True AnswerJanuary 18, 20121min013
ရွှေညဝါဆရာတော်ရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားသော အသနားခံစာ ပယ်ချခံရတဲ့အတွက် အံ့ဩမိပါတယ်လို့ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ က မိန့်ကြားလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာမှ အခုလို ပယ်ချခံရတဲ့သတင်းကို သိရှိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ မဟန ဆရာတော် ၄ရ ပါး စုံညီက ရွှေညဝါဆရာတော်ကို ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီမှာ ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ကြီး တည်ရာဌာနသို့ ကိုယ်တိုင် လာရောက် တွေ့ဆုံဖို့ ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့စွဲပါ စာနဲ့ ဆင့်ခေါ်ထားတယ်လို့ သိရှိရပါတယ်။ […]


gabawJanuary 17, 20121min01
17-1-2012 ရက်နေ့   တမူးမြို့ရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးခန်းဖွင့်ပွဲနှင့် အလံလွှင့်တင်ခြင်းအခမ်းအနား မှတ်တမ်းဓါတ်ပုံများ     ဆက်လက်ဖော်ပြပေးပါမည်။


black chawJanuary 17, 20123min043
မန်းဂဇက်ရဲ့ အခိုင်အမာ အင်အားစုတွေဖြစ်တဲ့ မန်းသူမန်းသားတွေထဲမှာ ကိုစိန်သော့ က ထင်ရှားပါတယ်။ ဓါတ်ပုံကောင်းကောင်း လေးတွေ ရိုက်ပြနိုင်ရုံမက ဓါတ်ပုံ ပညာပေးဆောင်းပါးလေးတွေနဲ့ ရွာထဲက ဓါတ်ပုံပညာ စိတ်ဝင်စားသူတွေကို ပညာမျှဝေပေးနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။ သူကြီးက sticky လုပ်ခြင်းကို မကြာမကြာ တွေ့ရတတ်တဲ့ ဆရာတစ်ယောက်ပါ။ သူ့ပို့စ်လေးတွေ ရသလောက် ရှာဖွေစုစည်းပေးထားတာပါခင်ဗျာ။ မြန်မာ့မီးရထားနှင့် ကျွန်တော်တွေ့ ကြုံခဲ့ရသည်များ ၁ http://myanmargazette.net/70912/business-economy မြန်မာ့မီးရထားနဲ့ ခရီးသွားအတွေ့အကြုံလေးကို ရေးထားတာပါ။ သို့သော် ကွန်းမန့်တချို့မှာ အနီကတ်တွေ ပြထားတာတော့ နားမလည်တော့ဘူးဗျာ။ ကိုယ်တိုင်သာသွားကြည့်ကြပါတော့။ မြန်မာ့မီးရထား ၂ http://myanmargazette.net/71012/business-economy ဒါလည်း ၁ ရဲ့ အဆက်ပါ။ ဒီမှာတော့ သူ့အမြင်လေးတချို့ကို ဒီလိုရေးပြထားပါတယ်။ မြန်မာ့ မီးရထားလုပ်ငန်းကြီး တိုးတက်ဖို့တော့ မစဉ်းစား မလုပ်ကြပဲ […]


Moe ZJanuary 17, 20121min039
“Value” ကို “စံ” ဟု ဘာသာပြန်ချင်ပါသည်။ ကျွန်မတို့သည် မိမိကိုယ်ကို တန်ဖိုးထားတတ်ရန်အတွက် သတ်မှတ်ချက်များ လိုအပ်ပါသည်။ အကယ်၍ ထိုစံအဖြစ်သတ်မှတ်ထားချက်များမရှိလျှင် မိမိကိုယ်ကို အကောင်းမြင်တန်ဖိုးထားမှု self-esteem လည်း မရှိနိုင်ပါ။ ထိုကဲ့သို့ အကောင်းမြင်စိတ် တန်ဖိုးထားစိတ်များကို ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးသင့်ပါသည်။ မိမိ၏ကလေးအားထိုတန်ဖိုးကို နားလည်အောင် လေ့ကျင့်သင်ကြားပေး နိုင်သူမှာ မိမိကိုယ်တိုင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိဘတိုင်းသည် ကလေးတိုင်းအတွက် role model ဖြစ်သောကြောင့်ဖြစ်ပါသည်။ ကလေးတစ်ယောက် ၈နှစ်အရွယ်ရောက်လျှင် မိဘနှင့်အတူနိုးလျှက်ရှိချိန်မှာ နာရီပေါင်း (၄၀၀၀၀) ခန့်ရှိပြီး ကျောင်း၌နေချိန်မှာ နာရီပေါင်း (၄၀၀၀) ခန့်သာရှိပါသည်။ ကလေးတစ်ယောက် မိမိကိုယ်ကို အကောင်းမြင်စိတ် တန်ဖိုးထားစိတ်ကို တည်ဆောက်ယူရာတွင် ကူညီပေးရမည့် အဓိကအချက်မှာ “စံ” များကို သတ်မှတ်ပေးခြင်းနှင့် ကလေးရော မိမိကိုယ်တိုင်ပါလိုက်နာခြင်းဖြစ်ပါသည်။ […]


