moonpoemOctober 11, 20111min040
ရဟတ်ယာဉ် ပျက်ကျပြီး နောက်ပိုင်းတွင် မိမိဘဝ သက်တမ်း တစ်လျှောက် မြန်မာနိုင်ငံအတွက် တန်ဖိုးရှိသော လူတစ်ယောက် အဖြစ် ကျင့်ကြံ နေထိုင်သွားပြီး တိုင်းပြည်နှင့် လူမျိုးအတွက် လိုအပ်ပါက အသက်ကိုပင် ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားရန် အသင့်ရှိကြောင်း မြန်မာနိုင်ငံတွင် အကြီးဆုံး စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်သော ထူး ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇက ပြောကြားသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသော ရဟတ်ယာဉ် ပျက်ကျစဉ်က ပါဝင်ခဲ့သော လေယာဉ်မှူး ဦးမောင်မောင်သန်းကို ကြိုဆိုပွဲတွင် သတင်းထောက်များကို ပေးအပ်ခဲ့သည့် “ဝတိံဖျားက နတ်ရေကန်သို့အသွား မရဏတရား၏ ခံတွင်းမှအပြန်”ဟု အမည် ပေးထားသော ရဟတ်ယာဉ် ပျက်ကျပြီး နောက်ဆုံး အသက်ပြန်ရှင်ခဲ့ပုံကို ၎င်းကိုယ်တိုင် […]


ဂ်စ္စူOctober 8, 20112min012
(မန္တလေး ဗွိုက်ရဲ့ ဖေ့စ်ဘုတ်က ယူပါတယ်) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ကျန်တန်းရပ်တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည့် အတွက် လူမှုအဖွဲ့အစည်း အသီးသီး မှ အရေးပေါ် ဆောင်ရွက်ပေးခဲ့ရပါတယ်။ ဖြစ်ပွားပုံမှာ အမရပူရမြို့နယ်၊ ကျန်တန်းရပ်ရှိ ပွဲတော်ကျောင်းတိုက်တွင် ပြုလုပ်သော အလှူတစ်ခုတွင် ထမင်း၊ ရေခဲမုန့်၊ ကြက်သားဟင်း တို့ ဖြင့် ဧည့်ခံရာ အလှူတွင် လာရောက် စားသုံးအချို့မှ စ၍ အော့အန်မှုဖြစ်ပွားခဲ့ရာ တစ်စတစ်စ များပြာလာပြီး အရေးပေါ် အခြေအနေသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်ပွားရာကျောင်းတွင် ဖွင့်လှစ်ထားသော အမရသုခ အခမဲ့ဆေးခန်း တစ်ခုဖြင့် မလုံလောက်၍ ချမ်းမြသုခ၊မြင့်မြတ်သူ၊ရဲရင့်နှလုံးသား၊ဘဝအလင်း၊သဒ္ဒါ ၊စိတ္တသုခ၊မြင့်မြတ်ဧရာဝတီ၊ နှလုံးလှဖောင်ဒေးရှင်းနှင့် စိမ်းရောင်စို အစရှိသည့် လူမှုကူညီရေး အသင်းအဖွဲ့များ ၊ပရဟိတအဖွဲ့များမှ ဝိုင်းဝန်း ဆောင်ရွက် ကုသပေးနေကြောင်းသိရပါသည်။ ထို့ပြင် […]


