ဝါကျွတ်အမှီဖတ်သင့်တာလေးတွေနော် …။

etoneOctober 15, 20101min01

fwd msg ကို ကော်ပီလုပ်ထားတာ…. 😛

အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို အတင်း အဓမ္မ ထိမ်းမြားရန်အတွက် ခိုးယူခြင်း သို့မဟုတ် သွေးဆောင် ဖြားယောင်း ခိုးယူခြင်းကို လုပ်ဆောင်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ နှင့် ငြိစွန်းပြီး ပြစ်ဒဏ်မှာ ၁ဝ နှစ်ထိ ထောင်ဒဏ်နှင့်ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း သိရသည်။အမျိုးသမီးအား အလိုမတူဘဲ ထိမ်းမြား ရန်အတွက် အတင်းအဓမ္မအကြံဖြင့် အနိုင်ထက်ပြုသည်ဖြစ်စေ၊ ကာမ သွေးဆောင် ဖျက်ဆီးခြင်းဖြစ်စေ၊ မတရားသဖြင့် အမျိုးသမီး ကို ခိုးယူပါက အထက်ပါ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဝါရင့် တရားရုံးချုပ်ရှေ့နေတစ်ဦးက ပြောသည်။၎င်းအပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့သည် ပေါင်းသင်း နေထိုင် ရန်အတွက် ခိုးပြေးသွားပြီး မိဘဖြစ်သူအား လက်ထပ်ပေးရန် ခြိမ်းခြောက်ပါကလည်း တရားဥပဒေနှင်ငြိစွန်းကြောင်း သိရသည်။”အမျိုးသမီးက သ ဘော တူ သည်ဖြစ်စေ၊ သဘောမတူ သည်ဖြစ်စေ မိဘဖြစ်သူကို လက်ထပ်ပေးဖို့ ခြိမ်းခြောက်ရင် ရာဇဝတ်မကင်းသော ခြောက်လှန့်မှုပါ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၆ နဲ့ အရေးယူနိုင်ပါတယ်။ အဲဒီလူကို ၂ နှစ်ထိ ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ပါဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်လို့ရပါတယ်။ အကယ်၍ အမျိုးသမီးက သဘော မတူဘဲ ခိုးယူပြီး ခြိမ်းခြောက်ရင် ပြန်ပေးဆွဲမှုဖြစ်ပါတယ်”

One comment

  • The Reds

    October 15, 2010 at 3:39 pm

    အ မျိုး သား က အ လို မ တူ ပဲ အ မျိုး သ မီး က အ တင်း အဓမ္မ ခိုး ယူ ပြန် ပေး ဆွဲ ရင် ကော ဘာ ပုဒ် မ ရှိ လဲ ဟင်း … ဟီး ဟီး ။

    Reply

Leave a Reply

Your email address will not be published.