ရုတ်တရက် ………. သံစဉ် တိုးတိုးလေးကြားရပြန်ပြီ …….။ နားထဲစွဲနေအောင် ရင်းနှီးနေတဲ့အသံ …..။ ပြီးတော့ ….ခြေသံတိုးတိုးလေး …. ညင်သာတဲ့လှုပ်ရှားမှုနဲ့အတူ ကျနော့်အနား ရောက်လာခဲ့ပြန်ပြီလေ …. သူ့ကို ဘယ်သူလဲလို့သိချင်သည် ..။သူလာတိုင်းလည်း ကြည် ့ဖို့ကျိုးစားသည် ….။ တစ်ခါမှ မမြင်တွေ့ရ …။ ခုတော့ ….သူ့မျက်နှာလေး ……သူ့မျက်နှာလေး မြင်ရတော့မည် …………. အိုးးး……ဘယ်လဲ …ဘယ်လဲ ….နေဦးလေ ..မသွားနဲ့ မသွားနဲ့ဦး ….. ပြောရင်းဆိုရင်း …ပင်လယ်ထဲဆင်းပြေးသွားပြီ …..ဟေး….မသွားနဲ့ …… ပင်လယ်ပြင်ရဲ ့ လှိုင်းတွေကြားမှာ သူ…..သူ…..ပါသွားပြန်ပြီလေ ……… ================================================== ကျွန်တော်နိုးလာတော့ ရေတွေငတ်လိုက်တာ…… ကျနော် အော်ဟစ်နေမိလားမသိ ။ ဒီအိမ်မက်ကို အထပ်ထပ် အခါခါမက် မိတယ်လေ …. […]
