ဆူးNovember 6, 20101min012
ယနေ့ အသိတယောက် ထမင်းချိုင့်ထဲမှ အနှစ် ၂ခုနဲ့ ကြက်ဥ ကိုတွေ့လို့ ဓါတ်ပုံ ရိုက်ယူထားပါတယ်။ သမိုင်း သီရိမြိုင်ဘူတာကတော့ နာမည်ကြီးတယ် အဲဒီ နားက သံလမ်းမှာ ညနေခင်း ရောင်းတဲ့ ဈေးသည် ရောင်းတာ တွေ့လို့ ဝယ်လာတာလို့တော့ ပြောပါတယ် သာမာန် ကြက်ဥ တလုံး ၁၀ဝကျပ် အနှစ်၂ခု ပါတဲ့ ကြက်ဥ အကြီး ဆို ၁၂၅ကျပ်.. အလုံးပိုကြီးပြီး ၂၅ကျပ်ဘဲ ပိုပေးရလို့ သဘောကျလို့ ဝယ်ချက်လာတာလို့တော့ ပြောတယ်။ မေးကြည့်တော့ ကြက်ဥ အနှစ် ၂ခုပါတယ်လို့ ဈေးသည်က ပြောပြီးရောင်းတဲ့ အပြင် အနှစ် ၂ခု ပါတဲ့ ကြက်ဥကို တဗန်း ထားပြီး ရောင်းနိုင်တာ အံဩလို့ပါ.. ဘာနည်းပညာတွေ များ […]


ဂ်စ္စူNovember 6, 20101min04
နအဖရွေးကောက်ပွဲကို သပိတ်မှောက် ဆန် ့ကျင်သည့်အနေဖြင့် နအဖ၏ ဝါဒဖြန် ့ချီရေး အင်တာနက်စာမျက်နှာများအား ၎င်းတို ့ ရွေးကောက်ပွဲ ကျင်းပမည့်နေ ့တွင် ကြည့်ရှူမရစေရန်အတွက် တားမြစ်ပိတ်ပင်ပြောင်းလဲပြစ်လိုက်ပါသည်။ နအဖရဲ ့ ရွေးချယ်ထားပြီးသားသူများနဲ ့ ကောက်ကျစ်စွာ ကျင်းပတဲ့ စီစဉ်ကျင်းပသည့် နအဖ ၂၀၁ဝ ရွေးကောက်ပွဲအား ပြည်သူလူထုမှ သပိတ်မှောက်ရန် တိုက်တွန်းလိုက်ပါသည်။ ဤ အွန်လိုင်းမှနေ၍ နအဖရွေးကောက်ပွဲဆန် ့ကျင်ရေးသပိတ်မှောက် လုပ်ဆောင်မှုအား ( လူထုတိုက်ပွဲကော်မတီ ၂၀၁ဝ – People Action Committee ) နှင့် မျိုးချစ် ပြည်သူ များမှ ပြုလုပ်ခြင်း ဖြစ်သည်။ နအဖ ၂၀၁ဝ ရွေးကောက်ပွဲ အလိုမရှိ။ နအဖ ၂၀၁ဝ ရွေးကောက်ပွဲ အလိုမရှိ။ […]


ဂ်စ္စူNovember 5, 20101min00
AP သတင်းဌာနက ယနေ့ ရိုက်ကူးထားသော NLD ရုံးချုပ်ရှေ့ရှိ ဓာတ်ပုံတွင် အထက်ပါ ခေါင်းစဉ်အတိုင်း ရေးသားထားသည်။ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ ထိန်းသိမ်းခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်သုံးသူ အများအပြား နှစ်သက်သည့် သတင်းကွန်ရက် Twitter ကို အသုံးပြုရန် စိတ်ဝင်စားနေကြောင်း ယနေ့ ရန်ကုန်မှ လာသော AP သတင်းတပုဒ်တွင် ရေးထားသည်။ သူနှင့် မကြာသေးမီက တွေ့ခဲ့သူ ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကားပြီး AP က ထိုသို့ ရေးထားခြင်း ဖြစ်သည်။ “ပြန်လွတ်လာရင်တော့ ပြည်တွင်း ပြည်ပက လူငယ် မျိုးဆက်သစ်တွေနဲ့ ဆက်သွယ် ထိတွေ့နိုင်ဖို့ Twitter သုံးချင်တယ်လို့ သူပြောတယ်” […]


