Ma MaApril 30, 20111min013
တစ်ခါတုန်းက တောကတက်လာတဲ့ လူကြီးတစ်ယောက်ဟာ မြို့ပေါ်မှာ ကြီးပွားတိုးတက်နေတဲ့ သူ့သူငယ်ချင်းရဲ့သားကို တွေ့ဖို့သွားတယ်။ အဲဒီသူငယ်ချင်းရဲ့သားဟာ ကုမ္ပဏီသူဌေးဖြစ်နေတယ်။ လူကြီးရောက်သွားတဲ့ အချိန်မှာ ကုမ္ပဏီရုံးခန်းမှာ မရှိဘူး။ သူ့ရုံးခန်းရှေ့မှာ စောင့်ရင်းစာဖတ်နေတဲ့ ရုံးလုလင်လေးကိုပဲ တွေ့ရတယ်။ လူကြီး။ ။ ဟေ့ သူငယ် မင်းဆရာ မရှိဘူးလား။ ရုံးလုလင်။ ။ မရှိဘူး။ လူကြီး။ ။ ဘယ်သွားလဲ သိလား။ ရုံးလုလင်။ ။ မသိဘူး။ လူကြီး။ ။ ဘယ်အချိန် ပြန်လာမလဲ။ ရုံးလုလင်။ ။ မသိဘူး။ လူကြီး။ ။ သူပြန်လာရင် မြောင်းမြက ဦးစိန် လာတယ်လို့ ပြောပေးပါကွယ်။ (ရုံးလုလင်က စာဖတ်မပျက် နေရာကနေ) ရုံးလုလင်။ ။ ဟုတ်။ လူကြီး။ ။ […]


ဆူးApril 30, 20111min020
ငါ ဒါတွေ မစားချင်ပါဘူး ဆိုမှ… ဆိုတဲ့ အဘိုး ဦးမြရဲ့ အသံလေး ကြားလိုက်တော့ နားစွင့်မိတယ် ဘာများ ဖြစ်သလဲလို့။ ဘေးအိမ်က အဘိုးကြီး သူငယ်ပြန်တယ်ပြောတယ်။ ကလေးယောက်လို ဂျစ်ကန်ကန်နဲ့ တခါတလေ လုပ်မိပြီးတာလည်း မေ့မေ့နေပြီး ထမင်းစားမယ် ဆိုပြီး ထပ်ခါ ထပ်ခါ တောင်းတက်သလို.. ပြောထားတဲ့ စကားတွေ လည်း မေ့ပြီး ထပ်ခါ ထပ်ခါ ပြောသံတွေ ကြားနေရတော့ အထာလည်း သိနေပါပြီ။ သနားဖို့လည်း ကောင်းတယ်။ တခါတလေများ ငါ ဗိုက်ဆာတယ် ဆိုပြီး ထမင်းစားပြီးလည်း ထပ်တောင်းတယ်။ ပေးလိုက်တော့ မဟုတ်ဘူးဆိုပြီး ဖြစ်ပြန်ကော.. အသိ သတိ ရှိတဲ့ အချိန်ဆို လူကြီးဆန်ဆန် နေတတ်ပြီး မြေးတွေကို လိုက်အော်ပြီး ကလေးတွေ […]


nainaiApril 30, 20111min02
အရာအားလုံးတိတ်ဆိတ်နေ၏ ။ မျက်လုံးများဖွင့်လိုထားသော် လည်း အမြင်အာရုံတွင် ဘာမှမထင်ဟပ်ခဲ့ ခြေလှမ်းများ၏ဦးတည်ရာအတိုင်း စီးမြောရင်းစိတ်၏ခေါ်ဆောင်ရာသို့လိုက်ပါခဲ့မိ၏ ။ ကောင်လေး….နေကောင်းရဲ့လား………… ကြင်နာစွာဖြင့်နှုတ်ဆက်သော ..သူ့အသံကြောင့်ပတ်ဝန်းကျင်ကိုသတိပြုမိလိုက်သည် ။ ငယ်စဉ်ကတည်းက….