moethidasoeJuly 4, 20111min015
လောကမှာ လူတွေက .. ပျောက်နိုင်တဲ့ ရောဂါကို သိပ် ကြောက်ကြတယ် .. အထူးသဖြင့် ကူးစက်တတ်ပြီး ပျောက်နိုင်ပါတယ် ဆိုတဲ့ ရောဂါမျိုးကိုတောင် ကြောက်တတ်ကြတယ် .. ကူးစက်တတ်တယ် .. မပျောက်နိုင်ဘူး ဆိုတဲ့ ရောဂါကျတော့ မကြောက်ကြပြန်ဘူး .. လူတွေက တစ်မျိုးပဲနော် .. “ဆရာမ .. ကျွန်တော့်သမီးလေးက မွေးတုန်းက ဝဝကစ်ကစ်လေး .. ဆရာမ သိပါ တယ် .. အခု တငွေ့ငွေ့ဖျားပြီး ပိန်လဲပိန်လာတယ် .. ကြည့်ပေးပါဦး” ဟုတ်တယ် ..  ကျွန်မက သူတို့ရဲ့ မိသားစုဆရာဝန်လို ကုပေးနေတာ ဆိုတော့ သူတို့ မိသားစုအကြောင်း ကောင်းကောင်းသိပါတယ် .. သူတို့ အိမ်နဲ့ ကပ်လျက်မှာ အဆုတ်တီဘီဖြစ်ပြီး […]


manawphyulayJuly 3, 20111min09
အားလုံး မင်္ဂလာပါရှင်။ ဇူလိုင်လ ၃ ရက်နေ့သည် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျွန်မ သိထားသမျှကို ပြောပြချင်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးများရဲ့ ရှေးခေတ်ဘဝဟာ ကမ္ဘာပေါ်မှာရှိတဲ့ အခြား အခြားသော နိုင်ငံများက အမျိုးသမီးများလိုဘဲ အားနွဲ့သူလို့ သတ်မှတ်ခံခဲ့ကြရ ပါတယ်။ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ ဆိုတဲ့ ဆုံးမစာအတိုင်း လုပ်ကိုင် ခဲ့ကြရပါတယ်။ အပြင်ထွက် ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ အခွင့်အလမ်းတွေ အလွန်ပဲ နည်းပါးပြီး အခွင့်အလမ်းမရရှိခဲ့ကြပါဘူး။ အဲဒီထဲကမှ ထူးချွန်တဲ့ အမျိုးသမီးကောင်းတွေလည်း ရှိလာခဲ့ပါတယ်။ အထူးသဖြင့် စာပေနယ်မှာ စစ်ကြိုခေတ်က ပထမဆုံး ပေါ်ထွန်းလာခဲ့တယ်လို့ ပြောရမဲ့သူကတော့ စာရေး ဆရာမကြီး ဒဂုန်ခင်ခင်လေးဆိုတာပါဘဲ။ သူက ၁၉၀၄ ခု ဖွားဆိုတော့ အတော်ကို စောပါတယ်။ […]


နွယ်ပင်July 2, 20111min014
မနေ့ကနေမကောင်းလို့ အလုပ်မှာခွင့်တစ်ရက်ယူဖို့ ခွင့်တိုင်ဖြစ်တယ် အိမ်ကနေပဲ အလုပ်ကလူတွေကို လှမ်းပြီးဖုန်းဆက်ပြောတော့ ” သူငယ်ချင်းတွေက အေးဆေးပါ နင့် အလုပ်တွေလုပ်ထားပေးမယ်လို့ပြောတယ် ဒါပေမယ့် ဘောစိ(သူဌေး) ဆီကိုတော့ ဖုန်းဆက်ပြီး ခွင့်တိုင်လိုက်ဦးတဲ့ သိတယ်မဟုတ်လား ဘောစိက ခွင့်ဆိုရင် သူ့မသိရင်ပြောနေဦးမယ်လို့ ” ပြောတာနဲ့ ဖုန်းဆက်လိုက်ရတယ် ။ တကယ်ပါ နွယ်ပင်တို့ နေမကောင်းဖြစ်တာတောင် ပျောက်ပြီး အလုပ်သွားချင်စိတ်ပေါ်လာအောင်ကိုပဲ ဖုန်းခေါ်လိုက်ရတာ တစ်ညောင်းပဲ မကြာဘူးဆို 45 မိနစ် အသာလေးပဲ ဖုန်းလဲရသွားရော ” အစ်ကို ညီမနေမကောင်းလို့ ခွင့်တစ်ရက်လောက်ယူချင်လို့ပါလို့ ပြောတော့ …..သူက ဘာဖြစ်တာလဲတဲ့ ……ခေါင်းမူးနေလို့ ဆေးခန်းသွားမလို့ပါဆိုတော့ …… တကယ်လို့ ဆေးခန်းပြပြီးလို့သက်သာရင် အလုပ်ကိုပြန်လာပါတယ်တဲ့ လှဲနေစရာမလိုအပ်ဘူးဆိုရင်လဲ အလုပ်ကိုပြန်လာပါတဲ့ ” အဲတာနဲ့ ဖုန်းတစ်ညောင်းထိုင်ခေါ်ရတာပဲ အဖတ်တင်တယ် […]


