moethidasoeJuly 11, 20111min014
ပြောရင် ယုံကြမှာတောင် မဟုတ်ဘူး .. ဒီအဖြစ်အပျက်က ရန်ကုန်မြို့မှာတင် ဖြစ်တာ အဲဒီမိသားစုက ရပ်ကွက်တွေ တဲပေါ်မှ တိုက်ပေါ်သို့ စီမံကိန်း မလုပ်ခင်တုန်းက ဒီရပ်ကွက်ထဲကပဲ .. သူတို့ရဲ့မိသားစု ဆရာဝန်လဲ ဖြစ်ခဲ့ရတယ် ..  အဲဒီမိသားစု ထဲ မှာ ဆရာဝန်ကို ကြောက်တတ်တာ ယောက်ျားဖြစ်သူပဲ .. ကျန်တဲ့ မိန်းမ .. ကလေးတွေ အခြား မိသားစုဝင်တွေ တယောက်မှ မကြောက်တတ်ဘူး .. သူ ဘာ ကြောက် သလဲ ဆိုတော့ အနာဖြစ်ရင် ဆေးထည့်မှာ အကြောက်ဆုံး .. စပ်မှာကြောက်တယ် .. နာမှာ ကြောက်တယ် .. ရပ်ကွက် ဖျက်တော့ တခြား ပြောင်းသွားတော့ ဆေးခန်းနဲ့ နည်းနည်း […]


manawphyulayJuly 10, 20111min03
လူတွေကို ပိုပြီး စိတ်ချမ်းသာစေခြင်းသည် ပိုက်ဆံလား ဒါမှမဟုတ် ပျော်ပျော်နေတတ်သော မိတ်ဆွေများနှင့် ကိုယ့်ရဲ့အနီးဝန်းကျင်မှ လူတွေလား။ ပျော်ပျော်နေတတ်သော မိတ်ဆွေများရှိခြင်းကြောင့် ကိုယ်တိုင်ကလည်း ပျော်ရွှင်ရကြောင်း လေ့လာမှုအသစ်တွင် တွေ့ရှိရပါတယ်။ အနေအနီးအဝေးပေါ်မူတည်ပြီး မိတ်ဆွေများအကြား အပျော်သက်ရောက်ပုံကလည်း ကွာပါတယ်။ ဥပမာ တစ်မိုင်ခန့်အကွာတွင် မိတ်ဆွေတစ်ယောက်နေလျှင် ပျော်ရွှင်မှု ၂ဝ ရာခိုင်နှုန်းရနိုင်ပြီး ကပ်လျက်တွင် ပျော်ပျော်နေတတ်သော သူတစ်ယောက်ရှိလျှင် အပျော် ၃၄ ရာခိုင်နှုန်းလောက် ရသည်လို့ဆိုပါတယ်။ ထိုမိတ်ဆွေများကြောင့် ရရှိသော ပျော်ရွှင်မှုသည်လည်း တစ်နှစ်ခန့် တာရှည်သည်ဟု ဆိုထားကြပြန်ပါတယ်။ သင်လည်း သင့်အနီးမှ ပျော်ရွှင်မှုပေးနိုင်သော/ပေးနေသော မိတ်ဆွေသူငယ်ချင်းများကို အမြဲသတိရ/အမှတ်ရနေမယ်လို့ ထင်ပါတယ်နော်။ လူတိုင်း ဝန်းကျင်မှ မိတ်ဆွေအပေါင်းအသင်းများကို ပျော်ရွှင်မှုဝေမျှနေကြမယ်ဆိုရင် အားလုံးသည် ပျော်ရွှင်မှုများနဲ့ အသက်ရှင်နေသူများ ဖြစ်ပါလိမ့်မည်။ သင်လည်း ဘေးပတ်ဝန်းကျင်မှ မိတ်ဆွေသူငယ်ချင်းများနဲ့ […]