ဂ်စ္စူNovember 5, 20101min08
A popular Myanmar Director U Tin Than Oo (တင်သန်းဦး) passed away this morning (around 2am) on November 5, 2010 at the Mingaladon Military Hospital, Yangon, Myanmar. One of his latest movies was အရုဏ်ဦးမှာ ဖူးသည့်ကြာ, roughly translated to Lotus at Dawn, featuring a total of 68 actors and actresses. You can read the interview about the […]


ဂ်စ္စူNovember 5, 20101min011
မြန်မာအချင်းချင်းပေမဲ့ ယုတ်မာပြီး အနိုင်ကျင့် ထားသည့် လူသတ်မှုသတင်းလေးဖြစ်ပါတယ်။ကြားရတာတော့ စိတ်ဆင်းရဲစရာပါပဲဗျာ။တစ်ကယ်ဟုတ်မဟုတ်တော့ မလေးကလူတွေပဲ သိပါလိမ့်မယ်။ဒါပေမဲ့ လူသတ်မှုနဲ ့ပတ်သတ်ပြီး ဖြစ်နိုင်ခြေတော့ တော်တော်များတယ်ခင်ဗျာ။ဒါကြောင့် ကူညီနိုင်ရင် ကူညီလို ့ရအောင် ကျနော် နေ ့သစ် သတင်းဋ္ဌာနမှ ကူးယူဖြန် ့ဝေလိုက်ပါသည်။ လေးစားရပါသော online မှသူငယ်ချင်းများ၊ မလေးရှားမှာရှိသောလူမှုအဖွဲ့အစည်းမှ လူကြီးလူကောင်းများ၊ မလေးရှားနိုင်ငံအတွင်းရှိ Johor ပြည်နယ်မှသူငယ်ချင်းများကို အဓိကထားပြီး အကူအညီတောင်းခံလိုပါတယ်။ ကျွန်မကိုယ်ကျွန်မမိတ်ဆက်ပေးပါရစေ။ ရွှေဇင်မျိုးပါ။ နှင်းနုအေးနဲ့ တမြို့တည်းနေထိုင်သူတစ်ယောက်ပါ။ မလေးရှားကိုထွက်လာတော့လည်း အတူတူ၊ အလုပ်တော့လည်းအတူတူ၊ အိပ်တော့လည်းအတူတူဆိုတော့ သူ အကြောင်းတော်တော်မျုားများကို ကျွန်မကို အသိပေးတိုင်ပင်ပါတယ်။ ဒါကြောင့် ကျွန်မသူငယ်ချင်းအသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် သူငယ်ချင်းများနဲ့ သက်ဆိုင်ရာလူကြီးများကို အသိပေးပြီး လုပ်သင့်တာကိုလုပ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်မတို့အကြောင်း နည်းနည်းပြောပြပါရစေ။ မလေးရှားကိုရောက်ပြီး […]


timothyNovember 4, 20101min00
