:gee: သူ့နေရာနဲ့သူ :gee: ဒီကောင်မလေးက သူ့မေဂျာမှာကွင်းတဲ့။ ချစ်စရာလေးပါ အသားဖြူဖြူ မျက်နှာဖောင်းဖောင်းလေးနဲ့ ခပ်ပြည့်ပြည့်လုံးလုံးလေး။ ဝတ်တာစားတာလေးကလည်းလန်းရှာတယ်။နေရာကိုလိုက်ပြီးတော့လည်းဝတ်တတ်တယ်။ ကောင်မလေးက ရှမ်းမလေးပါ။တောင်ငူမြို့မဝင်ခင် ခပေါင်းတံတားအတက်နားက ထန်းတပင် မြို့နယ်ဘက်ခွဲထွက်သွားတဲ့လမ်းအနီးတဝိုက်မှာရှိတဲ့ ရှမ်း၊ပအို့ဝ်တွေနေတဲ့ရွာလေးတစ်ရွာကဆိုပဲ။ တောင်ငူမြို့ကအမျိုးသမီးအဆောင်တစ်ခုမှာနေပြီး တောင်ငူတက္ကသိုလ်မှာနေ့ကျောင်းတက်နေတာ။ ရှမ်းမလေးမို့ မျက်နှာလေးမှာတိုင်းရင်းသူတစ်ယောက်ရဲ့အရောင်ဖုံးလွှမ်းနေပြီးသား။ ပွင့်လင်းရိုးစင်းစွာနဲ့ပြောတတ်ဆိုတတ်ပုံလေးတွေကလည်းချစ်စရာ၊ခင်စရာလေးရယ်။ ကောင်မလေးနာမည်က နန်းမို့မို့တဲ့။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ခင်ပွင့်တို့အဆောင်မှာ နန်းမို့မို့အကြောင်းအတော်လေးကိုပြောနေကြသည်။ ပြောကြတာတွေက- ဒီနေ့နန်းမို့မို့ဝတ်လာတဲ့ အကျီ င်္ပုံလေးလှလိုက်တာ။ ဟိုကောင်ကတော့နန်းမိုမို့ကိုလိုက်နေတာ ..စတာတွေရယ်ပါ။ မိန်းကလေးအချင်းချင်းတွတ်ထိုးနေတိုင်း နန်းမို့မို့အကြောင်းကနေ့စဉ်နီးပါးပါစမြဲ။ “အဲဒီနန်းမို့မို့က ငါတို့ရွာကပါဟယ် ရွာမှာတော့လုံးလုံးလို့ပဲခေါ်ကြတယ်။အမလေးကျောင်းမှာသာ ကျော့မော့နေတာ ရွာမှာဆိုသူ့ကိုလာကြည့်လိုက်ဦး အမြဲတမ်းပေတူးညစ်ပတ်နေတာ။သူ့အမေမုဆိုးမ ကဝက်တွေမွေးသလို အရက်လည်းချက်ရောင်းတယ်လေ။လုံးလုံးက ဝက်စာတွေလိုက်သယ်ရသလို အရက်လည်းချက်ရတယ်။ဒီကိုရောက်ပြီဆိုရင် လှပကျော့မော့နေတာ ရွာကလူတွေမြင်ရင်တောင် မမှတ်မိဘူး ဟိဟိ ရှောက်သီးကို သကြားရည်ဆမ်းထားတာပါ” ခင်ပွင့်ကအဆောင်သူတွေကို အမြဲထိုသို့ပြောတတ်သည်။တကယ်လည်း နန်းမို့မို့အကြောင်းတွေက ခင်ပွင့်ပြောသလိုအမှန်တွေချည်း။ နန်းမို့မို့နှင့်ခင်ပွင့်က […]


Yin Nyine NwayNovember 14, 20121min035
ကဲ တောင်ကြီး မီးပုံးပျံစာရင်းကတော့ ထွက်လာပါပြီ … တောင်ကြီးမီးပုံးပျံပွဲ သွားလည်ချင်တဲ့သူများကတော့ 9ရက်လောက် မလည်နို်င်တဲ့သူတွေ ဘယ်နေ့မှာ ဘယ်မီးကို အားပေးရင်ကောင်းမလဲဆိုတာ အကြံပြုပါရစေ 20ရက်နေ့မှာ ဖွင့်ပွဲစမှာပါ… အဲဒီနေ့မှာတော့ ရောင်စုံမီးရှူးမီးပန်းများနဲ့ ကျောင်းသား/ ကျောင်းသူလေးတွေရဲ့ ပုံဖော်ထားတဲ့ မီးပုံးအကလေးတွေနဲ့ တိုင်းရင်းသူလေးတွေရဲ့ အကကို ရင်သပ်ရှူမော ခံစားရမှာပါ …… (Don’t miss) 21ရက်နေ့မှာတော့ မီးပုံးပျံစတင်ပါပြီ စိန်နပန် 3လုံးနဲ့ မီးကျီ 9လုံး စုစုပေါင်း 12လုံးအားပေူရမှာပါ ပွဲဦးထွက်ညမှာတော့ နာမည်မကြီးတဲ့မီးပုံးတွေများပါတယ် … လူတွေလည်း သိပ်မလည်ကြသေးတဲ့ ညမလို့ပါ (သိပ်မလည်သာဆိုတယ် ခြေချစရာနေရာမချိ) အဲဒီနေ့မှာတော့ ညသာမိး၊ လုံ့လမီးနဲ့ ဓူဝံမီးတို့ကတော့ နာမည်မကြီးပေမဲ့ ကြည့်ကောင်းမဲ့မီးကျီတွေလို့ ဆိုရပါမယ် 22ရက်နေ့မှာတော့ စိန်နပန် 5လုံးမဲ့ မီးကျည် […]


“ကျောင်းပျော်ကြမယ့်နေ့ရက်များ” “မေမေ ဆရာမကပိုက်ဆံယူလာခိုင်းတာဒီနေ့နောက်ဆုံးတဲ့ မြန်မြန်ပေးတော့လေဗျာ အတန်းထဲမှာသားတို့ပဲပေးဖို့ကျန်တော့တာ” သားလေး မောချေကအလိုမကျတဲ့မျက်နှာထားနဲ့ပြောလာတာမို့ မရွဲဖြူတစ်ယောက် တော်တော်စိတ်ညစ်သွားသဖြင့် ဒေါသကပါထွက်လာသည်။ “ငါလည်းအဲဒီပိုက်ဆံရအောင်ရှာနေတာပဲ ဒီ့ထက်ရှာရရင်ရွာထဲဓားပြတိုက်ဖို့ပဲရှိတော့ တယ် သွားစမ်း လာဂျီကျမနေနဲ့ ပေးနိုင်တဲ့နေ့နင်ရမှာပေါ့” “အီး….အဲဒီပိုက်ဆံမပါရင် သားကိုဆရာမကနေ့တိုင်း ဆူနေရိုက်နေမှာဗျ သားကျောင်း မသွားချင်ဘူး အီး…” အဲဒီလိုဆိုပြန်တော့ မရွဲဖြူစိတ်မကောင်းပြန်။ “ဒါဖြင့်လည်း ဒီနေ့နဲ့နက်ဖြန်ကျောင်းမသွားနဲ့လေငါ့သား သန်ဘက်ခါကျတော့ ကျောင်း နှစ်ရက်ပိတ်တယ် တနလာင်္နေ့ကျရင်တော့ရလောက်ပါတယ် အဲ့ကျမှကျောင်းသွား အမေ လုံးခင်တို့နဲ့ခွင့်တိုင်ခိုင်းလိုက်မယ်လေ” မရွဲဖြူစကားကြောင့် မောင်ချေ ပျော်ရွှင်သွားသည်။ချက်ချင်းပင်လွယ်အိတ်ကိုချကာ အိမ်ထဲမှပြေးထွက်သွားတော့သည်။ဒီကောင်လေး တစ်နေကုန်တစ်နေခန်းလျှောက် ဆော့တော့မည်။ဆော့ပါစေလေ ခမျာ ကျောင်းကကောက်တဲ့ ရံပုံငွေမှမထည့်နိုင်ရှာပဲ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ “ညည်းမှတင်လားရွဲဖြူရယ် အိမ်ကပေသီးတို့ဆိုကျောင်းမသွားတာ တစ်ပတ်လုံးလုံးပဲ ညည်းပဲစဉ်းစားကြည့်အေ တစ်နေ့တစ်နေ့ စားဖို့တောင်အနိုင်နိုင်ဟာ သူတို့ကောက် တဲ့ကျောင်းရံပုံငွေ ၂၀၀ဝကိုဘယ်ကသွားရှာထည့်ရမလဲ အဲဒါတွေကြောင့်ကျုပ်ကလေး ကိုကျောင်းမထားချင်တာ” “ကျွန်မလည်း […]


