Khaing KhaingMarch 8, 20121min027
အခု ပြောမယ့် အိမ်ကြီးကတော့ ရန်ကုန်မြို့ လယ်ခေါင်မှာ ရှိတယ်ဆိုရင် အံ့ဩစရာတေ့ာဖြစ်မယ်မထင်ပါ… ဒီအိမ်ကြီးအကြောင်းပြောချင်တာကြာပြီ ဒါပေမယ့် အခုတစ်လော ရွာထဲမှာ သရဲအကြောင်းပို့စ်တွေ အတင်များတယ်ပြောမှာစိုးလို့ ခဏလေး စောင့်နေတာပါ…ပြောရမယ်ဆို ဘဘကြီး ဦးမျိုးအောင်ကနေစခဲ့တာပါ…. ဘဘကြီးက နယ်တကာလှည့် တရားဟောတဲ့ ဓမ္မကထိကကြီးပါ တရားဟောရင်းနဲ့ ဘုရားတွေအဆူဆူအလှူခံရရှိခဲ့သလို ငွေသပြာတွေလည်း ရရှိခဲ့ပါတယ်…. ဘဘကြီးရရှိခဲ့တဲ့ ဘုရားတစ်ဆူအကြောင်းပြောပြချင်နေမိတယ်… အဲဘုရားကို ကျွန်မ တို့ကအခုချိန်ထိ ဆေးဘုရားလို့ပဲခေါ်ပါတယ်….ဆေးဘုရားမှာ ဘီလူးရုပ်ထု (4) ရုပ်ရယ် အလယ်မှာ မြတ်စွာဘုရားက ပလ္လင်ထက်မှာ စံပယ်နေပါတယ်….ဘီလူးရုပ်ထု (4) ရုပ်မှ 2ရုပ်က ပင့်ဆောင်လာစဉ်ကတည်းက ဦးခေါင်းတွေမပါလာခဲ့ဘူး….ဆေးဘုရားကို တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်သန်းပင့်ဆောင်လာခဲ့စဉ် တစ်နေ့သောညနေမှာ မိုးချုပ်သွားသည့်အတွက် ရွာတွေမရောက်ခင် တောထဲမှာပဲ စခန်းချတည်းခိုဖြစ်ခဲ့ကြတယ်…. ရှေးခေတ်အခါက အခုခေတ်လို ကားလမ်းတွေမပေါက်ရောက်ဘူးလေ ကုန်းတတန်ရေတတန် […]


မြသဲ ( 17082011 )March 7, 20121min05
ငရဲသို့လူတယောက်ရောက်လာသည်။ ငရဲမင်းကထိုသူအားပြစ်ဒဏ်မကျခံခင် ရွေးချယ်ခွင့်တခုပေးလေသည်။ ထိုမှာအခြားမဟုတ်။ ငရဲကျခံရန်နိုင်ငံအားရွေးချယ် ခွင့်ပေးခြင်းဖြစ်သည်။ သို့ဖြင့်ငရဲသားတစ်ယောက် ကိုနိုင်ငံအလိုက်ငရဲများနှင့် ထိုငရဲများ၏ပြစ်ဒဏ်စီရင်ပုံများ ကိုလိုက်ပြခိုင်းသည်။ ထိုလူလဲအမေရိကန်၊ ဗြိတိန်၊ ဂျပန်အစ ရှိသောကြမ်းတမ်း၍ဝေဒနာများဖြင့်ပြည့်နှက်နေသောပြစ်ဒဏ်စီရင်ပုံများ ကိုတွေ့ပြီးကြောက်လန့်နေလေသည်။ ထို့နောက်မြန်မာ့ငရဲသို့ရောက် လာလေသည်။ ထိုလူငယ် သည်မြန်မာ့ငရဲခန်းရှေ့တွင် လူအများအပြားတန်းစီ လျက်ပြစ်ဒဏ်ကျခံရန်စောင့်နေသည် ကိုတွေ့ရလေသောအခါ သူ့အားလိုက်ပြသော ငရဲသားအား အဘယ့်ကြောင့်နည်း ဟုမေးလေသည်။ မြန်မာ့ငရဲတွင်တရားစီရင်ပုံ ( ၃ ) မျိုးဖြစ်လေသည်။ ထို ( ၃ ) မျိုးမှာ ၁ ။ လျှပ်စစ်ထိုင်ခုံဖြင့်နှိပ်စက်ခြင်းကိုခံရခြင်း။ ၂ ။ ကြာပွတ်ဖြင့်ရိုက်နှက်ခြင်းကိုခံရခြင်း။ ၃ ။ သစ်သားပြားပေါ်တွက်သံများစွာကိုရိုက်ထား၍ ပြစ်ဒဏ်ကျခံရသူကို သံချွန်များဖက်တွင်တက်အိပ်ခိုင်းခြင်း တို့ဖြစ်သည်။ ငရဲသားလဲအဆိုပါလူကိုရှင်းပြလေသည်။ ၁ ။ မြန်မာ့ငရဲတွင် လျှပ်စစ်ထိုင်ခုံဖြင့်နှိပ်စက်သော်လည်း အချိန်ပြည့်နီးနီးမီးမလာသောကြောင့်သက်သာခြင်း။ ၂ […]


