weiweiOctober 25, 20101min07
မြန်မာစာပို့စ်ကိုဖတ်ရင်း အတွေးတစ်ခုဝင်လာပါတယ်။ အဲဒါကတော့ ဘာသာစကားပါ။ ဘာသာစကားဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ပြောကြတယ့် ကြားခံဆက်သွယ်ရေးပေါ့။ စကားမပြောတတ်တယ့်သူလဲ သူများနားလည်အောင် body language နဲ့တော့ ဆက်သွယ်ရတယ်လေ။ မိခင်ဘာသာစကားနဲ့ ကိုယ့်လူမျိုးအချင်းချင်းကြားမှာ လွယ်လွယ်ကူကူပြောဆိုနိုင်ပေမယ့် တခြားနိုင်ငံနဲ့လူမျိုးတွေကြားထဲရောက်သွားတယ့်အခါမှာတော့ အချင်းချင်းနားလည်တယ့် ဘာသာစကားတစ်ခုကို အလိုလိုတီထွင်မိသွားပါတော့တယ်။ ကျွန်မတရုတ်ပြည်မှာ ကျောင်းတက်ဖို့ရောက်သွားတယ့်အချိန်မှာပေါ့။ နိုင်ငံခြားသားကျောင်းသားတွေနေတယ့်အဆောင်တစ်ခုမှာ နေရတယ်။ နိုင်ငံပေါင်းစုံဆိုတော့ စကားလဲ ပေါင်းစုံပေါ့။ အင်္ဂလိပ်စကားပြောတတ်တယ့်သူနဲ့ သိပ်မခက်ခဲလှပေမယ့် စပိန်စကား ရုရှစကားနဲ့ ပြင်သစ်စကားကိုပဲ ပြောတတ်တယ့်သူတွေနဲ့တွေ့တယ့်အခါမှာတော့ အချင်းချင်းနားလည်ဖို့ ကြိုးစားပြီးပြောရပါတော့တယ်။ တရုတ်စကားတစ်မျိုးထဲကိုပဲတတ်တယ့် တရုတ်လူမျိုးနဲ့စကားပြောတယ့်အခါမှာပဲ အခက်အခဲတွေရှိပါတယ်။ ဗမာသူငယ်ချင်းကလဲ ရှိနေတော့ ကျွန်မမှာ ဘာသာစကား ၃ ခုနဲ့ ပတ်ချာလည်နေပါတော့တယ်။ တရုတ်ဘာသာသင်တယ့်အတန်းထဲမှာတော့ ကျွန်မတို့ကျောင်းသားအချင်းချင်းကြားမှာ Chinglish ဆိုတယ့်စကားတစ်ခု အလိုလိုတီထွင်ပြီးသားဖြစ်သွားပါတယ်။ အချင်းချင်းနားလည်ပြီး အဆင်ကိုပြေလို့ပါပဲ။ ကျောင်းပိတ်ရက်တွေမှာ […]


ဆူးOctober 24, 20101min08
အလံတော်လဲတဲ့ အင်္ဂါ နဲ့ ဗုဒ္ဓဟူး.. အင်္ဂါ = ခြင်္သေ့ ဗုဒ္ဓဟူး= ဆင် ခြင်္သေ့ = ကြံခိုင်ရေး ဆင်= ကျောက်ဆည် ဆင်ဖြူတော် ၅၀၀ဝတန်.. မြန်မာပိုက်ဆံကို အမြတ်တနိုး တန်ဖိုးထားပြိး နဖူးက ချွေး မြေခအောင် ကြိုးစားရုန်းကန်သူ မှန်ရင် ၅၀၀ဝ တန် တရွက် မုန့်ဖိုးပေးရင် သိပ်ပျော်မှာဘဲ.. သူဠေးလည်း ၅၀၀ဝ တန် အထပ်လိုက် ပေးရင် အလကားရရင်တောင် ယူအုန်းမှာ.. ၅၀၀ဝ တန်လေးများ အသယ်က လွယ်ကူ တန်ဖိူးရှိတာကို.. တထုပ်သယ်လို့ ၁သိန်း ၅သိန်းဖြစ်ဖို့ ၅ထုတ်သယ်စရာ မလိုဘူး ၁ထုတ်သယ်ရင် ၅သိန်းဖြစ်တယ်.. ငွေပေးငွေယူ များများ လုပ်ရင် အလွန်လွယ်ကူ အဆင်ပြေသည်။ ကလေးများ မုန့်ဖိုးပေးရင် […]


