ဆူးOctober 18, 20101min016
သိလို့တော့ မဟုတ်ပေမဲ့ ကင်ချီနဲ့ ပတ်သတ်ပြီး ကြားဘူးနားဝ ချရေးပေးလိုက်တယ်။ ကင်ချီ အလွယ်လုပ်နည်း တင်တဲ့ သူက တင်တော့ ကင်ချီ ဘာလို့ ကိုရီးယားတွေ စားသလဲ ဆိုတာ သိသင့်တယ် ထင်လို့ပါ။ ကိုရီးယား သမိုင်းမှာ စစ်ဖြစ်နေတဲ့ အတိုင်းအတာ တော်တော် ရှည်လျားပါတယ်။ စစ်ကြောင့် လူတွေ စားနပ်ရိက္ခာ ရှားပါးမှုတွေ မဖူလုံမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ စစ်ရှိတဲ့ စစ်ဘေး စစ်ဒဏ် သင့်တဲ့ နေရာတိုင်းမှာ ဒီလို ခံစားခဲ့ရတာ ကြီးပါဘဲ။ တောင် ကိုရီးယား ရုပ်ရှင်တွေ ကြည့်တာ များတော့ အိုပါးတို့ ဘာတို့တွေတောင် စကားထဲပါလာကြတယ် လူငယ်တွေ အသုံးထဲမှာ ထိုနည်းတူပင် ရုပ်ရှင်ထဲမှာ အားရပါးရ စားပြတော့ ကြည့်တဲ့ လူတွေက စားချင်စိတ်ပေါက်လာကြပြီး […]


ဆူးOctober 17, 20101min029
မြန်မာ တွေ နတ်ကိုးကွယ်မှုတွေ ရှိနေကြတာတွေတော့ သိကြမှာပါ။ ရိုးရာ အစဉ် အဆက် ကြောက်ရွံ့မှုတွေ ကြောင့် ကိုးကွယ်နေကြပါတယ်။ အဘွားအိမ်မှာ ဖြစ်ခဲ့တဲ့ ဟာသလေး တခုပါ။ အဘွားက ဗမာစစ်စစ် မိရိုးဖလာ ကိုးကွယ်မှုတွေ ရှိနေတယ် အဲဒီထဲမှာ မနှဲလေး လည်းပါသပေါ့.. မနှဲလေးက ကလေးနတ် ဆိုတာ လူတိုင်းသိကြမှာပေါ့။ မနှဲလေး ကိုးကွယ်တဲ့ အိမ်ကို ဧည့်သည်အဖြစ် ယောကျားလေး ငယ်ငယ်လေး တွေ အိမ်ကိုလာကြရင် မနှဲလေးက အသည်းယားလို့ ဆိုလား ဘာလား လိုက်ဆိတ်တယ်လို့ ပြောတယ်။ ဘယ်ကို ဆိတ်လဲတော့ မသိဘူး ကလေး ဆိုတာ ငိုတာဘဲ တတ်တဲ့ အရွယ်လေးတွေ ဆိုတော့.. ဘယ်နား နာတယ် မပြောဘူး။ ဆိတ်တယ်လို့ ပြောတာက […]


