Khaing KhaingFebruary 20, 20121min08
အခုတစ်လော အလုပ်မလုပ်ချင်တော့တဲ့ စိတ်တွေက အရမ်းကိုဖြစ်နေတယ် ဖြစ်ရအောင်လည်း အကြောင်းအရင်းတွေကများတယ်လေ ကိုယ်တွေကုမ်ပဏီကသူများတွေလို မြန်မာပြည်မှာ သူဌေးက ထိုင်တာမဟုတ်ဘူး ဒီမှာက Local reapတွေပဲခန့်ထားတာ သူများအလုပ်တွေက new year တရုတ်နှစ်ကူး မြန်မာသင်္ကြန် သီတင်းကျွတ်ဆိုမုန့်ဖိုးတွေရ bonusတွေရ ခရီးတွေသွားရနဲ့ စိတ်အပန်းပြေတာပေ့ါ ကိုယ့်အလုပ်ကျတော့ ဘာမှမရတဲ့အပြင် အလုပ်မှာခိုင်းစရာရှိရင်တော့ ကိုယ့်လက်အောက်ကလူဆိုပြီး အားမနာရှာမကျိုးခိုင်းတယ် ပေးစရာရှိတဲ့အချိန်များကျတော့ ငါကသူဌေးမဟုတ်ဘူး သူဌေးကမပေးတော့ ငါနဲ့မဆိုင်ဘူး ကိုယ်တိုင်လည်း အရှေ့ကနေ မားမားမတ်မတ် တောင်းပေးဖို့ဆိုတာဝေးလို့ လူကြီးတစ်ယောက်အနေနဲ့ သူဌေးကသူ့လက်အောက်မှာ လုပ်ပေးဖို့ခန့်ထားပေးတာကို ခိုင်းစရာရှိရင် ခိုင်းသလို ပေးတဲ့အချိန်ရောက်ရင်လည်း မိမိကို အမြဲအနီးကပ် တာဝန်ကျေအောင်လုပ်ပေးတဲ့ဝန်ထမ်းကို သူဌေးကမပေးသည့်တိုင် သူတို့က ကိုယ့်အောက်လက်ငယ်သားတွေစိတ်ချမ်းသာအောင်တော့ တစ်ခုခု စီစဉ်ပေးသင့်ပါတယ် အလုပ်တစ်ခုမှာ လူကြီးနဲ့ လက်အောက်ငယ်သားတွေဆိုတာ ကျွန်းကိုင်းမီ ကိုင်းကျွန်းမီပါ  အထက်လူကြီးတွေကလည်း […]


တောင်တစ်တောင်။ အမည်က ကျောက်တစ်လုံးတောင်။ အဲဒီတောင်မှာ ဥစ္စာစောင့်တွေ ရှိတယ်လို့ နာမည်ကြီးတယ်။ ပါးစပ်ရာဇဝင်အရ အဲဒီတောင်ထဲမှာ နောင်ပွင့်တော်မူမယ့် အရိမေတ္တယျ မြတ်စွာဘုရားရှင်ကို ကျောင်းဆောက်လှူဒါန်းဖို့အတွက် ရတနာတွေ ရှိတယ်လို့ ပြောကြတယ်။ အဲဒီတောင်က ကျွန်းတောရွာ ပိုင်နက်ထဲမှာ ရှိတယ်။ အရင်တုန်းက တောင်မှာ ဂူပေါက်ကြီးရှိပြီး ကျွန်းတောရွာက လူတွေ ပွဲလမ်းသဘင် ရှိပြီဆိုရင် လက်ဝတ်ရတနာတွေကို ဥစ္စာစောင့်တွေက ငှားပေးတယ်ဆိုပဲ။ နောက်ပိုင်း အလိုရမက်ကြီးပြီး ကတိမတည်တဲ့ လူတစ်ချို့ကြောင့် ဥစ္စာစောင့်တွေက သူတို့ရဲ့ ဂူပေါက်ကြီးကို အပြီး ပိတ်ပစ်ခဲ့ကြတယ်လို့ လူကြီးတွေရဲ့ ပါးစပ်ရာဇဝင် တွင်ခဲ့ပါတယ်။ ကျောက်တစ်လုံးတောင်နဲ့ ပတ်သက်လို့ တစ်နည်းအားဖြင့် ကျောက်တစ်လုံးတောင်က အစောင့်အရှောက်တွေ၊ ဥစ္စာစောင့်တွေနဲ့ ပတ်သက်လို့ ကျွန်းတောရွာကလူတွေ မျက်မြင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တွေကလည်း များပါတယ်။ ကျောက်တစ်လုံး […]


စေပိုင်ထွဋ်(ပုသိမ်) ရဲ့ ဝတ္ထုတိုအကြောင်းလေးဖတ်ရင်း ကွန်မင့်တွေထဲမှာ.. blackchaw says: သုံးကြောင်း ဝတ္ထု ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သော စတန့်ထွင်မှု တစ်ခုပါလို့ ပြောချင်ပါတယ်။ သုံးကြောင်းကဗျာကိုပဲ ရအောင် ရေးကြည့်ကြပါဦးဗျာ။ ဒါနဲ့ဘဲ..ကမ္ဘာ့အတိုဆုံးဝတ္ထုလို့ပြောလို့ရတဲ့ ဗိုလ်ချုပ်ရဲ့ဝတ္ထုလေးကိုသတိရသွားတယ်ဗျာ… ကျွန်တော့သဘောနဲ့ကျွန်တော်လျှောက်ပြောတာတော့မဟုတ်ဘူးနော်…နာမည်ကြီးစာရေးဆရာတစ်ဦး ဖြစ်တဲ့ ဆရာမင်းလူကပြောတာ…ကဲဖတ်ကြည့်လိုက်ရအောင်ဗျို့….   ပဲပြုပ်နှင့်နံပြား ဝတ္ထု မင်းလူ     ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာတစ်ဦးအဖြစ် ရိုးရှင်းအေးဆေးစွာ နေထိုင်သွားရန် ဆန္ဒရှိခဲ့သည်။ စာဖတ်အလွန် ဝါသနာပါသူဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘဝထဲက စာပေများရေးသားခဲ့သည်။ အယ်ဒီတာ လည်းလုပ်ဖူးသည်။ နောက်ပိုင်း နိုင်ငံ့တာဝန်တွေ များပြားသည့်ကြားကပင်စာပေများကို အချိန်လု၍ ရေးခဲ့သေးသည်။ ထိုစဉ်က လွတ်လပ်ရေးသည်သာ အရေးအကြီးဆုံးဖြစ်သောကြောင့် လက်တွေ့ချက်ချင်း တိုက်ရိုက် အကျိုးရှိစေသော ဆောင်းပါးတွေသာ အရေးများသည်။ ရသစာပေကို အလေးမပေးနိုင်ခဲ့။ ထို့ကြောင့် […]


alinsettFebruary 16, 20121min08
တာရာမင်းဝေ ကျောင်းသားအတ္ထုပ္ပတ္တိ (၁) မင်းရဲ့ ရုပ်အလောင်းဟာ ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ် အမှောင်စုန်းစုန်းမှာ အရာအားလုံး မေ့ဖျောက်ပစ် နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ် အက်ကွဲနေသောလက်များနဲ့ ဘုရားသခင်ထံ ငါတို့ဆုတောင်း မင်း.. ကောင်းရာသုဂတိလားပါစေ..လို့ ငါတို့ရဲ့ သွေးတစ်စက်ကို ထက်ဝက်ခွဲ မင်းခံတွင်းထဲ တဲတဲလေးလျှောချကြည့်ရင် နှုတ်ခမ်းသေများက ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည် ဒီ..မို..က..ရေ..စီ.. ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ် ညီလေးရယ် ရနိုင်မယ်ဆိုယင် မင်းရဲ့အရိုးတစ်မှုံကို နိဗ္ဗာန်ဘုံအထိယူပြီး ဘုရားရှင်ကို ပြကြည့်ချင်တယ်.. မင်းဟာ သူရဲကောင်းလေးဖြစ်တယ် မင်းဟာ အာဇာနည်လေးဖြစ်တယ် မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။ (၂) ရေငတ်သလို.. ငတ်ခဲ့ရတဲ့ ဗမာပြည်က “လူ့အခွင့်အရေး”ဟာ အကျဉ်းထောင်ထဲမှာ သချင်္ု ိင်းမြေမှာ တရားရုံးရဲ့ ရာဇဝတ်မှုတွေထဲမှာ.. ရှိနေတယ်.. မင်း.. စွန့်ခွာခဲ့တဲ့ […]