ဆူးOctober 22, 20101min07
သူငယ်ချင်း တယောက်ရဲ့ အဖွားဖြစ်ပါတယ်။ သူငယ်ချင်းပြောတဲ့ အကြောင်းလေးကို အတွေးနယ်ချဲ့ စာစီရေးသားလိုက်ပါသည်။ သူငယ်ချင်းက သူအဖွား က သေရွာပြန်တဲ့.. စိတ်ဝင်စားသွားလို့ ဘယ်လိုပြန်တာလဲ.. ငါအဖွားအရင်းတော့ မဟုတ်ဘူးပေါ့ဟာ.. သူက ငါ့အဖွားရဲ့ ညီမ ဝမ်းကွဲ.. ဖွားတုတ် နေမကောင်းဖြစ်တော့ ဆရာဝန်တွေ လက်လျော့သွားတဲ့ အထိ နေမကောင်းဖြစ်ခဲ့တာ.. လက်လျော့မှာပေါ့.. သူက ဦးနှောက်သေသွားပြီ ဦးနှောက်သေသွားတဲ့ လူမမာ ဘယ်တော့မှ မရှင်တော့ဘူး သေတဲ့ အချိန်ကိုသာ စောင့်ပြီး အိမ်မှာ အသုဘ အတွက် ပြင်ဆင်နေသတဲ့.. မိသားစုဝင်တွေက ဦးနှောက်သေပေမဲ့ လူမသေသေးတော့ သူအတွက် အောက်စီဂျင်နဲ့ တခြားလိုအပ်တာတွေ မဖြတ်တောက်ဘဲ ဆက်ထားတယ်။ ဦးနှောက်သေပြီး ၅ရက်အကြာမှာတော့ အဖွားတုတ် မျက်စိပွင့်လာပြီး ရေတောင်းတယ်။ ရေသောက်ပြီး တော့ သူအတွေ့အကြုံလေးတွေ […]


: မြန်မာနိုင်ငံအလံ : ဟေ့ မြန်မာနိုင်ငံအလံ : ကြယ်၁၄ ခုဆိုတာ ပြည်နယ်နဲ့တိုင်း၁၄ ခုကို ရည်ညွှန်းခဲ့ တာ အဲဒီအလံ မှ မြန်မာ နိုင်ငံ ဗိုလ်ချုပ်က လွတ်လပ်ရေး အရယူပေးခဲ့ တဲ့ နိုင်ငံတော် အလံကွ : ဟား ဟး နောက်ကျရင် မင်းပြောတဲ့ အလံတွေ ကို မမြင်ရတော့ဘူး : သမိုင်းဆိုတာ ဖျောက်လို့ မရပါဘူးကွာ မေ့ပစ်လို့တော့ ဘယ်ရမလဲ : ဟုတ်တော့ဟုတ်တယ် ဒါပေမဲ့ မင်းသိပါတယ် ကြွ သူတို ့လုပ်ချင်ရင် ဘယ်ဟာမှမရတာမရှိဘူးလေ Sent at 11:16 AM on Friday : ဟေ့ ဒါ ချပ်တင် ထဲက […]


cherrywineOctober 22, 20101min01
လူလေးယောက်ပါဝင်တဲ့ ပုံပြင်လေးတစ်ပုဒ်ပါပဲ။ဆရာအော်ပီကျယ်ကာတွန်းနဲ့ ဖော်ပြခွင့်ရတဲ့အတွက်လည်းပိုပြီးအဆင်ပြေသွားပါတယ်။ အားလုံးလဲ ဖတ်ကြည့်ပြီး ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ သိပြီးသားဖြစ်နေရင်လည်း သည်းခံပေးကြပါနော်။ There is a story about four people named ‘Everybody’,’Anybody’,’Somebody’and ”Nobody’. There was an important job to do and ‘ Everybody’ was asked to do it. ‘Everybody’ was sure ‘Somebody’ would do it. ‘Anybody’ would have done it,but ‘Nobody’ did it. ‘Somebody’ got angry because it was ‘Everybody’s […]