winkyawaungOctober 17, 20101min09
ငွေကိုယူပါ လူကိုထောင်ချပါ.. ခေတ်တွေဘယ်လိုပင်ပြောင်းပြောင်း အဟောင်းတွေကဖြင့် ကျွန်တော့်ရင်ထဲမှာ ယနေ့အထိ အသစ်ဖြစ်နေလျှက်ပါ…။ အဲဒီအခါက ဖားတော့ဖားခဲ့မိတာအမှန်၊ ဒါပေမဲ့ အများအတွက်ဖားခဲ့ရ၊ရေးခဲ့ရလို့ကျေနပ်ပါတယ်..။ဖားတဲ့စာပိုက်ကိုချန်ပြီး ပြန်လည်တင်ပြလိုက် ပါတယ်…။ ဟိုး..လွန်ခဲ့တဲ့ (………….) ခုနှစ်လောက်က ဖြစ်ရပ်ကလေး တစ်ခု…။ လူတိုင်းလူတိုင်း(ဥပဒေဘောင်အတွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်းသာ )။ ဖြစ်စေချင်၊နေစေချင်လို့ သင်ခန်းစာယူဖို့ တင်ပြပေးပါရစေ။ မြေလတ်ဒေသ ရေနံမြေ မြို့ကလေးမှာ…စာရေးသူရဲ့ ဂျစ်ကားကို ရေနံဂျီး မှောင်ခိုတင်ခဲ့မိလို့ ပုဒ်မ၆(၁) အမှုနဲ့ အဖမ်းခံခဲ့ရပါတယ်..။ ဂျစ်ကားနဲ့အတူ ကားဒရိုင်ဘာရယ်၊ရေနံဂျီးအိပ်တွေရယ်..ကို ဖမ်းတဲ့နေ့ကစပြီး (၂)လတိတိ အာမခံမပေးဘဲ ချုပ်ထားခဲ့ပါတယ်။ (အဲဒီအချိန်က ရေနံမှောင်ခိုမှုဆိုရင် (၂)လချုပ်ပြီး လုံးဝအာမခံ မပေးရန်ညွှန်ကြားထားတယ်သိရပါတယ်။) အမှုဆိုတာ တစ်ခါမှ မတွေ့ဘူးတော့ စာရေးသူတို့ဇနီးမောင်နှံမှာ ခေါင်းကို မီးတောက်နေတယ် ဆိုတာကိုယ်တွေ့ကျမှ ယုံရပါတော့တယ်။ မစားနိုင်၊မသောက်နိုင်၊မအိပ်နိုင်၊မပြောနိုင်၊ […]


ဆူးOctober 16, 20101min014
ချယ်ရီတို့ မိသားစုကတော့ ၃ယောက်ပါ။ ကွမ်းခြံကုန်းမှာ နေကြတာ စီးပွားရေး အဆင်မပြေတော့ ၈တန်းမှာဘဲ ကျောင်းနားလိုက်တယ်။ သူငယ်ချင်းတွေက မေးတော့ ငါတို့ အိမ်ကျပ်နေလို့ မပြောဘဲ ကျန်းမာရေးမကောင်းလို့ ပါဆိုပြီး ညာပြောခဲ့တယ်။ အဖေ နဲ့ အမေ ကတော့ သူများတွေလို လယ်တွေ ယာတွေ လုပ်ငန်းတွေ မရှိတော့ ရှိတဲ့ အိမ်လေးကို ရောင်းပြီး မြို့မှာ စီးပွားသွားလုပ်မယ် ဆိုပြီး အိမ်ရောင်းလိုက်တယ်။ ချယ်ရီကတော့ နယ်မှာဘဲ ဦးလေး အဒေါ်အိမ်မှာ ကပ်နေတယ် အဒေါ်က အကျီချုပ်တော့ လက်ချုပ်လိုက်တာတို့ ကူပြီး စက်နင်းပေးတာတို့ လုပ်ပေးတော့ အနေလည်း ချောင်တယ် အလုပ်တွေ သိပ်များရင် အဒေါ်က မုန့်ဖိုးပေးသေးတယ် အဆင်တော့ ပြေတာပေါ့။ အဖေ နဲ့ အမေကတော့ […]


