manawphyulayJanuary 15, 20111min05
ကွန်ပျူတာ Keyboardတွင် ရိုက်နှိပ်လိုက်သမျှ စာလုံးအားလုံးကို မှတ်သားထားနိုင်သည့် Hardwareတစ်မျိုး ပေါ်ပေါက်နေကြောင်း သိရှိရသည်။ Black Deviceဟု အမည်ပေးထားကြသည့် အဆိုပါ ကိရိယာလေးအား System Casingနှင့် ချိတ်ဆက်ထားသည့် Keyboardကြိုးတွင် ကြားခံတပ်ဆင်ထားရပြီး အမှတ်မထင် ကြည့်ရှုပါက Keyboard Adaptorတစ်ခုနှင့် ပုံစံချင်း ဆင်တူသည်။ ထိုကိရိယာကို ကွန်ပျူတာတွင် ရိုက်နှိပ်လိုက်သမျှ အချက်အလက်များကို ခိုးယူသိမ်းဆည်းထားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တီထွင်ထားခြင်းဖြစ်သည်။ စာလုံးတိုင်း၊ အက္ခရာတိုင်းကိုသာမက Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်သဖြင့် Privacyအတွက် အလွန်ကြောက်စရာကောင်းသည့် Deviceတစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ အင်တာနက်ကဖေးများတွင် အဆိုပါကိရိယာငယ်များ တပ်ဆင်ထားမှု ရှိမရှိကို သတိပြုသင့်ပြီး Credit Cardနံပါတ်များ ထည့်သွင်းကာ Onlineဈေးဝယ်စနစ် ထွန်းကားနေသည့် နိုင်ငံကြီးများတွင် ပိုမိုသတိထားရမည့် ကိရိယာလည်းဖြစ်သည်။ ထိုကိရိယာကို […]


နွယ်ပင်January 13, 20111min00
မန်မာနိုင်ငံမှာ စစ်မှုမထမ်း မနေရ အမိန့်ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက နအဖက အမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းမှာ လူငယ်တွေကို ဆင့်ခေါ်ကာ စစ်မှုထမ်းဖို့ စည်းရုံး ပြောဆိုတာတွေ၊ ခြိမ်းခြောက် ပြောဆိုတာ ရှိနေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း ငပြေမကျေးရွာအုပ်စု နဲ့ ပေါင်းတည်ကျေးရွာအုပ်စုတွေမှာ သက်ဆိုင်ရာ ရာအိမ်မှုး ဆယ်အိမ်းမှုးတွေက အသက် (၁၈) ကနေ (၄၅) နှစ်အတွင်း လူငယ်တချို့ကို မလာမနေရ ဆင့်ခေါ်ပြီး စစ်မှုထမ်းဖို့ ပြောဆိုတဲ့အကြောင်း အဲဒီဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။ အဲဒီဆင့်ခေါ်မှုအတွက် လူငယ်တစ်ရာလောက် တတ်ရောက်ခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာ စစ်မှုထမ်းဖို့ အမိန့်နဲ့ ပြောဆိုတာထက် စစ်သားစုစောင်းတဲ့ ပုံစံမျိုး တွေ့ရတယ်လို့ သိရပါတယ်။ နောက်ပြီး ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာတော့ အသက် (၁၈) […]