alinsettMarch 7, 20121min07
(ကိုယ့် အကြောင်း….) ဘာအကြောင်းမှ မရှိပါဘဲ……… ကြယ်တွေ ကြွေကျ လို ့ ကာရန်မဲ့ လိပ်ပြာတွေလည်း….. တဝုန်းဝုန်း လဲပြိုကျရင်း……သေ အဲဒီနေ ့ဟာ ဘီလူးလို လူရဲ ့သွေးကို ဖောက်ပစ်တဲ့နေ့ပါ။ ။ (ညင်သာ ရက်စက်စွာ…..ပေါ့) ဘာရယ်လို့ မဟုတ်ပါဘဲ…… မနက်ဖြန်တွေ ဟာ…ခလုပ်တိုက် ကုန်ပြီ။ ဘာရယ်လို့ မဟုတ်ပါဘဲ……….. ပင်လယ် တစ်စင်း…မီး ထ လောင်တယ်။ ဘာရယ်လို ့…………………….. ထားပါတော့……………………. ငါ့ နှလုံးသား ထဲက ထွက်လာတဲ့ ဘီလုူးရစ်သမ် ကို တိတ်ဆိတ်စေဖို့ ဆိုရင် မင်းရဲ့ မျက်ရည် အစစ်… တစ်စက်လောက် တော့………လိုပါတယ်။ အလင်းဆက် __________________________________ (အလွမ်းတေး…..) ကျပျောက်ခဲ့ဖူးတဲ့ စာရွက်ဖြူလေးပါ…… ….. ပြန်တွေ […]


kaiMarch 7, 20121min08
Philadelphia စမ်းသပ်ချက် (အပိုင်း- ၃) ကျွန်မကို အဖိုးက ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို အမြဲတမ်း ပေးလေ့ရှိပါတယ်။ ကျွန်မရဲ့ ပရောဂျက်ကို အကောင်းဆုံး စတင်နိုင်ဖို့ ဘာတွေ လုပ်သင့်တယ်ဆိုတာ သူက ရှင်းပြပေးပါတယ်။ “ အဲလစ်။ မင်းသတိထားဖို့က မင်းရဲ့ အထက်တန်းကျောင်းက ဆရာတွေဟာ သချင်္ာနဲ့ ပတ်သက်လာရင် မင်းလောက် အဆင့်မြင့်မြင့် မသင်ထားဖူးဘူး ဆိုတာပဲ။ မင်းရဲ့ ပရောဂျက်ကို ရှင်းလင်းတင်ပြတဲ့အခါ ကလေးတွေကို ရှင်းပြသလို သီအိုရီသဘောတရားတွေကိုပါ ရှင်းပြဖို့ လိုလိမ့်မယ်။ အိုင်းစတိုင်းရဲ့ Unified Field Theory ကနေ စပြီး ရှင်းပြဖို့ လိုလိမ့်မယ်” “ ဘယ်ကနေ စရမလဲ” ကျွန်မ ချက်ချင်း ပြန်မေးလိုက်ပါတယ်။ ကျွန်မရဲ့ ပရောဂျက်ထဲမှာ အဖိုး […]