အာဂOctober 16, 20101min06
နံနက် ၅နာရီဆိုရင် ကျွန်တော်လမ်းလျှောက်ထွက်တတ်တယ်။ အသက်ကလေးရလာတော့ ငွေရှာတဲ့အလုပ်ကိုလျှော့ပြီး ကိုယ့်ဘဝအတွက် အရေးကြီးတာတွေကို လုပ်ချင်လာတယ်။ ကိုယ်ဝါသနာပါတာတွေ လုပ်ချင်လာတယ်။ အောင်မြင်မှုနောက် ငွေနောက် လိုက်ရတာကြာလာတော့ ငြီးငွေ့လာတယ်။ မနက်မိုးလင်းကနေ ပြီး မိုးချုပ်တဲ့အထိ ပိုက်ဆံနောက် တကောက်ကောက်လိုက်ခဲ့တာတွေကို ပြန်တွေးကြည့်ရင်… ရင်မောလိုက်တာ။ အသက် (၅၀)နား နီးလာတော့ ငွေနဲ့ကျန်းမာရေး၊ အောင်မြင်မှုနဲ့ ကျန်းမာရေး တစ်ခုခုကို ရွေးချယ်ရတော့မယ်ဆိုတဲ့ အသိလေးဝင်လာတယ်။ ဒီအသက် ဒီအရွယ်မှာ ကျန်းမာရေးကလည်း သိပ်ပြီး မဟုတ်ချင်ဘူး။ ညာဘက်ကျောက်ကပ်ကို ခွဲပြီး ကျောက်ထုတ်ထားတာ နှစ်ခါရှိပြီ။  ဒီတော့ လမ်းလျှောက်ရင် ညာ ဘက်ခြေထောက်က သိပ်မသွက်ဘူး။ လမ်းလျှောက်တယ်ဆိုတော့ လမ်းကောင်းကောင်းကို ရွေးရတာပေါ့။ ကျွန်တော်နေတာက အရှေ့ကျွဲဆည်ကန်မှာ။ ကျွန်တော်တို့အရပ်က လမ်းလျှောက်လို့ သိပ်မကောင်းဘူး။ ဒါကြောင့် မနက်မနက်ဆိုရင် ဆိုင်ကယ်ကို […]


cobraOctober 16, 20101min00
သီတင်းကျွတ်လတွင် ကြာမျိုးငါးပါးတို့ ပွင့်လန်းလေ့ရှိသည်……. သီတင်းကျွတ်လပြည့်နေ့၏ ထူးခြားသော ဝိသေသတစ်ရပ်မှာ ပဝါရဏာပွဲ ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ ပဝါရဏာ ဟူသောပါဠိ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း တောင်းပန်တိုက်တွန်းခြင်း မည်ပါသည်။ မြတ်စွာဘုရားရှင်သည် သာဝတ္တိပြည် ဇေတဝန်ကျောင်းတွင် သီတင်းသုံးတော်မူစဉ် ကောသလတိုင်း၊ ဇနပုဒ်တွင် ဝါဆိုတော်မူကြသည့် ရဟန်းများသည် အချင်းချင်းစကားမပြောကြစတမ်းဟု ကတိကဝတ်ထား၍နေခြင်းကို ပြေပျောက်ရန်၊ အကျင့်သိက္ခာနှင့် စပ်လျဉ်း၍ သံဃာအချင်းချင်း သံသယဖြစ်နေလျှင် မြုံမထားဘဲ တစ်ပါးနှင့်တစ်ပါးဖောထုတ်၍ ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး အပြစ်ထင်ရှားရှိလျှင် အပြစ်ရှိသူက ဝန်ခံလျက် ပြုပြင်နေပါမည်ဟု ကတိပေးရန်အတွက် ပဝါရဏာ ပြုခြင်းကို ပညတ်တော်မူခဲ့ခြင်းလည်းဖြစ်သည်။ သံဃာတော်များ အချင်းချင်းအပြန်အလှန် ဖိတ်ကြားတိုက်တွန်းခြင်း ပြုလုပ်သောပွဲကို ပဝါရဏာပွဲ ဟုခေါ်သည်။ မြတ်စွာဘုရားမိန့်ကြားပညတ်တော် မူခဲ့သည့်အချိန်မှစ၍ ယခုအထိ ရဟန်းသံဃာတော်တို့သည် သီတင်းကျွတ်လပြည့်နေ့သို့ရောက်တိုင်း ပဝါရဏာ ပွဲတော်ကိုကျင်းပခဲ့ကြသည်။ ဗုဒ္ဒဘာသာဝင်သူတော်စင်တို့ကလဲ […]


