Yin Nyine NwayJune 28, 20111min010
တစ်ခါက ဆေးရုံကြီး တစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီးအပြင်လောကကို ကြည့်စရာ ပြတင်းပေါက် တစ်ခုသာပါသည်။ လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လယ်ပိုင်း သူ့အဆုတ်ထဲက အရည်တွေ ပိုက်နှင့် စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့် ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်းပေါက်အနီးမှာ ရှိနေသည်။ တစ်ဖက်ခုတင်ရှိလူနာကတော့ တစ်ချိန်လုံး ပက်လက်လှန်ကာစန့်စန့်ကြီး လှဲနေရသည်။ နေ့လယ်ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေ ဘာတွေဆင့်ကာ ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် အပြင်ဘက်ဆီ၌ သူ လှမ်းမြင်ရသည့် အရာတွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။ ပြတင်းပေါက်က လှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီး တစ်ကန်ရှိသည်။ ရေကန်မှာ ဘဲတွေ ငန်းတွေရေကူးနေသည်။ […]


နွယ်ပင်June 27, 20111min010
လူတိုင်းမှာ ကိုယ်ပိုင်အတွေးနဲ့ ဆုံးဖြတ်ကိုယ်စီရှိကြပါတယ် ။ ပုံစံတူ ကိစ္စတစ်ခုကို ဖြစ်ခဲ့မယ်ဆိုရင်တောင် ကိုယ်အတွေးနဲ့ ဆုံးဖြတ်ချက်က တစ်ယောက်ဆုံးဖြတ်ချက်နဲ့ တစ်ယောက်မတူတက်ကြတာ သဘာဝပါပဲ .။ အဲတာလေးနဲ့ ပတ်သတ်ပြီး နွယ်ပင်ဖတ်ဖူးထားတဲ့ ဟာသ ပုံပြင်လေးကို ပြောပြချင်ပါတယ် ပုံပြင်လေး အစကတော့ ……………….. တစ်ခါက တိုင်းပြည်ကြီး တစ်ပြည်က ဘုရင်ကြီးတစ်ပါးမှာ အရမ်းတော်တဲ့ ပညာရှိအမတ်တွေရှိကြသတဲ့ ပညာရှိအမတ်တွေရဲ့ ဂုဏ်သတင်းဟာ အနယ်အရပ်အရပ်ကို ပျံလွင့်သွားတဲ့အတွက် အခြားတိုင်းပြည်တွေက ပညာရှိအမတ်တွေနဲ့ ပညာဖလှယ်ပွဲတွေ ပြိုင်ပွဲတွေကိုလဲ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်တဲ့ ပညာပြိုင်ပွဲတွေ လုပ်တိုင်းလဲ အဲဒီတိုင်းပြည်က ပညာရှိအမတ်တွေကသာ အနိုင်ရပါတယ် ။ တစ်နေ့မှာတော့ တရုပ်ပြည်က သံတမန်တွေရောက်ရှိလာပြီး သူတို့တိုင်းပြည်က ပညာရှိအမတ်တွေနဲ့ ပြိုင်ပွဲကလေး တစ်ခုပြုလုပ်လိုကြောင်း တကယ်လို့ အနိုင်ရခဲ့မယ်ဆိုရင် သူတို့မှာပါလာတဲ့ ကုန်ပစ္စည်းတွေအပြင် […]


Ma MaJune 26, 20111min021
ရွာက ပြန်ရောက်ပြီး ရက်တွေ လတွေ ကြာသွားတဲ့အခါ ရွာကိုလည်း မေ့မေ့ပျောက်ပျောက်၊ ဆွေမျိုးတွေကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတော့တယ်။ အလုပ်တွေကလည်း ဆောင်း နဲ့ နွေ မှာ များနေကြမို့လို့ ပင်ပန်းပြီး အိမ်ပြန်ရောက်ရင် အမေနဲ့တောင် စကားသိပ်မပြောဖြစ်ပဲ ထုံးစံအတိုင်း ထမင်းစားပြီး အိပ်ရာဝင်ဖြစ်တာတွေက များလာပါတယ်။ တစ်နေ့တော့ အိမ်ပြန်ရောက်တဲ့အခါ ရွာကဆွေမျိုးတွေ ရောက်နေတာ တွေ့ရပါတယ်။ အတော်ကြီးကို လာချင်လို့ လိုက်လာတာလို့ ပြောတဲ့ အဖွားလေးကို တွေ့လို့ ဝမ်းသာသွားတယ်။ ဦးလေးတွေ၊ အဒေါ်တွေ၊ မောင်နှမဝမ်းကွဲတွေ အာလုံးပေါင်း ၆ယောက် ဖြစ်ပါတယ်။ အရင်က သားအမိ နှစ်ယောက်တည်းမို့ နေသာတဲ့ တိုက်ခန်းလေးဟာ အမျိုးတွေရောက်လာတော့ ကျပ်ကျပ်ညှပ်ညှပ် ဖြစ်နေပါတယ်။ အမျိုးတွေမို့ အားမနာရလို့သာ တော်ပေတာပဲ။ အဖွားလေးကလည်း ပြောရှာပါတယ်။ […]


