ပုသိမ်မြို့,နှင့် Game Center များ,

ငပြႀကီးJanuary 13, 20111min06

ပုသိမ်မြို့ပေါ်ကနေရာတော်တော်များများမှာ နေ့ချင်းညချင်း ပြောင်းလဲမူတွေ ဖြစ်ပေါ်နေပါတယ်။

ကောင်းသောပြောင်းလဲမူကတော့ မြို့လယ်က လမ်းများ ကွန်ကရစ်လမ်းတွေအဖြစ် ပြင်ဆင်ခြင်းပါ။

ဒါကလဲ တတ်နှိင်သောသူဌေးလမ်းများကို စည်ပင်က ပိုက်ဆံကောက်ပြီးလမ်းခင်းခြင်းပါ ,  တကယ်ပြင်ဆင်ရန် လိုအပ်ပြီး ပိုက်ဆံသိပ်မရနှိင်သောလမ်းများကိုတော့ စည်ပင်မှ အသစ်ရောက်သော ထိုလူကြီးက ယောင်လို့တောင်လှည့်မကြည့်သေးပါဘူး။

ဘာဘဲဖြစ်ဖြစ် လမ်းတွေပြင်တယ်ဆိုတာနဲ့တင် တော်တော်ဝမ်းသာစရာပါ ။

မကောင်းသောပြောင်းလဲမူကတော့ လက်ဖက်ရည်ဆိုင်လို လူစုံတဲ့နေရာမျိုးတွေမှာ ကျောင်းသားလူငယ်တော်တော်များများ ပြောဆိုနေတဲ့ အကြောင်းကတော့

ငါ မနေ့ကဘယ်လောက်ရှံးတယ် ….ဘယ်လောက်နိင်တယ် …ဒီနေ့သွားချဦးမယ် …အကြီးကိုဘယ်လိုထိုးမယ် …အသေးကိုဘယ်လိုထိုးမယ်….အစရှိသဖြင့် ပိုက်ဆံတွေကိုင်ပြီး အမျိုးမျိုုးပြောနေတာတွေ တွေ့နေရပါတယ်….

သူတို့ပြောတဲ့အကြောင်းတွေကတော့ Game Center လို့အမည်တပ်ထားတဲ့ ကာစီနိူ အသေးစားလေးတွေပါ

အဲဒီမှာ ပိုက်ဆံ အလျှော်အစား လဲ ရှိပါတယ်..နှိင်ရင် နှိင်သလောက်ငွေသားထုတ်ယူသွားလို့လဲ ရပါတယ်..ရှံးရင်လဲထားခဲ့ပေါ့…..

အချို့သောသူများ သိန်းရာဂဏန်းထိ ရှံးခဲ့ကြောင်းသိရပါတယ်

ငွေ တစ်ထောင်ကျပ် မှစပြီး အကန့်အသတ်မရှိ ဆော့နှိင်ပါတယ်

“ကျောင်းသူ-ကျောင်းသား များမဝင်ရ” ဆိုတဲ့ဆိုင်းဘုတ် ကိုလဲတွေ့ရပါတယ်…ကျောင်းဝတ်စုံ အဖြူအစိမ်း ဝတ်မထားရင်တော့ ဝင်ဆော့လို့ရပါတယ်..

ဝင်ဆော့နေတဲ့ လူတွေတော်တော်များများကလဲ အလယ်တန်း-အထက်တန်း အရွယ် လူငယ်တွေများပါတယ်။

မိဘကပေးလိုက်တဲ့ မုန့်ဖိုးကို မုန့်မစားနှိင်ဘဲ လာဆော့…နှိင်ရင်ယူ..ရှံးရင်ကုန်…နဲ့ နောက်ဆုံး ကုန်တာပါဘဲ…

အဲဒီမှာတင် လူငယ်များပျက်စီးဖို့ လမ်းစ ပေါ်လာတာဘဲ…

ဆိုးတာက ရန်ကုန်မြို့ လို မကောင်းမူ စုံလှတဲ့မြို့ကြီးမှာတောင် ခွင့်ပြုခြင်းမရှိတဲ့ ဒီလို လောင်းကစားမျိုးကို ပုသိမ် မှာ တရားဝင်ခွင့်ပြုချက်နဲ့ သူ့ထက်ငါအပြိုင်အဆိုင် ဖွင့်နေတဲ့ Game Center အမည်ခံ လောင်းကစားရုံများ နေရာတော်တော်များများမှာ ပေါ်ထွက်နေတဲ့အတွက် ပုသိမ်မြို့က လူငယ်များ ရှေ့ရေး ရင်လေးစရာပါဘဲ….