etoneOctober 15, 20101min01
fwd msg ကို ကော်ပီလုပ်ထားတာ…. 😛 အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို အတင်း အဓမ္မ ထိမ်းမြားရန်အတွက် ခိုးယူခြင်း သို့မဟုတ် သွေးဆောင် ဖြားယောင်း ခိုးယူခြင်းကို လုပ်ဆောင်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ နှင့် ငြိစွန်းပြီး ပြစ်ဒဏ်မှာ ၁ဝ နှစ်ထိ ထောင်ဒဏ်နှင့်ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း သိရသည်။အမျိုးသမီးအား အလိုမတူဘဲ ထိမ်းမြား ရန်အတွက် အတင်းအဓမ္မအကြံဖြင့် အနိုင်ထက်ပြုသည်ဖြစ်စေ၊ ကာမ သွေးဆောင် ဖျက်ဆီးခြင်းဖြစ်စေ၊ မတရားသဖြင့် အမျိုးသမီး ကို ခိုးယူပါက အထက်ပါ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဝါရင့် တရားရုံးချုပ်ရှေ့နေတစ်ဦးက ပြောသည်။၎င်းအပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့သည် ပေါင်းသင်း နေထိုင် ရန်အတွက် ခိုးပြေးသွားပြီး မိဘဖြစ်သူအား လက်ထပ်ပေးရန် ခြိမ်းခြောက်ပါကလည်း တရားဥပဒေနှင်ငြိစွန်းကြောင်း […]


winkyawaungOctober 14, 20101min09
မြွေထက် အဆိပ်ပြင်းသူ တိတ်တဆိတ် လူသတ်ကောင်များ၏ (ကွင်းဆက်ဝထ္ထုလေး) ဇနပဒရောဂါ “ဆရာ ဆန်းထွန်း ပိုးထိလို့” “ဟေ အခု ဘယ်မှာလဲ” နံနက်စောစော ကျွန်တော် မျက်နှာ သစ်နေစဉ် သတင်းဆိုးကို သယ်ဆောင်လာ သူမှာ ဆန်းထွန်း၏ ဦးရီးတော်သူ ကိုသောင်းအေး။ “အခြေအနေ ဘယ်လို နေသလဲ။ တော်နေကြာ ကျွန်တော် ရွာထဲ ဆင်းခဲ့မယ်” “အခုဆေးသမား သန်းမြင့်နဲ့ တွင်ခုတ်တာ သုံးလေးတွင်တော့ ရပြီ။ ကောင်းသွားမှာပါ” သူက ခပ်ပေါ့ပေါ့ဖြေပြီး ကျောင်းပေါ်မှ ဆင်းကာ ရွာအတွင်း ပြန်သွားလေသည်။ ဆန်းထွန်းသည် ကျောင်းဆက်နေ ဖြစ်ခဲ့လျှင် ယခုအခါဆို ခုနှစ်တန်း ရောက်နေမည်။ သို့သော် ရွာကလေးထုံးစံ အရ ဤကျောင်းမှ လေးတန်း အောင်ပြီးလျှင် တစ်ယောက်မှ ကျောင်းဆက်မတက်နိုင်ကြ။ […]


ဆူးOctober 14, 20101min012
လိမ်တယ် ညာတယ်ဆိုတာကတော့ မကောင်းတဲ့ အလုပ်ပါ. တခါတရံ လိမ်မှ ရတဲ့ အခါတွေ ရှိတယ်.. လိမ်တယ်ဆိုမှတော့ သီလ ကျိုးပြိပေါ့နော်.. ရှိတာမှ ၅ပါးတည်း.. လိမ်လိုက်တော့ ၁ပါးကျိုးသွားကော.. မုသားမပါ လင်္ကာမချော ဆိုတဲ့ စကားတွေ လူတွေ အသည်းထဲ ရင်ထဲ စွဲနေတော့ လိမ်ရတာ လွယ်နေကြတာပေါ့.. ဒီတော့.. ငရဲလည်း မကြီးအောင်.. အကုသိုလ်လည်း မဖြစ်.. လိုရင်းလည်းရောက်အောင် လိမ်မယ်.. စဉ်းစားမိတာလေး ကောက်ရေးလိုက်မယ်.. မဟာမြိုင်တောကြီးထဲမှာ တပါးတည်း သတင်းသုံးနေတဲ့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး (ဘွဲ့နာမည် စာလုံးပေါင်းမေ့) အဲဒီ ဆရာတော် ကြီးကို သွားဖူးတဲ့ လူတွေကို ဆုံးမ ဩဝါဒ ပေးတာလေး တင်ပြပေးမယ်။ တခါက အရှင်မဟာ ကဿဖ ကိုယ်တော် […]