မောင် ပေJune 25, 20111min037
အချိန်ကား 2015 ၊ ကမ္ဘာအနှံ ့ခေတ်မှီ တိုးတက်လာသော နည်းစနစ်များကြောင့် ကမ္ဘာကြီးသည် ရွာကြီး အဆင့်တောင် မဟုတ်တော့ ၁ဝအိမ်တန်း သာသာ ဖြစ်လာချိန်။ လူသားတို ့သည် အနုပညာ ကို သဲသဲမဲမဲ စွဲမက် လာကြသည် ။ ကမ္ဘာပေါ ်တွင် အချမ်းသာဆုံးဆိုသူ များမှာ အနုပညာလောက သားများ ဖြစ်လာကြသည် ။ ကမ္ဘာ့အနောက်ခြမ်း အနုပညာ ယဉ်ကျေးမှု ထိန်းသိမ်းခြင်း ကို အီတလီ တွင် ရုံးစိုက်ပြီး ကမ္ဘာ ့အရှေ  ့ခြမ်း ရုံးကမူ ဂျပန်တွင် တည်ရှိလေသတည်း ။ မြန်မာနိုင်ငံ မှ အနုပညာရှင်များ သည် လည်း ကမ္ဘာတွင် နံပါတ် ၁ ပထမတန်းစား ဖြစ်နေကြသည် […]


etoneJune 24, 20111min019
  ပြီးခဲ့တဲ့ weekend က အိမ်မှာသုံးဖို့ လိုတာလေးတွေဝယ်ရအောင် ကျွန်မဈေးဝယ်ထွက်ခဲ့တယ်… ။ လိုချင်တာလေးတွေ ပြည့်ပြည့်စုံစုံဝယ်ပြီး …. မေ့လျှော့ကျန်ခဲ့လေသော ပစ္စည်းများ မရှိရအောင် ပြန်စဉ်းစားရင်း တဖြည်းဖြည်း လမ်းလျှောက်နေလေရဲ့… ။ အကျင့်ကိုက ဈေးဝယ်ရန်လိုသော ပစ္စည်းများကို စာရွက်နဲ့ မှတ်တဲ့ အလေ့အထမရှိတာကြောင့် … ဦးနှောက်ထဲပေါ်သမျှနဲ့ …မြင်သမျှကို ချိန်ကိုက်ရင်း…..  ။ လျှပ်တပြတ်ကျွန်မ သတိရလိုက်ပါတယ်… ဆပ်ပြာခရမ်ကုန်နေပြီဆိုတာကိုပေါ့ … ။ ဆပ်ပြာတန်းဘက်ကို သွားပြ ီး ဘယ်ဆပ်ပြာခရမ်သုံးလျှင် ကောင်းမလဲ တွေးပါတယ်…ဝယ်နေကြအမျိုးစားက ရိုးသွားပြီထင်လို့ ကျွန်မနောက်တမျိုးစားသုံးလျှင်ကောင်းမလားတွေးရင်း ဆပ်ပြာခရမ် တံဆိပ်တွေ ကိုလိုက်ကြည့်ပါတယ်….. ။ ဆိုဒ်တွေနဲ့ တံဆိပ်တွေက အစုံပေါ့ … ။ နာမည်ကြီး တံဆိပ်တွေရော … အသစ်ထွက်တဲ့ […]