စေပိုင်ထွဋ်(ပုသိမ်) ရေးတဲ့ ဝတ္ထုတိုအကြောင်း ဆောင်းပါးလေးဖတ်ရတော့..ကျွန်တော်ဖတ်ဖူးတဲ့.. ဆရာမင်းလူညွှန်းဆိုထုံမွှန်းအပ်သော ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့တဲ့ ကမ္ဘာ့အတိုဆုံး ဝတ္ထုလေးကို ပြန်လည်မျှဝေချင်လာမိပြန်တယ်…ဖတ်ပီး ဖတ်ဖူးသူများ ခွင့်လွှတ်ကြပါကုန်…   ပဲပြုပ်နှင့်နံပြား ဝတ္ထု မင်းလူ     ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာတစ်ဦးအဖြစ် ရိုးရှင်းအေးဆေးစွာ နေထိုင်သွားရန် ဆန္ဒရှိခဲ့သည်။ စာဖတ်အလွန် ဝါသနာပါသူဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘဝထဲက စာပေများရေးသားခဲ့သည်။ အယ်ဒီတာ လည်းလုပ်ဖူးသည်။ နောက်ပိုင်း နိုင်ငံ့တာဝန်တွေ များပြားသည့်ကြားကပင်စာပေများကို အချိန်လု၍ ရေးခဲ့သေးသည်။ ထိုစဉ်က လွတ်လပ်ရေးသည်သာ အရေးအကြီးဆုံးဖြစ်


လင္းစက္ရာFebruary 16, 20121min03
အိမ်ရှေ့လမ်းမက အပွင့်ဝါဝါတွေ ပန်ထားတဲ့ညအဖြစ် အသွင်ပြောင်းသွားချိန် ၊ ကျွန်တော်ဟာ သူမပစ်ချထားတဲ့ချစ်ခြင်းတွေနဲ့ အစွမ်းကုန်လောင်ကျွမ်းပြနေတဲ့ ကြယ်ရူးတစ်ကောင်ဖြစ်နေခဲ့တယ်…။ စိတ်ဖြစ်စဉ်တွေ ဖိတ်တစ်ဝက်စဉ်တစ်ဝက်နဲ့ ကျွန်တော် ပုံအောလင်းပထားတဲ့ခံစားမှုဟာ သူမအတွက် ဖျဖျလေးတောင် လင်းရဲ့လားမသိဘူး…။ ကောင်းကင်ရဲ့အချိုးအစားတစ်ခုလုံးကို ကျွန်တော်သိမ်းပိုက်ခမ်းနားချင်တာ မဟုတ်ပါဘူး….။ သူမတစ်ကိုယ်စာ လဲ့ဖြာရူးသွပ်ချင်ရုံ..။ ×     ×     ×     ×     ×     ×     × ရွှေအိုရောင် အပြုံးတွေကို ဆည်းဆာရဲ့ အနားစွန်းပေါ်မှာမြင်တိုင်း ကျွန်တော် တုန်ယင်အေးစက်သွားဖူးတယ် ။ မှော်ဝင်နေတဲ့ နာရီ တစ်ချို့တစ်ဝက်ကို ကမာ္ဘဦးလူတွေရဲ့ ရိုးသားမှုမျိုးနဲ့ ကျွန်တော် ပြင်းပြတပ်မက်ခဲ့ဖူးတယ် ။ ပါးပြင်ထောင့်စွန်းက သွေးကြောမွှာတွေရဲ့ ကကြိုးကို ကျွန်တော် မရိုးတမ်း ခိုးငေးခဲ့ဖူးတယ်..။ […]