မောင် ပေJuly 9, 20111min01
ဒီတစ်ပါတ်တော့ မောင်ပေ တစ်ယောက်  စိတ်တော်တော် ထွေပြားနေမိတယ် ။ မောင်ပေ တစ်ယောက် ဆရာသုမောင် ကို အားကျ ပြီး ဂေဇက်ထဲ မှာ ကွမ်းပို ့စ် လို ့ခေါင်းစဉ်တပ် ပြီး စာရေးတယ် ။ ကွမ်း လို ့နာမည် ထဲ မှာ ထည့်ရေးထားသလို ပဲ ကျွန်တော့်ပို့ စ် ဟာ လည်း ဖတ်တဲ့သူ တွေ အရည်ရ အဖတ်ရ ချင် မှ  ရမယ် ။ ဒါပေမယ့်  ကိုယ် သိထားတဲ့ ဟာလေး တွေ ကို ပြန်ဖောက်သည် ချ တယ်လို ့ သဘောထားပါတယ် ။ ဂေဇက်မှာ ပို ့စ် […]


မနေ့က သူတို့ သူငယ်ချင်းတွေ လူဝတ်ကြောင်ကနေ ကိုရင်ကြီး စီးလိုက်ကြသည်။ ကတုံးကလေးတွေနှင့် သင်္ကန်းရုံထားလိုက်တော့  ရုပ်ကလေးတွေက ကြည်လင်နေသည်။ ဒီကနေ့တော့ သိမ်ဝင်ရမည်။ ဒါမှလည်း ပဉ္ဖင်းဖြစ်မည်။ သိမ်ထွက်သည့်အခါ မိမိတို့နေအိမ်ကိုယ်ဆီမှာ သိမ်ထွက်လာလောင်းကြမည်ဟု သိရတော့ အားလုံးကကိုယ်ဆီ ပျော်နေကြသည်။ သူတို့ သူငယ်ချင်း ခြောက်ယောက် တစ်ပြိုင်တည်း သင်္ကန်းစီးချင်တယ်ဟုပြောတော့ မိဘတွေက ကြည်ကြည်ဖြုူဖြူုပင် လိုက်လျောကြပါသည်။ “ကောင်းတာပေါ့ ကောင်းတာလုပ်တာပဲ ခွင့်ပြုရမှာပေါ့”ဆိုပြီး မိဘတွေကိုယ်ဆီက ပြေးဟယ် လွှားဟယ်နှင့် စီစဉ်လိုက်ကြတာများ နှစ်ရက်တာမကြာလိုက်။ ဒီနေ့တော့ မကြာလိုက်သော အချိန်ကလေးမှာ ပဉ္ဖင်းတွေဖြစ်ပြီ၊။ ဒါတောင် သူတို့ သူငယ်ချင်းတွေ အပြောအဆိုက လူသံမပျောက်သေး။ စကားပြောလျှင် တစ်ယောက်နှင့်တစ်ယောက် ဟေ့ကောင်ဖြစ်လိုက် မင်းဖြစ်လိုက် ငါဖြစ်လိုက်နှင့် ပြောလိုက်ကြ။ ရယ်လိုက်ကြ။ တစ်ယောက်နှင့်တစ်ယောက် အခေါ်အပြောကလည်း အရေးပါနေသည်။ […]