အကြိမ်ကြိမ် ရောက်ခဲ့ဘူးသောအရပ် ……. မရောက်တာကြာပေမယ့် ယခုတိုင်မပြောင်းလဲသောနွေးထွေးမှုများဖြင့် နှုတ်ဆက်လာသူ …….. ဟုတ်ကဲ့ ကောင်းပါတယ်ခင်ဗျာ………….. ကျွန်တော်စိတ်ညစ်သောအချိန်တိုင်း ဒီနေရာလေးကို ရောက်ဖြစ်ခဲ့၏ ။ အထီးကျန်ဆန်သည်ဟု ခံစားရတိုင်း ရောက်ဖြစ်ခဲ့၏။ တစ်ချိန်က..ဒီနေရာလေးမှာ ကျွန်တာ်ခံစားရသမျှကိုသူ့ကိုပြောပြနေခဲ့ဘူးသည်။ ကျွန်တော်ပြောသမျှကိုပြုံးပြီးနားထောင်ပေးတတ်သူ ။ ကောင်းသည်ဆိုးသည် မဝေဖန်တတ် ၊စကားနည်းသူတစ်ယောက်ဖြစ်ခဲ့သည်။ အကောင်းဆုံးနားထောင်ပေးခဲ့သူတစ်ယောက်ဖြစ်ခဲ့သည်။ နှစ်အတန်ကြာမှ….. စကားသံအချို့ကို သူ့ထံမှ ကြားခဲ့ရသည်။ သူပြောသောစကားကို နားဖြင့်မကြား နိင် … အသည်းနှလုံး သက်သက်ဖြင့်သာ နားဆင်နိင်သည်။ သူသည်သဘာဝတရားနှင့်အညီ  အသက်ရှင်နေထိုင်တတ်သူ …သူနှင့်ခင်မင်ခွင့်ရပြီးမှသဘာဝတရားကို ပိုပြီးအလေးအနက်ထားမိခဲ့၏ ။ ပိုပြီး နှစ်သက်မြတ်နိူးတတ်လာခဲ့သည်။ […]


nainaiApril 30, 20115min02
တောအုပ်တစ်ခုလုံးအဝါရောင်သန်း၏။ ထို့အတူ  တောင်တစ်ခုလုံးကိုလည်း အဝါရောင်အဖြစ်မြင်ရ၏။ နွေ၏လေသည် ဥဩငှက်၏အလွမ်းရင့်ရင့်ကဗျာတစ်ပုဒ်ကို ထုပ်ပိုးသယ်ဆောင်ကာ၊ ဟိုမှဒီသို့အလုပ်များလျှက်ရှိ၍နေသည်။ အဝါရောင်ဝတ်ရုံလွှမ်းခြုံထားသော အရွက်ကြီးငယ်အသီးသီးတို့ ၊တစ်ဖြောက်ဖြောက်အသံပေးကာ အလုအယက်ခုန်ဆင်း၍ နွေအား အပြိုင်အဆိုင်အသက်သွင်းလျှက်ရှိသောကြောင့် သစ်တောတစ်ခုလုံးလိုလိုသည် အဝါရောင်ကတ္တီပါစ၏ အဖိုးအခဖြင့် နွေရောင်တောက်ကာ ဟောင်းနွမ်းလှပ လျှက်ရှိနေတော့သည်။ ဤကဲ့သို့ ဟေမဝါတစ်ခုလုံး နွေရင့်ရင့်၏ နုတ်ဆက်ပွဲအတွက် အားတက်သရော လှုပ်ရှားပျော်ရွှင်နေကြချိန်၊ အဝါရောင်လွှမ်းသောရွက်ကြွေများအထဲမှ အနီရောင်မြေကြီးလမ်းအထက်၊ နွေ၏အခင်းအကျင်းများကိုမစားသုံးပဲ၊မရပ်မနားလမ်းလျှောက်လာသော ကောင်လေးတစ်ယောက်၏ပုံစံမှာအစိမ်းရောင်ဆန်လွန်းလှပေသည်။ လူစိမ်း… မှန်ပေ၏ စိမ်းမည်ဆိုလည်းစိမ်းလောက်စရာပင် အကြင်သူသည်…..လူစိမ်း….