ဆူးOctober 21, 20103min05
အဂျန်တာဟုဆိုလိုက်လျှင် ရှေးဟောင်းဗုဒ္ဓဘာသာ ပန်းချီ၊ ပန်းပု အနုပညာဝါသနာပါသူတိုင်း ရင်းရင်း နှီးနှီး သိရှိထားကြပြီးဖြစ်သည်။ အိန္ဒိယပြည်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ကမာ္ဘလှည့်ခရီးသည်တို့ အိနိ္ဒယ ပြည်ကို စိတ်ဝင်စားအောင်ဆွဲဆောင်လှုံ့ဆော်သောစကားတစ်ခုရှိသည်။ ထိုစကားမှာ “Incredible India” မယုံကြည်နိုင်လောက်အောင် ထူးဆန်းထွေလာ အံ့ဩဖွယ်ရာကောင်းသောအိနိ္ဒယဟု အမြဲတမ်းကြွေးကြော် လေ့ရှိပါသည်။ ဟုတ်လည်းဟုတ်လောက်ပါသည်။ လွန်လေပြီးသော နှစ်ပေါင်း (၂၁၀၀)ခန့်က ဗုဒ္ဓဘာသာ ကျောက်ဆစ်အနုပညာ၊ ပန်းချီ၊ ပန်းပု ပညာတို့ဖြင့်ပြည့်စုံကြွယ်ဝသည့် မြင်းခွာသဏ္ဍာန် သို့မဟုတ် အင်္ဂလိပ်အက္ခရာ (U) ပုံ၊ ဗမာအက္ခရာ (ပ) ပုံဟန်ရှိသော ဂူပေါင်း ၃ဝ တို့၏ တည်ရာ အဂျန်တာ သို့မဟုတ် အဇနာ္တ သို့မဟုတ် အဇ္ဇန ္တအမည်ရသော လှိုဏ်ဂူတန်းကြီးများမှာ အိနိ္ဒယ၏ သို့မဟုတ် ဗုဒ္ဓသာသနာသမိုင်း ၏ ပြည့်စုံကြွယ်ဝသော ဂုဏ်သိက္ခာအနုပညာဘဏ်တိုက်၊ […]


ဆူးOctober 21, 20101min012
၂၀၀၈ ဖေဖော်ဝါရီ တုန်းက ဆူး တို့ မိသားစု အလှူ တခု အတွက် ပုဂံကို ရောက်ခဲ့တယ်။ အလှူကလည်း သီလရှင်ကြီး တပါးက ဦးဆောင်ပြီး လုပ်တာ ဆိုတော့ သူလုပ်ချင်တဲ့ အတိုင်း လိုက်လုပ်ပေးရတာ ဆိုပါတော့.. အလှူကတော့ ဘုန်းကြီးကျောင်းဟောင်းတွေ ပြုပြင်တယ် ဘုရားပျက်တွေ ပြုပြင်တယ်။ အဲဒီ အလှူအတွက် ရေစက်ချ အလှူလုပ်တာပါ။ မဏ္ဏပ်ကြီး လုပ်ပြီး ရဟန်းတွေကို သိမ်ဆင်း အလှူလည်း လုပ်တယ်။ နောက်ပြီး အရှင်အစ္စဂေါန ဘုရား မှာ ပုဂံမြို့က ဘုန်းကြိးကျောင်းတွေ လိုက်ပတ်ပြီး လျောက်ပြိး အာရုံ ဆွမ်းခံကြွဖို့.. အနီးအနား ရွာက လူတွေကိုလည်း အဲဒီ ဘုရားမှာတင် အဝတ်တွေနဲ့ ထမင်းထုတ်တွေ ဝေပါတယ်။ ဘုရားမှာ […]