Diamond KeyOctober 6, 20111min04
မန္တလေးမှာထုတ်ဝေတဲ့ သတင်းစာ နှစ်စောင်ရှိပါတယ်။ ရတနာပုံနေ့စဉ် သတင်းစာ (စစ်တပ်ကထုတ်ဝေတာ) နဲ့ မန္တလေး နေ့စဉ် သတင်းစာ (မန္တလေးစည်ပင်က ထုတ်ဝေတာ)ပါ။ အိမ်မှာက ဒေသသတင်းတွေ အတွက် ဒီသတင်းစာ နှစ်စောင်စလုံးကို ယူဖတ်ပါတယ်။ နှစ်စောင်စလုံးကို ယူနေရတာက အရှေ့ကာလတွေမှာ ရတနာပုံနေ့စဉ် သတင်းစာက သတင်းပိုစုံပြီး ကြော်ငြာတွေ စုံတာကြောင့်ရယ်၊ မန္တလေး နေ့စဉ် သတင်းစာ ကတော့ မန္တလေးစည်ပင်က ကြေညာချက်တွေနဲ့ မန္တလေးငါးမြို့နယ် သတင်းတွေဖတ်ချင်လို့ပါ။ ဒီနှစ်စောင်ကို နေ့စဉ်ဖတ်နေတော့ သတိထားမိလာတာက ရတနာပုံနေ့စဉ် သတင်းစာက မန္တလေးတိုင်းမှုးသတင်းတွေနဲ့ သူမိန်းမသတင်းတွေကို အထူးဦးစားပေးဖေါ်ပြပြီး မန္တလေး နေ့စဉ် သတင်းစာ ကတော့ မန္တလေးမြို့တော်ဝန် နဲ့ သူမိန်းမသတင်းတွေကို အထူးဦးစားပေးဖေါ်ပြတာတွေ့ရပါတယ်။ (နိုင်ငံတော် အဆင့်သတင်းတွေ မရှိတဲ့နေဆိုရင် မျက်နာဖုံး သတင်းတွေ […]


လင်းဝေOctober 6, 20111min012
Check and Balance ဆိုပြီးပြောနေကြတာတွေ ဒီလောက်များနေပေမယ့် တကယ့် တရားစီရင်ရေးမှာ ဝင်ပြီးတာဝန်ထမ်းဆောင်နေတဲ့ တရားဥပဒေသမား တရားသူကြီးတောင် ဥပဒေအရ သူဟာ ဘယ်သူ့စကားမှ နားထောင်စရာမလိုဘူး ဆိုတာကို မသိသေးတာလား၊ ကြောက်နေရဆဲလား၊ အဖြစ်အပျက်တွေက အကောင်းအဆိုးရောထွေးနေဆဲပါပဲ။ တရားစီရင်ရေး စနစ်ဟာ လွပ်လပ်မှု ရှိရမယ်ဆိုတာ တရားသူကြီးကတောင် မသိတော့ပဲ အမိန့်ချဖို့ တစ်စုံတစ်ယောက်ရဲ့ ညွှန်ကြားချက်ကို စောင့်ရတယ်လို့ ပြောရဲတာ အံ့ပါရဲ့။ အရှက်မရှိ ပညာမတတ် ဖြောင့်မတ်မှုနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားရကောင်းမှန်းမသိတဲ့ နလပိန်းတုန်း အခွင့်အရေးသမားတွေက တရားသူကြီး တက်လုပ်နေကြရင် တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး ဘယ်လာဖြစ်ပါတော့မလဲ။ မနေနိုင်လွန်းလို့ ဒီလို အဖြစ်ဆိုးတွေ ထပ်မံမဖြစ်အောင် တတ်နိုင်သမျှတားပေးနိုင်သူများ တားပေးကြဖို့ ကိုယ်ဖတ်မိတာလေး ရှယ်ပေးလိုက်တာပါ။ ၂၀၁၁ စက်တင်ဘာလ (၂၃) […]


နွယ်ပင်October 6, 20111min025
အောင်ဘာလေထီဆုပေါက်သူများအား ထီကိုယ်စားလှယ်များမှ ဂုဏ်ပြုဆုငွေ ထပ်မံချီးမြှင့်ခြင်းကို ဆောင်ရွက်ခြင်း မပြုတော့ရန် ပြည်တွင်းအခွန်များဦးစီးဌာန ၊ အောင်ဘာလေသိန်းဆု ဌာနခွဲ ထီလုပ်ငန်းရှင်များ တွေ့ဆုံကာပြောကြားခဲ့ပါတယ် ။ ဘယ်ထီစောင်ရေ အမျိုးအစားကပဲ ပေါက်ပေါက် ဂုဏ်ပြုဆုငွေထပ်မံချီးမြှင့်တော့မှာ မဟုတ်ကြောင်း သိရှိရပါတယ် ။ ဒီအစီစဉ်ကို နိုဝင်ဘာ (1) ရက်နေ့တွင် ဖွင့်လှစ်မည့် (274) ကြိမ်မြောက် ထီဖွင့်ပွဲမှ စတင်မယ်လို့လဲ သိရှိရပါတယ် ။ တို့ပြင် အောင်ဘာလေထီ နှင့်ပတ်သက်ပြီး ကံစမ်းမဲဖောက်ခြင်း နှင့် ကံစမ်းမဲနှင့် ဆက်စပ်သည့် လုပ်ဆောင်ချက်များကိုလည်း တွေ့ရှိပါက တည်ဆဲ ဥပဒေအရ အရေးယူခြင်းခံရဖွယ်ရှိကြောင်းလဲ ပြောကြားခဲ့ပါတယ် ။ အောင်ဘာလေထီဈေးကွက်တွင် ထီတစ်စောင်လျှင် (300) မှ (400) ဈေးထိရှိခဲ့ရာမှ လတ်တလောတွင် ထီတစ်စောင်လျှင် လက်လီဈေး (250) […]