Ko out of...March 7, 20121min00
လူတိုင်းဟာ နေ့စဉ်ဆုံးဖြတ်ချက် အမျိုးမျိုးချရပါတယ်.အထူးသဖြင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးဆိုရင် အတိမ်းအစောင်း မခံဖို့လိုအပ်တယ်… ဆရာသမားတွေဆီက နာယူမှတ်သားဖူးခဲ့ရတဲ့ သင်ခန်းစာလေးတခုကို မျှဝေပေးပါရစေ.. တခါက မြွေသားအမိ နှစ်ကောင်ရှိတယ်.. သူ့ရဲ့မိခင်က သူ့သားလေးမြွေကို ယခုလိုဆုံးမလိုက်တယ်… သားရေ အပြင်ကိုသွားရင် မေမေကို ပြောပြရမယ်နော်။ နောက်တခု ဘာဘဲစားစား ချက်ချင်းမစားရဘူးနော် ဆိုတဲ့ ဆုံးမစကား နှစ်ခွန်းကို သူ့သားဖြစ်တဲ့ မြွေကလေးကို အဆုံးအမ ပေးလိုက်တယ်… တနေ့တော့ သူ့သားမြွေလေးက .. သတိမရဘဲ ရုတ်တရက် အပြင်ကိုထွက်လည် လိုက်တယ်။ ထိုအချိန်မှာဘဲ… မြွေအလပါယ်ဆရာနဲ့ တွေ့ပြီး အဖမ်းခံလိုက်ရတယ်။ သူကိုဖမ်းပြီး ထောင်ချောက်ထဲ ထဲ့ထားလိုက်တယ်။ ထိုသို့ထဲ့ထားပြီး နှစ်ရက်သုံးရက်လောက် အစားမကျွေးဘဲ လွတ်ထားလိုက်တယ်။ မြွေကလေးကတော့ အပြင်လည်းထွက်လို့မရ၊ အစာလည်းဆာဆိုတော့ စိတ်ဓါတ်ကျပြီးငိုင်နေသတဲ့.. ဒီလိုနဲ့ သုံးရက်ပြီးတော့ […]


alinsettMarch 4, 20121min014
( ၁ ) လူမျိုးတစ်မျိုး၏ အမူ အကျင့်နှင့်..ယဉ်ကျေးမှုသည်…ခေတ်ကို လိုက်၍ ပြောင်းလဲ.သွားသင့်ပါသလား…?? ပြောင်းလဲ.သင့်သည်..ဟု..ထင်မြင်လျှင်…ဘယ်လိုပြောင်းလဲသင့်သလဲ….ဟု ထပ်မေးစရာ ရှိပါသည် ။ အတိတ်ဆီမှ အမူအကျင့် ၊ ဓလေ့ စရိုက် များ သည်…မမှန်ကန်ဘူး…၊ မသင့်တော်ဘူး..ဆိုလျှင် ပိုကောင်းသော..၊ ပို၍ ခေတ်နှင့်လျော်ညီသော…အမူအကျင့် ဓလေ ့စရိုက်များဖြင့်..အစားထိုးပြောင်းလဲ..မည်ပေါ့လေ…။ အကယ်၍……….အတိတ်ဆီမှ အမူအကျင့်ဟောင်း..၊ဓလေုစရိုက်နှင့် ယဉ်ကျေးမှု အဟောင်းများသည်… သဘာဝကျကျ ဖြစ်နေလျှင်..၊ သင့်လျော် မှန်ကန်နေလျှင်..၊ အမှား တစ်စုံတစ်ရာ မရှိလျှင်..တော့…… ခေတ်သစ်..၊ ခေတ်ပေါ်..အမူအကျင့် ၊ ဓလေ့စရိုက်များဖြင့်…အစားမထိုးသင့်..ဟု..ကျွန်တော် ခံစားမိပါသည် ။ ယဉ်ကျေးမှု အစဉ်အလာ ကြီးမား ခမ်းနာ ခဲ ့သော …မြန်မာ များအနေဖြင့် စဉ်းစား တွေးတော့ စရာမျာ..ရှိလာပါပြီ။ ကျွန်တော်တို ့နိုင်ငံသည်…သဘာဝတရားက […]


