etoneApril 5, 20111min0
မနေ့က တင်ထားတဲ့ ပို့စ် ဘယ်ကမာ္ဘရောက်သွားမှန်းမသိလို့ ပြန်တင်လိုက်ရတာ …ပုံလည်း ပျက်သွားပါရော … အခုတလော ကော်နက်ရှင်ကြောင့် ဆိုက်က မျက်လှည့်ပြသလိုဖြစ်နေတယ် … ။ အသုံးဝင်မယ်ထင်လို့ အရင်းတိုင်းလေး ကူးပေးလိုက်တယ်နော် ။ သင်္ကြန်မှာက နေကပူ၊ ရေတွေရွှဲနဲ့ အသားအရေ ပျက်စီးနိုင်တာကြောင့် အသားအရေမပျက်စီးအောင%


etoneApril 2, 20111min015
April Fool မို့လို့ ဒီနေ့တော့ ဘယ်သူ့ကို စနောက်ရမလဲ စဉ်းစားမိတော့ ရပ်ဝေး တနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်းတယောက်ကို မျက်စိထဲပြေးမြင်မိတယ်… ။ အိမ်နီးနားချင်းလည်းဖြစ် ဆယ်တန်းကျူရှင်တတ်တော့လည်း အတူတူမို့ အရမ်းခင်တဲ့ သူငယ်ချင်းတယောက်ဖြစ်ခဲ့တာပေါ့ … ။ တခြား ယောကျာင်္းလေး သူငယ်ချင်းတွေကို အီစကလီ အလုပ်မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပဲ မရိုးသားတဲ့ အပြောအဆို မျိုးတောင် ကျမတို့ကြားထဲ မရှိခဲ့တဲ့သူပါ … ။ အခုလက်ရှိအခြေနေထိလည်း သူငယ်ချင်းကောင်းတွေ အဖြစ် အဆက်သွယ်ရှိတုန်းပါပဲ … ။ အခွင့်ရေးမယူတတ်ပဲ တည်ကြည်ပြီး ရိုးသားပွင့်လင်းတဲ့ သူငယ်ချင်းမို့ ကျမတို့ကြားထဲ သူငယ်ချင်း သံယောဇဉ်တွေ မြဲနေခဲ့တာ 10 နှစ်ကျော်ပြီပေါ့ … ။ ကျမတို့ ဆယ်တန်းပြီးတော့ အထူးပြုတဲ့ […]


ဆူးMarch 29, 20111min09
နေပြည်တော် ပုဗ္ဗသိရိမြို့ ရာဇာဌာနီ လမ်းမကြီး လက်လုပ်တောင် တောရ တွင်ရှိသော နန်းသွင်းစေတီတော် မြတ်ကြီး၏ သမိုင်းအကျဉ်းဖြစ်ပါသည်။ ရှေးလွန်လေပြီးသော ကာလက မဏိပူရပြည့်ကြီးရှင် ဘုရင်ကြီး၏ တောင်နန်းစံ မိဖုရားကြီးမှ သားတော် သုံးပါး ထွန်းကားခဲ့၏။ ညီတော် နောင်တော် နှစ်ပါးက ထီးနန်းငြီးငွေ့၍ တောထွက်ခဲ့ကြရာ ယက်ပေါက်တောင်တန်း အစ လက်လုပ်တောင် ဒေသသို့ ရောက်ခဲ့ကြ၏။ အကိုက လွမ်းတောင် တွင်နေ၏ ညီက လက်လုပ်တောင်တွင်နေ၏။ ညီအငယ်ဆုံးက အဘိဓမ္မရာဇာ က မင်းပြုလေသည်။ လက်လုပ်တောင်ဟုသည် ယင်းတောင်၏ မြောက်ဘက် တမိုက်ခွဲခန့်က မြေများကို သယ်ဆောင်၍ ညတွင်းပြီးတောင်ဖို့ ယူခဲ့ကြ၏။ ညီတော် နောင်တော်တို့၏ သိဒ္ဓိ မဟိဒ္ဓိ အစွမ်းများလည်း ပါ၏။ လက်ခုပ်များဖြင့် သယ်ယူ၍ ယူသောကြောင့် […]