annonymousOctober 6, 20111min030
နိုင်ငံ၏စီးပွားရေးကိ ုတိုးတက်အောင် အစိုးရမှအထူးစီမံဆောင်ရွက်နေသော ကာလတွင် သွင်းကုန်/ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် အဆင်မပြေမှုများစွာတွေ့ ကြုံနေရပါသည် ဟု သွင်းကုန်/ပို့ကုန် လိုင်စင်လျှောက်ထားသူတစ်ချို့ထံမှ သတင်းရရှိပါသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ ဒုဥက္ကဌ ဒေါက်တာအောင်ဝင်း ဆိုသူသည် လိုင်စင် လျှောက်ထားရာတွင် အရေးပါသူတစ်ဦး   ဖြစ်သည်ဟု ကြားသိရပါသည်။ ဒေါက်တာဦးအောင်ဝင်း ကိုယ်တိုင်ပင် မေပလ်ထရေးဒင်း ကုမ္ပဏီ တည်ထောင်၍ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည် ဟု သိရပါသည်။ အထည်ချုပ် ဒုဥက္ကဌ လုပ်၍ နိုင်ငံ ဥပဒေကို ချိုးဖောက်နေသူမှာ အလွန်တရာမှ ရှက်ဖွယ်ကောင်းလှပါသည်။ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူအဖို့ မည်သည့်အမည်ဖြင့် လုပ်ကိုင်ရမည်ကို ပြောနေစရာမလိုအပ်ပါ။ ဒုဥက္ကဌတစ်ဦးဖြစ်၍ ပို၍ပင် သိပါလိမ့်မည်။ ထိုသူသည် ယခုအခါ အချို့သော ကုမ္ပဏီများကို အထောက်အထားမရှိ လိုင်စင်ပိတ်ပင်ခြင်းများ ရှိနေသည် […]


ဂ်စ္စူOctober 5, 20111min021
7 Days News ဝယ်ဖတ်ရင်း..ထူးဆန်းမယ်ထင်တဲ့ သတင်းလေး တွေ ့တာနဲ ့ တင်ပေးလိုက်ပါတယ်. ခေါင်းနဲနဲ ကိုက်လို ့.များကြီး..တင်ပေးနိုင်တော့ဘူး…. ဆောဒီးပဲ…တည်းခံပြီး ရှုကြလော့.


ba gyiOctober 4, 20111min018
ယ္ခင်အပတ်က ကျွန်တော့ post လေးကိုဝိုင်းပြီး comment ပေးကြတဲ့ရွာသားများနှင့်တစ်ကွ၊ အားလုးံသောရွာသားအပေါင်းနှင့် Mandalay Gazette ရဲ့ ပရိတ်သတ်ကြီး အား လုံးကိုကျေးဇူးအထူးတင်ပါသည်၊အဲသည် post မှာ comment ပေးခဲ့တဲ့ kai ရဲ့ဆွေးနွေး ချက်မှာပါတဲ့ အချက်တွေပေါ်မူတည်ပြီး( မြစ်ဆုံကိစ္စ နှင့်ပါတ်သက်ပြီးသူကြီး သို့တင် ်ပြခြင်း)ဆိုတဲ့နောက် post မှာပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ထပ်ဆွေးနွေးတာ ဖတ်ရလို့အားလုံးကိုကျေးဇူးတင်သလို ဒီကိစ္စတွေရဲ့အဓီကလိုအပ်ချက်တွေအပေါ် ပြောင်းလဲ နိုင်မည့် အ ပြောင်း အလဲ(အစ)လို့ပြောရမလား အဲသည်သတင်းလေး ကိုကျွန်တော်ယ္ခုတင်လိုက်ပြန်ပါပြီ၊ ဖတ် ပြီးရွာသားအပေါင်းဆွေးနွေးပေးကြပါအုန်းခင်ဗျား————၊ သည်သတင်းကို(20010) နှစ်ကုန်ပိုင်းလောက်ကစခဲ့တာပါ၊ ရန်ကုန် မြို့မကျောင်းမှ ဆရာမ တစ်ဦး၏ ပါးစပ်သတင်းပါ ရန်ကုန် မှာရှိတဲ့ကျောင်ကြီး (10)ကျောင်း စရွေး ထုတ်ပြီးစင်္ကာပူနဲ့အာရှမှာ တိုးတက်နေတဲ့ အထက်တန်းကျောင်းတွေ မှာသင်တဲ့ သင်ရိုးညွှန်းတမ်း […]