ငပြႀကီးJanuary 13, 20111min06
ပုသိမ်မြို့ပေါ်ကနေရာတော်တော်များများမှာ နေ့ချင်းညချင်း ပြောင်းလဲမူတွေ ဖြစ်ပေါ်နေပါတယ်။ ကောင်းသောပြောင်းလဲမူကတော့ မြို့လယ်က လမ်းများ ကွန်ကရစ်လမ်းတွေအဖြစ် ပြင်ဆင်ခြင်းပါ။ ဒါကလဲ တတ်နှိင်သောသူဌေးလမ်းများကို စည်ပင်က ပိုက်ဆံကောက်ပြီးလမ်းခင်းခြင်းပါ ,  တကယ်ပြင်ဆင်ရန် လိုအပ်ပြီး ပိုက်ဆံသိပ်မရနှိင်သောလမ်းများကိုတော့ စည်ပင်မှ အသစ်ရောက်သော ထိုလူကြီးက ယောင်လို့တောင်လှည့်မကြည့်သေးပါဘူး။ ဘာဘဲဖြစ်ဖြစ် လမ်းတွေပြင်တယ်ဆိုတာနဲ့တင် တော်တော်ဝမ်းသာစရာပါ ။ မကောင်းသောပြောင်းလဲမူကတော့ လက်ဖက်ရည်ဆိုင်လို လူစုံတဲ့နေရာမျိုးတွေမှာ ကျောင်းသားလူငယ်တော်တော်များများ ပြောဆိုနေတဲ့ အကြောင်းကတော့ ငါ မနေ့ကဘယ်လောက်ရှံးတယ် ….ဘယ်လောက်နိင်တယ် …ဒီနေ့သွားချဦးမယ် …အကြီးကိုဘယ်လိုထိုးမယ် …အသေးကိုဘယ်လိုထိုးမယ်….အစရှိသဖြင့် ပိုက်ဆံတွေကိုင်ပြီး အမျိုးမျိုုးပြောနေတာတွေ တွေ့နေရပါတယ်…. သူတို့ပြောတဲ့အကြောင်းတွေကတော့ Game Center လို့အမည်တပ်ထားတဲ့ ကာစီနိူ အသေးစားလေးတွေပါ အဲဒီမှာ ပိုက်ဆံ အလျှော်အစား လဲ ရှိပါတယ်..နှိင်ရင် နှိင်သလောက်ငွေသားထုတ်ယူသွားလို့လဲ ရပါတယ်..ရှံးရင်လဲထားခဲ့ပေါ့….. အချို့သောသူများ သိန်းရာဂဏန်းထိ […]


ၾကယ္ေလးJanuary 12, 20111min011
စစ်ကိုင်းတိုင်း ကလေးမြို ့မှာ တက္ကသိုလ်ကျောင်းသား အယောက် (၅၀၀) ခန် ့က ဘတ်(စ်) ကားခတွေ ကြီးမြှင့်လာတာနဲ ့ ပတ်သက်ပြီး ဆန္ဒပြကြကြောင်း သိရှိရပါတယ်။ ဒီ ဘတ်(စ်) ကားခတွေဟာ နအဖလက်အောက်မှာ ယခုနှစ်စဆိုရင် ခရီးစဉ်လမ်းကြောင်းတစ်ခုထဲကို ကျပ် (၁၀၀) ကနေ (၂၀၀) ထိ တိုးသွားတာကြောင့် ကလေးမြို ့ရှိ တက္ကသိုလ်ကျောင်း (၃) ခုဖြစ်တဲ့ ကလေးမြို ့တက္ကသိုလ်၊ ကလေးမြို ့ကွန်ပျူတာတက္ကသိုလ်နဲ ့ နည်းပညာတက္ကသိုလ်တို ့က ကျောင်းသားတွေ ချီတက်ဆန္ဒပြကြတာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီလို ချီတက်ဆန္ဒပြကြတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ယနေ ့မနက် (၇) နာရီခွဲအချိန်က ကလေးမြို ့ဘူတာရုံကနေ ကလေးမြို ့အတွင်း လှည့်လည်ချီတက်ဆန္ဒပြကြတာ […]


လင်းဝေJanuary 12, 20111min010
မြန်မာဟင်းချက်ရင် မပါမဖြစ်၊ မုန်းဟင်းခါးချက်ရင် များများပါရတဲ့ ကြက်သွန်နီ ဈေးအတက်ကြမ်းနေပါတယ်။ ပြီးခဲ့တဲ့လက တစ်ပိဿာ ၆၀ဝ လောက်သာရှိတဲ့ ကြက်သွန်နီဟာ အခုလဆန်းကစလို့ ဒိုင်ဈေး ၁၄၀ဝကနေပြီး ပြီးခဲ့တဲ့အပတ်မှာ ဒိုင်ဈေး ၁၆၀ဝ နဲ့ ၁၈၀ဝအထိဖြစ်လာပါပြီ။ လက်လီဈေးကွက်မှာတော့ တစ်ပိဿာကို ၂၅၀ဝကျပ်အထိရောင်းနေကြပါပြီ။ အရင်နှစ်က တစ်ပိဿာ ၃၀ဝပဲဈေးရလို့ ကားခနဲ့ အလုပ်သမားခတောင်မကာမိလို့ ကြက်သွန်နီကို တူးပြီး သွန်ပစ်ခဲ့ရတဲ့အတွက် ဒီနှစ်မှာ အစိုက်နည်းပါတယ်။ အစိုက်နည်းတော့ အထွက်နည်းပါတယ်။ မြန်မာပြည်တွင်းမှာ အထွက်နည်းရတဲ့အထဲမှာ အိန္ဒိယမှာလည်း ကြက်သွန်နီပြတ်လို့ ဒီနားတဝိုက်မှာ ကြက်သွန်ရှားနေတော့ ဈေးတွေက မိုးထိုးထောင်တက်ကုန်ပါပြီ။ ပုံမှန်ဆိုရင် ဇန်နဝါရီလဆို ကြက်သွန်အဝင်များလို့ဈေးဆင်းရင်ဆင်း မဆင်းတောင်မှ ဈေးငြိမ်ရမှာကို အခုတော့ ဈေးက ထိုးတက်နေပါပြီ။ အခုလောလောဆယ် ကြက်သွန်ခင်းတွေကို မြေပေါ်ဈေးတောင် တစ်ပိဿာ ၁၈၀၀၊ […]