etoneMarch 26, 20111min010
ကျမတို့ကတော့ မိုးလင်းမိုးချုပ် အလုပ်လုပ်ရင်းနဲ့ အချိန် ကုန်နေရတဲ့လူမို့လို့ ရပ်ကွက်ထဲ ဖြစ်ပျက်နေတာတွေ သိပ်မသိပါဘူး ။ အိမ်ပြောင်းတဲ့လူတွေလည်း ရှိပါတယ်… ။ နှစ်ရှည်လများ နေတဲ့ လူတွေလောက်သာ မျက်မှန်းတန်းမိတာပါ… ။ မျက်မှန်းသာ တန်းမိတယ်… ဘယ်အိမ်ကလည်း မသိ ၊ နာမည်ဘယ်သူလည်း မသိ …. ကျမအတွက်တော့ ရပ်ကွက်ထဲကလူတွေအကြောင်း မသိတာက ပိုများနေပါတယ်..။ ကျမက သူများအကြောင်းလည်း သိပ်စိတ်မဝင်စားတော့ မြင်လို့ ရယ်ပြရင်တော့ ပြန်ရယ်ပြတတ်ပေမဲ့ ဘယ်သူမှန်းမသိဘူး ဖြစ်နေပါလေရော … ။ အိမ်မှာပဲ ထိုင်နေရင်း သတင်းစုံတဲ့ ကျမအဘွားကို မေးကြည့်တော့မှ သူက ဘယ်သူ့ အိမ်က စသဖြင့် ပြောပြပါတယ်… ။ ကျမအဘွားက အိမ်မှာသာနေတာ ဈေးသွားရင်း ကြားခဲ့တဲ့ သတင်းတွေကို […]


etoneMarch 25, 20111min06
လှည်းတန်းဘက်က ဖြတ်မိပြန်တော့ ဓါတ်တိုင်တွေ သစ်ပင်တွေမှာ ကြောငြာပေါင်းစုံကပ်ထားတာ သတိထားမိတယ်… လှည်းတန်းဘက်တင်မဟုတ်ပါဘူး တခြား နေရာတွေမှာလည်း ဒီလိုပါပဲ ကြောငြာလေးတွေကို သစ်ပင်၊ အုတ်နံရံနဲ့ ဓါတ်တိုင်တွေမှာ ကပ်ပြိး ကြောငြာကြတယ်… ။ အများစုက ကျူရှင်ကြော်ငြာနဲ့ အလုပ်ခေါ်တဲ့ ကြော်ငြာလေးတွေပါပဲ… ။ စပ်စုတတ်တဲ့ လူမို့ ကျမကတော့ မျက်စိတစုံး လက်လှမ်းမီသလောက် လမ်းလျှောက်ရင်း ကြော်ငြာတွေ ဖတ်ဖြစ်ပါတယ်… ။ အလုပ်ခေါ်စာ တွေမှာ တွေ့ရတယ်…. ရာထူးနဲ့ လိုအပ်တဲ့ ဦးရေပေါ့ … နောက်တစ်ခု တွေ့ရတာက လုပ်ငန်းအတွေ့ကြုံတဲ့… ။ အိမ်ထောင်မရှိသူ ဖြစ်ရမည် ။ နယ်ခရီးသွားနိုင်ရမည် ။ အချိန်ပို ဆင်းနိုင်ရမည် ။ ကားမောင်းတတ်ရမည် စသည်ဖြင့် စုံစိနေအောင် အလုပ်ရှင်က လိုအပ်ချက်ကို […]


