အနှေးယာဉ်လုပ်သားများ၏ အလှုပွဲတော် (donation of trishawman )

fattyNovember 4, 20101min01

တန်ဆောင်မုန်းတန်ဆောင်တိုင် ရောက်ပြီဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ အနှေးယာဉ်လုပ်သားများ ဆိုက်ကားသမားများဟာ နှစ်တိုင်းစုပြီး ကထိန်ခင်းလေ့ရှိပါတယ်။
နှစ်ပေါင်းများစွာကထဲက ဓလေ့လေးတခုပါ။ တရက်ချင်း ဆိုက်ကားနင်းလို့ရတဲ့ငွေကိုတနေ့ချင်း စုဘူးနဲ့စုကြပါတယ်။

ရန်ကုန်မြို့လည်မှာလဲ ဆိုက်ကားဂိတ်တွေအများကြီးရှိပါတယ်။ ဆိုက်ကားတစီးဟာ ခရီးသည်ကိုသူ့ဂိတ်နဲ့သူအလှည့်ကျစောင့်ရပါတယ်။ ဂိတ်ကနေခရီးသည်တင်သွားပြီး အပြန်မှာ ကြုံတဲ့နေရာက ခရီးသည်ကို ကြုံသလိုကောက်တင်လို့မရပါဘူး။ ဆိုက်ကားအလွတ်ကြီးနင်လာတာမြင်လို့ခရီးသည်က
တားရင်တောင် အနီးနားက ဆိုက်ကားဂိတ်ကို လှမ်းကြည့်ပြီး ဘယ်သူမှမရှိမှ သူကတင်သွားရပါတယ်။

ဂိတ်ဝင်ကြေးကလည်းမနဲလှပါဘူး …ဂိတ်ကြီးဆိုရင် သိန်း ၂ဝ လောက်ရှိပါတယ်။ အငယ်လေးတွေဆိုရင် ၂ သိန်း ၃ သိန်းပေါ့။
ဆိုက်ကားတစီးရဲ့တန်ဖိုးဟာ ဂိတ်ကြီးမှာ သိန်း ၃ဝ လောက်ရှိပါတယ်။ ကမာရွတ် ဘူတာရုံလမ်းကဆိုက်ကားတွေ ဈေးအကြီးဆုံးပါ။
တနေ့ကိုအုံနာကြေး ၁၅၀ဝ ကျပ် လောက်ပေးရပြီး ပိုတာကိုရတာပေါ့။

သူတို့ အလှုပွဲလေးတခုတင်ပြလိုက်ပါတယ်။ မွန်မြတ်တဲ့အလှုလို့ပြောနိုင်ပါတယ်။

One comment

  • ဆူး

    November 4, 2010 at 12:11 pm

    သာဓုပါ.. ငွေမချမ်းသာပေမဲ့ သဒ္ဒါချမ်းသာ ကြတာပေါ့..

    Reply

Leave a Reply

Your email address will not be published.