ဒါပေမယ့် အရှိန်က မလျှော့ဘူး….ဟိုဖက်က ကားရှင်းတယ်ဆိုပြီး မီးနီကို ဆက်မောင်းသွားကော…နမော်နမဲ့ နိုင်တဲ့သူ ဆိုရင် မီးနီပြီဆိုပြီး လမ်းကူးလိုက်လို ့ကတော့ တိုက်ပြီပဲ တိုက်ရင်လဲ သူတို ့က ယူနီဖောင်းနဲ ့ဆိုတော့ ကိုယ်တွေ ပဲကြောက်နေရမှာ….သူတို ့မီးနီဖြတ်တာ တော့ရတယ်..ဟွန်း…တော်ပါပြီ ပြောတော့ပါဘူးဂျာ….


တေစၧJanuary 6, 20121min06
တောင်ကြီးမှာ လွတ်လပ်ရေးနေ့က ဗိုလ်ချုပ်အောင်ဆန်းပုံတွေသီးသန့် ပြခဲ့တဲ့ သစ္စာပြတင်းပန်းချီပြပွဲလုပ်ခဲ့ပါတယ် အဲဒီပြပွဲမှာ ထူးထူးခြားခြား ဗိုလ်ချုပ်ပုံကို တက်တူးထိုးပေးနေတာကိုလည်း တွေ့ခဲ့ရပြီး အမှောင်ခန်းထဲမှာ အဏုမြူအလင်းနဲ့ပုံဖော်ထားတဲ့ ဗိုလ်ချုပ်ပုံတွေ နောက်ပြီးတော့ မှတ်တမ်းတွေကို ပြန်ပြပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကော်နက်ရှင်ကမကောင်းတာနဲ့ တင်နေတာ ၃ ရက်ကြာသွားတယ် ( ဆိုးလိုက်တာ )။ မတွေ့တာကြာပြီဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ ပုံတွေကို ပြန်မြင်ရတဲ့ခါ စိတ်ထဲမှာ တစ်မျိုးခံစားရပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ရဲ့ သီချင်းကိုလည်း ရေဒီယိုကနေ တိုက်ရိုက်လွှင့်နေတဲ့ပုံနဲ့ performance လုပ်ထားတာလည်း တွေ့ခဲ့ရတယ် သီချင်းကတော့ ဆိုဒ်ကြီးနေလို့ ကော်နက်ရှင်နဲ့အဆင်မပြေတဲ့အတွက် မတင်ပေးတော့ပါဘူး ပုံတွေတောင် အများကြီးရိုက်လာတယ် တင်တာဘယ်လိုမှအဆင်မပြေဘူး ဒါကြောင့် ဝမ်းနည်းစွာနဲ့ပဲ ပုံနည်းနည်းပဲ တင်လိုက်ပါတယ် ပုံတွေကိုတော့ အမှတ်တရ တင်ပေးလိုက်ပါတယ်       […]


နှစ် ၅ဝ ကျော်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague ရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်မှာ တွေ ့ဆုံကြပါတယ်။ ပြီးခဲ ့တဲ ့လ တုန်းကလည်း အမေရီကန် နိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့ပါတယ်. ဒါဟာလည်း နှစ် ၅ဝကျော်အတွင်း မြန်မာနိုင်ငံကို လာရောက်ကြတဲ ့အနောက်နိုင်ငံ ရဲ ့ အရေးပါတဲ ့နိုင်ငံခေါင်းဆောင် တွေ တွေ ့ဆုံမှု ့ပါဘဲ.. ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ရန် အများကြီး ကျန်ရှိနေပါသေးကြောင်း၊ […]


ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်က ကျောင်းသားတွေက တော့ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက် တောင်းဆိုနေကြပါပီ။သူတို ့ကျောင်းကို ပြေးဆွဲပေးနေ တဲ့ သုံးဘီးတက္ကစီခ ကို(၄၀၀)ကျပ် အသွားအပြန် စုစုပေါင်း။တိုးမြှင့်ကောက်ခံလိုက်လို ့ ခုလို ဆန္ဒပြတောင်းဆိုရခြင်းဖြစ်တယ်လို ့ကျောင်းသားခေါင်းဆောင်တစ်ယောက်ကလဲ သူ ့ခံစားချက်ကို ပြောပြပါတယ်။စစ်တွေတက္ကသိုလ် ဟာခုလို ဖယ်ရီကားခနဲ ့ပတ်သက်ပြီး ကျောင်းသားများ ချီတက်လမ်းလျှောက်တောင်းဆိုတာ မြန်မာပြည်မှာ ခုနောက်ပိုင်း အကြိမ် ရေအများဆုံးပြုလုပ်နေတဲ့ကျောင်းဖြစ်ပါတယ်။မနှစ်က တောင်းဆိုမှုမှာတော့ ပြည်နယ် အစိုးရ အဖွဲ ့ကနေလိုက်လျောမှုပြုခဲ့ပေမယ့်။ဒီနှစ်လို “ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခွင့်”ဥပဒေ ပြဒါန်းထားတဲ့အတွက်ကြောင့် ဘာတွေဖြစ်လာမလဲစောင့်ကြည့်ရမှာပါ။ ဒီနေ ့ဇန်နဝါရီလ(၆)ရက်နေ ့ မနက်ကနေစတင်ခဲ့တဲ့ လမ်းလျှောက်တောင်းဆို ဆန္ဒပြပွဲက တော့ နေ ့လည်(၂)နာရီမှာပြီးဆုံးသွားခဲ့ပါပီ။အရေးယူ၊ပိတ်ပင်တားဆီးခြင်း ရှိမရှိ အတိအကျမသိရသေးပါ။


Moe ZJanuary 6, 20121min047
ကျွန်မတို့သည် စကားလုံးများကို အသုံးပြုပြီး မိမိတို့၏အတွေးအခေါ်များနှင့် အကြောင်းပြချက်များကို တွေးတောဖော်ထုတ်ခွင့်ရကြပါသည်။ စကားလုံးများကိုအသုံးပြုရာ၌ ဝေါဟာရမကြွယ်ဝလျှင် အကြောင်းပြချက်များအားနည်း နိုင်ပါသည်။ တစ်နည်းအားဖြင့် ဝေါဟာရကြွယ်ဝပါက ဆိုလိုရင်းအချက်အလက်များကို ပိုမိုကောင်းမွန်စွာပေးနိုင်သည့်အပြင် ရေရှည်အဖိုးတန်သည့် စကားပြောစွမ်းရည်ကို မြင့်မားစေပါသည်။ ထိုသို့ဖြစ်စေရန် စကားလုံးများ၊ ဝေါဟာရများကို နှစ်ခြိုက်တတ်ရန် လိုအပ်ပါသည်။ အင်္ဂလိပ်ဘာသာစကားတွင် ဝေါဟာရပေါင်း (၅၀၀၀၀၀) ကျော်ရှိသည့်အနက် (၃၀၀၀) ခန့်ကိုသာ ကျွန်မတို့နေစဉ် ပြောဆိုအသုံးပြုပါသည်။ ထိုစကားလုံးများထဲ၏ ၆၅%ဖြစ်သော ဝေါဟာရ (၄၀၀)ခန့်ကိုသာ ကလေးများအတွက်ထုတ်သောစာအုပ်များတွင် တွေ့ရပါသည်။ ကျွန်မတို့နေ့စဉ်သုံး ဝေါဟာရ (၃၀၀၀)တွင် ရှေ့ဆက်များ ဖြစ်သည့် dis-, mis-, re-, နောက်ဆက်များဖြစ်သည့် -ed, -ful စသည်ဖြင့် စကားလုံး (၅၀၀၀)ခန့်တိုးလာပါသည်။ ထို့ကြောင့် ကလေးတစ်ယောက်သည် ထိုရှေ့ဆက်၊ နောက်ဆက်စကားလုံးများကို သိရှိနားလည်လာပြီဆိုပါက […]