manawphyulayMarch 24, 20111min08
သိပ္ပံပညာရှင်ကြီး အေဒီဆင်သည် သူ၏ စမ်းသပ်ရှာဖွေမှု အောင်မြင်သည့်အတွက် အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်နေသည်။ ပါတီ တက်ရောက်လာသော သတင်းစာဆရာ တစ်ဦးက သိပ္ပံပညာရှင်ကြီး အေဒီဆင်ကို ဆရာ အောင်မြင်မှုဟာ ဆရာရဲ့ကံကြောင့်လား။ ဟု မေးလိုက်သည်။ သတင်းစာဆရာတစ်ဦးမေးသော မေးခွန်းကို အေဒီဆင်က ပြုံးပြီး အဖြေပြန်ပေးသည်။ ကံ မလို့ ကျုပ် အောင်မြင်တာ မဟုတ်ဘူး။ ကျုပ်အောင်မြင်မှုရဲ့ အကြောင်းတရားကို ရှာကြည့်မယ်ဆိုရင် ဉာဏ်က တစ်အောင်စလောက်ပါပြီး ဝီရိယက တစ်တန်လောက်ပါတယ်။ အေဒီဆင်၏စကားကို အသေအချာ စဉ်းစားကြည့်သင့်သည်။ မိမိတို့၏ လုပ်ငန်းကိစ္စတစ်ခုခု အောင်မြင်မှုမရှိလျှင် ကံကို ရိုးမယ်ဖွဲ့ပြီး ငါ ကံဆိုးလှချည်လား ဟု မြည်တမ်းနေကြသည်။ မိမိတို့၏ လုပ်ငန်းကိစ္စထမြောက်အောင်မှု မရှိခြင်း၌ ဝီရိယ၏ အပိုင်းအစ ဘယ်လောက်ပါသနည်းဆိုသည်ကိုမူ ထည့်တွက်ရမှန်းမသိ ဖြစ်နေကြသည်။ […]


etoneMarch 24, 20111min011
အလဲဗန်းဂျာနယ်မှာ ပါတဲ့ သတင်းတစ်ပုဒ် ဖတ်မိပြီး ကျမစိတ်ထဲ ခြောက်ခြားစိတ်တွေ ၊ အံ့ဩစိတ်တွေ ၊ သနားဂရုဏာစိတ်တွေ ၊ တုန်လှုပ်မှူတွေနဲ့ အတူ ဒေါသလည်း ဖြစ်မိပါတယ်… ။ သတင်းကတော့ … မတ်လ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ရုတ်တရက် လေပြင်း တချက် တချက် မွှေ့လို့ ပြိုပျက်သွားရတဲ့ အခြေခံလူတန်းစားများရဲ့ အိမ်ပျက်တဲ့ သတင်းနဲ့ … သတင်း ဓါတ်ပုံတွေပါပဲ… ။မြင်ရတာ အံ့ဩမိပါရဲ့… အပြိုပျက်တွေ မြင်ရတာလည်း ခြောက်ခြား တုန်လှုပ်မိပါတယ်… ။ ဓနိမိုး ထရံကာ အိမ်လေးတွေအများစုဖြစ်ပြီး ပျဉ်ထောင် အိမ်တလုံးတောင် ပါတယ်လို့ တွေ့ရပါတယ်… ဓနိမိုး ထရံကာလေး ဆောက်ဖို့တောင် အနိုင်နိုင် အခု လေပြင်း […]