black chawJanuary 15, 20122min048
မမှီ နှင့် ကျွန်တော်က ရွာထဲမှာ သိတ်ရင်းရင်းနှီးနှီး ရှိသူတွေ မဟုတ်ကြပါ။ ရွာသူရွာသား ရေးဘော်ရေးဘက် တချို့ကို ကွန်းမန့်တွေ အပြန်အလှန်ပေးရင်း ရင်းနှီးနေခဲ့ပေမယ့် မမှီ နဲ့တော့ တကယ်ကို မရင်းနှီးခဲ့တာ သတိပြုမိပါသည်။ မှတ်မှတ်ရရ မမှီရဲ့ ပေါက်စီ ပို့စ်မှာမှ ကျွန်တော်ပေးတဲ့ ကွန်းမန့်ကို မမှီက ပြန်ရေးသောကွန်းမန့်လေးက ပထမဆုံး ခင်မင်မှုဟု ပြောလို့ရပါသည်။ ထို့နောက် ရွှေတောင်အုန်းနို့ခေါက်ဆွဲ ပို့စ်မှာ တစ်ခါ၊ ထိုင်း ငပိထမင်းကြော်ပို့စ်မှာတစ်ခါ၊ Camel ဈေးမှာတစ်ခါ အပြန်အလှန်ကွန်းမန့်ပေးဘူးသည်ဟု အမှတ်ရမိပါသည်။ ဆိုရလျှင် မမှီ၏ အစ္စရေးရောက် ပို့စ်လေးတွေကို မှတ်မှတ်ရရ မှတ်မိနေခဲ့ပေမယ့် မမှီ ၏ အင်မတန်ဖတ်လို့ကောင်းသောပို့စ်လေးများကို အခုမှ ဖတ်ခွင့်ရခဲ့သည်ဟု ဆိုချင်ပါသည်။ မမှီ ၏ လိုဂိုမှာ ရေးထားသော […]