တစ်နေ့သ၌ ရွာ၏ နေညိုချိန် ထန်းတဲတစ်ခုတွင် လူတစ်စု ထန်းရည် သောက်နေကြလေသည်။ ထိုသူတို့အနက် ကိုလူကြီး ဆိုသူမှာ အပါအဝင် ဖြစ်လေသည်။ ကိုလူကြီးမှာ လွန်စွာ လူကောင် ကြီးမားသူတစ်ဦး ဖြစ်သည့်အပြင် မည်သည်ကိုမျှ မကြောက်တတ်၊ မည်သူ့ကိုမျှ မကြောက်တတ်သူ တစ်ဦးလည်း ဖြစ်ပေသည်။ ၎င်းတို့၏ ထန်းရည်ဝိုင်း အရှိန်ရလာချိန်တွင် လူပုလေး ဆိုသူက ကိုလူကြီး အား ဤသို့ စကားစလေသည်။ “ဘိုလူ ရေ … မင်းကိုတော့ တစ်ခုလောက် သတိပေးရဦးမယ်ကွ” “ဘာများလဲ … ဘယ်ကောင်က ငါ့ကို မကျေနပ်လို့လည်း ပြောစမ်းပါဦး” “ဘယ်ကောင်ကမှ မင်းကို မကျေနပ်လို့ မဟုတ်ဘူး၊ မင်းကို သတိပေးချင်တယ်ဆိုတာက မင်းအမေ ဒေါ်စိန်ထွား ကို ပြောတာ” “မင်းကလည်း […]


Khaing KhaingFebruary 14, 20121min07
ဒီနေ့ဟာ ဖေဖေါ်ဝါရီ 14 ရက် နေ့ပါ… အမျိုးကောင်းသမီးလေးတွေဘဝ ပျက်ဆီးသွားမှာကိုစိုးရိမ်မိပါတယ်…မြန်မာပြည်သူပြည်သားတွေအတွက် ဘာမှမသက်ဆိုင်တဲ့နေ့မှာ သက်ဆိုင်သလိုပွဲတော်တွေလုပ် ချစ်သူတွေလွတ်လပ်မှုတွေယူ ဘဝတွေပုံအပ်ကျတော့မယ့်နေ့ တစ်နေ့ဖြစ်အောင် ပြုလုပ်နေကြပါတယ်… ရိုးရိုးလက်ဆောင်ပေးရုံ ချောကလက်ကျွေးယုံပဲဖြစ်သင့် ပါတယ်… မိန်းမပျိုလေးများအားလုံး မိမိရဲ့   အပျိုဂုဏ်ကိုထိန်းသိမ်းနိုင်ကြပါစေ… မင်္ဂလာဆောင်ချိန် မှာ မိမိအပျိုမဟုတ်တာကို သူတစ်ပါးသိချင်သိ မသိချင်နေပါ ..ကိုယ့်လိပ်ပြာကိုယ်ရှက်သင့်ပါတယ်.. သားကောင်းသမီးတွေကိုလည်း အမျိုးသားများက အချစ်ကိုဗန်းပြပြီး မိမိလက်မထပ်နိုင်ခင်မှာ ဘာမှ မတောင်းဆိုမိပါစေနဲ့လို့ ဆုတောင်းလျှက် …. ဗယ်လင်တိုင်းနေ့မှာ ရိုးသားစွာပျော်ရွင်နိုင်ပါစေ….


Subject: Fwd: အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်တဲ့ မိန်းမဟောင်းတွေကိုလည်း သက်ဆိုင်ရာ သွားအပ်ပြီး အသက်အစိတ်ထက် မပိုတဲ့ မော်ဒယ်သစ်ကလေးတွေနဲ့ လဲယူခွင့် ပါမစ် ပြန်ထုတ်ပေး~~~~~   *အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်တဲ့ မိန်းမဟောင်းတွေကိုလည်း သက်ဆိုင်ရာ သွားအပ်ပြီး အသက်အစိတ်ထက် မပိုတဲ့ မော်ဒယ်သစ်ကလေးတွေနဲ့ လဲယူခွင့် ပါမစ် ပြန်ထုတ်ပေးမည်* မှတ်ပုံတင် သက်တမ်း နှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် ရှိပြီဖြစ်သော ယာဉ်အို ယာဉ်ဟောင်းများကို ဖျက်သိမ်းပြီး မော်တော်ယာဉ် အသစ်များ တင်သွင်းခွင့် ပါမစ် ထုတ်ပေးမည်ဟု သက်ဆိုင်ရာမှ ကြေညာသည်။   ကားလောက သာမက တခြား စီးပွားရေး လုပ်ငန်း များကိုပါ ရိုက်ခတ် သွားသည်။ မော်ဒယ်လ်မြင့် ကားတွေ ဈေးပြုတ် […]