ဂ်စ္စူJuly 1, 20111min07
ဗုံး. မြို ့ထဲက ဂမုန်းပွင့်မှာ ပေါက်သွားသတဲ့ အချိန်ကတော့ ၁၁ ဝန်းကျင်လောက်ကပဲ…. သတင်းကတော့ နေ ့ခင်းထဲကကြားရတာ… သေချာအောင်..အင်တာနက်သတင်းတွေပတ်ရှာတာလဲ တစ်စွန်းတစ်စတောင် မတွေ ့မိ.. မီဒီယာတွေ မိုးအေးအေးနဲ ့ကွေးနေရာ့သလား.. သို ့တည်းမဟုတ်.. ပေါက်ခဲ့တယ်ဆိုတဲ့ဗုံးက ငံပြာရည်ဗုံးများ ဖြစ်နေရော့သလား မသိ…. ဟိုလူလဲ ဗုံး၊ဒီလူလဲ ဗုံး၊တစ်ဗုံးဗုံးနဲ ့.. ကျနော်လဲ မုန် ့ဟင်းခါး ငြုပ်သီး(၃)ဇွန်းထည့်စားပြီး ချန်ပီယံဖြစ်..နေလို ့..နုံးတုံးတုံးပဲ.. အဲတာ.. သွားမကြည့်နိုင်ဘူး.. မြို ့ထဲက လူတွေရှိရင် ..ဟုတ်မဟုတ်လေး ပြောပါဦး.. လာမေးတဲ့လူတွေကို မဟုတ်ဘူးပြောရအောင်လို ့… ဒါပေမဲ့..ပေါက်တာတော့ တစ်ကယ်လို ့ထင်တယ် ပြီးတော့ မန္တလေးဘက်မှာ ဗုံးလန် ့တယ်လို ့သိရတယ်ဗျ.. ကျောက်ဝိုင်းက တလုပ်၊မြန်မာချစ်ကြည်ရေး ပွဲကလဲ […]


moethidasoeJuly 1, 20111min014
ရုတ်တရက် ကြည့်လိုက်ရင် ခြေကျိုးလို့ တောင်ဝှေးထောက်ပြီး တစ်ပေါင်ကျိုး လျှောက်လာနေတယ်လို့ ထင်ရတယ် .. သူ့ အသက်က ဘာရှိသေးလို့တုန်း .. အလွန်ဆုံး ၄၅ ပေါ့ .. “ဆရာမရေ .. ကျွန်တော် လမ်းကောင်းကောင်းလျှောက်လို့ မရတော့ဘူး .. လေးငါးဆယ်လှမ်းပဲ လှမ်းရသေးတယ် .. ခြေသလုံးထဲက ထိုးကိုက်တက်လာတာ .. တခါတည်း ထိုင်သွားတာပဲ .. ဆရာမဆီကို အခု လာတာတောင် လမ်းမှာ လေးငါးခါ နားခဲ့ရတယ် .. ကယ်ပါဦး ဆရာမရယ် ..” “ဒီလိုဖြစ်နေတာ ဘယ်လောက် ကြာပြီလဲ ” “အရင်ကတော့ တော်တော်လေး ဝေးဝေးလျှောက်မှ ဖြစ်တာ .. ခဏ နားလိုက်ရင် ဒါမှမဟုတ် ဆေးပူလေး လိမ်းလိုက်ရင် […]