kanjosanJanuary 15, 20121min016
ကျွန်တော်တို့မြန်မာနိုင်ငံဟာ မြေပေါ်မြေအောက် သယံဇာတများဖြင့် ပေါကြွယ်ဝတဲ့နိုင်ငံပါ… တကယ်သာ လုပ်နိုင်မယ်.. လုပ်ဖို့အရင်းအနှီးရှိမယ်ဆိုရင် စားမကုန်တဲ့ လိုတရ ရွှေခွက်ကြီးကို ပိုင်ဆိုင်ထားတယ်ဆိုလည်း မမှားပါဘူး… ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တကယ်သယံဇာတတွေကို သုံးပြီး အလုပ်ဖြစ်နေတာကတော့ အိမ်နီးခြင်းနိုင်ငံခြားသားများသာ ဖြစ်နေတာရင်နာစရာကောင်းပါတယ်… တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားများဟာ မြင်သာမြင်သာမြင်ပြီး မကြင်ရတဲ့ဘဝဖြစ်နေတာ တော်တော်ကိုဆိုးပါတယ်…ရခိုင်နဲ့ မုတမကွေ့မှာရှိတဲ့ ဓါတ်ငွေ့သိုက်များမှ နိုင်ငံရဲ့သယံဇာတတွေဖြစ်တဲ့ ဓါတ်ငွေ့မြောက်များစွာဟာ အိမ်နီးခြင်း ကျွန်တော်တို့ထက် တိုးတတ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ဓါတ်ငွေ့လိုအပ်ချက်များရှိတဲ့ တရုတ်၊ ထိုင်း နိုင်ငံတွေဆီကိုဘဲ ရောင်းစားနေကြရပါတယ်… ကျောက်စိမ်းဆိုလျှင်လည်း နှစ်စဉ် ကျောက်မျက်ရတာနာပွဲများ ကျင်းပပြီး ရောင်းနေပါတယ်… တရုတ်နိုင်ငံဟာ အများဆုံး ဝယ်ယူလေ့ရှိပြီး သူတို့ဆီမှာ ဒီကျောက်စိမ်းအကြမ်းထည်တွေကို လိုသလိုပြုပြင်ပြီး အနောက်နိုင်ငံတွေကို ပြန်ရောင်းချရာကနေ ဝင်ငွေအဆမတန် ရရှိပါတယ်… ကျွန်းသစ်တိုဆိုလျှင်လည်း ဒီအတိုင်းပါဘဲ.. ကျွန်တော်ပြောခြင်တာက အဲ့ဒီလို သယံဇာတ စီးဆင်းမှု့အပြင် ယခုတဖန် ဂျာနယ်တစ်ခုမှာ ကော့သောင်း ကန်းရိုးတန်းမှာရှိတဲ့ ကျွန်းတွေကိုပါ ရောင်းမယ်ဆိုတော့ တော်တော်နားမလည် ဖြစ်သွားတယ်.. အဲ့ဒီ ကော့သောင်းဘက်ဟာ ကျွန်တော့်လို အထက်မြန်မာနိုင်ငံ၊မန်းလေးဘက်သာမက အောက်မြန်မာနိုင်ငံ ရန်ကုန်ဘက်ကနေပါ သွားလို့လာလို့ အလွန်မလွယ်ကူပါဘူး… […]


kanjosanJanuary 15, 20121min014
Myanmar Weather နောက် ရက် ( 15-1-2012 ည 16-1-2012 နံနက် စောစော) လည်း ဆက်ပီး အေးပါမည်။ လောလောဆယ် ရန်ကုန် ကိုဖြတ်သော လတ္တီကျု ၏ မြောက် ပိုင်းကျသော မြန်မာပြည် အထက်ပိုင်း ဒေသများ သည် 10°C အထိ ကျဆင်းနိုင်ပါသည်။ ရန်ကုန် ကိုဖြတ်သော လတ္တီကျု ၏ တောင် ပိုင်းကျသော မြန်မာပြည် အော…က် ပိုင်း ဒေသများ သည် 15 °C အထိ ကျဆင်းနိုင်ပါသည်။ တရက်ထက် တရက် ထို ဖြတ်မျဉ်း သည် မြန်မာပြည် တောင် ပိုင်း ကို ရွေ့လာပီး 19-1-2012 တွင် မော်လမြိုင် […]