alinsettMarch 2, 20123min08
ကျွန်တော်ချစ်သော..ပုံကလေးများ…. ________________________________ ________________________________ __________________________________ ___________________________________ ___________________________________ ____________________________________ ____________________________________ ______________________________________ ______________________________________ _____________________________________ ______________________________________ _______________________________________ ______________________________________________ ______________________________________________ အလင်းဆက် တစ်ယောက်..လိုင်းပြောင်းသွားပြီလို ့ ထင်ကုန်ကြမှာ စိုး လို ့..ပြောရပါဦးမယ် ။ ကျွန်တော် …လိုင်းမပြောင်းသေးပါဘူးနော် ။ ကျွန်တော်က မော်ဒန်ကဗျာ ၊ ဝတ္ထုတို နဲ ့…စာပေ ဝေဖန်ရေး ဆောင်းပါးတွေ.. ၊ အတွေး ခံစားမှု ဆောင်းပါး နဲ ့.။ ထူးခြားသော အယူအဆ တင်ပြမှု များကို ပြန်လည် တင်ပြ ခြင်း များ…လုပ် နေချင်တဲ ့ စာရူးပေရူးလေးပါ။ အခု… ပုံတွေ..ပဲ..တင်ပြ ဖြစ်နေတာကတော့.. ကျွန်တော် […]


ကျွန်ုပ် ငအံနှင့် မောင်ခိုင်မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြလေသည်။ ကျွန်ုပ်တို့မှာ ငယ်စဉ် ကလေးဘဝ နှပ်ချေးတွဲလောင်း ကတည်းက အတူတူ ကစားခဲ့ကြသူများ ဖြစ်၏။ အရပ်စကားနှင့် ပြောရပါလျှင် ဂေါ်လီရိုက်ဖက်၊ ညော့ကွင်းထုဖက် ဟူ၍ ဆိုရပေမည်။ ကျွန်ုပ်တို့ စာသင် အရွယ် ရောက်သောအခါတွင်လည်း ဘုန်းတော်ကြီး ဦးအိပ် ထံတွင် အတူတကွ စာပေ သင်ကြားခဲ့လေသည်။ မောင်ခိုင်မှာ အလွန် ခေါင်းမာသူ တစ်ဦး ဖြစ်သည့်အပြင်၊ အငြင်းသန်သူ တစ်ဦးလည်း ဖြစ်လေသည်။ ၎င်းသည် ၎င်းခံယူထားသော အယူအဆဘက်မှ ရပ်တည်၍ မနိုင်နိုင်အောင် ငြင်းဆိုတတ်သဖြင့် ၎င်းအား ကျွန်ုပ်အပါအဝင် ဦးအိပ် ကျောင်းမှ ကျောင်းသားများက ငငြင်း ဟူ၍ အမည်ပြောင် ခေါ်တွင် ခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် ဤသို့ […]


သတိ သရဲခြောက်နေသည် … ဗြဲ   မနေ့ကပေါ့ …. ။ ကျနော် အံစာတုံး အလုပ်ကနေ အိမ်အပြန်ခရီးမှာ ငေးမိငေးရာ၊ တွေးမိတွေးရာ တွေးရင်းငေးရင်းနဲ့ ပြန်လာခဲ့တယ်။ လမ်းခုလတ် အရောက်မှာ သောက်စည်းကမ်းမရှိတဲ့ လူတစ်ယောက်ကောင်းမှုကြောင့် လမ်းပေါ်မှာ ပက်လက်လန်နေတဲ့ ငှက်ပျောခွံကို ကျနော့် ခြေထောက်က မျက်စိမှောက်ပြီး တက်နင်းမိပါလေရော … ။ ငှက်ပျောခွံပေါ် နင်းမိရာက အစပြုလို့ ကျနော် ချော်လဲကျခဲ့တယ်။ ဒီထက်ဆိုးတာကတော့ နောက်စေ့နဲ့ ကတ္တရာလမ်းနဲ့ မိတ်ဆက်ပြီး တစ်ခေါင်းလုံး မှောင်မိုက်သွားခဲ့တာပါပဲ … ။ ကျနော် အရာရာကို ထင်ထင်ရှားရှား ပြန်မြင်လာတဲ့အချိန်မှာတော့ အင်တာနက်ဆိုင် တစ်ခုရဲ့ ရှေ့မှာ ရောက်နေပြီ။ အဲဒီဆိုင်က ကျနော် သုံးနေကျ အင်တာနက်ဆိုင်။ အိတ်ကပ်ထဲ ငုံ့ကြည့်လိုက်တော့ […]