cobraOctober 21, 20101min00
“ထမင်း ယူမလာနဲ ့၊ ဟင်းမယူလာနဲ ့၊ သတင်းသာ ယူလာခဲ့၊ ကျောင်းသားတွေ ဘာလုပ်နေလည်း” “တိုင်းတစ်ပါးကျွန် စစ်တပ်ကျွန်၊ ဘယ်ကျွန်မှ မခံ ဒေါင်းအလံဟေ့၊ ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံစိုက်မယ်” (ကိုမင်းကိုနိုင် စစ်တွေထောင်အတွင်း ပထမအကြိမ် အကျဉ်းကျနေစဉ်က စပ်ဆိုထားသော ကဗျာတိုလေးများ ဖြစ်ပါတယ်)။


ဆူးOctober 20, 20101min07
အင်ဒိုနီးရှားနိုင်ငံမှ ဗုဒ္ဓဘားဆန့် ကျင်ရေးစည်းရုံးလှုံ့ ဆော်ရေးအဖွဲ့၏ အကြိမ်ကြိမ် တိုင်တန်း လျှောက်ထား ပန်ကြားခဲ့မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ ဒိစတြိတ်၊ ဗဟိုတရားရုံးက မြို့တော်မှ ဗုဒ္ဓဘားအမည်ရှိ အရက်ဘားကလပ် ဆိုင်ကိုပိတ်ပစ်စေရန် အမိန့်ချမှတ်ခဲ့ ပါတယ်… “ထိုဘားကို စီမံခန့်ခွဲ အုပ်ချူပ်နေသူများဟာ ဗုဒ္ဓမြတ်စွာ၏ အထိမ်းအမှတ် အသွင်အပြင် လက္ခဏာများနှင့် အဆောင်အယောင် ပုံသဏ္ဍာန်များကို သုံးစွဲနေကြောင်း ပြစ်မှုထင်ရှားသဖြင့် ယခုဖွင့်လှစ် ရောင်းချနေသည့် အရက်ဘားကို အလျင်အမြန် ပိတ်ပစ်ရမည်ဖြစ်ကြောင်း” ထိုအမှုကို ကြားနာခဲ့သည့် တရားသူကြီးအဖွဲ့ ခေါင်းဆောင် ဂျီဝိုဆန်တိုဆိုက ပြောကြားခဲ့သည်ဟု အန်တာရာသတင်းဌာနမှ ဖော်ပြခဲ့ ပါတယ်… ဗုဒ္ဓဘားရဲ ့အသွင်အပြင်၊ အခင်းအကျင်း… အဆိုပါအရက်ဘားကိုစီမံခန့်ခွဲသည့် ကုမ္ပဏီဖြစ်သည့် ပီတီနီရီတာဗစ်စတာ ခရီအေးတစ် ကုမ္ပဏီ၊ ဂျကာတာ ခရီးသွားလုပ်ငန်းအေဂျင်စီနှင့်၊ ဂျကာတာမြို့တော် အုပ်ချူပ်ရေးမှူး […]


အာဂOctober 20, 20101min017
“သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသည်” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဦးကျော်သူတို့ နာရေးကူညီမှုအသင်းရဲ့ စာရွက်မှာတော့ “သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသင့်သည်” လို့ ရေးထားပါတယ်။ တစ်ကြောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း (သို့မဟုတ်) တစ်လုံး တစ်ပုဒ်၊ တစ်ပုဒ် တစ်လုံးတည်း လို့ပြောရမယ့် ရှားရှားပါးပါးစာပိုဒ် လေးတွေကို စုဆောင်းမိသလောက် တင်ပြလိုက်ပါတယ်။ မှတ်ချက် ။ ။ အသံထွက်ရွတ်ဖတ်လျှင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းမှာ ဖြစ်ပြီး ထိုသို့မဖတ်ခင် ကျေးဇူးပြုပြီး သင့်ငယ်ထိပ်၊ မျက်စိ၊ လျှာ စသည်တို့ကို ပရုတ်ဆီပွတ်ထားပါရန် အကြံပြုလိုပါသည်။ ============================== ========= သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသင့်သည်။ ကုက္ကိုင်းက ကျော်ကျော်က ကြိုးကြိုးကုပ်ကုပ် ကျိုးကျိုးကျွန်ကျွန်ကွ၊ ကိုင်းကုန်ကို […]