etoneJune 22, 20111min016
  အကြွေ ရှားပါးမှူ ပြသနာဟာ တနေ ့ တခြား ဆိုးရွားလာခြင်းနှင့် အတူ အောက်ခြေလူတန်းစား များရဲ့  စီးပွားရေးလည်း မသိမသာမှ သိသိသာသာ ထိခိုက်လာခဲ့တယ် … ။ အကြွေရှားပါးမှူကြောင့် အစားထိုး ပစ္စည်းတွေကို အသုံးပြုပြီး လဲလှယ်လာတာတွေ့ရတယ် ။ တနေ့လုပ်မှ တနေ့စားရတဲ့ အခြေခံအလုပ်သမား မိသားစုများအတွက်ကတော့ အခက်ခဲဖြစ်ကြရတာပေါ့ … ။ စပယ်ယာက စလို့ စူပါမားကတ်တွေ အထိ အကြွေ ပြသနာ ရှိနေခဲ့တာ အတော်ကြာပါပြီ ။ အခုထိလည်း အကြွေအခက်ခဲ ရှိစဲပါ … နောက်ဘယ်လောက်ကြာကြာထိ ဒီလို ပြသနာရှိနေဦးမလဲ မသိပေမဲ့ အတော်ဆိုးရွားတဲ့ အစားထိုးပစ္စည်း လဲလှယ်မှူပြသနာကလည်း နေ့စဉ်နီးပါး ကြုံတွေ့ နေကြရတာပဲ … ။ […]


နွယ်ပင်June 22, 20111min016
နွယ်ပင် တက်နေကျသင်တန်းက စာသင်ပေးတဲ့ အစ်မပြောတဲ့ ပုံပြင်လေးကို သဘောကျလို့ ရွာသူ/ ရွာသားတွေကိုလဲ ပြောပြချင်လာတယ် ပုံပြင်လေးက ………… ပညာရှိလုပ်မလားတဲ့ တစ်ခါက ရွာကြီး တစ်ရွာမှာ ပညာရှိကြီးတစ်ယောက် ရှိပါတယ်တဲ့ အဲဒီပညာရှိကြီးက စကားကိုလဲ သိပ်မပြောပဲ လိုအပ်မှာသာပြောတက်တဲ့သူပါ ပညာရှိကြီးဆီကို အဲ့ရွာက လူတွေတင်မကဘူး တစ်ခြားရွာကလူတွေကပါ အကြံဉာဏ်တွေတောင်းတက်ကြပါတယ် နောက်ပညာရှိကြီးက ရှေ့ဖြစ်နောက်ဖြစ်တွေကိုလဲ ဟောပါသတဲ့ ။ တစ်နေ့တော့ ရွာထံက ကောင်လေး (3) ယောက်က စာမေးပွဲဖြေပြီးလို့ ပြန်လာတော့ ပညာရှိကြီးဆီမှာ စာမေးပွဲအောင်မအောင်ကိုလာမေးကြတာပေါ့် ။ သူတို့ကို ပညာရှိကြီးက ဘာစကားမှမပြောပဲ လက်ညှိုးတစ်ချောင်းပဲ ထောင်ပြပါတယ်တဲ့ ဒါနဲ့ကောင်လေးတွေလဲ ပညာရှိကြီးဘာကိုဆိုလိုချင်မှန်းမသိပဲ ပြန်လာခဲ့ကြတာပေါ့ ဒါပေမဲ့ စာမေးပွဲအောင်စာရင်းလဲထွက်ရော ပညာရှိကြီးပြောချင်တာကို သူတို့ သဘောပေါက်သွားကြတယ် အဲတာကတော့ သူတို့ထဲက […]


သူရႆဝါJune 21, 20119min01
  (၁) နှင်းဖြူ မြူခိုးတွေ ဖွဲဖွဲဝေဝေ ကြွေတဲ့ ကာလ။ လွမ်းမောစရာ ကောင်းတဲ့ မနက်ခင်း တစ်ခု မှာပဲ ကောင်လေးဟာ သူ့အတွက် “နှင်းမှုန်အိပ်မက်လေး” လို့ နောင်တစ်ချိန် နာမည် ပေးထား မိမယ့် နှင်းဖြူ နတ်သမီး လေးကို ဝိုးဝိုးဝါးဝါး နှင်းပြောက်တွေ ကြားမှာ စတွေ့ ခဲ့တယ်။ မြင်မြင်ရာ မှုန်မှိုင်း စိုစွတ်ပြီး ချမ်းစိမ့်စိမ့် တိုက်ခတ်တဲ့ ဟူးဟူးရားရား လေညင်းတွေ ကြားမှာ ကောင်မလေးဟာ နှင်းမှုန် တွေနဲ့ အပြိုင် ပျိုပျိုရှားရှားလေး သိပ်ကို လှပ နေခဲ့တယ်။ အလင်း မပွင့် သေးတဲ့ ဆောင်းနံနက်ခင်းရယ်၊ ကောင်မလေးရယ်၊ သူ့ကိုယ်ပေါ်က အားကစား ထရက်စု ဝတ်စုံလေး ရယ်ဟာ ကောင်လေး […]