ဖြစ်၏။ မျက်ဝန်းများကကြင်နာမှုနှင့်ပြည့်နေသယောင်နှင့် နှုတ်ခမ်းများကပြုံးယောင်သန်း၏။ အမူအယာအားဖြင့်နှစ်လိုဖွယ်ရှိသလောက် အသည်းနှလုံးကားအစိမ်းရောင်အတိဖြစ်သည်။ သူ…သည်… အသည်းနှလုံးအစိမ်းနှင့်လူ…… လူစိမ်း…ဖြစ်လေသည်။ အစုံစုံသောအရောင်အသွေးတို့ဖြင့်ကပ်ညိလိမ်းကျံထားသော ပန်းအပွင့်ပွင့်တို့သည် အပြိုင်ပြိုင်အဆိုင်ဆိုင်ဖြင့် ထိုလူစိ်မ်းအား ဧည့်ဝတ်ကတိပြုကြ၏။ ဧည်ဝတ်ကျေသူရောမကျေသူများပါ လတ်ဆတ်စိမ်းလန်းသောအထိအတွေ့ကိုထိုလူထံမှပြန်ရကြသည်။ ရင်းနှီးဖေါ်ရွေသော၊နုနယ်ပျိုမြစ်သည့်တုန့်ပြန်မှုကြောင့်ထိုလူစိမ်းအားနှစ်ချိုက်ကြသည်မှာ ဆန်းလှသည်ဟုဆိုနိုင်မည်မထင်။ ဆန်းလှသည်။ ထိုသူနှင့်ထိတွေ့  မိသမျှနေရာတိုင်း…. သေသောသူများရှင်ကြ၏ ။ ပုန်းသောသူများ […]


nainaiApril 30, 20115min00
တောအုပ်တစ်ခုလုံးအဝါရောင်သန်း၏။ ထို့အတူ  တောင်တစ်ခုလုံးကိုလည်း အဝါရောင်အဖြစ်မြင်ရ၏။ နွေ၏လေသည် ဥဩငှက်၏အလွမ်းရင့်ရင့်ကဗျာတစ်ပုဒ်ကို ထုပ်ပိုးသယ်ဆောင်ကာ၊ ဟိုမှဒီသို့အလုပ်များလျှက်ရှိ၍နေသည်။ အဝါရောင်ဝတ်ရုံလွှမ်းခြုံထားသော အရွက်ကြီးငယ်အသီးသီးတို့ ၊တစ်ဖြောက်ဖြောက်အသံပေးကာ အလုအယက်ခုန်ဆင်း၍ နွေအား အပြိုင်အဆိုင်အသက်သွင်းလျှက်ရှိသောကြောင့် သစ်တောတစ်ခုလုံးလိုလိုသည် အဝါရောင်ကတ္တီပါစ၏ အဖိုးအခဖြင့် နွေရောင်တောက်ကာ ဟောင်းနွမ်းလှပ လျှက်ရှိနေတော့သည်။ ဤကဲ့သို့ ဟေမဝါတစ်ခုလုံး နွေရင့်ရင့်၏ နုတ်ဆက်ပွဲအတွက် အားတက်သရော လှုပ်ရှားပျော်ရွှင်နေကြချိန်၊ အဝါရောင်လွှမ်းသောရွက်ကြွေများအထဲမှ အနီရောင်မြေကြီးလမ်းအထက်၊ နွေ၏အခင်းအကျင်းများကိုမစားသုံးပဲ၊မရပ်မနားလမ်းလျှောက်လာသော ကောင်လေးတစ်ယောက်၏ပုံစံမှာအစိမ်းရောင်ဆန်လွန်းလှပေသည်။ လူစိမ်း… မှန်ပေ၏ စိမ်းမည်ဆိုလည်းစိမ်းလောက်စရာပင် အကြင်သူသည်…..လူစိမ်း….