အာရေဘီယန် ကွမ်းပို ့စ်

မောင် ပေJuly 9, 20111min01

ဒီတစ်ပါတ်တော့ မောင်ပေ တစ်ယောက်  စိတ်တော်တော် ထွေပြားနေမိတယ် ။ မောင်ပေ တစ်ယောက် ဆရာသုမောင် ကို အားကျ ပြီး ဂေဇက်ထဲ မှာ ကွမ်းပို ့စ် လို ့ခေါင်းစဉ်တပ် ပြီး စာရေးတယ် ။ ကွမ်း လို ့နာမည် ထဲ မှာ ထည့်ရေးထားသလို ပဲ ကျွန်တော့်ပို့ စ် ဟာ လည်း ဖတ်တဲ့သူ တွေ အရည်ရ အဖတ်ရ ချင် မှ  ရမယ် ။ ဒါပေမယ့်  ကိုယ် သိထားတဲ့ ဟာလေး တွေ ကို ပြန်ဖောက်သည် ချ တယ်လို ့ သဘောထားပါတယ် ။ ဂေဇက်မှာ ပို ့စ် စတင် ကတဲ က ပြန်ပြီး edit မလုပ်ခဲ့ဖူးပါ ။ ကိုယ် ပထမ ဆုံး တိုက်ပင်း ပြီး ရင် တစ်ချက် ပြန်စစ် ပြီး categories ရွေး ပြီး publish လုပ် လိုက်တာပါပဲ ။ ဘယ်လို သဘောထား သလဲ ဆိုရင် မီးပုံပျံ တစ်လုံး လွှတ်လိုက်သလို ပါပဲ ။ မီးပုံပျံ လွှတ်တော့မယ် ဆိုရင် မှိုင်းဝ အောင် အောက်ကနေ ပေးပြီးမှ လေထု ထဲ ကို လွှတ်တင်လိုက်သလို ပါပဲ ။ ပို ့စ်တစ်ခု တင်ပြီ ဆိုရင် လဲ ကိုယ်ရေးတဲ့ အကြောင်းအရာ နဲ ့ပတ်သက်ပြီး တတ်နိုင်သမျှ စုံစုံလင်လင်လေး ဖြစ်အောင်ရေး ပြီး ရင်တမမ နဲ ့တင်လိုက်ရတာပါပဲ ။ ကိုယ်လွှတ်လိုက်တဲ့ မီးပုံပျံ ဟာ အပေါ ်ရောက်သွားရင် ပြန်ပြင်လို ့မရတော့ သလို ။ ရွာထဲ ကို တင်လိုက်တဲ့ ပို ့စ် ကို လည်း ပြန်မပြင်ခဲ့ပါဘူး ။ ထားပါဗျာ ။ မနေ ့က အသိ ဦးလေး တစ်ယောက် နဲ ့ ထမင်းစား ရင်း ၊ သူ ပြောပြတဲ့ အာရေဘီယန် စကား လေးခွန်း ကို တော်တော် သဘောကျမိတယ် ။ အင်းဂလိ လို ပါ ။ သူ က ကျွန်တော့် ကို ဘာသာပြန်ကြည့် ပါတဲ့ ။ မောင်ပေ လည်း တတ်သလောက် မူးစုပဲစု လေး နဲ ့ဘာသာပြန်ကြည့်တော့ တစ်လွဲ ။ ဒါနဲ ့အဖြေပေးပါတော့ ဆိုတော့ မှ သိရတာ က အခု လက်ရှိ ဖြစ်နေကြတဲ့ ရပ်တည်နေကြတဲ့ လူတွေ ရဲ  ့စရိုက်ကလေး ကို တိုတို နဲ ့ဖော်ပြထားတယ် လို ့ခံစားမိသွားတယ် ဗျာ ။  ဒါနဲ ့ရွာသူ ရွာသား များကို လည်း ကျွန်တော် သိသလို မျိုးလေး ပြန်သိစေချင်လို ့ကွမ်းပို ့စ် လို ့ခေါင်းစဉ်တပ်ပြီး တင်လိုက်ပါတယ် ။ သိရှိပြီးသား သူ များအနေနဲ ့လည်း တစ်ခါပြန်ဖတ်တယ်လို ့သဘောထားပေးပါ  ဗျာ ။  ဒီလိုဗျ……

He who knows not and knows not he knows not . ( he is fool,shun him )

He who knows not  and knows he knows not . ( he is simple,help him )