weiweiJuly 8, 20111min020
“နင်တစ်ယောက်ထဲ ပေးချင်တာမဟုတ်ဘူး ငါလည်းပဲ ပေးချင်ပါသေးတယ်” … လို့ ဝေဝေတစ်ယောက် အသံကျယ်ကျယ်နဲ့ မင်းမင်းကို အော်လိုက်ပါတယ် …. ဝေဝေတစ်ယောက် မင်းမင်းအိမ်မှာ ဧည့်သည်သွားလုပ်နေတာ ရက်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက် စိတ်သဘောထားချင်းမတိုက်ဆိုင်ဖြစ်လာပါတော့တယ်။ ဖြစ်ပုံကဒီလို … မင်းမင်းက နိုင်ငံခြားမှာ ပညာသင်နေတဲ့မြန်မာကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဝေဝေက တခြားတစ်မြို့မှာနေပြီး အလုပ်နားရက်မှာ မင်းမင်းရှိရာ မြို့ကို သွားလည်တဲ့အချိန်ပေါ့။ နိုင်ငံခြားဆိုတာက မြန်မာပြည်လိုမဟုတ်ဘူး။ အားလုံးချွေချွေတာတာနဲ့နေနေရတာဆိုတော့ ဝေဝေက အားနာတာပေါ့။ ပိတ်ရက်တွေကို တစ်ယောက်စီအထီးကျန်ပြီးကုန်ဆုံးမယ့်အစား နှစ်ယောက်အတူတူလျှောက်လည်ကြ၊ ချက်ပြုတ်စားသောက်ကြ၊ ရုပ်ရှင်ကြည့်ကြ၊ ရန်ဖြစ်ကြနဲ့ အချိန်ဖြုန်းရအောင် စီစဉ်ထားခဲ့ကြတာ …. သူတို့နှစ်ယောက်က ရန်ကုန်မှာကထဲက သူငယ်ချင်းတွေဖြစ်ကြပေမယ့် အတူတူ မနေခဲ့ဘူးလို့ တစ်ယောက်အကြောင်းတစ်ယောက် အသေးစိတ်မသိခဲ့ကြဘူး။ ပထမနေ့ လေဆိပ်မှာ စကြိုတာကနေ စတွေ့တော့တာပဲ။ တက်စီကားခကို မင်းမင်းကဇွတ်အတင်းပေးပါတယ်။ […]


etoneJuly 8, 20111min039
မိန်းမဆိုတဲ့ အမျိုးက အနေထိုင် ၊ အသွားအလာက စလို့ … စကားပြော ၊ ရယ်မောလျှင်တောင် အပြောမလွတ်တာမို့ … အစစအရာရာ ထိန်းသိမ်းရပြန်တယ် … ။ ဆီလို အပေါက်ရှာ ပြောချင်နေတဲ့ ပတ်ဝန်းကျင်ကြားမှာ … အပြောမတတ်လျှင် ဆဲသလို ၊ အထိုင်မတတ်လျှင် ဖြဲသလို ဖြစ်တာမို့ နေရာဒေသနဲ့ အချိန်ကို လိုက်ပြီး ထိန်းထိန်းသိမ်းသိမ်းနေရပြန်တယ် …. ။ လက်လှုပ်လက် ၊ ခြေလှုပ်ခြေ ပြောနေတဲ့ ကြားမှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးပြောပြီး ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ပါဘူး ခံယူထားတဲ့ ဂျစ်ကန်ကန် ကျွန်မလည်း နေရထိုင်ရ စိတ်ကျဉ်းကြပ်လှပါရဲ့ …. ။   အရင်ခေတ်တွေကလို မိန်းကလေးဆို အိမ်တွင်းမှာပဲ နေစေပြီး …ပညာစုံသင့်ခွင့်မရပဲ […]


moethidasoeJuly 8, 20111min024
ဒီနေ့ ထိခိုက်ရှနာ လူနာတွေ များလှတယ် .. ဟော ရောက်လာပြန်ပြီ “ဆရာမရေ .. ဒီကလေးကို အရင်ကြည့်ပေးပါဦး” မျက်နှာ ဘယ်ဘက်အခြမ်းရယ် .. ဘယ်ဘက်လက်မောင်းရယ် .. ဘယ်ဘက် ပေါင်ရယ် စုတ်ပြတ်ဒဏ်ရာတွေ ဗလပွနဲ့ ဆယ်ကျော်သက်ရွယ် ကလေးတစ်ယောက် ကို နောက်တော်ပါ အခြံအရံအပြည့်နဲ့ ဝင်လာပါတယ် “ဘယ်လိုဖြစ်ရတာလဲ” “ခွေးကိုက်ခံရလို့ ဆရာမရေ့” ခွေးကိုက်ခံရပြီဆိုရင် တချို့က ခွေးရူးပြန် ကာကွယ်ဆေး တခါတည်း ထိုးခိုင်းကြတယ် .. တချို့က ခွေးကို စောင့်ကြည့်ပြီးမှ ထိုးခိုင်းကြတယ် .. စောင့်ကြည့်နိုင်ဖို့တော့ လိုတာပေါ့ .. ကျမကတော့ .. လူနာပေါ် လိုက်ပြီး အကြံပေးရတာပေါ့ .. အဆင်ပြေသလို လုပ်လို့ ရအောင်ပေါ့ .. ခွေးရူး […]