မိုးဇက် … “အလင်းတန်းတစ်ခု ကျွန်တော်အရှေ့မှာ ရုတ်တရက်ကြီး ပေါ်လာတော့ လှန့်တော့သွားတာပေါ့ဗျာ… ဒါပေမယ့် စပ်စုချင်တဲ့ စိတ်နဲ့ အဲဒီအလင်းတန်းကြီးထဲ ဝင်ကြည့်မိလိုက်တယ် ….” xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ညနေမိုး …. “မနေ့ညက အိပ်မက်မက်နေတယ်လို့ ကျွန်မ အိပ်မက်မက်ခဲ့တယ်ရှင့် … ရှင်တို့သိလား … အိပ်မက်က ထူးဆန်းလိုက်တာ … အိပ်မက်ရဲ့ အိပ်မက်ထဲမှာ ကျွန်မအနားကို … အလင်းတန်းကြီး ကျလာတာလေ … ကျွန်မဖြင့် လန့်လိုက်တာ.. နောက်ကို ဆုတ်လိုက်မိတာပေါ့ … မကြာပါဘူး …. အဲဒီအလင်းတန်းထဲက ကောင်လေးတစ်ယောက်ထွက်လာတယ် … သူက …” xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx မိုးဇက်… ကျွန်တော် သူမဆီကို တစ်လှမ်းချင်းလျှောက်သွားလိုက်တယ်။ သူမဆိုတာ အရမ်းလှတဲ့ မြောက်ကျွန်းသူလေးပေါ့။ သူမက အပင်တစ်ပင်ဆီက […]


မြန်မာပြည်မှာ ဘယ်တော့မှမမေ့တော့မယ့် နာဂစ်လို့ခေါ်တဲ့မုန်တိုင်းကြီး ပြီးသွားတဲ့အချိန်… နိုင်ငံထဲရောက်နှင့်ပြီးသား နိုင်ငံတကာကူညီသူအဖွဲ့တွေက Delta လို့ခေါ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသကို အပြေးသွားပြီး ကူညီခဲ့ကြတယ်…နိုင်ငံတကာမှ ဝန်ထမ်းတွေရော၊ မြန်မာနိုင်ငံသားဝန်ထမ်းများပါပေါ့.. လူအား၊ ငွေအား၊ စေတနာအားနဲ့ ကူညီခဲ့ကြကြောင်း မှတ်တမ်းတင်အပ်ပါတယ်… (အဲဒီလိုကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေစဉ်အတွင်း ကွယ်လွန်သွားကြသော ခင်မင်သော၊ မခင်မင်သော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများအားလုံးအတွက် ဒီစာကို အမှတ်တရရေးလိုက်ပါတယ်) ကျွန်တော်တို့လို နည်းပညာအထောက်အကူပေးတဲ့ သူတွေကတော့ ရှေ့တန်းမှာ မပါဝင်ခဲ့ပေမယ့်… နောက်တန်းကနေ ရှေ့တန်းရောက်သူတို့ ချောမွေ့အဆင်ပြေအောင် ကျရာနေရာမှာကြိုးစားခဲ့ကြရပါတယ်… ကျွန်တော် လပ္ပတာမြို့ကို နာဂစ်အပြီး လေးလလောက်မှာ ဆက်သွယ်ရေးရရှိဖို့အတွက် ယုံယုံကြည်ကြည် တာဝန်လွှဲအပ်ခြင်းခံလို့ရတော့ စီစဉ်စရာရှိတာတွေ တစ်ပတ်အတွင်း အသေးစိတ်စီစဉ်ပြီး… Assistant တစ်ယောက်နဲ့အတူ ခရီးထွက်ဖို့ပြင်ဆင်ရပါတယ်… ကျွန်တော်သွားရမယ့် လပ္ပတာကို ရန်ကုန်ကနေ ကားနဲ့သွားရင် တစ်ညအိပ် (၁၀)နာရီခန့်ကားမောင်းရမှာမို့… WFP က […]