blazeOctober 4, 20111min00
နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ – DVB သတင်းဌာနတွင် မြန်မာကျပ်ငွေ သိန်း ၃,၀၀ဝ ခန့် တန်ဖိုးရှိသည့် အမေကန်ဒေါ်လာ သုံးသိန်း ငွေစာရင်းကွာဟာမှုကြောင့်  ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့နှစ်ဦးက အုပ်ချုပ်ရေးရာထူးများမှာ ယာယီ နှုတ်ထွက်ထားပြီး အမှုမှန်ပေါ်ပေါက်ရန်အတွက် နော်ဝေ ရဲဌာနမှ အမှုဖွင့်စစ်ဆေးနေကြောင်း DVB က ထုတ်လွှင့်သွားသည်။   လက်ရှိ DVB ၏ ယာယီ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ကိုယူထားသည့် ဦးဟန်ညောင်ဝေ က “ငွေကြေး ကွာဟ မှု အဓိကဖြစ်ပွားသည့် နေရာသည် မဲဆောက်အခြေစိုက် ဌာနခွဲမှ ဖြစ်ကြောင်း” ထုတ်ဖော်ပြောဆိုထားသဖြင့် DVB ၏ ပြည်တွင်း လုပ်ငန်းစဉ်များကို တဆင့်လုပ်ကိုင်ဆောင်ရွက် […]


kaiOctober 3, 201170min043
ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည်… (Direction of Country) (polls) **************************************************************** BURMA RELATED NEWS – OCTOBER 01- 02, 2011 **************************************************************** AP – China Wants Talks After Myanmar Halts Dam Project AFP – China raps Myanmar over dam project AFP – US hails Myanmar’s halt to dam project Time Magazine – In a Rare Reversal, Burma’s Government Listens to Its People […]


koyin sithuOctober 3, 20111min016
ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ပြီး နောက်တနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတို့၏ အကျိုးစီးပွားရေးကို ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို တုံ့ပြန် ပြောဆိုလိုက်သည်။ စီမံကိန်းအတွက် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သော သိပ္ပံဆိုင်ရာ လေ့လာမှုများကို သေချာ ကျနစွာ ဆောင်ရွက်ပြီးမှ စီမံကိန်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့က ထွက်ပေါ်လာသည့် တရုတ် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်က ဆိုသည်။ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ အဆက်မပြတ် ဆန့်ကျင် ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြထားခြင်းမရှိပေ။ ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ထိုသို့ တုံ့ပြန်သော်လည်း အမေရိကန်အစိုးရကမူ မြန်မာပြည်သူတို့၏ အသံကိုအလေးထားပြီး ထိုသို့ […]


ဦးကောက်October 3, 20111min00
ထိုင်း ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်ထရာ သည် အာဆီယံနိုင်ငံများသို့ ခရီးစဉ် ထွက်ခွာနေရာ အောက်တိုဘာလ ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရအိမ်တော် သတင်းရင်းမြစ်တစ်ခုက စက် တင်ဘာလ ၂၉ ရက်က ထုတ်ပြန်ခဲ့မှုကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြခဲ့သည်။   နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း၊ ထိုင်း ဝန်ကြီးချုပ် ယင်လက်ခ်အတွက် မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံးခရီးစဉ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ် […]