ဂ်စ္စူJuly 8, 20111min017
အရင်က MG ဝင်လိုက်ရင် အနက်ရောက် Background နဲ ့အရင် ပေါ်လာတယ်..ပြီးမှ…အဖြူပြန်ဖြစ်တယ်…ဒီနေ ့တော့ အနက်ရောက် မပေါ်တော့ပဲ..ဒီအောက်ကလိုပေါ်လာ သဗျ.. “ငါမကောင်းရင် ငါ့ကိုရေး၊ငါ့မိဖုရားမကောင်းရင် ငါ့မိဖုရားကိုရေး၊ငါ့သားသမီးမကောင်းရင် ငါ့သားသမီးတွေကိုရေး၊မင်းတို ့သတင်းစာတိုက်၌ အပြစ်မရှိစေရ၊နန်းတော်တွင်းသို ့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ” မင်းတုန်းမင်းတရားကြီး(၁၈၅၃-၁၈၇၈)မှ ရတနာပုံနေပြည်တော် သတင်းစာ (Mandalay gazette) သို ့ပြောကြားလိုက်သော စကား ခါတိုင်း မတွေ ့မိပါဘူး..ခုမှ mandalaygazette ဝင်လိုက်ရင် အဲသလိုဖတ်မိတာဆိုတော့..ကြည့်ရတာသူကြီးက ရွာသားတွေကို မသိမသာ ဆုံးမထားတာများလား..ဟင်..မကောင်းတာတွေ ့မိရင် မည်သူမဆို လွတ်လပ်စွာလာရောက်ရေးသားနိုင်တဲ့အကြောင်း ပြောတာဖြစ်ရမယ်။သူကြီးမကောင်းရင် သူကြီးကိုရေး..ကျနော်မကောင်းရင် လဲ သူကြီးကိုရေး..အဲ………အဲ..မရေးနဲ ့..ကျနော့်ကိုရေး..ဦးကြောင်ကြီး..မကောင်းရင် ဦးကြောင်ကြီးကိုရေး….ကိုပုတို ့ ကိုဘီလူးတို ့မကောင်းရင်လဲ..မကောင်းဘူးရေး..အင်း…မကောင်းတာတွေ ့တိုင်းလဲ လျှောက်ရေးမနေကြနဲ ့ဦး..သူကြီး […]


မောင် ပေJuly 7, 20111min012
ပြောမယ့်သာ ပြောရသာဗျ အများက  “ကျွဲ”  လို ့ဖတ်နေကြတဲ့ “ ဤ ”  ကို ဝင်ပြောချင်တာ ဆိုတော့ နဲနဲတော့ လန် ့တာပေါ့နော် ။ ဒါပေမယ့် လဲ ဘာဖြစ်ဖြစ် အနည်းဆုံး ဖတ်စရာ တစ်ခု တော့  ဖြစ်တန် ကောင်း ပါ ရဲ  ့လေ ဆိုပြီး ရေးမယ်ဗျာ ။ ဒီလိုဗျ တစ်ရက် က ကျုပ် ရွာထဲ မှာ တစ်ပို ့စ်ချင်း စီ ဖတ်နေတုန်း ၊ ချာတိတ် တစ်ယောက် က အံ့ဩတကြီး ပြောလာတယ် ။  “ ကိုပေ လည်း ဒီဆိုက် ထဲ မှာ ဝင်ထားတာလား […]