etoneJune 21, 20111min018
အလုပ်ရှင် နဲ့ အလုပ်သမား ကြားထဲမှာ အမြဲလိုလို ပြသနာရှိနေတတ်ပါတယ် … အသေးအဖွဲ ကိစ္စမှစပြီး ကြီးကြီးမားမား ပြသနာ အထိပါ ။ အလုပ်ရှင်ကတော့ မိမိလုပ်ငန်း အကျိုးမြတ်များများနဲ့ ပိုမိုဖြစ်ထွန်းအောင် လည်ပတ်စေချင်တယ် … အမြတ်ငွေများများ လက်ကျန်ရှိစေချင်တယ် … လုပ်ငန်းတွေ အောင်အောင်မြင်မြင်တိုးချဲ့ ချင်တယ်….။ ဒါမှလည်း သူ့ အတွက် ကိုက်မှာကိုး ။ အလုပ်ရှင်တိုင်းက ငွေပင် ငွေရင်းနဲ့ ချမ်းသာတဲ့ မျိုးရိုးက လာတာမဟုတ်ပါဘူး … ။ တချို့ အလုပ်ရှင်တွေဆို အလုပ်သမား ဘဝက နေ အဆင့်ဆင့်ဖြတ်သန်းပြီး ဘဝအကျိုးပေးကောင်းချိန်နဲ့ ကြိုးစားအားထုတ်မှူ ထပ်တူကျတဲ့ အချိန်မှာ အလုပ်ရှင်ဖြစ်လာတာပါ … ။ အဲ့ဒီလို လူမျိုးဟာ အလုပ်သမား ဘဝလည်း […]


မန်းလေးကို ပြန်ရောက်လို့ မန်းလေး နဲ့ ဆိုင်တဲ့ပုံလေး ရွေးပြီးတော့ တင်လိုက်ပါတယ်။ ကိုယ့်မြို့ကို ပြန်လာတာ တခဲနက် ကြိုဆိုကြလို့ ဘယ်လို ရှောင်ရမှန်းမသိအောင်ကို ဖြစ်သွားတယ်။ ကားပေါ်က မဆင်းခင်တည်းက ကားဘေးမှာလာပြီး လက်နှစ်ဖတ် ရှေ့တန်းပြပါတယ်။ အဲဒီ အဓိပါယ်က တော့ ဆိုင်ကယ် ဖြစ်ပါတယ်။ ကားပေါ်က ဆင်းမလို့ ကားတံခါးလဲ ဖွင့် ရော ကားပေါ် ပြေးမတက်လာရုံတမယ်ဘဲ ။ အောက်မှာ လာကြိုတဲ့ ပရိသတ် နဲ့ မူးမေ့လောက်ပါတယ်။ ကိုယ့်ကိုကိုယ် စတိတ်စဉ်ပေါ် ရောက်သွားလားလို့ တောင် ထင်ရလောက်တယ်။ အဲဒီမှာ ကားဂိတ်က ဂိတ်ဝတ်စုံ ဝတ်ထားတဲ့ တစ်ယောက် က ပြေးဝင်လာပြီး လမ်းကြောင်းရှင်းပေးရပါတယ်။ အဲတော့ မှ ဘဲ ကားပေါ်က ဆင်းဖို့ […]


etoneJune 20, 20111min051
တနေ့ ကျွန်မအလုပ်တွေ ရှုပ်နေတုန်း … အီတလီက အလုပ်ပါတနာတယောက် ဂျီတော့ကနေ ပါဆယ်နယ် အင်ဖော်မေးရှင်းပေးပါတယ်… ။ သူ့ရဲ့ စာကြောင်းများကို ဖတ်ပြီး ကျွန်မ တော်တော် အံ့အားသင့်သွားပါတယ်… ။ သူကလေးယူတော့မယ်လို့ ရှင်းရှင်းလင်းလင်း ရေးထားတာပါ… … ။ သူ့မှာ အိမ်ထောင်မရှိပေမဲ့ တွဲနေတဲ့ လူပဲ ရှိတာပါ … ။ ကျွန်မလည်း သိချင်စိတ်နဲ့ … အိမ်ထောင်မပြုပဲ ကလေးမွေးမှာလားလို့ တဲ့ပဲ မေးလိုက် မိပါတယ်… ။ သူကလည်း အေးဆေးစွာပဲ … ဟုတ်တယ်တဲ့ … ကလေးတစ်ယောက်လောက် အရင်မွေးပြီးမှ အိမ်ထောင်ပြုမှာပါတဲ့လေ… ။ သိချင်စိတ်နဲ့ ထပ်မေးလိုက်ပါတယ်… ။ နင်တို့ဆီမှာ အိမ်ထောင်မပြုပဲ ကလေးမွေးလျှင် သူများတွေ မကဲ့ရဲ့ဘူးလား […]


