ပြီးခဲ့တဲ့လ၂၃ရက်နေ့က တရုတ်နိုင်ငံဝမ်ကျိုးမြို ့ပြင်မှာ မြန်နှုန်းမြင့်ကျည်ဆန်ရထားတိုက်တဲ့သတင်းတော့ သိကြမယ်ထင်ပါတယ်။မိုးကြိုးပြစ်ခံရလို ့ ေ့ရှကသွားတဲ့ရထားက ရပ်နေတဲ့အချိန် နောက်ကရထားကဝင်တိုက်မိတဲ့အတွက် ရထားတွဲ ၂တွဲ တံတားပေါ်က ပြုတ်ကျခဲ့တယ်။ပထမပိုင်းတော့ မိုးကြိုးပြစ်တာကိုပဲ တရားခံလုပ်နေတဲ့ တရုတ်အစိုးရ နောက်ပိုင်းမှာတော့ ေ့ရှရထားရပ်နေတာတောင် မီးအနီမပြပဲ အစိမ်းသာပြနေတဲ့ system ချို့ယွင်းနေတာကို သိခဲ့တယ်။ပြီးတော့ ရထားတတွဲမှာတောင် လူပေါင်း၃၅ယောက်မကတာကို သေဆုံးသူကို ၃၅ယောက်ပဲရှိတယ်လို့ကြေငြာခဲ့တယ်။အဲဒီ၃၅ယောက်ဆိုတဲ့အရေအတွက်ကို တရုတ်အစိုးရက ၁၉၉၃ကနေ အခုထိဖြစ်ခဲ့တဲ့ မတော်မဆမှုတွေမှာသုံးခဲ့တဲ့ လူအရေအတွက်ပါ။ 死者35人ဆိုပြီးရှာရင် အထောက်အထားတွေ့ပါလိမ့်မယ်။အဆိုးရွားဆုံးလုပ်ရပ်ကတော့ တံတားပေါ်က အောက်ပြုတ်ကျတဲ့အတွဲကို အထဲကလူတွေကို ရှာဖွေကယ်ဆယ်တာမလုပ်ဘဲနဲ့ မြေကြီးထဲမြုပ်ပစ်လိုက်တာပါ။တန်းလန်းဖြစ်နေတဲ့အတွဲကိုတော့ ကရိန်းနဲ့ မပြီး ကားပေါ်တင်တာတွေ့လိုက်ရတယ်။တကယ်ဆို မသေဘဲဒဏ်ရာရနေတဲ့လူတွေလဲ ရှိနိုင်တာပဲလေ။တော်တော်လဲ ရက်စက်နိုင်တယ်။သေတဲ့လူတွေလဲ အလောင်းတောင်ပြန်မရဘူး။ဒါပေမယ့် သူတို့ အစိုးရကလဲ ပြည်သူတွေကို ထိန်းတတ်ပါတယ်။ပထမတော့ တရုတ်တွေလဲ ဆန္ဒပြကြတာပေါ့.။အဲဒါတရုတ်ငွေသောင်း၅ဝကို လျော်ကြေးပေးမယ်ကြေငြာတယ်။နောက်ပိုင်းတော့ ၉၆သောင်းပေးမယ်လို့ ပြင်လိုက်တယ်။ပထမပိုင်း […]