He who knows and knows not he knows . ( he is sleeping,wake him)

He who knows and knows he knows. ( he is wise man,follow him )

တဲ့ ။ ဘာသာပြန်ရမှာ ပျင်းတဲ့ ရွာသူရွာသား များအတွက် တစ်ခါတည်း ဘာသာပြန်ပေးလိုက်ပါတယ် ။

၁။ ။ သူ ဟာ ဘာမှ မသိမတတ် နားမလည် ဘူး ။ ဒါပေမယ့် သူ ဟာ ဘာမှ မသိမတတ် နားမလည် ဘူး ဆိုတာကို လည်း သူ ့ကိုယ်သူ မသိဘူး ။ သူ ဟာ အရူး ပဲ ၊ ရှောင်ရမယ် ။

၂။ ။ သူ ကတော့ ဘာမှ မသိဘူး မတတ်နားမလည်ဘူး ။ ဒါပေမယ့် သူ ့ကိုယ်သူ မသိကြောင်း မတတ်ကြောင်း နားမလည်ကြောင်း ကို တော့ သူ ့ဘာသာ သူ သိတယ် ။ သူ ဟာ လူရိုးပါ ၊ သူ ့ကို ကူညီပါ ။

၃။ ။ သူ က တော့ သိတယ် တတ်တယ် နားလည်တယ် ။ ဒါပေမယ့် သူ သိတယ် တတ်တယ် နားလည်တယ် ဆိုတာ သူ ့ကိုသူ မသိဘူး ။ သူ ဟာ အိပ်နေတဲ့ သူ ပဲ ၊ သူ ့ကို နှိုးလိုက်ပါ တဲ့ ။ ( ဥပမာ ဆိုရင် ဆရာဝန် ဖြစ်ပေမယ့် ဆရာဝန် လုပ်မစား တဲ့ သူတွေ နဲ ့များ တူနေမလား မသိဘူး ။ ဒါက ကျွန်တော့် အထင်သက်သက် ပါနော် )

၄။ ။ သူ က တော့ သိတယ် တတ်တယ် နားလည်တယ် ။ သူ ့ကို သူ သိမှန်း တတ်မှန်း နားလည်မှန်း လည်း သူ ့ကိုယ်သူ သိတယ် ။ ဒီလူ ကတော့ ပညာရှိပဲ ။ သူ ့နားမှ နေ သူ နဲ ့အတူ အလုပ်လုပ် ပါ တဲ့ ။

စကားလေး က တော့ ဒါပဲ ဗျာ ။ ရွာသူ ရွာသားများလည်း ကိုယ့်ကိုကိုယ် ဘယ်ထဲ မှာ ပါ သလဲ ဆိုတာ အပေါ ်က စာလေးတွေ နဲ ့ကိုက်ရင် ကိုက်ကြည့် ကြပေါ့ဗျာ ။ တစ်ခုခုတော့ အဖြေထွက်မှာပါ ။ အဲ သဘောကျ လို ့တစ်ဆင့်ပြန် ကော်ပီလုပ် ပေ့စ်လုပ်ပြီး ပြန်ဖြန် ့ခဲ့မယ် ဆိုရင် windtalker ဆိုတာလေး ကို ပါ ထည့် ပေးခဲ့မယ်ဆိုရင် အတိုင်းအထက် အလွန် ပေါ့နော် ။ အားလုံး ကို ကျေးဇူးတင် ပါတယ် ။

One comment

  • ဆူး

    July 9, 2011 at 9:59 pm

    ကိုယ်ဘာလုပ်လို့ လုပ်ရမယ်ဆိုတာ သိတဲ့ လူဖြစ်တာ အကောင်းဆုံးပေါ့ကွယ်..
    ကွမ်း ဆိုတာ ယောကျားတွေ အစားများတယ်။ ကွမ်းပိုစ်လို့ နာမည်ပေးလိုက်ရင်တော့ အမျိုးသားထု တခုလုံး နီးပါးကို ဆိုလို သလိုတောင် ဖြစ်နေရော့လားကွယ်။ အဲဒီထဲမှာ ရှေးဆန်တဲ့ အဘွားကြီးတွေလည်း ပါချင်ပါမှာပေါ့..
    ကွမ်း ပိုစ် အကြောင်းနားလည် သွားတော့ ဒီပိုစ်တွေက ကိုယ်နဲ့ မဆိုင်ဘူးလားလို့ တွေးမိလာတယ်။

    Reply

Leave a Reply

Your email address will not be published.