panpanJuly 1, 20111min029
ဦးကြောင်ကြီး၏  mdyleaks တွင် “ရေးတဲ့မှတ်ချက်တိုင်းကို သဂျီးက အပိုပွိုင့် ၅၀၀၊ ဝင်ရောက်ဖတ်ရှုသူတိုင်းကို အပိုပွိုင့် ၁၀ဝစီ ပေးထားကြောင်း” ဦးကြောင်ကြီးကပြောပြတယ်။ အဲဒါမတွေ့ရင် သဂျီးထံ တင်ပြတောင်းခံနိုင်ပါတယ်ဆိုလို့..။ cube points မှာကြည့်တာ မတွေ့လို့ သဂျီးကို အကြောင်းကြားတာပါ။ (မဆူးကလည်းပြောပါတယ်၊ ပိုစ့်အသစ်ထောင်ပြီး ကြေညာပါတဲ့) nozomiကတော့ သူဘာမှလုပ်စရာတောင်မလိုဘဲ ပွိုင့်တိုးတယ်တဲ့ အဲဒါကျမလိုများ ဘာမှမထူးခြား၊ cube points မှာသွားကြည့်တော့လည်းမတွေ့ရသူများ ရှိပါသလား ရှိရင်ပြောကြပါလို့……. ဒီစာနဲ့ သဂျီးကိုရော၊ သဂျီး၏ ရွာသူရွာသားအပေါင်းကိုရော အကြောင်းကြားလိုက်ပါတယ်ရှင့်…. ဒူဝေဝေ…………………..    


မောင် ပေJune 30, 20111min03
ကျွန်တော် အတွေးလွန်ပြီး တင်မိတင်ရာ ရေးမိရေးရာ ` ကက၊ခခ ´ ပို ့စ်လေး ခဗျာ အားပေးမှု မရှိရှာ ။ မတတ်နိုင်ပါ ။ ကျွန်တော် လည်း သိသလောက် လေး ကို ပြန်လည် ဝေငှ လိုက်ခြင်းသာ ။  ရွာသူ ရွာသား များ အနေဖြင့် ကျွန်တော့် ကို များ တစ်မျိုး ထင်နေကြမည် လား တော့ မသိ ။ သို ့နှင့် ရွာသူ ရွာသား များ ဖတ်စရာ အဖြစ် မောင်ပေ့ တပည့် ကျော် ဆိုးပေ ကို အင်တာဗျူး ကာ ပို ့စ်တစ်ခု အဖြစ် ဖန်တီး […]


etoneJune 30, 20111min07
ကျွန်မရဲ့ မွေးရာပါဝါသနာကိုက စူးစမ်းလေ့လာချင်တာရယ်… အယုံမလွယ်တာရယ်မို့ … တနေ့ အကြောင်းကိစ္စတစ်ခုပေါ်တာနဲ့ ဗေဒင်ယတြာ အရမ်းဝါသနာကြီးသူ တယောက်အိမ်ကို ရောက်ခဲ့ပါတယ် …. ။ ရှေးယခင်မြန်မာများ ပြောဖူးကြတာ ကြားဖူးပါတယ် မွေးရာပါ ဝမ်းတွင်းစုန်းပညာဆိုတာမျိုးလေ …. ။ အထူးတလည် သင်ယူထားခြင်းမရှိပါသော်လည်း  အမေဝမ်းထဲမှာ နေစဉ်ကတည်းက တတ်လာခဲ့တာမျိုးလိုလေ… ယုံတော့မယံပေမဲ့ … အတင်းတော့ မပြောရဲပါဘူး ။ တော်ကြာ ထမိန်ခြုံလိုက်လျှင် စုန်းဖြစ်တယ်ဆိုတော့ ….. ဟုတ်မဟုတ်မသိပေမဲ့ ကြောက်တာပေါ့ … ။ ဒါနဲ့ပဲ … မှော်ဆန်ဆန်ဇာတ်လမ်းတွေ ပြောတတ်၊လုပ်တတ်တဲ့ အိမ်ရောက်တော့ ဝါသနာအတိုင်း စပ်စုတော့တယ်… ဘုရားစင်အောက်က အမွှေးတိုင်ကိုတွေ့တာနဲ့ … တမူထူးခြားနေပါတယ်… သာမန်အမွေးတိုင်မဟုတ်ပဲ သိုးမွှေးကြိုးလေးတောင်ပတ်လို့ … အရောင်လေးကလည်း ယောကီရောင်ဆိုတော့ … […]