Diamond KeyFebruary 23, 20122min039
        သူ့ကို ကျွန်တော်တို့ မျှော်နေကြတယ်။ သူ့ကို သတိရနေကြတယ်။ သူ …………. ဘယ်ဆီကို ရောက်နေပြီလဲ။ **********************************           သူရှိနေခဲ့စဉ်တုန်းကဆိုရင် မနက်ခင်းတိုင်းမှာ အိပ်ရာက ထတယ်ဆိုတာနဲ့ သူ့အိမ်လေးကို သန့်ရှင်းရေးလုပ်တယ်။ ကျွန်တော်တို့လာရင်ကြွေးဖို့ စားစရာတွေ ပြင်ထားပေးတယ်၊ ပြီးတော့ ကျွန်တော်တို့တွေ အလာကို မျှော်နေတတ်တယ်။ ကျွန်တော်တို့တွေ သူ့အိမ်ကို ရောက်လာပြီ ဆိုရင် ကျွန်တော်တို့က သူကြွေးတာတွေ အားမနာတမ်း တဝစားကြတယ်။ သူ့အိမ်မှာ ဆူညံနေအောင် စကားတွေဖေါင်ဖွဲ့ကြတယ်။ သီချင်းတွေ ဆိုကြတယ်။ ဆော့ကြတယ်။ သူကတော့ ကျွန်တော်တို့တွေနဲ့ မလှမ်းမကမ်းမှာ ကော်ဖီခွက်လေး တစ်ခွက်၊ ဂျာနယ်လေးတစ်စောင်နဲ့ စာဖတ်နေတတ်တယ်။ တစ်ခါတရံမှာ ကင်မရာ တစ်လုံးနဲ့ ကျွန်တော်တို့တွေကို ဓါတ်ပုံတွေ ရိုက်တယ်။ *********************************** ကျွန်တော်ငယ်ငယ်တုန်းကတည်းက သူ့ကို […]


koyin sithuFebruary 22, 20121min011
ဖဲထုတ်၏ မူလအစ၌ ဖဲချပ်ပေါင်း ခုနှစ်ဆယ့်ရှစ်ချပ်ပါလေ၏။ ထို ဖဲခုနှစ်ဆယ့်ရှစ်ချပ်တွင် မေဂျာဟု ခေါ်သော ဖဲချပ်ပေါင်း နှစ်ဆယ့်နှစ်ချပ်နှင့် မိုင်နာဟုဟုခေါ်သော ဖဲချပ်ပေါင်း ငါးဆယ့်ခြောက်ချပ် ပေါင်းစပ်ထားခြင်းပင် ဖြစ်၏။ မေဂျာ ဖဲချပ်နှစ်ဆယ့်နှစ်ချပ်မှာ ရုပ်ပုံကားချပ်များဖြစ်၏။ ထိုရုပ်ပုံများမှာလည်း မှော်ဆရာပုံ၊ ဘုရင်မပုံ၊ လူပျံတော်ပုံ၊ စစ်ရထားပုံ၊ အရူးပုံ စသည်ဖြင့် နှစ်ဆယ့်နှစ်မျိုးသော ပုံတို့ဖြင့် ပြီး၏။ မိုင်နာဖဲချပ် ငါးဆယ့်ခြောက်ချပ်မှာမူ အုစုအားဖြင့် လေးစုခွဲထား၏။ ထိုအုပ်စုလေးစုမှာ တုတ်အုပ်စု၊ ဓားအုပ်စု၊ ခွက်အုပ်စု၊ ကြယ်အုပ်စုဟူ၍ ဖြစ်၏။ တုတ်အုပ်စုတွင်လည်း တုတ်တစ်ချောင်း၊ တုတ်နှစ်ချောင်း၊ တုတ်သုံးချောင်းမှစ၍ တုတ်ဆယ်ချောင်းပါဝင်ပြီး တုတ်ဆယ်ချောင်း၏ အထက်တွင်မူ တုတ်မင်းစေဟူ၍ ရှိ၏။ ထိုတုတ်မင်းစေကို အင်္ဂလိပ်ဘာသာအား ဖြင့် (Paga of Wands ) ဟူ၍ခေါ်၏။ […]