ဝက်ဘ်ဆိုက်အတော်များများမှာ ရွေးကောက်ပွဲမှာမဲမပေးရင် အဲဒီနေ့လဲပြီးရော အဖမ်းခံရမှာလား။ ဘာအပြစ်ပေးခံရမှာလဲအစရှိသဖြင့်ကြောက်ရွံ့သံတွေဟာတကယ်ဘဲလား၊ ဒလန်ဒလက်တွေရဲ့လက်ချက်လားတော့မသိဘူး။ အဲဒါကိုရှင်းပြရရင်တိုတိုနဲ့လိုရင်းကတော့ဘာမှမဖြစ်ဘူး။ သေနပ်နဲ့အပြစ်မခံရဘူး။အရိုက်မခံရဘူး။ထောင်မကျဘူး။ စစ်အစိုးရပြုတ်ကျနိုင်တယ်။ စိတ်အချရဆုံးနဲ့လူအသေအပျောက်အဖမ်းအဆီးမဲ့ပြီးအန္ဒရာယ်ကင်းတဲ့၊ တနည်းအားဖြင့်ဒီနည်းဟာိုဒီမိုကရေစီဗမာများကိုပေးမဲ့ တစ်ခုတည်းသောဗမာ့ထွက်ရပ်လမ်းဘဲ။ လူသန်း၂ဝကျော်သပိတ်မှောက်ပြီးမဲမပေးရင်မိန်းမရွှင်သန်းရွှေရဲ့၁သန်းလောက်တောင်မရှိတဲ့လောလောဆည်လိမ်မဲကသဲထဲရေသွန်အသုံးမကျဖြစ်ရောပေါ့။ ရွေးကောက်ပွဲနေ့မှာသန်းရွှေတို့လူကြီးလူကောင်းအယောင်ဆောင်အမြီးကုပ်နေရမယ်။နိုင်ငံတကာကလဲဗမာပြည်ကိုမီးမှောင်းထိုးထားမယ်။ လူကြီးလူကောင်းအရောင်ဆောင်သန်းရွှေတယောက်လဲသံတမာန်များရှေ့မှာဟန်ကို့ပြီးချွေးစည်းကျံနေလို့ သေနပ်တို့အမြှာက်တို့မစဉ်းစားဘူး။ လူဆိုးဗိုလ်ဥပုသ်ဆောက်တည်တဲ့နေ့လို့ဘဲဆိုပါစို့ဗျာ။ အဲဒီရွေးကောက်ပွဲနေ့ဟာသန်းရွှေအခက်၊ဗမာ့တော်လှန်ရေးအချက်ဘဲ။ ဒီလိုနေ့မျိုးအခြေအနေမျိုးစောင့်နေတာဘယ်လောက်ကြာပြီလဲ။ ဒါကိုသိထားလို့နိုင်ငံခေါင်းဆောင်များကရွေးကောက်ပွဲကိူသပိတ်မှောက်ကြဘို့မီးမှောင်းထိုးညွှန်ပြနေကြတာဘဲ။ စစ်အစိုးရကဒီလူထုကြီးရွေးကောက်ပွဲသပိတ်မှောက်မှာကိုအသေကြောက်ဘဲ။ သူတို့ဘာမှမတင်္တနိုင်ဘူးလေ။ ဒါ့ကြောင့်လဲရွေးကောက်ပွဲကိုလူထုကသပိတ်မှောက်ရင် ရွေးကောက်ပွဲအလိမ်ကိုဖျက်သိမ်းမယ်လို့ကြေငြာနေပြန်ပြီ။ သူတို့ဒီလိုနောက်ဆုတ်လို့လဲမရတော့ဘူး။ ရွေးကောက်ပွဲနေ့ဟာကျနော်တို့ရဲ့ကံကြမ္မာ၊ စစ်အစိုးရရဲ့ကံကြမ္မာတွေကိုအဆုံးအဖြတ်ပေးမဲ့နေ့ the day of Judgement ဘဲ။ အပြစ်ရှိတဲ့ရာဇဝဋ်ကောင်သန်းရွှေတို့တတွေရွေးကောက်ပွဲသပိတ်ကိုကြောက်လို့သူတို့ငယ်နိုင်ရိုးသားဖြူစင်တဲ့ပြည်သူလူထုကိုဖြဲပြီးချောက်နေတာဘာမှကြောက်စရာမလိုပါဘူး။ ဒီကမ္ဘာမှာနိုင်ငံတိုင်းလေးစားရတဲ့စွမ်းအားအထက်ဆုံးနဲ့ သန်းရွှေအကြောက်ဆုံးလူထုအင်အားကိုယုံကြည်စိတ်နှလု့းသွင်းပြီးပြည်လုံးကြွတ်သပိတ်မှောက်ကြပါ။ ဘယ်သူ့သွေးဆောင်ဖြားယောင်းမှုကိုမှနားမယောင်ဘဲ ပြည်သူတရပ်လုံးချစ်တဲ့အန်တီစု ပြောစကားအတိုင်းတတိုင်းပြည်လုံးရွေးကောက်ပွဲနေ့မှာမပျက်မကွက်သပိတ်မှောက်ကြပါစို့။


