ရွှေညဝါဆရာတော်ရဲ့ အသနားခံစာ ပယ်ချခံရ။

True AnswerJanuary 18, 20121min013

ရွှေညဝါဆရာတော်ရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားသော အသနားခံစာ ပယ်ချခံရတဲ့အတွက် အံ့ဩမိပါတယ်လို့ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ က မိန့်ကြားလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာမှ အခုလို ပယ်ချခံရတဲ့သတင်းကို သိရှိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မဟန ဆရာတော် ၄ရ ပါး စုံညီက ရွှေညဝါဆရာတော်ကို ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီမှာ ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ကြီး တည်ရာဌာနသို့ ကိုယ်တိုင် လာရောက် တွေ့ဆုံဖို့ ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့စွဲပါ စာနဲ့ ဆင့်ခေါ်ထားတယ်လို့ သိရှိရပါတယ်။

အဆိုပါ ဆင့်ခေါ်စာအတွက် ရွှေညဝါ ဆရာတော် အနေနဲ့ အယဉ်ကျေးဆုံး၊ အသိမ်မွေ့ဆုံးနဲ့ တည်တည်ငြိမ်ငြိမ် အခြေအနေပေါ် မူတည်ပြီး ရင်ဆိုင်မယ်လို့ မိန့်ကြားပါတယ်။

အသနားခံစာ ပယ်ချခံရတဲ့ကိစ္စ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ နှင့် အင်တာဗျူး(အသံဖိုင်)

သစ်ထူးလွင်ဆိုဒ်မှ တဆင့် ဖော်ပြပါသည်။

13 comments

  • myo nyunt

    January 18, 2012 at 3:46 pm

    သံဃာတော်အချို့ဟာ နိုင်ငံရေးသမားတွေကြောင့် ဝိနည်းနဲ့မညီတဲ့အပြုအမူတွေကို ပြုလုပ်မိကြပါတယ်။
    မလိုလားအပ်တဲ့အခြေအနေတွေဖြစ်ပေါ်ကြပါတယ်။ဒါကြောင့်သာသနာရေးနဲ့နိုင်ငံရေးကိုရောထွေးသွား
    အောင်မလုပ်မိကြဖို့နိုင်ငံရေးသမားများကိုအသိပေးလိုက်ပါတယ်။

    Reply

    • mggwa

      January 18, 2012 at 4:51 pm

      အစိုးရကိုပုတ်ခတ်ပြောဆိုတာတို့ ကိုယ်အာဏာရဖို့လောက်တို့ကိုပဲ နိုင်ငံရေးလုပ်တာလို့ myo nyunt က ယူထားပုံရတယ်။
      ဒီနိုင်ငံမှာနေတဲ့ သူတွေရဲ့ အရေးကိစ္စတွေဟာနိုင်ငံရေးပါလို့ ဖြည့်စွတ်နားလည်ကြည့်ရင် ရှင်းပါတယ်။
      ဝိနည်းမှာ ဘုရားက နိုင်ငံ့အရေး လူတွေအရေးမလုပ်ရလို့ ဟောထားလို့လား။ ဘုရားတောင်မှ နိုင်ငံစုံကိုသွားပြီး လူတွေအရေးတရားတွေဟောခဲ့တာ အဲဒါ အဆင့်မြင့်နိုင်ငံရေးပဲ။
      အရင်ခေတ်တွေက အာဏာရှင်လူတွေနဲ့ ဘုန်းကြီးတွေပေါင်းပြီး ဘုန်းကြီးနဲ့ နိုင်ငံရေးနဲ့မဆိုင်ဘူးလို့ လုပ်လိုက်တာ သိပ်ဘောင်ကျဉ်းလွန်းတယ်။ အဲဒါကိုက ဘုန်းကြီးတွေ တစ်ကိုယ်ကောင် ဆန်အောင်လုပ်လိုက်သလိုဖြစ်နေတယ်။
      ဉာတတ္ထစရိယ၊ လောကတ္ထစရိယဆိုတာ လူတွေရဲ့အရေးတွေမို့ ဒါ နိုင်ငံ့အရေး၊ ကမ္ဘာ့အရေးတွေပဲလို့ နားလည်ကြည့်ပေါ့။
      အစိုးရကို ဘာဖြစ်ဖြစ် မကောင်းပြော၊ အတိုက်အခံ လုပ်နေတဲ့ကိစ္စတွေကတော့ ရဟန်းသံဃာမှမဟုတ်ဘူး။ လူတွေတောင်မှ မလုပ်သင့်ပါဘူး။
      အစိုးရဖြစ်စေ၊ လူတွေဖြစ်စေ ကောင်းမှု၊ မကောင်းမှုတွေကို လမ်းညွှန်ပေးရမှာ သာသနာ့ဝန်းထမ်းတွေရဲ့တာဝန်ပဲလို့ ကိုယ်ခံယူထားသလောက်လေး ဝင်ပြောကြည့်တာနော်။