ရယ်တော့ရယ်ရ၏။ဘာကြောင့်မှန်းမသိ။ သူ့ကို ကိုယ်က နားမလည်။ သူက ကိုယ့်ကိုနားမလည်။ ခက်တော့ခက်ချေပြီ။ဘာလုပ်ရမှန်းမသိသော သူနဲ့ကိုယ် ဘာတွေလွဲနေပါလိမ့်။ ဆူညံပေါက်ကွဲနေသော ပတ်ဝန်းကျင်မှာ သူက ဘာတွေပြောမှန်း ကိုယ်မသိသလို ကိုယ်ကလည်း အတွေးတွေလွင့်မြော်ချင်တိုင်းလွင့်မြောလို့စိတ်တွေက ဦးတည်ရာမဲ့နေပြန်ရော။ သူသည်လူတွေ ဘာတွေပြောနေသည်။ဘာတွေလုပ်နေကြသည်ကိုသာ စိတ်ဝင်စားစွာနှင့် လေ့လာမိနေသည်။ တကယ်တော့ လူတွေက ကိုယ့်အကြောင်းနှင့်ကိုယ် အလုပ်ရှုပ်နေသည်သာ။ သူကသာ နေမထိထိုင်မသာ အားနေသော အချိန်တွေကြောင့် တွေးမိတွေးရာတွေးနေမိတာဖြစ်သည်။ စားဝတ်နေရေးကြောင့် တိုးတက်လို တိုးတက်ညား ရန်ကုန်မြို့ကြီးကို ခြေဆန့်ခဲ့မိသည်။ သူက ရန်ကုန်ကိုလာပြီး တိုးတက်ရေးရှာသည်။ ရန်ကုန်က လူတွေက နယ်တွေကို ဆင်းပြီး စားဝတ်နေရေး ပြဿနာကိုဖြေရှင်းကြသည်။ အံ့ဩဖို့ကောင်းလေစွ။ ရန်ကုန်ဆိုတာ တိုးတက်စည်ကားသည့်နေရာ။ သို့ပါသော်လည်း ရန်ကုန်ကနေ နယ်မြို့တွေကိုဆင်းပြီး အလုပ်ရှာနေကြသည် လူတွေကိုကြည့်မိတော့ ရန်ကုန်က အလုပ်ရှားသလား။ အလုပ်ပေါသလားလို့မေးကြည့်ပြန်တော့ […]


ဆူးJuly 5, 20111min021
သန်လျင်သွားတော့ အလှူ အတန်းတွေနဲ့ ပျော်ရွင်ဖွယ် အမှတ်တရလေးတွေ အများကြီး ရှိခဲ့ပါတယ်။ရှေးနှစ်ပေါင်းများစွာ က တည်ဆောက်ထားတဲ့ တပါးကျောင်း တွေ တွေ့တယ်။ ခုနစ် ထိုးထားတာကတော့ ၁၉၀၉ ဆိုပြီး တွေ့မိတယ်။ ရှေးဟောင်းဆန်တဲ့ ဗိသုကာတွေ သရဲကား ရိုက်မယ်ဆိုရင် ထိတ်လန့်စရာ ဇတ်ကား ရိုက်နိုင်မယ် ထင်တယ်။ စိမ်းစိမ်းစိုစိုနဲ့ သစ်ဝါး ရိပ်တွေ နဲ့ တောလမ်း ခရီးကြမ်း ဇတ်လမ်းထဲမှာ ပါနေကျ ပုံစံတွေ မြင်ခဲ့တယ်။ သန်လျင် ဂိုက်ကတော့ အတော်ကို တော်ပါတယ်။ နောက်နေ့မှာ မှော်ဘီ အလှူသွားဖို့ ရှိတယ် ဆိုပြီး ပြောကြရင်းနဲ့ ကားကြုံတာနဲ့ မဝေ ကို မှော်ဘီ အလည်ခေါ်ခဲ့တယ်။ သန်လျင်နဲ့ မတူညီတာကတော့ မှော်ဘီ သွားတဲ့ လမ်းက […]