moonpoemJune 30, 20111min030
သိပ်မကြာသေးခင်က ဦးဖက်တီး က စိတ်ဝင်စားရင် ဆက်ပြောမယ် ဆိုတဲ့ ခေါင်းစဉ်နဲ ့ အကြောင်းအရာတစ်ခုကို ရေးလိုက်ပါတယ်။ အဖြစ်အပျက် ဦးဖက်ရဲ ့မိတ်ဆွေ ဖြစ်ခဲ့တာလို ့ဆိုပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ကျွန်မကိုယ်တိုင် ဒေါသ ထွက်ခဲ့ရပြီး ရှက်လို ့ဘယ်သူ ့ကိုမှ ပြောမပြတော့ဘူး ဆိုပြီး အခု သူငယ်ချင်းတွေကို တိုးတိုးတိတ်တိတ်ရင်ဖွင့်လိုက်ရတာပါ။ မိန်းကလေး ရေးဖော်ရေးဖက်တွေ သတိထားစရာလေးတစ်ခုအနေနဲ့ပေါ့။ လွန်ခဲ့တဲ့ ၆လလောက်ကပါ။ကျွန်မနေတာက ၂၈လမ်းမှာ အပေါ်ဘလောက်ဆိုတော့ လမ်းထိပ်ထွက်တာနဲ့ စူပါဝမ်းနဲ ့ဗိုလ်ချုပ်ဈေးနား ရောက်ပါတယ်။ အဲဒီနေ ့က ကျွန်မ နဲ ့မတွေ ့တာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက် လာတာ အိမ်ရှာမတွေ ့မှာ စိုးလို ့လမ်းထိပ်ကို ညရနာရီလောက်မှာ […]


နွယ်ပင်June 30, 20111min016
မနက်မိုးလင်းလို့ မျက်စိနှလုံးပွင့်တာနဲ့ ငါဒီနေ့ ဘာတွေအမှားထပ်ပြီး အလွဲတွေလုပ်မိမှာပါလိမ့်ဆိုပြီး စိုးရိမ်မူနဲ့ အရင်စရတာပဲ .အဟုတ်ကိုပဲ နွယ်ပင်တို့ တစ်နေ့တစ်နေ့ အမှားလေးမှ မလုပ်ရင် မလွဲရရင်ကို မကျေမနပ်ဖြစ်နေတာ တနင်္ဂနွေကလဲ ကြည့်ဦး အလုပ်ပိတ်လို့ အိမ်မှာလက်စွမ်းပြပြီး ဟင်းချက်ကျွေးမယ်ဆိုပြီး လုပ်ပါတယ် အမေနဲ့ကလည်း တစ်ပတ်လုံးနေမှ ဒီတစ်ရက်လေး အေးအေးဆေးတွေ့ရတော့ ဟင်းချက်ရင်းနဲ့ အမေန့ ဲ့ စကားပေါနေတာပေါ့ အဲတာနဲ့ ဟင်းလဲ ချက်ပြီးရော ငါ့ဟင်းက တစ်မျိုးပါပဲ ဘာလိုနေပါလိ်မ့်ဆိုပြီးကြည့်လိုက်တော့ အဲ ဝက်သားဟင်းချက်တာ ဆီတည့်ဖို့မေ့နေတာလေ အဲတော့ မျက်နှာ မရ ခြေထောက်ရဆိုတာပေါ့ တစ်အိမ်လုံးက ကောင်းချည်းပေးကြတာလေ ။ တစ်ခါကလည်း အလုပ်သွားခါနီး အလုပ်ချိန်က နီးနေလို့ ဖိနပ်ကို ကမန်းကတန်းစိးပြီး ကားဂိတ်ကိုထွက်တော့ အိမ်ပေါ်က အစ်မကနေ လှမ်းခေါ်တော့ ကိုယ်ကလဲ […]


moethidasoeJune 30, 20111min037
အမျိုးသားဆရာဝန် တစ်ယောက် ပြောပြတဲ့ ဇာတ်လမ်းကို စကားပြောနဲ့ ပြန်ရေးထားတာပါ (confidential ကို ထိန်းတဲ့အနေနဲ့ အဲဒီဆရာဝန်က နာမည်၊ နေရပ်တွေ မပြောပြခဲ့ပါဘူး၊ သင်ခန်းစာ ယူစေချင်လို့ ပြောပြတာပါ၊ အခုလဲ ကျန်တဲ့လူတွေ တွေးတတ်စေချင်လို့ အားလုံး ခြုံပြီး ရေးလိုက်တာပါ) တစ်နေ့တော့ လူနာ တစ်ယောက် ရောက်လာတယ် ဆရာ .. ကျွန်တော် ဆီးအောင့်ပြီးတော့ အဖြူဆင်းနေတယ် မှန်းစမ်း .. ခင်ဗျားက ဂနိုကျနေတာဗျ .. မဖြစ်နိုင်ဘူးထင်တယ် .. ကျွန်တော့်ကောင်မလေး က သန့်တယ် ဆရာ .. ခင်ဗျားကသာ သန့်နေတယ်လို့ ဆိုတာ ခင်ဗျား အခု ထိလာပြီ မဟုတ်လား မဟုတ်သေးဘူးထင်တယ် ဆရာ .. အခုဟာက အပူအစပ် […]