fattyNovember 4, 20101min01
တန်ဆောင်မုန်းတန်ဆောင်တိုင် ရောက်ပြီဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ အနှေးယာဉ်လုပ်သားများ ဆိုက်ကားသမားများဟာ နှစ်တိုင်းစုပြီး ကထိန်ခင်းလေ့ရှိပါတယ်။ နှစ်ပေါင်းများစွာကထဲက ဓလေ့လေးတခုပါ။ တရက်ချင်း ဆိုက်ကားနင်းလို့ရတဲ့ငွေကိုတနေ့ချင်း စုဘူးနဲ့စုကြပါတယ်။ ရန်ကုန်မြို့လည်မှာလဲ ဆိုက်ကားဂိတ်တွေအများကြီးရှိပါတယ်။ ဆိုက်ကားတစီးဟာ ခရီးသည်ကိုသူ့ဂိတ်နဲ့သူအလှည့်ကျစောင့်ရပါတယ်။ ဂိတ်ကနေခရီးသည်တင်သွားပြီး အပြန်မှာ ကြုံတဲ့နေရာက ခရီးသည်ကို ကြုံသလိုကောက်တင်လို့မရပါဘူး။ ဆိုက်ကားအလွတ်ကြီးနင်လာတာမြင်လို့ခရီးသည်က တားရင်တောင် အနီးနားက ဆိုက်ကားဂိတ်ကို လှမ်းကြည့်ပြီး ဘယ်သူမှမရှိမှ သူကတင်သွားရပါတယ်။ ဂိတ်ဝင်ကြေးကလည်းမနဲလှပါဘူး …ဂိတ်ကြီးဆိုရင် သိန်း ၂ဝ လောက်ရှိပါတယ်။ အငယ်လေးတွေဆိုရင် ၂ သိန်း ၃ သိန်းပေါ့။ ဆိုက်ကားတစီးရဲ့တန်ဖိုးဟာ ဂိတ်ကြီးမှာ သိန်း ၃ဝ လောက်ရှိပါတယ်။ ကမာရွတ် ဘူတာရုံလမ်းကဆိုက်ကားတွေ ဈေးအကြီးဆုံးပါ။ တနေ့ကိုအုံနာကြေး ၁၅၀ဝ ကျပ် လောက်ပေးရပြီး ပိုတာကိုရတာပေါ့။ သူတို့ အလှုပွဲလေးတခုတင်ပြလိုက်ပါတယ်။ မွန်မြတ်တဲ့အလှုလို့ပြောနိုင်ပါတယ်။


zinmyotunNovember 4, 20101min00
ကျွန်မဟာ အင်တာနက် ကနေတဆင့် အမျိုးသား တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး ချစ်ခင် ရင်းနှီး ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအမျိုးသားမှာ ချစ်ရသူ မိန်းကလေး ရှိပြီးသား ဖြစ်နေပါတယ်။ သူလည်းဘဲ ကျွန်မလိုဘဲ ခံစား နေရမယ်လို ့နားလည် ပါတယ်။ ကျွန်မရဲ့ လုပ်ရပ်က အသိဉာဏ်မရှိတဲ့ လူတစ်ယောက်လို ဖြစ်နေမှာကို လည်း စိုးရိမ် နေမိပါတယ်။ ကျွန်မက အသက် ၂၅နှစ် ရှိသူဖြစ်ပြီး ချစ်ကြိုက်မိသူ အွန်လိုင်းက အမျိုးသားက ၂၈နှစ်ရှိပါပြီ။ ကျွန်မတို့ နှစ်ယောက်စလုံး တစ်မြို ့တည်းက ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က နှစ်ယောက်အတူ ချိန်းတွေ့ခဲ့ကြပြီး သူနေထိုင်ရာ အိမ်ခန်းမှာ နာရီအနည်းငယ်ကြာ စကားပြောဆို ခဲ့ကြပါတယ်။ တွေ့ဆုံခဲ့ချိန် တစ်လျောက်မှာ ကျွန်မကို သိုင်းဖက်ပြီး […]