ဆူးOctober 19, 20101min05
၂၇-၉-၂၀၁ဝ ညနေပိုင်း သီတဂူဆရာတော်ကြီး အမှူးရှိသော သီတဂူကပ္ပိယ (အောက်မြန်မာပြည်) အဖွဲ့တို့ လျပ်တပြက် အစည်းဝေးတစ်ရပ် ကျင်းပသည်။ သီးတဂူဆရာတော်ကြီးသည် အင်ဒိုနီးရှား ဘုရားထီးတင်ပွဲနှင့် သံဃာတစ်ထောင်ကျော် သံဃာ့အစည်းအရုံးကြီးအတွက် ထိုင်း လာအို ကမ္ဗောဒီယားနှင့် သီရိလင်္ကာနိုင်ငံစသော ဗုဒ္ဓဘာသာနိုင်ငံများမှ အထင်ကရဆရာတော်ကြီးများအား ပင့်ဖိတ်ရန် ကြွရောက်ခဲ့စဉ် အရေးပေါ်အကြောင်းတစ်ရပ် ပေါ်လာပါသည်၊ ထိုအရေးပေါ်နှင့်ပတ်သက်ပြီး အောက်မြန်မာရှိ ကပ္ပိယအဖွဲ့များအား ဆင့်ခေါ်ကာ နောက်လ ၁၆ ရက်နေ့ မန္တလေးမြို့ အကျဉ်းထောင်ရှိ လူပေါင်း ၆၀၀ဝ (ခြောင်ထောင်)ကျော်အား အင်းစိန်ထောင်မှာ အလှူအတန်းပြုသလို မေတ္တာကရုဏာတော်အလှူ လုပ်မည့်အကြောင်း၊ သီတဂူသာသနာပြုအဖွဲ့ကြီး သာသနာတော်အတွက် အလုပ်လုပ်ရာ အနှစ် ၃ဝ ခရီးပင်ရောက်ရှိကြောင်းနှင့် ယခုဆက်လက်ပြီး တိုးချဲ့မည့် လုပ်ငန်းစဉ်များနှင့် အရေးပေါ် ကယ်ဆယ်ရေးအကြောင်းများနှင့် ပတ်သက်ပြီး အစည်းဝေးတစ်ရပ် ကျင်းပသည်။ […]


ဆူးOctober 19, 20101min014
လူကြီးများ ပြောတဲ့ စကားများကြား ကလေးပီပီ ထိုင်ပြီး နားထောင်နေတဲ့ အချိန်က ကြားမိတဲ့ အကြောင်းလေးပါ။ ဦးဟုတ် ဆိုတဲ့ အဘိုးကြီးက တရုတ်စစ်စစ် ကွန်မြူနစ် ဆန်တဲ့ ဝါဒ ကို လက်ခံယုံကြည်တယ်။ အဲဒီ အဘိုးကြီးမှာ သားနှစ်ယောက် သမီးတယောက်ရှိတယ်။ အဘိုးကြီး က ဘုရားတောင် ရှိခိုးတာ မဟုတ်တော့ နတ်တွေ ဘာတွေ ယုံဖို့ ကိုးကွယ်ဖို့ ဆိုတာ ဝေလာဝေးပေါ့။ အဘိုးကြီး က လက်ဖက်ရည်ဆိုင်ဖွင့်ထားတယ် မအူပင်မြို့မှာ.. တချိန်ကတော့ သူဆိုင်မသိတဲ့ လူမရှိဘူး… သူကြီးပွားတိုးတက်လာပုံကိုတော့ နောက်ပို့စ်တွေမှာ ရေးတော့မယ်.. အခုရေးချင်တဲ့ အကြောင်းလေး ပျောက်သွားမှာစိုးလို့.. လက်ဖက်ရည်ဆိုင်မှာ ဝင်လုပ်တဲ့ မောင်စိုး ဆိုတဲ့ ကောင်လေး က ဗမာတွေ ရှေးရိုးရာ မပျက် […]