KingJune 19, 20117min04
ဘာရယ်လို့တော့ မဟုတ်ပါဘူး မရေးတာကြာလို့ ခေါင်းရှုပ်နေတာလဲပါ တာပေါ့ ဘာရေးရမှန်းမသိတာလည်း ပါချင်ပါမှာပေါ့ … ငါရေးလိုက်တာ မတော်မတည့်ဆိုရင် အထုခံရမှာလဲ ကြောက်ရသေး ရွာထဲမှာက လူသစ်တွေများလာတော့ နည်းနည်းတော့ရှိန်တာကလည်းတစ်ကြောင်း … အကြောင်းအမျိုးမျိုးနဲ့ စဉ်းစားရင်း စဉ်းစားရင်း ပေါက်ကရလုပ်ဖို့ကပဲ ခေါင်းထဲ ထွက်လာတော့ ပေါက်ကရပဲ အရင်လုပ်လိုက်တယ်… အော်ပြောရအုန်းမယ်ဗျ အမှန်အကန်ကတော့ ပြီးမှ နောက်တစ်ခု ဆက်တင်လိုက်အုန်းမယ်…. နှစ်ခုတင်ဖို့ ခွင့်ပြုထားတာဆိုတော့လေ … ကဲ မပြောမပြီး မတည်မမြည် ဆိုသလို ကဲ ပေါက်ကရ ဇာတ်လမ်း စလိုက်ပါပြီဗျ …. မူရင်းကို ကြည့်ချင်ရင်တော့ … http://www.facebook.com/photo.php?fbid=234728576541242&set=a.234726136541486.75967.100000123042722&type=1&theater Wai Yan ငါ့ညီမသည်သာ အလှဆုံး (မှတ်ချက် မုန့်ဝယ်ကျွေးရန်အလို့ငှာ)  June 13 at 10:42am […]


နွယ်ပင်June 17, 20111min013
တစ်နေ့ တစ်နေ့ လူတွေလဲ အလုပ်သွားအလုပ်ပြန် ကားစီးရတဲ့ ဒုက္ခက တကယ်ကို မလွတ်ကြပါလား ဒီလိုင်းကားတိုးစီးရဲ့ ဒုက္ခက ကို်ယ်တွေအတွက် ဘယ်လောက်ကြာကြာ ထမင်းစားရေသောက် ဘဝကိုမဖြစ်နိုင်တာသူများတွေကတော့ပြောတော့ လိုင်းကားတိုးစီးရတာ ကြာတော့ ဘယ်လိုမှကိုမနေတော့တာတဲ့ ။ လူကြပ်ရင် ကားတန်းကိုတောင်ကိုင်စရာမလိုဘူး လူတွေကြားထဲမှာ အလိုက်သင့်လေး လိုက်ပြီးနေလိုက်ယုံပဲတဲ့ ကားချောင်တဲ့ နေ့မျိုးဆိုရင်တော့ ကံကောင်းတဲ့နေ့ဆိုပြီး တွေးချင်ရာေလေးတွေးပြီး စီးဖြစ်တယ်ဆိုပဲ … နွယ်ပင်တို့များကြားတော့လဲ နေ့တိုင်းလိုင်းကားက တိုးစီးနေရတာပါပဲ တစ်ဆင့်တောင်မဟုတ်ဘူး နှစ်ဆင့် ဒါတောင် အသားကမကျချင်ဘူးတကယ် မနက်မနက် အလုပ်သွားဖို့ကို (အလုပ်နဲ့အိမ်နဲ့က ပြောရလောက်အောင်ဝေးတာမဟုတ်ဘူး) ကားစီးဖို့အတွက် အိမ်ကနေ တစ်နာရီလောက်ကြိုထွက်မှတန်ကာကြတယ် တကယ်တမ်းသာကားရရင် စီးရမှာအချိန်က (15) မိနစ်ရယ် ကားကိုစောင့်နေရတာက နာရီဝက်လောက်ကြာတယ် တစ်ခါတစ်လေများ 5 မိနစ်လောက် အိမ်ကထွက်တာ မနောက်ကျနဲ့ ဘယ်တော့မှအချိန်မမှန်တဲ့ […]