:gee: သူ့နေရာနဲ့သူ :gee: ဒီကောင်မလေးက သူ့မေဂျာမှာကွင်းတဲ့။ ချစ်စရာလေးပါ အသားဖြူဖြူ မျက်နှာဖောင်းဖောင်းလေးနဲ့ ခပ်ပြည့်ပြည့်လုံးလုံးလေး။ ဝတ်တာစားတာလေးကလည်းလန်းရှာတယ်။နေရာကိုလိုက်ပြီးတော့လည်းဝတ်တတ်တယ်။ ကောင်မလေးက ရှမ်းမလေးပါ။တောင်ငူမြို့မဝင်ခင် ခပေါင်းတံတားအတက်နားက ထန်းတပင် မြို့နယ်ဘက်ခွဲထွက်သွားတဲ့လမ်းအနီးတဝိုက်မှာရှိတဲ့ ရှမ်း၊ပအို့ဝ်တွေနေတဲ့ရွာလေးတစ်ရွာကဆိုပဲ။ တောင်ငူမြို့ကအမျိုးသမီးအဆောင်တစ်ခုမှာနေပြီး တောင်ငူတက္ကသိုလ်မှာနေ့ကျောင်းတက်နေတာ။ ရှမ်းမလေးမို့ မျက်နှာလေးမှာတိုင်းရင်းသူတစ်ယောက်ရဲ့အရောင်ဖုံးလွှမ်းနေပြီးသား။ ပွင့်လင်းရိုးစင်းစွာနဲ့ပြောတတ်ဆိုတတ်ပုံလေးတွေကလည်းချစ်စရာ၊ခင်စရာလေးရယ်။ ကောင်မလေးနာမည်က နန်းမို့မို့တဲ့။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ခင်ပွင့်တို့အဆောင်မှာ နန်းမို့မို့အကြောင်းအတော်လေးကိုပြောနေကြသည်။ ပြောကြတာတွေက- ဒီနေ့နန်းမို့မို့ဝတ်လာတဲ့ အကျီ င်္ပုံလေးလှလိုက်တာ။ ဟိုကောင်ကတော့နန်းမိုမို့ကိုလိုက်နေတာ ..စတာတွေရယ်ပါ။ မိန်းကလေးအချင်းချင်းတွတ်ထိုးနေတိုင်း နန်းမို့မို့အကြောင်းကနေ့စဉ်နီးပါးပါစမြဲ။ “အဲဒီနန်းမို့မို့က ငါတို့ရွာကပါဟယ် ရွာမှာတော့လုံးလုံးလို့ပဲခေါ်ကြတယ်။အမလေးကျောင်းမှာသာ ကျော့မော့နေတာ ရွာမှာဆိုသူ့ကိုလာကြည့်လိုက်ဦး အမြဲတမ်းပေတူးညစ်ပတ်နေတာ။သူ့အမေမုဆိုးမ ကဝက်တွေမွေးသလို အရက်လည်းချက်ရောင်းတယ်လေ။လုံးလုံးက ဝက်စာတွေလိုက်သယ်ရသလို အရက်လည်းချက်ရတယ်။ဒီကိုရောက်ပြီဆိုရင် လှပကျော့မော့နေတာ ရွာကလူတွေမြင်ရင်တောင် မမှတ်မိဘူး ဟိဟိ ရှောက်သီးကို သကြားရည်ဆမ်းထားတာပါ” ခင်ပွင့်ကအဆောင်သူတွေကို အမြဲထိုသို့ပြောတတ်သည်။တကယ်လည်း နန်းမို့မို့အကြောင်းတွေက ခင်ပွင့်ပြောသလိုအမှန်တွေချည်း။ နန်းမို့မို့နှင့်ခင်ပွင့်က […]