ဖြစ်၏။ မျက်ဝန်းများကကြင်နာမှုနှင့်ပြည့်နေသယောင်နှင့် နှုတ်ခမ်းများကပြုံးယောင်သန်း၏။ အမူအယာအားဖြင့်နှစ်လိုဖွယ်ရှိသလောက် အသည်းနှလုံးကားအစိမ်းရောင်အတိဖြစ်သည်။ သူ…သည်… အသည်းနှလုံးအစိမ်းနှင့်လူ…… လူစိမ်း…ဖြစ်လေသည်။ အစုံစုံသောအရောင်အသွေးတို့ဖြင့်ကပ်ညိလိမ်းကျံထားသော ပန်းအပွင့်ပွင့်တို့သည် အပြိုင်ပြိုင်အဆိုင်ဆိုင်ဖြင့် ထိုလူစိ်မ်းအား ဧည့်ဝတ်ကတိပြုကြ၏။ ဧည်ဝတ်ကျေသူရောမကျေသူများပါ လတ်ဆတ်စိမ်းလန်းသောအထိအတွေ့ကိုထိုလူထံမှပြန်ရကြသည်။ ရင်းနှီးဖေါ်ရွေသော၊နုနယ်ပျိုမြစ်သည့်တုန့်ပြန်မှုကြောင့်ထိုလူစိမ်းအားနှစ်ချိုက်ကြသည်မှာ ဆန်းလှသည်ဟုဆိုနိုင်မည်မထင်။ ဆန်းလှသည်။ ထိုသူနှင့်ထိတွေ့  မိသမျှနေရာတိုင်း…. သေသောသူများရှင်ကြ၏ ။ ပုန်းသောသူများ […]


etoneApril 26, 20111min045
သင်္ကြန်မရောက်ခင်ကတည်းက တာဆူနေတဲ့ ပရိုမိုးအစီစဉ်တွေ လုပ်လိုက်တာ တစ်ခုပြီး တစ်ခုမရိုးနိုင်အောင်ပါ… ။ အမှန်ကန်က တမျိုး၊ လိမ်လည်ပြီး တမျိုး ၊ကျော်အောင်ညာပြီး တမျိုး မတူညီတဲ့ စိတ်ကူးတွေနဲ့ မိမိတို့ရဲ့ ကုန်ပစ္စည်းတွေကို စားသုံးသူတွေလက်ထဲ ပေါ်ပြူလာဖြစ်အောင် မရောက်ရောက်တဲ့နည်းနဲ့ ပို့ဆောင်ဖို့ အလုယှက် ကြိုးပမ်းကြပါသည် … ။ ထိုပစ္စည်းများ ထဲတွင် မိန်းမ အသုံးဆောင်နှင် အ လှပြင် ပစ္စည်းများက ထိပ်တန်းနေရာယူခဲ့သည် ။ သင်္ကြန် အထူး အစီစဉ် ရိုက်နှိပ်ထားသော ပိုစတာများ ၊ လက်ကမ်းစာစောင်များကလည်း ပလူကိုပျံလို့ ။ ဘယ်နေ့မှ ဘယ်နေ့အတွင်းဝယ်ယူလျှင် မည်မျှ ရာခိုင်နှုန်းလျှော့ချမည် စသည်ဖြင့် ဈေးကွက်ထဲ ထိုးဖောက် စွဲဆောင်မှူတွေ လုပ်ခဲ့ကြသည် … ။ ကြော်ငြာအားကောင်း […]


ငရဲကြီးမယ် ဝဋ်လိုက်လိမ့်မယ်လို့ ကျွန်တော်တို့ တတွေ သိကြမှာပါ..ငရဲကြီးတာကိုတော့ ကောင်းမှု့တွေများများလုပ်ပေါ့ ပပြောက်နိင်တယ်(သို့မဟုတ်) တကြိမ်တော့ ခံရလိမ့်မယ်.. ဝဋ်ရှိရင်တော့ဆပ်လို့ မကုန်ဘူးတဲ့.. ဝဋ်မှာအမြဲ ငရဲမှာ အပ လို့ဆိုတာကိုး..ဒီစကားမှားခဲ့ရင်လဲ ကျွန်တော်ဉာဏ်မှီလို့ပဲ ထားလိုက်ပါ..ဘာပဲဖြစ်ဖြစ် လူတွေကတော့ စားတာ၊သွားတာ နေတာ၊ ထိုင်တာ နောက်ဆုံးသေရင်တောင် ကောင်းကောင်း သေချင်ကြတာပဲမဟုတ်လား သေပြီးရင်ဘာမှ မသိတော့ဘူး ဆိုပေမဲ့ မသေခင်မှာ ကိုသေရမဲ့ အဖြစ်ဆိုးကြီးတွေ့လိုက်ရရင် ဘယ်လို ခံစားရမလဲမသိဘူး…… ဥပမာ. ကိုကဘယ်လိုမှ့လူပ်လို့ မရတဲ့အချိန် ကို့ကိုယ် သေစေနိင်တဲ့ အရာဝထ္ထုုတစ်ခုက တဲ့တဲ့ကြီးတဖြေးဖြေး လာနေတဲ့အချိန်မျိုးဆို မစဉ်းစားရဲဘူး… တစ်နေ့ငါသည်သေရမည် မှန်သော်လဲ ဒီလိုအဖြစ်မျိုးတော့ ကြောက်မိတာအမှန်..