      Reply

      • ဂျက်ကီချီးပေ

        January 18, 2012 at 5:21 pm

        ဒီလိုပြောတမ်းဆို ဘုန်းကြီးလဲလူ
        လူလဲလူဘဲ
        ရင်ထဲမှာ ဘုရားတည်ထားတယ်
        သွား!!!!!!!!!!!!!!!!!!
        ဘုန်းကြီးတွေ လယ်ထွန်စား 😀 😀 😀
        ဟဲဟဲဟဲ
        ဝိနည်းတတ်လို့ ဆော့ကြည့်တာ

        Reply

        • mggwa

          January 18, 2012 at 7:53 pm

          ရဟန်းဆိုတာ လူတွေ ငြိမ်းချမ်းစွာ အပြစ်ကင်းအောင် နေတတ်၊ လုပ်တတ်၊ ပြောတတ်ဖို့အတွက် သဘောတရား လမ်းညွှန်ပေးရသူတွေပဲ၊
          လူတွေဆိုတာ အဲဒီသဘောတရားတွေအတိုင်း လောကငြိမ်းချမ်းအောင်၊ အကျိုးရှိအောင် ဆောင်ရက်ရမယ့် နောက်လိုက်တွေပဲလို့ ဆရာ့တာဝန်၊ ဒကာတာဝန်ဆိုပြီး ခွဲမြင်တတ်မှပေါ့ ချီးပေရဲ့။
          လယ်ယာလုပ်တဲ့သူတွေ ငြိမ်းချမ်းစွာ အပြစ်ကင်းအောင် လယ်ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးရမှာ ရဟန်းတွေရဲ့တာဝန်ပါ။
          အဲဒါတွေကို လမ်းညွန်မှုမပေးပဲ ငုတ်တုတ်ကြီးထိုင်နေမယ်ဆိုရင် ဒီရဟန်းဟာ လမ်းညွှန်သူမဟုတ်တော့ပါ။ တာဝန်ကြေသူမဟုတ်တော့ဘူး။
          ဝိနည်းဆိုတာ သံဃာအဖွဲ့အစည်း ညီညွတ်ဖို့အတွက်ပါ။ ဝိနည်းထိမ်းတယ်ဆိုမှပဲ သံဃာကွဲပြားသွားတာ ဝိနည်းရဲ့ တကယ့် ရည်ရွယ်ချက်ကို မသိလို့ပဲလု့ိ ဝင်လျှာရှည်ကြည့်တယ် ချီးပေရယ်။

  • Thel Nu Aye

    January 18, 2012 at 6:05 pm

    အာဏာရှင်တွေက ဘုန်းကြီးရဟန်းတွေကိုအသုံးချပြီးသူတို့အာဏာတည်မြဲအောင်လုပ်ကြသေး တာ။ ရွှေညဝါဆရာတော်ကလူထုကောင်းစားရေးကိုလူထုဘက်ကရပ်တည်ပြီးလုပ်တာပဲဘာများအပစ်ပြောစရာရှိရအုံးမှာလဲ။

    Reply

  • ဇွဲမာန်(အင်းဝ)

    January 18, 2012 at 8:49 pm

    ရဟန်းသံဃာဆိုတာဘာသာရေးခေါင်းဆောင်တွေပါ ပြည်သူလူထုကောင်းစားရင် ရဟန်းသံဃာတွေလည်း
    ချမ်းချမ်းသာသာသာသနာပြုရတယ်၊ ဆရာနဲ့ဒကာခွဲခြားလို့မရလေဘူး၊ အမြဲသဟာဇာတဖြစ်နေဖို့ပဲလိုတယ်..။

    Reply

  • ရွှေဘိုသား

    January 18, 2012 at 10:59 pm

    နိုင်ငံတော်အတွက်ရော သာသနာတော်အတွက်ရော ကိုယ့်ဘာသာအတွက်ရော ဘယ်လိုမှမကောင်းပါဘူး ကိုယ့်ဘာသာကို ကိုယ့်လူမျိုးကပြန်စော်ကားသလိုဖြစ်နေတယ်။အယူခံအောင်မြင်ပါစေလို့ဆုတောင်းပါတယ်။

    Reply

  • siamonone

    January 19, 2012 at 6:59 am

    အသနားခံစာရေးထားတဲ့ .. post လေး ဒါမှမဟုတ်link လေး တင်ပေးကြပါလား .. ရွာသူရွာသား ဦးဦးဒေါ်ဒေါ် ဖွားဖွားဘိုးဘိုး တို့ ခင်ဗျား .. ။ မြန်မာနိုင်ငံက ဒီမိုကရေစီစစ်စစ်ရနေပြီဆိုတော့ သားသားလည်း ပါဝင်စွတ်ဖက်ကြည့်ချင်လို့ ..