alinsettFebruary 21, 20121min08
______________________________________________________ မျက်လုံးမှ ထွက်သော အခိုးအငွေ ့များကို ထုတ်ပိုး ၍ မရောင်းချရ ။ အစွယ်ပါသော လက်ချောင်းများမှ ထိန်းမနိုင် သိမ်းမရ ထွက်ကျလာသော.. စကားလုံးများကို အမည်တစ်ခုခု တပ်၍ မရောင်းရ ။ ထို နှစ်ချက်ကို မလိုက်နာ နိုင်လျှင် အနုပညာသမား..မလုပ်ရ ။ သို ့သော်…လှိုင်းများ..လှေများ ကြားမှာ မျောချင်ရာ..မျော နေရသော ဘဝမျိုးကို သင် ကြိုက် မှာ မဟုတ်ပါ ။ သင် မကြိုက်သော..ထို ဘဝ မျိုးကို ပင် ကျွန်တော်က ကြိုက်နေပါသည် ။ ကြိုက် လွန်း၍ ခက်.နေသောကြောင့် အငိုက် မိ လျက်သား….-××××××××××××××××××××××××××× ×××××× ××××× ××××××× ×××××××× ××××××××××××× […]


အန်တီပဒုမ္မာနဲ့ အိတုန်းတို့ရဲ့ စာကိုဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်ကိုယ်တွေ့ အိမ်သာနဲ့ပတ်သက်တဲ့ စွန့်စားခန်းကြီးတစ်ခုကို သတိရပြီး အိမ်သာအကြောင်းဓာတ်ကျနေတဲ့ သူငယ်ချင်းတွေအတွက် အမှတ်တရ ရေးလိုက်မိပါတယ်… Base on True Story ပေါ့နော်… ကျွန်တော် (၁၀)တန်းအောင်ပြီးလို့ မျက်စိလည်လမ်းမှားပြီး GTI ကိုတက်တဲ့အချိန်… ကျွန်တော့သူငယ်ချင်းတွေအများကြီးထဲမှာ ကျွန်တော့ကို ညီအစ်ကိုအရင်းလိုချစ်တဲ့ ပလောင်လူမျိုးသူငယ်ချင်း တစ်ယောက်ရှိပါတယ်… နယ်ကနေပြီး ကျောင်းလာတက်တဲ့သူဖြစ်တဲ့အတွက် ငွေရေးကြေးရေးအခက်အခဲရော၊ ပေါင်းသင်းဆက်ဆံရေး၊ သွားရေးလာရေးအခက်အခဲပါရှိတဲ့သူ့ကို ကျွန်တော်ကသွားလေရာခေါ်သွား…သူငယ်ချင်းအပေါင်းအသင်းများ လာအောင်… အစစအရာရာကူညီခဲ့လို့ သူကလဲကျွန်တော့်ကို ညီအစ်ကိုအရင်းအလားချစ်ခင်ပြီး တပူးပူးတတွဲ တွဲပေါ့… ကျောင်းမှာ သေသေဝပ်ဝပ်နဲ့ စာကြိုးစားတဲ့အထဲမှာသူပါပေမယ့်…စာထက်စိတ်ဝင်စားတာကို အလေးပေးတတ် တဲ့ကျွန်တော့်ကို သူစကားသံဝဲဝဲနဲ့ ဆုံးမဖို့ကြိုးစားတာလဲ အကြိမ်ပေါင်းမနဲပေါ့… အဲဒီလို ဆုံးမမှုကို မနာခံတဲ့ကျွန်တော်က စာမေးပွဲကျပြီး ကျောင်းထွက်လိုက်ရပေမယ့်…သူကတော့ သူတတ်တဲ့ ပညာနဲ့သူ့ရွာကို ပြန်ပြီးအလုပ်ကျွေးပြုစုနေလေရဲ့…ရွာနီးချုပ်စပ်က ဆိုင်ကယ်တွေပြင်ပြီးပေါ့လေ… […]