နွယ်ပင်January 12, 20111min08
ဇန်နဝါရီလ ၁ ရက်နေ့မှာ မောင်မင်းဆုမွန် နဲ့ မခင်ဝါဝါလှိုင် တို့ရဲ့ မင်္ဂလာအခမ်းအနားကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့အတွက် Movie5 မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်မင်းဆုမွန် ဟာ သူ့အလုပ်တာဝန်ထဲမှာ အထက်အာဏာပိုင်တွေရဲ့ ဖိအားပေးခြင်းကို ခံရပါတယ်။ သတိုးသား မောင်မင်းဆုမွန်ဟာ Movie5 မှာ တာယူဝန်ဆောင်ရွက်လုပ်ကိုင်နေသူ တဦးဖြစ်ပါတယ်။ အဆိုတော် ထူးအိမ်သင် နဲ့ ညီအကိုတော်စပ်သူလည်းဖြစ်ပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မိသားစုခြင်း ရင်းနှီးသူတဦးလည်း ဖြစ်ပါတယ်။ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ သူ့ရဲ့ မင်္ဂလာပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လာတဲ့အတွက် အာဏာပိုင်တွေဘက်က အမြတ်ဒေါသဖြစ်ပြီး မောင်မင်းဆုမွန်ကို လက်ရှိလုပ်ကိုင်နေတဲ့ တာဝန်မှ နှုတ်ထွက်စာတင်ခိုင်းတာကို ခံခဲ့ရပါတယ်။ Movie5 မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မောင်မင်းဆုမွန်ရဲ့ […]


manawphyulayJanuary 11, 20111min011
စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ (၆၄ နှစ်) ဟာ ဒီနေ့ မနက် ၄ နာရီ ၂ဝ ခန့်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါရိုက်တာ မောင်ဝဏ္ဏဟာ ကင်ဆာဝေဒနာကို တနှစ်နီးပါး ခံစားခဲ့ရပြီး ကွယ်လွန်သွားတာပါ။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ချိုရည်နဲ့ သားသမီးများဖြစ်ကြတယ် စာရေးဆရာမ ဝါနု၊ သရုပ်ဆောင် ပြည်ဇင်၊ ဥက္ကာ ဆိုတဲ့သားသမီး ၃ ဦးနဲ့ ပန်းနု ဆိုတဲ့ မြေးမလေးတဦး ကျန်ရစ်ခဲ့ပါတယ်။ ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်သွားတဲ့အတွက် သာဓု သဘာဝအုပ်စုထဲမှာ အခုဆိုရင် ညီဖြစ်သူ စာရေး ဆရာမင်းလူနဲ့ ဒါရိုက်တာ အာယု တို့ပဲ ကျန်ပါတော့တယ်။ ဒါရိုက်တာမောင်ဝဏ္ဏဟာ ကတ္တိပါဖိနပ်စီး ရွှေထီးဆောင်း၊ ခုနစ်စဉ် အလွမ်း ဇာတ်ကား […]


ၾကယ္ေလးJanuary 9, 20111min048
မြန်မာစစ်အစိုးရရဲ့ အသက် ၁၈ နှစ်နှင့် ၄၅ နှစ်ကြားရှိ အမျိုးသား အမျိုးသမီး အားလုံး စစ်မှု မထမ်းမနေရ ဥပဒေ မူကြမ်းတစ်ခုကို ဂျပန်NHK သတင်းဌာနက ရရှိထားကြောင်း ကြေငြာလိုက်သည်။ အမျိုးသားများမှာ အသက် ၁၈နှစ်နှင့် ၄၅ နှစ်ကြားဖြစ်ပြီး၊ အမျိုးသမီးများမှာ အသက်၁၈ နှစ်နှင့် ၃၅ နှစ်ကြား ဖြစ်သည်။ စစ်တပ်ထဲ နှစ်နှစ် သို့မဟုတ် သုံးနှစ် အမှုထမ်းရမည်။ ခန္ဓာကိုယ် မစွမ်းမသန်သူများ မှလွဲလို့ အသက်ပြည့်မှီသူ အားလုံး မြို့နယ်အသီးသီးရှိ အာဏာပိုင်များထံ စာရင်းပေးသွင်း ရမည့်အကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။ စာရင်း ပေးသွင်းဖို့ ပျက်ကွက်သူနှင့် စစ်မှုထမ်းဖို့ တိမ်းရှောင်သူများမှာ ထောင်ဒဏ် ငါးနှစ်အထက် ကျခံရမည်ဟု ဆိုသည်။ အဆိုပါ စစ်မှု […]