ဂ်စ္စူNovember 4, 20101min03
အန္ဒိယ နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက နအဖ၏ ၂၀၁ဝ ရွေးကောက်ပွဲနှင့် နိုင်ငံတော်အလံသစ်အား အောက်ပါအတိုင်း သောင်းသောင်းဖြဖြ ကြိုဆို မေတ္တာပို ့ ခဲ့ကြပါသည်။အခုလို မေတ္တာပို ့သတဲ့..အခုလိုကြိုဆိုကြပါတယ်။Photo news။ ။ Ap / ဒီမိုဝေယံ အိန္ဒိယနိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများကနယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံအနီးတွင်နအဖ၏ အတုအယောင်၂၀၁ဝရွေးကောက်ပွဲအားအလိုမရှိ။ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်ကြွေးကျော်သံများဖြင့် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်….. ထိုဆန္ဒပြပွဲတွင် တိဘက်ဘုန်းကြီးများလည်းပါဝင်ပြီး လူပေါင်း (၇၀၀) ကျော် တက်ရောက်ပါဝင်ခဲ့ကြောင်း လာမည့်နိုဝင်ဘာလ (၇)ရက်နေ့တွင်လည်း ထပ်မံပြုလုပ်သွားမည်ဟုုသတင်းရရှိပါသည်။ အပြည့်အစုံသို ့..


Good IdeaNovember 3, 20101min04
မန္တလေးတိုင်း မြစ်သားမြို့နယ်မှာ ပြီးခဲ့တဲ့ လဆန်းပိုင်းက မိုးသည်းထန်စွာ ရွာတဲ့အတွက် ချောင်းရေလျှံပြီးတော့ ရွာပေါင်း ၂ဝ ကျော်က လယ်ဧကပေါင်း ၂၀၀ဝ ကျော် ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလဆန်းပိုင်းမှာ ဘင်္ဂလားပင်လယ်အော်က ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် အထက် မြန်မာပြည်တဝိုက် မိုးသည်းထန်ခဲ့ပြီးနောက်မှာ မြစ်သားမြိ့အနီးမှာရှိတဲ့ စမုံချောင်း၊ သင်ပုန်းချောင်းတွေက  ရေလျှံပြီးတော့ ရွာပေါင်း ၂ဝ ကျော်နဲ့ စိုက်ခင်းတွေကို ဖုံးလွှမ်းခဲ့တာ ဖြစ်ပါတယ်။ ရေတွေဟာ ရွာတွေထဲကို ၈ ရက်နေ့ ညနက်ပိုင်းက ဝင်လာခဲ့တာဖြစ်ပြီးတော့ ၉ ရက်နေ့ မနက်ရောက်တဲ့အခါ ရေတွေက ရွာထဲမှာတင် လူတရပ်ကျော် မြုပ်နေပါပြီ။ ကျွဲနွားတချို့ မျောပါ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ခုလို ချောင်းရေလျှံတဲ့အတွက် ရွာပေါင်း ၂ဝ […]


