အသုံးများတဲ့ စကားလုံးတွေထဲမှာ ကံဆိုတဲ့စကားလုံးပါဝင်ပါတယ်။ မအောင်မမြင်ဖြစ်ရတဲ့ အခြေအနေမျိုးမှာ လူတစ်ချိုု့ ဟာ ကံပေါ့လေ လို့ပြောတတ်ကြပါတယ်။ တစ်ချို့ကလည်း ကံ ကံ၏အကျိုးပေါ့လေလို့ပြောတတ်ကြပါတယ်။ ကံကိုပါမလာဘူးလို့ပြောသူတွေလဲ ရှိကြပါတယ်။ ဆိုးရွားတဲ့အခြေအနေတွေနဲ့ တွေ့ကြုံရတဲ့ အခြေအနေမျိုးမှာတော့ ကံဆိုးလိုက်တာလို့ပြောတတ်ကြပါတယ်။ အခွင့် အရေးတွေရပြီး မမျှော်လင့်ပဲ အောင်မြင်မှုတွေ၊ ပစ္စည်းဥစ္စာတွေရရှိချိန်မှာတော့ ကံကောင်းလိုက်တာလို့ ပြောလေ့ရှိပါတယ်။ ကံ ဆိုတဲ့ စကားလုံးလေးဟာ အလွန်သေးငယ်ပေမဲ့ ဒီစကားလုံးကို ဘယ်လိုနဲ့ ဘယ်လောက်နားလည်သလဲဆိုတာကတော့ လူသားအပေါ်မှာ အကျိုးသက်ရောက်မှုကအလွန်ကြီးပါတယ်။ နားလည်မှုလွဲမှားတဲ့လူတွေတစ်ချို့ဟာ လူပျင်းတွေဖြစ်လာပါတယ်။ တစ်ချို့၊ကလည်း ဘဝမှာ ဦးတည်ချက်ပျောက်ပြီး ရော့တိရော့ရဲနဲ့ ဇွဲလုံးလမရှိသေူတွေဖြစ်လာကြပါတယ်။ တစ်ချိုု့ကလည်း ဘယ်အရာမဆို အလကားလိုချင်ပြီး၊ အခွင့်အရေးကိုသာစောင့်သူတွေဖြစ်လာပါတယ်။ တစ်ချို့ကလာဘ်စားသူတွေဖြစ်လာကြပါတယ်။ ကံရဲ့အကြောင်းကို သေသေချာချာ နားလည်သဘောပေါက်သူတွေဟာ မဆုံ့မနစ်သော ဇွဲလုံးလရှိသူတွေဖြစ်လာပါတယ်။ ရေရှည်မှာ အောင်မြင်သူတွေဖြစ်လာပါတယ်။ ဒါကြောင့် ကံဆိုတဲ့ […]