ထို လောင်းကစားရုံများတွင်လဲ သက်ဆိုင်ရာအာဏာပိုင် အချို့က ရှယ်ယာ ပါသည်ဟုသိရပါသည်။

6 comments

  • naywoonni

    January 13, 2011 at 4:06 pm

    အင်း နောက်ဆုံးအချိန်လေးဆိုပြီး လှုပ်ရှားနေကြတယ် ရှိမှာပေါ့

    Reply

  • kai

    January 13, 2011 at 5:30 pm

    မြန်မာပြည်မှာ ..လောင်းကစားတွေကိုလိုင်စင်နဲ့လုပ်ပြီး ပြည်နယ်အလိုက် ပိတ်သင့်နေပြီ..။
    လိုင်စင်ကို … သယံဇာတနဲ့အလုပ်အကိုင်ခက်တဲ့ ပြည်နယ်ကိုသာ ချပေးဖို့သင့်တယ်.။

    ဥပမာ.. လယ်ပင်းကြေးကွင်းစွပ်ထားတဲ့ ပဒေါင်လူမျိုုုးတွေဒေသမှာပဲ …ကာစီနိုရုံတွေဖွင့်ခိုင်းတာမျိုးပေါ့…။

    Reply

  • char too lan

    January 14, 2011 at 4:38 am

    အော်…… စိတ်ပျက်စရာပဲနော်
    ွGame Center ဆိုတာက ငွေသားတွေနဲ့ကစားတာလား
    ရန်ကုန်က Game Center တွေလို့ အကြွေစေ့လဲပီးကစားရတာလား
    ပုံလေးဘာလေးပါရင်ကောင်းမှာပဲနော် တွေ ့ဖူးချင်လို့ပါ

    Reply

  • sayargyi

    January 14, 2011 at 5:17 am

    ပိုက်ဆံပေးလိုက်ရင် သူ့လူတစ်ယောက်က စက်မှာ ကိုယ်ပေးတဲ့ငွေအမောင့်ကို လာပြီးမှတ်ပေးပါတယ်…ဥပမာ…1000 ကျပ် ဆိုရင် စက်မှာ 1000 လို့ မှတ်လိုက်ပါတယ်..အကောင့် ဖွင့်တဲ့သဘောပေါ့….နိင်ရင် အမှတ်ကတိုးတိုးသွားပါတယ်…ရှံးရင် လျှော့သွားပါတယ်…
    နှိင်လို့ အမှတ်က 1000 ကနေ 1500..1600…စသဖြင့်တိုးသွားလို့ ကိုယ်ရပ်ချင်ရင် စက်မှာရှိတဲ့ နံပါတ်အတိုင်း ဥပမာ… 2300 ဆိုရင် ငွေသား 2300 ကျပ် ပြန်ပေးပါတယ်
    ရှံးရင်တော့ဆက်ဆော့လို့မရတော့ဘူး…ရပ်သွားရော…အဲဒီအခါ ပိုက်ဆံထပ်ပေးမှဆက်ဆော့လို့ရပါတယ်
    ဆော့နည်းက သုံးလေးမျိုးရှိတယ်…
    တစ်မျိုးကိုပြောပြရရင်..
    စက်က ဆင်တူ ၅ လုံးလောက် တန်းစီထားပါတယ်…စက်ရဲ့ မော်နီတာ မှာပေါ်နေတဲ့ အံစာတုံး ပုံတွေကအားလုံး အတူတူပါဘဲ…စက္ကန့် ၃ဝ လောက်ကို တခါ အံစာတုံးလိမ့်ပါတယ်..
    အဲဒီအချိန် မတိုင်မှီ ကိုယ်ထိုးချင်သလောက် စက်မှာ ခလုတ် နှိပ်ပြိး ထိုးရပါတယ်..(အကြီး တို့ အသေး တို့ပေါ့) စက်က ဒိုင် ကိုယ်က ထိုးသား အဲဒီသဘောပါဘဲ..

    Reply

  • char too lan

    January 14, 2011 at 7:58 am

    အော် အံစာတုံးခေါက်တာပေါ့
    တော်တော်လဲတိုးတက်နေပုံပဲ စက်တွေနဲ့ဖွင့်တဲ့ဆိုင်တွေအများကြီးဆိုတော့
    တော်ရုံထဲကတော့ မဖြစ်နိုင်ဘူး

    Reply

  • sayargyi

    March 8, 2011 at 4:21 pm

    အခုဆိုရင် အဲဒီ ကာစီနိူသေးစားတွေက ပုသိမ်မြို့လယ်ခေါင်မှာ အများအပြား ပြောင်ပြောင်တင်းတင်း ဖွင့်နေကြပါပြီ ဒါ့အပြင် မြောင်းမြ လပွတ္တာမြို့ တွေမှာပါတိုးချဲ့ပြီး ပေါ်ပေါက်နေပါပြီ

    Reply

Leave a Reply

Your email address will not be published.