ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် (၇)ရက်သာလိုပါတော့သည်

ဂ်စ္စူNovember 5, 20101min00

http://i56.tinypic.com/2q0sltz.jpg

AP သတင်းဌာနက ယနေ့ ရိုက်ကူးထားသော NLD ရုံးချုပ်ရှေ့ရှိ ဓာတ်ပုံတွင် အထက်ပါ ခေါင်းစဉ်အတိုင်း ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။

ထိန်းသိမ်းခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်သုံးသူ အများအပြား နှစ်သက်သည့် သတင်းကွန်ရက် Twitter ကို အသုံးပြုရန် စိတ်ဝင်စားနေကြောင်း ယနေ့ ရန်ကုန်မှ လာသော AP သတင်းတပုဒ်တွင် ရေးထားသည်။

သူနှင့် မကြာသေးမီက တွေ့ခဲ့သူ ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကားပြီး AP က ထိုသို့ ရေးထားခြင်း ဖြစ်သည်။

“ပြန်လွတ်လာရင်တော့ ပြည်တွင်း ပြည်ပက လူငယ် မျိုးဆက်သစ်တွေနဲ့ ဆက်သွယ် ထိတွေ့နိုင်ဖို့ Twitter သုံးချင်တယ်လို့ သူပြောတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ကွန်ပြူတာ ရှိသော်လည်း အင်တာနက် မသုံးနိုင်သေးသော ဒေါ်အောင်ဆန်းစုကြည်သည် ရေဒီယို၊ ပြည်တွင်းထုတ် သတင်းစာ ဂျာနယ်တို့မှတဆင့် ကမ္ဘာကြီးနှင့် ထိတွေ့နေရသည်။

Ref:မိုးမခ သတင်း



Leave a Reply

Your email address will not be published.