Wai PhyoeJanuary 14, 20121min011
ဒီတပတ်တော့အရင်နဲ့မတူတဲ့Post လေးတစ်ခုတင်လိုက်ပါရစေ။ပြန်ပြော၇ရင်ဇာတ်လမ်းတပုဒ်လိုပါပဲ။ကျွန်တော်တို့မြန်မာပြည်မှာအဖိုးတန် ကျောက်မျက်ရတနာ တွေထွက်တာရှိတာကျွန်တော်အပါအဝင်အားလုံးအသိပါ။ ကျောက်မျက်ရတနာထဲမှာ အမြုတေ ပာာလဲ အပါဝင်ဆိုတာအားလုံးသိစေချင်ပါတယ်။ အမြုတေကို လူတိုင်းမတွေ့ဘူးပါဘူး။သို့သော်လူတိုင်း အမြုတေကို သိကြပါသည်။ဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်က တော့ထူးဆန်းပါတယ်။အားလုံးလဲကြုံဘူးကြမယ်လို့မထင်ပါဘူး။အမြုတေလဲ မပာုတ် သို့သော် ပြာလဲ့လဲ့နဲ့ကျောက်လေးနှစ်လုံး ထူးဆန်းတာကမြေကြီးထဲကရတာမပာုတ်ပါ။ဝါးပင်  အဆစ်ထဲမှ၇ရှိခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့မိဘများပာာအငြိမ်းစားယူပြီးနောက်ပိုင်း စပျစ်ခြံတစ်ခုကို  ရမည်းသင်းခရိုင် စံပြသိမ်ကုန်းကျေးရွာမှာ ဝယ်ယူခဲ့ပါတယ်။ကျွန်တော်ကို့က တောင်ကြီးကပါ။တစ်ခါတစ်ရံရန်ကုန်မှာလဲနေပါတယ်။စပျစ်ပင်စိုက်ခဲ့ရတာ ကျွန်တော်တို့အတွက်အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ကျွမ်းကလဲမကျွမ်းကျင်၊အလိမ်ကလဲခံရသေး။ပွင့်ပွင့်လင်းလင်းပြော၇ရင် ကျွန်တော်တို့မိသားစုစီးပွားရေးပျက်ခဲ့တယ့်အထိပါ။သို့သော်တစ်နေ့ ထူးဆန်းသောအရာတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ကျွန်တော်တို့ခြံထဲမှာ အလုပ်ခိုင်းဘို့ဆိုပြီး ခေါ်ထားတယ့်ဦးကြည်ဆိုသောလူတစ်ယောက်ရှိပါတယ်။သူကအလုပ်သမားတွေထဲမှာ အယုံကြည်ရဆုံးသောလူဆိုမမှားပါဘူး။ကျွန်တော်အဖေက တစ်နေ့”ငါတို့သရက် ပင်လေးအောက်မှာကွပ်ပစ်လေးထိုးကြရအောင် နေပူရင်နားရတာပေါ့” ဆိုပြီး ဦးကြည်ကို ဝါးနှစ်လုံးဝယ်ခိုင်းလိုက်ပါတယ်။မှတ်မှတ်၇ရ အဲ့တုန်းက တစ်လုံး ၁၅၀ဝ ပေးရပါတယ်။ ဦးကြည်က ပိုက်ဆံလိုချင်တော့ ဝါးကိုမဝယ်ပဲနဲ့ တောင်ပေါ်တက်ခုတ်ပါတယ်။(ထိုအရပ်ဘက်တွင် ပိုက်ဆံသည်အလွန်တန်ဖိုးရှိပါသည်။တစ်နေကုန် နေပူထဲတွင် အလုပ်လုပ်မှနေ့စားခ ၃၀ဝ သာရပါသည်။တော်ကြာ တစ်လုံး ၁၅၀ဝ ထဲနဲ့တောင်ပေါ်တက်ခုတ်သည်ပာုထင်မှာစိုးလို့ပါ။) (ရမည်းသင်းခရိုင် စံပြကျေးရွာ […]


အော်လောကလောက ငါ့မှာတော့မဖြစ် ဖြစ်တဲ့နည်းနဲ. အကျိုးအကြောင်းပြ တဖြေးဖြေးစုလာလိုက်ရတာ တစ်ယောက်ရတစ်ယောက် တစ်အုပ်စုရတစ်အုပ်စု နဲ.စုပြီး နေရာလေးတွေခွဲပြီး သိမ်းထားလိုက်ရတာ အခုတော့ ကြည့်ကြစမ်းပါဦး အရပ်ကတို.ရဲ. သူသုံးလေးရက်လောက်ခွဲပြီး လုပ်ထည့်လိုက်တာ ကုန်သလောက် ပါလား —– ခုတော့ သူ.မှာတော့အမှတ်တွေတက်လို. လက်ခုတ်တွေတဖြောင်းဖြောင်း သာဓုတွေတဝေဝေနဲ. ငါ့မှာတော့ အထီးကျန်လိုက်တာ အိမ်ကိုလည်း ဧည့်သည်တွေ ခနခနလာလည်နေကြပါလား ငါ့ကိုကျဘယ်သူမှ အသိမှတ်မပြုကြဘူး ဒီလိုမှန်းသိ နဂိုကတည်းက ငါ့နာမည်ကို ဦးသန်းစိန်လို. ပြောင်းမှည့်ခဲ့ပါတယ် —– (မှတ်ချက်။ ၁၃-၁-၂၀၁၂ အမှတ်တရ)