အဖန်တလဲလဲခံရမဲ့ဝဋ်ဆိုရင်တော့ ပိုဆိုးတာပေါ့နော်… ကျွန်တော် မအူပင် စက်က္ကူစက်ရုံ မှာ တာဝန်ကျတော့ တွေ့ ခဲ့ရတဲ့အဖြစ်တခုပါ..ဒီစက်ရုံမှာက သယ်ယူပို့ဆောင်ရေးက လယ်ထွန်စက်နဲ့ […]


  (၁) ခုတလော တစ်ယောက်နှင့်တစ်ယောက် အော်ဟစ် ဆူညံနေရသဖြင့် စိတ်ဝမ်းကွဲ စပြုနေပြီဟု တွေးမိသည်။ အေးတိအေးစက်နိုင်လာခြင်း၊ ငြူစူခြင်းများကို မြင်နေရသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်မပြောတတ်ပေ။ ကျွန်တော်သည်သာလျှင် ပါးစပ်ဖွာ၍ တွေ့သမျှ၊ မြင်သမျှ ပြောဆိုတတ်သောကြောင့်များလား။  အနေဝေးကွာလာခြင်းဟု ခံစားရမှုများ တစ်နေ့ထက် တစ်နေ့များပြားလာသည်။ သည်းခံမှုတရားပျက်၍ ကမူးရှူးတိုး ပြန်မပြောသည့်တိုင် စကားတစ်ခွန်း၏ အတိမ်အနက်ကို ကျွန်တော် သေသေချာချာ အဓိပ္ပါယ်ဖွင့်နေရသည်။ ထွက်ရှိလာသော အဖြေသည် ကျွန်တော်၏ စိတ်ကို ကျေနပ် နှစ်သိမ့်မှုမပေးနိုင်ချေ။ ကျွန်တော့်တွင် လက်ရှိ ပူးပူးကပ်ကပ် တတွဲတွဲနှင့်ရှိသော သူငယ်ချင်း လေးယောက်ရှိ၏။ နေ့တစ်နေ့၏ တစ်နေ့တာတွင် အိပ်ချိန်မှအပ ကျန်အချိန်များတွင် အမြဲလိုလိုတွေ့ဖြစ်ကြသည်။ ထမင်းလက်ဆုံစားကြသည်။ ကျွန်တော် တို့၏ တာဝန်ချိန်များတွင် မတွေ့ဖြစ်ကြသည်ကလွဲလျှင် ကျန်အချိန်များတွင် အမြဲတတွဲတွဲဖြစ်လို့နေသည်။ […]


(၁) “ဘုရား…ဘုရား”ကားနဲ့ဒုံးပျံများမှားစီးမိသလား။ကြည့်စမ်း မြန်လိုက်သည့် အရှိန်နှုန်း။ တစ်နာရီ ဘယ်နှစ်မိုင်နှုန်းနဲ့ မောင်းနေသလဲမသိ။လူတစ်ကိုယ်လုံး မြောက်လိုက် ကြွလိုက်နဲ့ နတ်ဒိုးနှင့်ယိမ်းကနေရသလား ထင်မှတ်ရတယ်။ ကိုယ့်ကိုကိုယ် ဟောလီးဝုဒ်ကိုရုပ်ရှင်သွားရိုက်ရသလို ခံစားနေရတယ်။ ဂျိမ်းစ်ဘွန်းရဲ့ ရုပ်ရှင်တွေကြည့်ပြီး အကြမ်းပတမ်း ကားစတန့်တွေကို မြင်ရတဲ့အခါတုန်းက