ဆူးMarch 22, 20111min010
ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ဘုရင်တပါးက သူသိပ်ချစ်ရတဲ့ ဆိတ်ကလေး တစ်ကောင် ရှိတယ်။ အဲဒီ ဆိတ်ကလေးကို ချစ်လွန်းလို့ မွေးထားပေမဲ့ ဆိတ်ကို အစာကျွေးတာတော့ နန်းတော်က လူတွေက အလှည့်ကျ တာဝန်ယူရတယ်။ ဘုရင်ကြီးက ညီလာခံ ပြီးတာနဲ့ ဆိတ်ကလေးကို သွားကြည့်ပြီး သစ်ရွက်ကလေး ထိုးပေးလိုက်တယ်.. ဆိတ်ရဲ့ ထုံးစံ အတိုင်း သစ်ရွက်မြင်ရင် ဘယ်လောက် ဗိုက်ဝဝ မစားဘဲ မနေနိုင်ဘူး။ အလှည့်ကျ တာဝန်ယူရတဲ့ သူတွေက စိတ်ညစ်ကြတာပေါ့။ သူတို့ အစာ ကောင်းကောင်းမကျွေးလို့ ဒီလိုဖြစ်တယ် ဆိုပြီး အပြစ်တင်တာ ငြိုငြင်တာ ခံကြရတယ်။ လျှာရှည်တဲ့ လူတယောက်က လျှောက်တင်တယ် ကျွန်တော်မျိုးကြီး သေချာ ကျွေးပါတယ် သူ့ဟာသူ အစာငမ်းလို့ ထပ်စားတာပါ.. ထိုကဲ့သို့ လျှေက်တင်တဲ့ အတွက် […]


bigbirdMarch 20, 20111min07
ညီ၊ညီမလေးတို့ရေ..ဦးငှက်ကြီးကပုံပြင်လေးတစ်ပုံလောက်ပြောပြချင်ပါသေးတယ်ကွယ်။ ဟိုးတစ်ချိန်တုန်းကလူလည်သဌေးကြီးတစ်ဦးဟာ ဆင်းရဲသားတောင်သူလယ်သမားတွေအပေါ်မှာ ကြွေးမီချစားပြီးနိုင်ထက်စီးနင်းပြုကာနေသတဲ့ကွယ်။တောင်သူလယ်သမားကြီးတစ်ဦးမှာ ချောမြော လှပပြီးလိမ္မာပါးနပ်တဲ့ သမီးလေးတစ်ယောက်ရှိသတဲ့။အဲ့ဒီတောင်သူကြီးရဲ့သမီးလေးကိုလူလည်သဌေးကြီး က ကြိုက်နှစ်သက်နေသတဲ့ကွယ်။တောင်သူဦးကြီးကလဲ သဌေးကြီးဆီမှာ အကြွေးတွေရှိနေတော့ သဌေး ကြီးက ကလိန်ကကျင့်ဉာဏ်ဆင်ပြီး တောင်သူကြီးရဲ့သမီးလေးကို ရယူပိုင်ဆိုင်နိုင်ဖို့ကြံစည်ပါတော့တယ်။ သဌေးကြီးကသမီးလေးကိုပေးရင် အကြွေးတွေကိုပေးစရာမလိုတော့တဲ့အပြင် ငွေသားပါလိုက်ပေးမယ်လို့ တောင်သူဦးကြီးကိုပြောပါတယ်။တောင်သူဦးကြီးက အကြွေးကိုသာဆပ်ပါ့မယ်၊ သမီးကိုတော့မပေးနိုင်ပါဘူးလို့ပြန်ပြောလိုက်သတဲ့။အဲ့ဒီတော့ သဌေးကြီးက တောင်သူကြီးသားအဖကို ကျောက်စရစ်ခဲတွေရှိတဲ့နေရာတစ်ခုကိုခေါ်သွားပြီး ဒီနေရာမှာခင်မျာတို့သားအဖနဲ့ကျုပ်နဲ့ အလောင်း ကစားတစ်ခုလုပ်ရအောင်လို့ပြောသတဲ့။ဟော့ဒီအိတ်ထဲမှာ ကျောက်စရစ်ခဲနှစ်လုံးကိုထည့်မယ်။တစ်လုံးက အဖြူရောင်၊နောက်တစ်လုံးက အမဲရောင်။ခင်ဗျာသမီးလေးက အိတ်ထဲကိုနှိုက်လို့အဖြူရောင်ရခဲ့ရင် ကျုပ်နဲ့လက်ထပ်စရာမလိုပဲအကြွေးတွေအားပုံးကိုပါ ဖျက်သိမ်းပေးမယ်။အကယ်၍ အမဲရောင်ရခဲ့ရင် ခင်ဗျာသမီးကို ကျုပ်နဲ့လက်ဆက်ပေးရမယ်။ကျုပ်ကလဲ အကြွေးတွေအားလုံးကို ဖျက်သိမ်းပေးမယ်လို့ ပြောသတဲ့။အဲ့ဒီတော့ တောင်သူကြီးနဲ့သမီးဖြစ်သူတို့ကသဘောတူလိုက်ကြသတဲ့။ အဲ့ဒီအခါမှာ သူဌေးကြီးက ကျောက်စရစ်ခဲ ၂ လုံးကိုအိတ်ထဲကောက်ထည့်လိုက်သတဲ့။ကောက်ထည့်လိုက် တဲ့ ကျောက်စရစ်ခဲ ၂ လုံး လုံးဟာအမဲရောင်ချည်းပဲဖြစ်နေတာကို တောင်သူကြီးရဲ့သမီးက အမှက်တမဲ့နဲ့ မြင်လိုက်ပါတယ်။ သူမ.ဘယ်လိုလုပ်ရပါ့မလဲ? […]