RespectJanuary 6, 20123030min09
        မိုးလေဝသ ကျွမ်းကျင်သူတွေကတော့ 2012 မှာ ကမ္ဘာကြီ်း ပိုပြီးတော့ သဘာဝဘေးဆိုး တွေ အရင်ကထက် သေချာပေါက် ကျရောက်လာနိုင်ပါတယ်လို့ ကောက်ချက် ချသွားပါတယ်။ အခုလို ကောက်ချက် ချရတာလဲ နေမင်းကြီးမှာ ဖြစ်ပျက်နေတာကြောင့်လို့ ပြောမယ်ဆိုရင် မမှားပါဘူး။ နေမင်းကြီးမှာ တောက်လောင်နေတဲ့ မီးတောက် မီးလျှံတွေဟာ တဖြည်းဖြည်းနဲ့ တက်ကြွ လုှပ်ရှားလို့ နေလာပါပြီး။ ပိုပြီးတော့လဲ များတထက်များ တောက်လောက်လာနိုင်ပါတယ်။ လျှပ်စစ်သံလိုက်လှိုးတွေရဲ့ အကျိုးသက်ရောက်မှု့ ကလဲပိုများလာပါလိမ့်မယ်။ အဲ့ဒီ အဖြစ် အပျက်တွေက ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိ သတ္တဝါတွေကို သက်ရောက်နိုင်ယုံသာမက လျှပ်စစ်နဲ့ ဆိုင်တဲ့ ဆိုးကျိုးတွေကိုလဲ သက်ရောက်မှာပါ။   “ပုံမှာ မြင်တွေ့ရတဲ့ မီးတောက်မီးလျှံတွေကာ 2012 စများလာပါပြီး။ အခုလို ဖြစ်ပျက်နေတဲ့ […]


fattyJanuary 5, 20121min015
ရန်ကုန်မြို့ရဲ့ သမိုင်းဝင်အဆောက်အဦဖြစ်တဲ့ High Court ဖြစ်ပါတယ်။ သူနဲ့မျက်နှာချင်းဆိုင်ကတော့ အသစ်တွေဖြစ်သွားပါပြီ။ မကြခင်ရန်ကုန်မြို့ကြီးဟာ မြင်ကွင်းတွေပြောင်းလဲသွားနိုင်ပါတယ်။ MFTB ရှေ့က ဆိုင်ခန်းတွေဖယ်ထုတ်လိုက်ပြီး မြို့တော်ခန်းမ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်တို့ကို ခန့်ငြားစွာ ထားရှိမှာဖြစ်ပါတယ် ….။


black chawJanuary 5, 20122min029
မနေ့က သူကြီးက ကျွန်တော့် ကိုယ်တိုင်ရေးပုံတူ ပို့စ်မှာ ဒီလို ကွန်းမန့်လေးပေးထားပါသည်။ kai says: နစ်နိမ်းကို.. ကလောင်အမည်ကို.. blackchaw လို့ဘာကြောင့်ပေးသလည်း.. သိချင်သား…။ ပြောရရင်.. တချို့ရွာသူားတွေ.. နာမယ်ပေးကြတာ.. စိတ်ဝင်စားစရာကောင်းတယ် ထင်မိတယ်..။ အဲဒါလေးကို အခု ကျွန်တော် ပြန်ဖြေလိုက်ပါတယ် သူကြီးရေ။ ဘလက်ချော ဆိုတာက မည်းချော ပေါ့ဗျာ။ ကျွန်တော့် ရုပ်ကြီးက မည်းပါတယ်။ ဒါပေမယ့် စိတ်ထားလေးက ချောတယ်ပေါ့ဗျာ အသားမည်းပေမယ့် စိတ်ထားချောမောလှပသူလို့ ပြောချင်တာပါ။ ရွာမှာ အခုတလော နေရထိုင်ရတာ ပျော်စရာမကောင်းလှပါ။ အသေးအဖွဲလေးတွေနှင့် ပြသနာအကြီးကြီးတွေ ဖြစ်နေကြတယ်လို့ ထင်မိပါတယ်။ အင်တာနက်ပေါ်စာတက်ရေးနေကြသူတွေဆိုတော့ ဆရာလုပ်ရမယ့်သူတွေ မဟုတ်ပါ။ သို့သော် ရွာသူရွာသားစစ်စစ်တွေကိုတော့ နည်းနည်းလေး အကြံပေးချင်ပါတယ်ဗျာ။ နည်းနည်းလေး လျှော့ကြပါလို့ ဒိုင်ယာလော့ခ် […]