ရင်လှိုက်သည်းဖိုဖြစ်ခဲ့ဖူးတယ်။ အဲဒီလိုအရှိန်နဲ့များ ကားစီးလိုက်ရရင်တော့ အသက်တောင် ထွက်လောက်ရဲ့လို့ တွေးမိဖူးတာပေါ့။ ခုကြည့် ဂျိမ်းစ်ဘွန်းမောင်းတဲ့ကားကို စီးပြီး ကယ်ပါ ယူပါ တစာစာအော်ရတော့မယ့်အခြေအနေ။ လေအလျင်ပေါ် ခုန်ပျံကျော်လွှားနေတဲ့ ကျန်ကျောင်းလို ဝေဟင်မှာ တဟူးဟူးကိုဖြစ်လို့။ဒါပေမယ့် သိတယ်မို့လား။ ကိုယ်မရောက်ဖူးတဲ့နေရာကို သွားရမှာဆိုတော့ကာ ကြမ်းပါစေ၊ ခုန်ပါစေ တုံးတိုက်တိုက်၊ကျားကိုက်ကိုက်ပေါ့။ တကယ်ဆို မသက်သာပါဘူး။ အညာမှာ ဖုန်ထူတာကမှ ပါးပါးလေးရယ်။ ဖုန်လုံးဆိုတာ ဟီးရိုရှိးမား အဏုမြူဗုံးပေါက်ကွဲသလိုကို အုံလိုက် ကြွတက်နေတာ။ရှူ စမ်းဟဲ့။ ဖုန်ဆိုတာဟာ နှာခေါင်းထဲကို […]


etoneApril 20, 20111min011
ဒီနှစ် သင်္ကြန်တော့ ပူပြင်းပြီး ပျင်းခြောက်ခြောက်ဖြစ်မယ် အထင်နဲ့ နားနားနေနေကြည့်ဖို့ အခွေတွေ စုပြီး အိမ်တွင်းအောင်းခဲ့ပြန်တယ်… ။ မနက်စောစော ထပြီး ရေမပက်ခင် ဈေးဝယ်ထွက်ရတာကလည်း အလုပ်တခုလိုဖြစ်နေပေမဲ့ … မဝယ်ရင် ငတ်ကိန်းဆိုတော့လည်း မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ လေးတိလေးတွဲ အိပ်ရာထခဲ့ရပြန်တာပေါ့… ။ အချိုးမကျတဲ့ ပွယောင်းယောင်း ညအိပ်အင်္က ျီကို လဲပြီးတော့ ဈေးခြင်းကိုင်ပြီး ထွက်လာခဲ့တယ်… ။ အိမ်နားက ကလေးတွေများ သောင်းကျန်းတာ လွန်ပါဘိ … ဘယ်အချိန်ကတည်းက လမ်းပေါ်ရောက်နေမှန်းမသိဘူး ရေပုံး ကိုယ်စီနဲ့ … ။ ကလေးတွေ ကျမနား ရောက်လာချိန် နာရီကိုကြည့်တော့ ခြောက်နာရီ ကျော်ပဲ ရှိသေးတာမို့ … ဒီအချိန်ရေပက်ရင် ဖမ်းမယ်လို့ ရွှီးလွှတ်လိုက်တယ်… ကလေးတွေလည်း ခေါင်းလေးတွေက […]


bigbirdApril 15, 20111min010
Here is a short story with a beautiful message… ဒါကတော့ အကြောင်းအရာလှပတဲ့ ခပ်တိုတိုပုံပြင်လေးတစ်ခုပါပဲ… Little girl and her fathre were crossing a bridge… ခလေးမလေး နဲ့သူမရဲ့ဖခင်ဖြစ်သူတို့ဟာ တံတားတစ်ခုကိုဖြတ်ကူးကြပါတယ်… The father was kind of scared so he asked his little daughter… ဖခင်ဖြစ်သူက စိုးရိမ်ပုံရပြီး သမီးလေးဖြစ်သူကို ပြောလိုက်ပါတယ်… “Sweetheart, please hold my hand so that you do’nt fall into the raver”.. သမီးလေး.အောက်ကရေထဲပြုတ်မကျရအောင် အဖေ့လက်ကိုကိုင်ထားနော်.. […]