etoneJune 30, 20111min016
မြန်မာလူမျိုး အများစုက အရမ်းကို အားနာတတ်တယ်လို့ ကြားခဲ့ဖူးပါတယ် … လက်တွေ့လည်း တကယ့်ကို အားနာတတ်တဲ့ လူမျိုးပါပဲ  … တိုင်းတပါးသား နိုင်ငံခြားကလူတွေနဲ့ တွေ့လျှင် အားနာလို့ ဆိုတာမျိုးနဲ့  ခံခဲ့ရပေါင်းမနည်းတော့ဘူးလေ… ။ ဒီလောက်အားနာတတ်တယ်လို့ သိထားတဲ့ ကျွန်မတို့ လူမျိုးအကြောင်း နည်းနည်းဖွပါရစေဦးနော် … ။ ဒီနေ့မနက်လည်း ထုံးစံအတိုင်း အိပ်ယာထနောက်ကျလို့ ဖယ်ရီမမှီတဲ့ ကျွန်မ ရုံးသွားဖို့ ကမ်းနားလမ်းကိုဆင်းပြီး ရွှေဧည့်သည်ကားစီးပါတယ်… ။ ကားက မကြပ်ပေမဲ့ ခုံပြည့်လူရှိနေလို့  ကားပေါ်တက်တက်ချင်း ကျွန်မနေရာမရဘူးပေါ့ … ။ နောက်တမှတ်တိုင်ကျမှ ဆင်းတဲ့လူရှိလို့ ထိုင်စရာရပါတယ်… ။နေ့တိုင်းလိုလို ဒီအချိန်က လူကြပ်သိပ်နေတဲ့ အချိန်ပါ … ဒီနေကားမကြပ်တာ ဘာလို့များပါလိမ့်တွေးရင်း ….. အရှိန်ပြင်းပြင်းစောင့်အုပ်လိုက်တဲ့ ကားကြောင့် ကျွန်မအတွေးတွေ […]


နွယ်ပင်June 29, 20111min09
မနေ့က အလုပ်တွေကလဲများ ပင်ကလဲပင်ပန်းဆိုတော့ သင်တန်းသွားရတာ တကယ်ကိုစိတ်ကမပါဘူး မတက်လို့ကလဲ မဖြစ်တော့ သွားတယ်ဆိုတဲ့အဖြစ်လေးနဲ့ သွားတော့ သင်တန်းလဲရောက်ရော အိပ်ကငိုက် စာမေးရင် တစ်လွဲဖြေနဲ့ ဟုတ်နေတာပဲ စာသင်ပေးတဲ့အစ်မက တစ်ခါမေးလိုက် နွယ်ပင်က တစ်လွဲဖြေလိုက်နဲ့ (2) ခါ (3) ခါလောက်လဲ လွဲရောအစ်မက ကဲ ဒီလိုပုံဆိုရင်တော့ မရတော့ဘူး နွယ်ပင်တစ်ယောက်တော့ အိပ်ကလဲ ငိုက် စာမေးရင်လဲ မေးတာတစ်ခြားဖြေတာ တစ်မျိုးနဲ့ ဟိုပုံပြင်ထဲကလိုဖြစ်နေပြီဆိုပြီး ပြောတော့တာပေါ့ . အဲတော့ အိပ်ငိုက်နေတဲ့ နွယ်ပင်က ပုံပြင်လဲဆိုရော ချက်ခြင်းပဲခေါင်းထောင်ပြီး အစ်မပြောပြပါဆိုပြီး ရွာထဲမှာရေးဖို့အတွက် ကုန်ကြမ်းရှာတဲ့အနေနဲ့ အတင်းပြောပြခိုင်းတာပေါ့ အဲတာနဲ့ ပုံပြင်လေးက ………….. တစ်ခါက တိုင်းပြည်ကြီး တစ်ပြည်မှာ စစ်မက်ရေးရာကို ဝါသနာပါတဲ့ ဘုရင်ကြီးတစ်ပါးရှိပါတယ် ဘုရင်ကြီးက စစ်မက်ရေးရာကို […]