ATT1378858-600x446.jpg

panpanOctober 14, 20101min00
မနေ့က မြင်းခြံက အစ်ကိုဝမ်းကွဲတစ်ယောက် အိမ်ရောက်လာတယ်။ ဒီနှစ် ရွာမှာရေမကြီးဘူးဆို၊ ဟုတ်လားလို့မေးလိုက်တော့ သူက အခုအထက်ပိုင်းမှာ ကျွန်းဖက်ကရေမကြီးဘဲ ကုန်းဖက်တွေက ရေကြီးနေတယ်တဲ့။ ပုံမှန်ရေကြီးနေကျ မြင်းခြံအနောက်ဖက်မှာ ရေမကြီးဘဲ အရှေ့ဘက်ကုန်းတွင်းရွာတွေရေကြီးတယ်တဲ့။ ရေကြီးတာလည်း သာမန်မဟုတ်ဘူး။ မိုးများလို့။ အခုလည်းမန်းလေးမှာရေကြီးနေတယ်လေ။ ကျွန်မတို့ရွာက မြင်းခြံအနောက်က လက်ပံပင်ရွာပါ။ ပုံမှန်ဆို နှစ်တိုင်းဝါဆိုဝါခေါင်မှာ အနောက်ဖက်က ဧရာဝတီမြစ်က ရေတက်လာတယ်။ ကျွန်းဖက်အပိုင်းပေ့ါ။ မြင်းခြံမြို့ခြေထိရေရောက်တယ်။ ဒီနှစ်တော့ ဧရာဝတီမြစ်က ရွာရဲ့ဟိုးအနောက်ရောက်သွားပြီတဲ့။ မြစ်ကလည်းအရင်လိုမဟုတ်တော့ဘဲ မြစ်ကြောပြတ်နေတယ်တဲ့။ ကျွန်မလည်း ဒီ၂၀၁ဝ ဧပြီတုန်းက ရွာကိုပြန်ရောက်သေးတယ်။ အရင်ဧရာဝတီမြစ်နေရာက သောင်ပြင်ကြီးဖြစ်နေပြီ။ ရွာမှာက ဝါဆိုဝါခေါင်ရေဝင်ပြီး သီတင်းကျွတ်ရေပြန်ကျသွားရင် တောင်သူတွေ အလုပ်ပြန်လုပ်ကြပြီ။ နုန်းတင်တဲ့မြေတွေမှာ စိုက်ကြတာပေ့ါ။ အဲဒါ ဒီနှစ်ရေမကြီးတော့ တောင်သူတွေ ဘယ်နှယ့်လုပ်မလဲ စိုးရိမ်လို့ မေးကြည့်မိတယ်။ အဲဒီတော့ရေတင်ပြီးစိုက်ရတာပေ့ါတဲ့။ […]


manawphyulayOctober 13, 20101min03
လောကကြီးမှာ လူတွေဟာ ရယ်ရယ်မောမော ခင်ကာနှောတော့ လူပေါကြီးလို့ ဆိုကြပြန်တယ်…. ရောနှောမဝင် တည်ပြန်ရင်လည်း မာနကြီးဘိဆိုလေ၏…. တည်တည်မှန်မှန် နေပြန်ရင်လည်း ဆိုလေအတင်း ကုတ်ကမြင်းတဲ့ ကဲ…. ခင်မင်ရတဲ့ စာဖတ်သူရော ဘယ်လိုလဲဟင်……….။ အပျော်ဆုံးလူဆိုတာ…. ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အရည်အချင်းတွေကို အမြင့်မားဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ထုတ်ဖော်လိုက်တဲ့သူပဲတဲ့….. ဟုတ်လားဟင်။