VisesaNovember 3, 20101min00
မြန်မာ(၁၂)လရာသီပွဲတော်(၈) တန်ဆောင်မုန်းလ ကထိန်ပွဲ ၊ တန်ဆောင်တိုင်ပွဲ ၊သာမည ဖလ အခါတော်နေ ့။ မြန်မာ(၁၂)လရာသီတို ့တွင် တန်ဆောင်မုန်းလ သည်(၈)လ မြောက်ဖြစ်သည်။ခရစ်နှစ် အားဖြင့်မူအောက်တိုဘာလ၊နိုဝင်ဘာလများအတွင်း ကျရောက်လေ့ရှိပါသည်။ မိုးတွင်းကာလကုန် ဆုံးသည့်အချိန် ဖြစ်၍ ၊ “မိုးလအဆုံး-တန်ဆောင်မုန်း”– ဟူ၍ ဆိုလေ ့ရှိကြသည်။ မြန်မာတို ့၏ လယ် ယာစိုက်ခင်းကွင်းပြင်တို ့မှ စပါးကောက်နှံတို ့သည် စိမ်းလန်းပြည့်ဖြိုးရာမှ ရင့်မှည့်လုလုအခါ ရွှေဝါ ရောင် သို ့ ပြောင်းလဲကာစ ဖြစ်သည်။မိမိတို ့၏ ရှင်သန်ပြည့့်ဖြိုးသော  လယ်ခင်းကိုရှုမြင်ရ၍ ၊တောင် သူလယ်သမားများ ရွှင်မြူးပြုံးပျော်ကြရသောကြောင့် ၊ “တောင်သူရွှင်ပြုံး-တန်ဆောင်မုန်း”– ဟုလည်း ဆိုကြပါသည်။စပါးနှံ အခိုင်ခိုင်တို ့မှ အခက်အခက် ဖြာထွက်သော စပါးသီး အစီအရီတို […]


အာဂNovember 3, 20101min09
တစ်နေ့ က သူငယ်ချင်းတစ်ယောက်ရဲ့ ရုံးခန်းကို အလည်သွားတော့ ဧည်သည်ဆောင်မှာခဏ နား နေတုန်း ရဲ သုံးလေး၊ငါးယောက် ရောက်လာတယ်။ ဘာကိစ္စလည်းလို့ ကျွန်တော်လည်း စိတ် ဝင်တစား ကြည့်နေတုန်း တပ်ကြပ်တစ်ယောက်က လက်ထဲ စက္ကူ ပါတ်လေးကိုထုတ်ပြပြီး …… ကျွန်တော်တို့ က ကျောက်တံတား အပိုင် ရဲစခန်းကပါတဲ့ ပြက္ခဒိန် လာရောင်းတာပါတဲ့ ။ ဒါနဲ့ ရုံးဝန်ထမ်းတစ်ဦးကဟုတ်ကဲ့ ဘယ်လောက်လဲ လို့ မေးကြည့်တော့ ၅၀၀ဝ ထောင်ပါတဲ့။ လူကြီးမရှိလို့ မဝယ်ဘူးပြောတော့ မရဘူး သူတို့ က ကျောက်တံတာ မြို့နယ်က အပိုင်တွေရဲတွေ ဖြစ်ကြောင်းနဲ့ မဝယ်မခြင်း ရစ်နေတော့တာပဲ ဒါနဲ့ ဝန်ထမ်းကောင်မလေး ကအထက်လူကြီး ဆီ ဖုန်းဆက်ပြီးပြောလိုက်တယ်။ အထက်ကလည်း ခေါင်းရှုပ်မခံချင်ဘူး နဲ့တူပါတယ်။ […]


timothyNovember 3, 20101min00
