investigators-rule-death-of-rebecca-zahau-a-suicide-family-unconvinced=8331မနေ့ကကယ်လီဖိုးနီးယားတောင်ပိုင်ကထုတ်ဝေတဲ့သတင်းစာအားလုံးလိုလိုနဲ့၊ အင်တာနက်တွေမှာ မြန်မာပြည်ဖွား (၃၂) အရွယ် Rebecca Zahau ရဲ့ ကြေကွဲပွဲရာဖြစ်ရပ်ဇာတ်သိမ်းလို့ဆိုရမလား အကြောင်းအကျယ်တဝင့်ပါလာပါတယ်။ San Diego မြို့ Coronado မှာ အိပ်ခန်း (၂၇) ခန်းရှိတဲ့ သန်းပေါင်းမြောက်များစွာတန်ဘိုးရှိတဲ့ mansion ကြီးမှာမှာနေထိုင်တဲ့ Rebecca တယောက် ပြီးခဲ့တဲ့ ဇူလိုင်(၁၃) ရက်က ဇွဲကြိုးချသေဆုံးတဲ့ ဖြစ်ရပ်ကစတာပါ။ ရဲနှင့် သေမှုသေခင်းစစ်အားလုံးက မိမိကိုယ်ကိုသေကြောင်းကြံမှုအဖြစ်ကောက်ချက်ချလိုက်ပါပြီ။ Rebecca ရဲ့ ခင်ပွန်းဖြစ်သူ Jonah Shacknai ဘက်ကပါလာတဲ့ Max ဆိုတဲ့ (၆)နှစ်အရွယ်ကလေးငယ်အိမ်ကြီးကလှေကားပေါ်ကပြုတ်ကျပြီး၊ ဆေးရုံပေါ်မှာ အသည်းအသန်ကုသခဲ့ရပါတယ်။ အဲ့ဒီကလေးငယ်မကြာခင်အတွင်း သေဆုံးမှုဖြစ်ပြီး၊ နာရီပိုင်းအကြာမှာ အဲ့ဒီ MANSION ကြီးရဲ့ ရှေ့မျက်နှာစာမှာ အကျည်တန်စွာနဲ့ ဇွဲကြိုးချခဲ့တာကိုတွေ့ကြရပါတယ်။ မသေမှီနာရီပိုင်းအလိုက သူ့မရဲ့ ဖုံးမှာ Max […]