manawphyulayJanuary 9, 20111min015
ရန်ကုန်မြို့အတွင်းတွင် ၂၀၁၁ ခုနှစ်အတွင်းသို့ ချည်းနင်းဝင်ရောက်လာသည်နှင့်အမျှ တိုးတက်လာသည့် အခြေအနေများကို တင်ပြပါမယ်။ ရန်ကုန်မြို့အတွင်း အထူးယာဉ် ၂၀ဝ ကျပ် ကားများ အစီးရေ နည်းလာပြီး လူများ အဆမတန် တိုးတက်များပြား ကြပ်ညပ်လာသည်ကို လည်းကောင်း…………. ပန်းဆိုးတန်းလမ်းမကြီးသည် ခေတ်မီတိုးတက်လာသောကြောင့် ဂျေဒိုးနပ်ဆိုင်များ ပိတ်သွားခြင်း ၁၉ ရုံးရှေ့တွင်  လူအများ စည်းကားစွာ လမ်းမပေါ်အပြည့် တန်းစီးနေကြခြင်းသည်လည်းကောင်း………….. မြို့လယ်ကောင် လမ်းမများပေါ်တွင် လမ်းဘေးဈေးသည်များ တိုးတက်များပြားလာခြင်း………………….. လိုင်းကားများကို မော်တော်ပီကယ်များ ကားဂိတ်တိုင်းမှာ မုန့်ဖိုးတောင်းနေသည်မှာ ကားမှတ်တိုင်များတွင် တိုးတက်နေခြင်း……………… အင်တာနက်ကွန်နက်ရှင်များသည်လည်း ခေတ်မီလာသည့်အတိုင်း အလွန်တရာမှ လေးလံ နှေးကွေး မလှုပ်ခြင်း…………… သီရိမင်္ဂလာဈေးကြီးသည်လည်း နှစ်သစ်တွင် ၂၀၁၁ ခုနှစ်တွင် အဆောက်အအုံအခိုင်အခန့်မှ ပိတောက်ချောင်းရဲစခန်းနားသို့ ပြောင်းရွှေ့လာခြင်း………….. လမ်းဘေးဈေးသည်များသည်လည်း ဈေးမရောင်းရ နယ်မြေ […]


kaiJanuary 7, 201172min00
*********************************************************** BURMA RELATED NEWS – JANUARY 07, 2011 *********************************************************** The Guardian – Top 100 women: nominate now AFP – Cargo ship fire kills four Chinese off S. Korea VOA News – Indonesia Puts the Spotlight on Human Rights as ASEAN Chair Philippine Daily Inquirer – Indonesia announces dates for Asean summits The Online NewsHour – Photographer […]


ဘဘJanuary 3, 20111min030
နီယွန်မီးများဖြင့် ထိန်လင်းနေ သော အချင်းပေ ၈ဝ ခန့်ရှိ ပန်းကန် ပြားသဏ္ဌာန် ယာဉ်ပျံတစ်စင်းကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ အမြင့်ပေ ၂ဝဝဝ ခန့်အကွာအဝေးရှိ ကောင်းကင်ပေါ် တွင် ဖြတ်သန်းသွားသည်ကို တွေ့ရှိ ရကြောင်း ဒဂုံ(မြောက်) ၁ဝ ရပ် ကွက်တွင် နေထိုင် သူများ နှင့် မီး သတ်ဦးစီးမှ သိရသည်။ အဆိုပါယာဉ်ပျံ ပျံသန်းလာစဉ် အတွင်း စက်သံမကြားရသည့်အပြင် မီးသတ်စခန်းမှ ဓာတ်ပုံရိုက်ရာတွင် လည်း ရုပ်ပုံမပေါ်ကြောင်း သိရ သည်။ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန မှရရှိသော သတင်းများအရ ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံ(မြောက်) မီး သတ်စခန်းအပေါ် […]