တတိုင်းပြည်လုံးအုံးအုံးကြွက်ကကြွက်နဲ့ရွေးကောက်ပွဲကိုတညီတညွတ်ထဲသပိတ်မှောက်ဘို့စစ်အာဏာရှင်တွေကိုလူထုရာဇသံပြစ်ထားတာတွေကတော့အားရစရာဘဲဗျာ။ ဗိုလ်သန်းရွှေတယောက်လူထုကိုဘယ်လောက်ကြောက်ချီးထွက်အောင်ကြောက်လဲဆိုတာ ဒီနေ့ ဘားမားနက်သီတင်းမှာစစ်အစိုးရရဲ့ရွေးကောက်ပွဲကိုလူထုကသပိတ်မှောက်ရင်သူတို့မတရားအနိုင်ယူဘို့လုပ်ထားတဲ့ပွဲကိုဖျက်မယ်လို့ချိမ်းခြောက်နေပြန်ပြီ။ ကြောက်စရာမကောင်းဘဲသူငယ်ပြန်ပြီးခလေးဆိုး ဆိုးနေတဲ့ မသန်းရွှေရဲ့အဖြစစ်သနစ်ကတော့လူအများဟားတိုက်ရယ်စရာဘဲ။ အဲဒီလင့်မှာဝင်ကြည့်နိုင်ပါတယ်။ http://www.burmanet.org/news/2010/11/02/reuters-military-junta-threatens-to-keep-power/ ကျနော်တို့အတွက် တခုတည်းသော ဗမာ့ထွက်ရပ်လမ်းလို့ သမိုင်း၊ ကမ္ဘာ့သမိုင်းမှာမှတ်ကျောက်တင်မဲ့ ဒီအထွေထွေသပိတ်မှောက်ပွဲကြီးကိုမပျက်မကွက်ချီတက်မယ်။ ဗိုလ်သန်းရွှေရဲ့မတရားရွေးကောက်ပွဲနဲ့၂၀၀၈ မတရားဖွဲ့စီးပုံဥပဒေကိုမပျက်ပျက်အောင်ဖျက်မယ်။ ရွေးကောက်ပွဲရဲ့အသက်သွေးကြောလို့ခေါ်လို့ရတဲ့ ၁) မဲဆန္ဒရှင်၏မဲပေး-မပေးချင်ပိုင်ခွင့် ၂) မဲဆန္ဒရှင်အများစုတက်ရောက်မဲပေးခြင်း အဲဒီ ၂ ချက်သော ရွေးကောက်ပွဲရဲ့ဝိသေသက တခုခုကိုဖျက်ရင်ရွေးကောက်ပွဲပျက်တယ်။ ဒါ့ကြောင့်လဲ အန်တီစု၊ တိုင်းရင်းသားခေါင်းဆောင်များ၊အကျဉ်းကျနေသောနိုင်ငံခေါင်းဆောင်များအားလုံးကဒီမတရားရွေးကောက်ပွဲကိုလူထုက သပိတ်မှောက်ဘို့ နည်းပေါင်းစုံအခက်အခဲများကြားကပြောဆိုညွှန်ပြနေကြတယ်။ မဲဆန္ဒရှင်ရဲ့ဆန္ဒကိုသန်းရွှေဘာဆိုဘာမှလုပ်လို့မရဘူး။ ရွေးကောက်ပွဲနေ့၊ အဲဒီရက်တစ်ရက်မှာ ဘယ်သူမှမဲဆန္ဒရှင်ကိုလာထိလို့မရဘူး။အဲဒီနေ့မှာ ၂၀၀၀၀၀၀ဝ ကျော်မဲဆန္ဒရှင်ဟာအာဏာရှင်ရဲ့ဘုရားဘဲ။ ၂၀၀၀၀၀၀ဝ ကျော်သပိတ်မှောက်မဲများက ၁သိန်းတောင်မရှိတဲ့မိန်းမရွှင်သန်းရွှေရြဲ့ကလိမ်ညစ်မဲနဲ့သန်းရွှေကိုအသေသတ်မယ်။ ဒါကိူသန်းရွှေကြောက်ချီးပါပြီးစစ်တပ်အာဏာသိမ်းမယ်လို့ချိမ်းချောက်နေတာဘဲ။ ပြည်သူလူထဲု့တခဲနက်ဖြုတ်ချလိုက်တဲ့ဒီမတရားရွေးကော်ပွဲနဲ့ သန်းရွှေစစ်အစိုးရ ကို စစ်တပ်၊ကုလသမဂ်ဂ (United Nations)၊ တရုပ်၊ ကုလား၊ ရပ်ရှား ( Russia)ဘယ်သူမှမထောက်ခံနိုင်တော့ဘူး။ ကမ္ဘာ့နိုင်ငံအားလုံးက မြန်မာနိုင်ငံရဲ့ကံကြမ္မာကိုမြန်မာပြည်သားများသာရွေးချယ်ပိုင်ခွင့်အပြည့်အဝရှိတယ်။ဘယ်နိုင်ငံမှသူများနိုင်ငံရဲ့အတွင်းရေးကိုဝင်မစွက်ရ […]