introOctober 12, 20101min07
တစ်ရက်ကပေါ့ဗျာ intro တစ်ယောက်မရောက်တာ ကြာတဲ့ သမ္မတ ရုံကို ရောက်သွားခဲ့တယ်၊ သူငယ်ချင်းတွေက အဲ့သည့်ကားလိုက်ကြည့် အရမ်းရယ်ရတယ် လို့ပြောလို့ သူတို့နဲ့လိုက်ကြည့်မိတာ၊ ကားနာမည်ကတော့ မပြောတော့ပါဘူး၊ မင်းသားက နေတိုး ခေါင်းဆောင်ပြီး နောက်ထပ် မင်းသားတစ်ယောက်ရယ်၊ မင်းသမီးက မိုးဟေကို ရယ်၊ တစ်ခြား ဝါရင့် နာမည်ကြီး မင်းသားကြီး နှစ်လက်နဲ့ မင်းသမီးကြီး နှစ်လက် အဓိက ပါဝင်တာပေါ့ဗျာ… ပြောချင်တာက အဝေးပြေးကားဂိတ်ကို သွားတာ လမ်းမှာ Myanmar Info-Tech ဆိုတာကြီးကို ဖြတ်သွားရတယ်တဲ့ဗျာ… နောက်ထပ်ရှိသေးတယ် ပလာဇာလိုနေရာမျိုးက ဈေးဝယ်ပြီးပြန်လာတော့ ချက်ချင်းကြီးလိုလို အဲ့သည့် ကျောင်းဝင်းကြီးထဲကို ရောက်သွားရော ပြီးတော့ မှ ပစ္စည်းကို အလစ်သုတ်ခံရတယ်ပေါ့၊ ဇာတ်လမ်းအတွက် ရိုက်ကွင်းကိုတော့ အဆင်ပြေတဲ့နေရာကို ရွေးရတယ်ဆိုတာကိုတော့ သိပါတယ်၊ […]


ဂ်စ္စူOctober 12, 20101min07
၁၀/၁၀/၁ဝ ဖြစ်တဲ့ ရက်လနှစ် ဂဏန်းတစ်ခုတည်း ထပ်ကျတဲ့နေ့ရက်ကို ထူးထူးခြားခြားမို့ ကံကောင်းတဲ့ရက်လို့ ယူဆထားကြတဲ့ ဇနီးမောင်နှံအချို့က မနေ့ကနေ့စွဲနဲ့ မွေးဖွားတဲ့ သားသားမီးမီးလေးတွေ လိုချင်လို့ ကြိုကြိုတင်တင် ကြံဖန်စီစဉ် ကြိုးစားပြီးတော့ ခွဲစိတ်မွေးဖွားမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ Niamh Bond ဆိုတဲ့ ခလေးငယ်ကတော့ ဘာကြိုတင်စီစဉ်မှုမှမရှိခဲ့ဘဲ သူ့အလိုလိုပဲ ၂၀၁ဝခုနှစ်ရဲ့ ၁ဝလပိုင်း ၁ဝရက်နေ့ ၁ဝနာရီ ၁ဝမိနစ် ၁ဝစက္ကန့်တိတိမှာ ရိုးရိုး(မခွဲစိတ်ဘဲ)မွေးဖွားပြီး ထူးထူးခြားခြား လူ့လောကထဲ ရောက်ရှိလာခဲ့ပါတယ်။ ပုံမှန်မွေးဖွားရမဲ့ရက် (Due Date) ထက် ရှစ်ပတ်စောပြီး မွေးဖွားလာခဲ့တဲ့ မီးမီးလေးဟာ ကိုယ်အလေးချိန် ၃ပေါင် ရအောင်စပဲ ရှိတယ်လို့ သိရပါတယ်။ အလေးချိန်ကလည်း (၃+၇=) ၁ဝဂဏန်းပဲ ထူးထူးဆန်းဆန်း တိုက်တိုက်ဆိုင်ဆိုင်ကြီးတွေ ဖြစ်နေတာကို အံ့အားသင့်ဖွယ်ရာ သိရှိရပါတယ်။ […]