etoneJuly 5, 20111min030
ဒီနေ့ မေးလ်ထဲကို ဝင်လာတဲ့ subject လေးတခုကြောင့် ကျွန်မစိတ်တွေ လှုပ်ရှားသွားခဲ့ရပါတယ်… ။ သုံးလေးနှစ်မက ကျွန်မဆက်မကြိုးစားတော့ဘူးလို့ …. ဆုံးဖြတ်ထားတဲ့ ကိစ္စအကြောင်းပါပဲ … ။ လိပ်ပြာလွှင့်ခြင်းအကြောင်းလေးပါ … ။ ကျွန်မ ကျောင်းပြီးလို့ အားနေတဲ့ အချိန်တုန်းက စာအုပ်တချို့တလေ ဖတ်ဖူးပါတယ်… ။ အပြောနဲ့တင် မယုံပဲ လက်တွေ့ စူးစမ်းချင်တဲ့ စိတ် ဓါတ်ခံရှိသူမို့ … လိပ်ပြာလွှင့်ခြင်းနဲ့ ပတ်သတ်တဲ့ စာအုပ် ၊ ဆောင်းပါး ၊ မြန်မာဘာသာနဲ့ရော … အင်္ဂလိပ်ဘာသာနဲ့ပါ ဖတ်မိတဲ့ အခါ … အရမ်းကို စိတ်ဝင်စားနေခဲ့တာပေါ့ … ။ မသိစိတ်နဲ့ နေရာမျိုးစုံကိုသွားနိုင်တယ်လို့ ဖော်ပြထားပြီး … ကိုယ်တိုင်လည်း ကျင့်ကြံလျှင် ရပါတယ်တဲ့ […]


    လူအများ မျက်စိရှုပ်လောက်အောင် သွားလာလှုပ်ရှားနေကြသည်။ အေးအေးဆေးဆေး သွားလာသူများရှိသလို၊ အရေးတကြီးသွားလာနေကြသူများလည်း အများအပြား။ လူတိုင်းကိုယ်ဆီ အလုပ်ရှုပ်နေကြသည်ဆိုသော်လည်း သူ့ခမျာမှာတော့ လမ်းဘေး ပလက်ဖောင်းပေါ်တွင် မိုးတိုးမတ်တပ်ရပ်လျှက် ရှုပ်ယှက်ခတ်နေသော မြင်ကွင်းကို ခေါင်းများ မူးလောက်အောင် ရပ်ကြည့်နေမိ၏။   သူ ထိုနေရာမှ ခြေတစ်လှမ်းမျှမရွေ့ချင်။ ဘတ်စ်ကားပေါ်ကနေ ဆင်းကတည်းက သူထိုနေရာတွင် ရပ်နေမိသည်မှာ နာရီဝက် ကျော်ကျော်လောက်တော့ ရှိရော့မည်။ သူ ကြောက်နေသည်။   အမှန်မှာ ဘာမှ မဖြစ်လောက်သော အကြောက်တရား ဟုပြောလျှင်ရသည်။ အဘယ့်ကြောင့် ကြောက်နေရသနည်း။ သူကြောက်နေသည်မှာ ကားစီးရမှာကိုဖြစ်သည်။   ရန်ကုန်လို မြို့ကြီးမှာ ဘတ်စ်ကားမှမစီးလျှင်လည်း  ကိုယ့်ကိုကိုယ် မွဲဆေးဖော်နေသည့်နှယ်ရှိမည်။ ဘတ်စ်ကားပေါ်တွင် ညှပ်ကျပ်စွာဖြင့် အသက်ရှူရ ကျပ်လောက်အောင် ပိတ်မိခဲ့သဖြင့် သူကားစီးရမည်ကို […]