ဆူးMarch 18, 20111min09
ခုနှစ်တော့ မမှတ်မိတော့ဘူး လူကြီးတွေ သွားလို့ လိုက်သွားတာ အဘိုးတယောက်ရဲ့ အသုဘပါဘဲ.. မသေခင် ၁နှစ်လောက်တော့ နှလုံးရောဂါနဲ့ အိပ်ယာထဲ လဲနေခဲ့တယ်။ ပထမ မယားကြီး သေသွားတော့မှ မီးခံသေတ္တာထဲမှာ ပိုက်ဆံ နဲ့ ရွှေတွေ ဘယ်လောက် ရှိမှန်း သိပြီး ဘာအလုပ်မှ မလုပ်တော့ဘဲ နောက်မိန်းမ ယူပြီး မယားငယ်နဲ့ တရားဝင် ၁၅နှစ်ပေါင်းခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။မယားငယ်ဆိုလို့ အမျိုးသမီး ငယ်ငယ် မထင်နဲ့နော်.. အဘိုးကြီးက အသက် ၆၆နှစ်မှာ ယူတဲ့ မိန်းမ အသက် ၆ဝကျော်အဘွားကြီးပါဘဲ။ နောက်မိန်းမ ယူတော့ အလွန်စီစစ်ပါတယ်။ သော့ကိုင်ထားပြီး ကျန်းမာရေး မကောင်းတဲ့ အချိန်မှ မိန်းမ လက်ထဲ သော့အပ်ထားပြီး ဆေးကုရပါတယ်။ ၁နှစ်လောက် အိပ်ယာထဲ လဲနေတော့ အခွင့်အခါကောင်း […]


manawphyulayMarch 18, 20111min08
(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲယူ တတ်သူ ၊ ပြန်မပေးတတ်သူ။ (၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ။ (၃) မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီးပြောတတ်သူ ။ (၄) ဘဝပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ။ (၁) ယူပဲယူတတ်တဲ့ မိတ်ဆွေရဲ့သဘောသဘာဝမှာ….. မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ်။ သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ်။ သူ့ကိုကျိုးအတွက်ပဲ ပေါင်းသင်းတယ်။ (၂) စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ်။ မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ်။ အချီးအနှီးဖြစ်တဲ့ လောကွတ်စကားနဲ့ ချီးမြောက်တယ်။ ဖြစ်ဆဲကိစ္စ၌ ပျက်စီးခြင်းကိုပြတယ် (၃) အကြိုက်ကိုလိုက်၍ပြောတတ်တဲ့ မိတ်ဆွေသဘာဝ…….. မကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ်။ ကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ်။ မိမိရှေ့တွင် မိမိကို ချီးမွမ်းပြောဆိုတယ်။ မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကိုပြောတယ်။ (၄) ပျက်စီးကြောင်းတွင် […]