စာတွေရေးကြပါသည်။ တစ်ချို့က ချစ်သူအတွက် တစ်ချို့က မိသားစုအတွက် တစ်ချို့က အလုပ်အတွက် တစ်ချို့က …. တစ်ချို့က …. အစရှိသည်ဖြင့် အကြောင်းအရာအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ရေးသားကြခြင်းဖြစ်သည်။ တစ်ချို့မှာမူကား ရင်ဘတ်ဖြင့် ရေးသားကြခြင်းဖြစ်သည်။ ယခုရေးသားနေသော ဆိုက်မှ ထင်ရှားသူများဆိုလျင် မမှီ၊ သော်ဇင်(လွိုင်ကော်)၊ အလင်းဆက်၊ Pooch၊ သူရဿဝါ တို့ဖြစ်ကြသည်။ သူတို့မှာကား ကိုယ်ခံစားမိသမျှများကို ခံစားမိသည့်အချိန်တွင် ခံစားမိသလိုရေးခြင်းဖြစ်သည့်အတွက် အတော်လေးပင် စာရေးကျဲကြလေသည်။ တော်ရုံတန်ရုံနှင့် စာတစ်ပုဒ် ဖြစ်မလာပေ။ ပုံမှန်ဝင်ဖတ်သူမှသာ သူတို့သည် ခံစားချက်ရေးသူများဖြစ်ကြောင်း သိကြပေမည်။ ယခုလို တစ်ရက်အပုဒ် (၂၀)ခန့်တက်သည့်အချိန်တွင်မူ သူတို့ခံစားချက်စာစုများသည်ကား တော်ရုံလူ ဖတ်နိုင်ခြင်းမရှိပေ။ ဘယ်သူ့ ဘယ်သူကမှလဲ ထင်ပေါ်လို့ စင်တော်ကောက်ခြင်းလဲမပြု၊ မူဝါဒနှင့် မညီလေသလောမသိ။ ပြင်ပလောကတွင်မူကား အမျိုးသားစာပေဆုရ စာရေးဆရာသည်ကား […]


thit minJanuary 13, 20125min036
ယခုခေတ် ခေါင်းဆောင်မှုဟာ အရင်တုန်းက ခေါင်းဆောင်မှုနဲ့ နဲနဲမျှ မတူတော့ဘူးဆိုတာ ကောင်းကောင်းသတိထားကြပါ။ ရှေးတုန်းက ခေါင်းဆောင်မှုဟာ အစည်းအဝေးတက်တာမှာ စပြီး ဆုံးဖြတ်ချက်တွေချတာမှာ အဆုံးသတ်တာပဲ။ ယခုခေတ် ခေါင်းဆောင်မှုဟာ ဒါလောက်နဲ့ မဖြစ်တော့ဘူး။ ယခုခေတ် ခေါင်းဆောင်မှုဟာ ပြာပုံနဲ့ လောင်စာသာ ကျန်တော့တဲ့ ဘဝဆိုးကြီးမှ ဗမာပြည်ကြီးကို အသစ်ပြန်လည်ထူထောင်နိုင်တဲ့ ခေါင်းဆောင်မှုဖြစ်ရမယ်။ (ဗိုလ်ချုပ်အောင်ဆန်း၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်းမှ) Acknowledgement Special thanks to “KoAungZaya (Myanmar Cupid Community Forums) -Source:news-eleven.com/ -Source: Weeklyvoice -Source: Eleven Journal and Eleven Media Group -Photo..The voice weekly -Source: 7Day News Journal […]


ဒီနေ့ Dailymail.co.uk မှာ ဖတ်ရင်းနဲ့ ဒီသတင်းလေးတွေ့လို့ သတင်းထဲက ပုံတွေကို ကူးတင်ပေးလိုက်တာပါ။ သတင်း အပြည့်အစုံကိုတော့ သူ့ရဲ့ မူရင်း ဝက်ဘ်ဆိုက်မှာပဲ သွားဖတ်လိုက်ကြပါဗျာ။ အောက်ဆုံးမှာ လင့်ပေးထားပါတယ်။ Powertrekk – How it works from PowerTrekk on Vimeo. Read Full Story@ DailyMail