bigbirdJanuary 3, 20121min020
နယ်သာလန်နိုင်ငံ ရုပ်မြင်သံကြားဌာနတစ်ခု၏ ထူးဆန်းအစားအစာများအစီအစဉ်မှာ အစီအစဉ်တင်ဆက်သူ Dennis Storm နဲ့ Valerio Zeno တို့နှစ်ဦးဟာ လူသား စားပြခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ မိမိတို့ရဲ့အသားအနည်းငယ်ဆီကို ဖြတ်ထုတ်ယူပြီး မည်သည့်အရသာပစ္စည်းမှ ရောစပ်ခြင်းမရှိပဲ ဆီပူပူဖြင့်ကြော်ကာ တစ်ဦးရဲ့အသားကိုတစ်ဦးက စားပြကြခဲ့ပါတယ်။ Valerio Zeno ရဲ့အသားကိုစားကြည့်ခဲ့တဲ့ Dennis Storm က လူသားဟာ တစ်ခြားအသားတွေထက် အရသာပိုရှိတာ မဟုတ်မမှန်ကြောင်းနဲ့ နောက်တစ် ကြိမ်ထပ်မံစားသုံးချင်စိတ်မရှိတော့ကြောင်း ပြောသွားပါတယ်။


WowJanuary 3, 20121min010
ယနေ့ညနေ ကြေညာလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရဆိုပါက နိုင်ငံရေး အကျဉ်းသားများ လွတ်လာရန် အခွင့်အလမ်းနည်းပါးသဖြင့် “သီးခြားစဉ်းစားရန်ရှိသည့် စာရင်း” ဟူသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။ ယနေ့ည ၁ဝနာရီက နိုင်ငံရေး အကျဉ်းသားမိသားစုဝင် တဦးက နယ်ဝေးအကျဉ်းထောင်မှ ထောင်အရာရှိတဦးအား လှမ်းမေးရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအား သီးခြားစာရင်းဖြင့် ဖက်စ်ထိုးပြီးလာရန် ရှိသည်မှာ ဟုတ်ပါသလား ဟုမေးမြန်းရာ ဟုတ်မှန်ကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သက်သည့် စာရင်းယခုအချိန်ထိ မရရှိသေးသဖြင့် စောင့်ဆိုင်းနေကြောင်း ဖြေကြားသည်ဟု ယင်းမိသားစုဝင်က YPI သို့ပြောသည်။ အကျဉ်းဦးစီး အရာရှိက ၎င်းအနေဖြင့် အကောင်းဆုံး မျှော်လင့်ပါကြောင်း သူတို့အတွက်က သီးခြားလာရန်ရှိသည်ဟု မိသားစုဝင်အား အတည်ပြုပြောဆိုသည်ဟု သိရှိရသည်။ ။ ဇန်နဝါရီ ၂ ရက်၊ ၂၀၁၂ […]


black chawJanuary 3, 20122min027
ကျွန်တော် ရွာမှာ ပို့စ် စတင်တာ AUG 3, 2011 မှာ ဖြစ်ပါသည်။ ဒီနေ့က ဘလက်ချောရဲ့ ရွာသက်တမ်း ငါးလပြည့်တဲ့ နေ့ပါဗျာ။ “SKY NET ကို ကျေးဇူးတင်” ဆိုသည့် ပို့စ် ဖြင့်ယောင်ချာချာ ဝင်လာခဲ့တာ ဖြစ်ပါသည်။ အခုနောက်ပိုင်း တံခါးစောင့်ကြီး အဖြစ်လူသိလာခဲ့ပေမယ့် ကျွန်တော့် ပို့စ်လေးတွေကို မဖတ်ဘူးခဲ့ကြမှာ သေချာပါသည်။ ထို့ကြောင့် စိတ်ဝင်စားသူများ ပြန်ဖတ်လို့ရအောင် လင့်လေးတွေ နှင့်တကွ ဖေါ်ပြပေးလိုက်ပါသည်။ တခြားလူတွေ လိုပါပဲ။ ရွာထဲ စဝင်လာတော့ လူသစ်ဆိုပြီး မလေးမခန့်လုပ်တာတွေလည်း ကြုံခဲ့ဖြတ်ခဲ့ရပါသည်။ အဲဒီအတွက် ဘာမှပြောစရာမရှိပါ။ ဒါ သဘာဝပါပဲ။ ကျွန်တော် ဖတ်စေချင်တာလေးတွေကို စုစည်းပေးလိုက်ပါတယ်ဗျာ။ ကျေးဇူးပြုပြီး ဖတ်ကြည့်ပေးကြပါလို့။ သဘောထားမကြီးတာလား မေးခွန်းဘောင်ကျော်သွားတာလား (၂၉-၈-၂၀၁၁ […]