    Reply

    • jujuma

      January 19, 2012 at 4:41 pm

      ထောက်ခံပါတယ် ဗျို့ ..
      ဟီးး မီးလဲ ကြည့်ချင်တယ်လို့ ကြောတာပါ…

      Reply

  • ကြောင်ကြီး

    January 19, 2012 at 11:03 am

    စောင့်ကြည့်နေတယ်ဗျာ။ မင်းကိုနိုင်တို့ ၈၈အဖွဲ့ကတော့ ဆရာတော်ကို သွားဖူးမျှော်ပြီးသွားပြီလို့ သတင်းမှာ ဖတ်ရတယ်။ မဟနအဖွဲ့နဲ့ ပြည်သူ ထိပ်တိုက်တွေ့ရတဲ့ အဖြစ်မျိုး မရောက်တန်ကောင်းဘူး ထင်ပါရဲ့…။

    Reply

  • laypai

    January 19, 2012 at 11:54 am

    ကောင်းပါ့ ထိပ်ဆုံး မန့် ပြီး ရဲ ရဲ ကို နီလို့။

    Reply

  • ဟုတ်တယ် ဗျာ ဗိုလ်ပြုတ်ကြီးမျိုးညွန် ့ထင်ရပါရဲ့ဗျာ။ဘုန်းကြီးတွေကို အတုတွေပါလို ့တွင်တွင်အော်
    နေတဲ့ စစ်ခွေးတွေရဲ ့ အောက်ဆွဲနဲ ့တူတယ်ဗျ။
    ဆရာတော် အောင်မြင်ပါစေ ဆုတောင်းရတော့မှာပါဘဲ။

    Reply

  • ကိုဆိတ်ကြီး

    January 20, 2012 at 4:14 am

    ကျွန်တော်ရဲ့ အမြင်ကတော့ ပါတီနိုင်ငံရေး မဟုတ်ဘဲ လူထုအရေး၊ ပြည်သူ့အရေး၊ အမျိုးသားအရေး (အမျိုးသမီးများပါပြီးသားနော်) နဲ့ တိုင်းပြည်အရေး ဆိုရင် သံဃာတော်တွေ အနေနဲ့ လိုအပ် တဲ့ကာလမှာ လုပ်သင့်လုပ်ထိုက်တယ် လို့ပါပဲ။
    ဒီနေရာမှာ ကျွန်တော် နှစ်သက် တဲ့ ဥပမာတစ်ခု ပေးချင်ပါတယ်။
    အလုံးစုံကိုသိမြင်တော်မူတဲ့ ဗုဒ္ဓမြတ်စွာ ဟာ ကပ္ပိလဝတ် က မျိုးရိုးမာန် ပြင်းထန် လွန်းတဲ့ ဆွေမျိုးတော် သက်ကရ(ရေး : သကျ) တွေကို ဖျက်ဆီး ဖို့ စစ်ချီ လာတဲ့ ဝိဓူဍဘမင်း (မြန်မာလို ဝိဋဋူဘ လို့ ထွက် ပါတယ်၊ ပသေနဒီ ကောသလ မင်းရဲ့ သားပါ) ကို သကျတိုင်း ဘက်က အရိပ်မရှိတဲ့ အပင်တပင် အောက်မှာ နေပြီး ဝိဍူဍဘမင်း ရဲ့ အမေး “အရှင်ဘုရားနေပူကြီးထဲမှာတပါးတည်း??? ဒီဘက်ကအရိပ်ရှိတဲ့ညောင်ပင်မှာဘာကြောင့်မနေတာလည်း???” ဆိုတဲ့ကို “မင်းကြီး ဆွေမျိုးတို့အရိပ် ကား အေးချမ်း ကုန်၏” လို့ သူရဲ့ဆွေမျိုး တွေ ပျက်စီးခြင်းမှလွတ် ဖို့အကြောင်း ရည်ညွှန်း ပြီး ဖြေခဲ့ပါတယ်။
    အခုခေတ် စကားနဲ့ဆိုရင် တော့ ညိမ်းချမ်းစွာဆန္ဒ ပြတဲ့ တောင်းဆိုတဲ့ သဘောပါပဲ။ အဲဒီလို ပဲ သုံးကြိမ် သုံးခါ တိတိ သူရဲ့ လူမျိုး တွေ အတွက်လုပ် ခဲ့ပါတယ်။ ဝိဍူဍဘမင်း ကလည်း သုံးကြိမ်စလုံး အေးအေးဆေးဆေးပဲ တက်ခေါက်ပြီးပြန်သွား ပါတယ်။(အကျယ်ကို ဓမ္မပဒ က ဝိဋဋူဘဝတ္ထု မှာ ရှူပါ)။
    ဟိုအဖိုးကြီး လို တော့ “အရှင်ဘုရား မြှားဆိုတာ တကယ် ပစ်ချင်ရင် တည့်တည့်ပစ် (အဲလေ ယောင်လို့) ဒူးထောက်ပစ် လို့ရတယ် မိုးပေါ်ထောင်ပစ်စရာ မလိုဘူး လို့” မထိတထိ နဲ့ ကလိ မသွားခဲ့ပါဘူး။
    – အေးညိမ်းပါစေ – မေတ္တာဖြင့်…

    Reply

Leave a Reply

Your email address will not be published.