၁။ ပါမောက္ခကြီး ဂါနီအိမ်ရှေ့သို့ သူရောက်တော့ ညနေ ခြောက်နာရီထိုးနေပြီ။ ပိတ်ထားသော တံခါးမကြီးရှေ့မှာ သူရပ်ပြီး ဝင်ရင်ကောင်းမလား၊ မဝင်ရင် ကောင်းမလား သူတွေဝေနေပြန်သည်။ ညနေခင်းကား ဆောင်းရာသီရဲ့ လိမ္မော်ဝါရနံများနှင့်အတူ သင်းပျံ့လို့နေပြီ။ မှုန်ရီဝေပြနေသော ဆောင်းညနေခင်းကား လူခြေတိတ်လွန်းလှပါသည်။ အထူးသဖြင့် ယခုလို ဆင်ခြေဖုံး ရပ်ကွက်ငယ်လေးတစ်ခုမှာ ဒီလိုညနေဆို တိတ်ဆိတ်ခြောက်ကပ်လွန်းလှသည်ဟု သူက တွေးလိုက်သေးသည်။ သူအကြာကြီး ရပ်နေသည့်တိုင်အောင် အိမ်ထဲမှ ဘာအသံမှ မကြားရသည်အထိ တိတ်ဆိတ်လွန်းလှသည်။ မြောက်ပြန်လေက ညှင်းသွဲ့သွဲ့တိုက်လာတော့ သူ အတော်အတန် ချမ်းလာပြီး ကိုင်ထားသည့် ကုတ်အင်္ကျီကို ဝတ်လိုက်ပြီး တံခါးကို အသာအယာ သုံးချက်ခေါက်လိုက်သည်။ “ဒေါက် … ဒေါက် …. ဒေါက်” ခဏနေတော့ တံခါးက ပွင့်လာသည်။ ဖွင့်ပေးသည့် လူက […]


AKKOFebruary 8, 20121min018
ဈေးကွက်ထဲမှ ကိုယ်ဝန်တားဆေးတွေကို ပေါပေါများများ သုံးစွဲနေကြပေမယ့် ၊ ကလေးမရနိုင်ရန် ကာကွယ်ရန်အတွက်အတွက်ဟု ယေဘုယျလောက်သာ သိကြပြီး ၎င်းတို့ဧ။် အကျိုးအပြစ်များကို သိသူ နည်းသေးတဲ့အတွက် ဗဟုသုတအနေဖြင့် ဖတ်ရှုနိုင်စေရန် ရည်ရွယ်ပါသည် ။ စာရေးသူဆေးခန်းတွင် လာပြသော အမျိုးသမီး တစ်ဦးအကြောင်းမှ စပြောပါမည် ။ ထိုအမျိုးသမီးသည် ထူးဆန်းသည် ။ ထူးဆန်းသည်ဟုဆိုရာတွင် နတ်သမီးလို လှပခြင်းကြောင့်လည်း မဟုတ် ၊ ဦးချိုပေါက်နေခြင်းကြောင့်လည်း မဟုတ် ၊ ခေါင်းနှစ်လုံး ပါ၍လည်းမဟုတ် သို့သော် ကျွန်တော့်အတွက် ထူးဆန်းသူဖြစ်သည် ။ ထူးဆန်းသည်ဟု ဆိုခြင်းမှာ သူမသည် လင်ယောကျာင်္းမရှိပါပဲ (သုံးလ) တားဆေးလာထိုးသောကြောင့်ဖြစ်သည် ။ လင်ယောကျာင်္းမရှိသော်လည်း မလွတ်မကင်နိုင်သော ကိစ္စများကြောင့် တခြားရည်ရွယ်ချက်ဖြင့် ထိုးသူများလည်း ရှိပါသည် ။ သူမမှာ […]