ဆူးApril 14, 20111min028
ရုံးကိစ္စ အရေးကြီး နေတာက တကြောင်း အဖော်မရှိတာနဲ့ ညနေစောင်း မှောင်ရီပျိုးတဲ့ အချိန်တခုမှာ ကျွန်တော်နဲ့ ကိုလင်း နှစ်ယောက် နယ်မြို့ တခုကို ကားမောင်းထွက်ခဲ့တယ်။ မြို့ကနေ လွန်လို့ အဝေးပြေးလမ်းမ ရောက်တဲ့ အချိန် က တော်တော် စောင်းနေပြပါပြီ။ မှန်းခြေ ည၆နာရီ လောက် ဖြစ်မလားဘဲ နေအလင်းရောင် သိပ်မရှိချင်တော့ပါဘူး။ ကားမီး မှိန်မှိန်နဲ့ အရှေ့ကို အဝေးကြီးလည်း မမြင်ရလေတော့ ကားကို အရှိန်လျော့ မောင်းရင်း လမ်းဘေး ဝဲယာ တဖက်တချက်စီမှာ သစ်ပင် အုပ်အုပ်ဆိုင်းဆိုင်း ကားမီးလေး ထွန်းထားတဲ့ အရှိန်ကြောင့် ဘေးက သစ်ပင်တွေ မှောင်ပြပြနဲ့ မြင်နေရပါတယ်။ တမနက်လုံး အလုပ်ကိစ္စနဲ့ ရုံးမှာ မအားလပ်တဲ့ ကြားက ညနေစောင်း အရေးကြီးလို့ […]


သို့ “……………..“ နင်ကတော့ ငါ့ကို သတိမရလို့ဖုန်းမဆက်တာထင်ပြီး အထင်တွေလွဲနေတော့မှာပဲနော်… ခုသလော ငါ့မှာလဲ စိတ်ရှုပ်စရာ ကိစ္စကြီး ကြီးကြီးမားမားကလဲရှိလာတော့ ငါလေ တစ်ခြား အကြောင်းအရာတွေကို မတွေးမိတော့လို့ပါ.. မနေ့က နင့်အစ်မ ဖုန်းဆက်လာတော့ ငါ့ရင်ထဲ ထိတ်သွားတယ်။ နောက်မှ နင်က ဖုန်းမဆက်လာလို့လို့ပြောလို့တော့ ငါပျော်သွားပြန်ရော ။ တကယ်ပြောတာ နောက်တစ်ခုက သကြန်ဆိုတာကိုရော အမှတ်ရသေးရဲ့လားဆိုတာတော့ အမှန်တကယ်ပြောရရင် ငါ အမှတ်ရပါတယ်။သကြန်ဆိုတာ နင်နဲ့ပတ်သက်ပြီးတော့မှ ငါသတိရလာတာဟ။ နင် ငါ့ကို ယုံကြည်မှုမရှိသေးဘူးဆိုတာ ငါသိပါတယ်။ ငါပြောတဲ့စကားတွေကို နင်က စ, နောက်တယ်ထင်နေသေးတာလား။ ငါတို့ အရွယ်တွေဟာ အသက်ကြီးလှပြီ မဟုတ်ပေမယ့် တကယ်တမ်း တည်တည်ငြိမ်ငြိမ်နဲ့ စကားတစ်ခွန်းကို  အတည်ပြောရမယ့် အရွယ်ကိုရောက်နေပါပြီ။ နင့် ဘက်ကတော့ ငါက ချော်လဲရောထိုင်လုပ်တယ်လို့များ […]