ကျွန်တော့်အလုပ်က အစိုးရဌာနတစ်ခုက ရုံးအကူဝန်ထမ်း။ရပ်ကွက်ထဲမှာတော့ အမေက “အိမ်ကစိုးလေးရုံးစာရေးအလုပ်ရနေပြီလေ” ဟု ရောချပြောလေ့ရှိသည်။သိပ်စိတ်မဝင်စားတဲ့လူတွေကတော့။ “အင်းအင်းကောင်းတာပေါ့” ဟု မှတ်ချက်ချတတ်ပြီး၊စပ်စပ်စုစုနဲ့မနာလိုစိတ်မွေးတတ်သူတွေကတော့ “တော့်သား ဆယ်တန်းတောင်မအောင်ပဲများ ရုံးစာရေးဖြစ်တယ်ရယ်လို့ ပြာတာ နေမှာပါ” ဟုမဲ့ကာရွဲ့ကာ အားမနာလျှာမကျိုးဆိုတတ်သေးသည်။ ဘာပဲပြောပြော ကျွန်တော့်လို ဆယ်တန်းတစ်ဘုံးဘုံးကျထားတဲ့ကောင်အခုလို ရုံးဌာနတစ်ခုအလုပ်ရတာကိုက ကျွန်တော်တို့မိသားစုအတွက် အင်အားတစ်ရပ်ပါ။ မနက်ဆိုရင် နေမြင့်မှအိပ်ယာထ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လ္ဘက်ရည်ဆိုင်မှာ လမ်းထဲကလူတွေနဲ့တော်ကီပွားဖို့အရေး ဘယ်သူ့ဆီကလက်ဖြန့်တောင်းရမလဲ စဉ်းစားနေရမယ့်အစား၊အမေစီစဉ်ပေးတဲ့ ထမင်းဗူးလေးဆွဲလို့ အိတ်ကပ်ထဲ ငွေလေး၊ငါးရာ ထည့်ပြီး ရုံးသွားရတာဟာ ကျေနပ်စရာပါ။ လမ်းထဲမှာ ကျွန်တော်လို ဆယ်တန်းတစ်ဘုံးဘုံးကျပြီး လတ်လျားလတ်လျားဖြစ်နေတဲ့ ယောကျာ်းလေး၊မိန်းကလေး တော်တော်များတာကြောင့် အခုလို ကျွန်တော်အလုပ် ကလေးအကိုင်ကလေးနဲ့ဖြစ်သွားတာကို အားကျနေကြသည်။ တစ်ချို့ကလဲ ကျွန်တော့်ထက်အရင် ကုမ္ပဏီတွေ၊စတိုးဆိုင်တွေ၊ဝပ်ရှော့တွေမှာ အလုပ်ရနေပြီးဖြစ်ပေမယ့်၊ကျွန်တော့်လို အစိုးရဌာနဆိုင်ရာမှာတော့မည်သူမှ မဝင်နိုင်သေး။အမေကကြံဖန်ကြွားတတ်သေးတာက “ကုမ္ပဏီအလုပ်ဆိုတာအစိုးရတာမဟုတ်ဘူးတော့ တော်ကြာဒေဝါလီခံရင် အလုပ်ကပြုတ်ဦးမယ်” […]


မိုးပြာတစ်ယောက်တစ်ယောက်အခုတလောအင်တာနက်တော်တော်လေးသုံးဖြစ်သည်။CDMA800 ဖုန်းလိုင်း ဝယ်ပြီးစတည်းကမကြာမကြာသုံးဖြစ်လာတာပါ။စသုံးကာစကတော့ စလုံးမှာရောက်နေတဲ့သူငယ်ချင်းတွေနဲ့ ချတ်တင်ပြောရင်း ဖေ့စ်ဘုတ်နဲ့ဆိုရှယ်ဆိုဒ်တွေကိုသုံးဖြစ်လာသည်။ “ဟေ့စစ်ကိုင်းကဘီလူးမ အင်တာနက်သုံးတာသတိထားနော် အွန်လိုင်းမှာ အညစ်အကြေးတွေနင်းမိဦးမယ်။ အဲ ဘဲနာလေးတွေကိုလည်းကြည့်ရှောင်ဦး” စလုံး ရောက်နေတဲ့သူငယ်ချင်း အင်ကြင်းကလှမ်းနောက်သည်။သူငယ်ချင်းတွေက မိုးပြာရဲ့နာမည်ကို Sky Blue ကိုနောက်ပြီး စစ်ကိုင်းကဘီလူးမ ဟုခေါ်ခေါ်စတတ်ကြသည်။ “ဖြစ်စရာလားဟဲ့…ငါ့လိုတံဆိပ်ခတ်ထားတဲ့လူကို” “ဟဲ့ အွန်လိုင်းမှာ နင်တံဆိပ်နှိပ် မနှိပ်မြင်ရတာမို့လား ဟိဟိ တစ်ချို့ကလည်းဇွတ်” “အောင်မယ် အရူးမ တော်စမ်းပါ စကားအကောင်းပြော” မိုးပြာရဲ့သူငယ်ချင်းတွေက အသက်၃ဝနားနီးလာတာတောင် ကလေးတွေလို စကြ၊နောက်ကြတုန်း။ အသက်၅၀၊၆ဝ ထိလည်းယခုလိုပဲနောက်ဦးမှာလို့တောင်ပြောတတ်ကြသေးသည်။ ဒီလိုနဲ့မိုးပြာတစ်ယောက်အင်တာနက်သုံးရင်း၊ဆိုရှယ်ဆိုဒ်တွေသုံးရင်းက အွန်လိုင်းဘော်ဒါတွေတိုးပွားလာခဲ့ သည်။မိုးပြာနဲ့ချတ်တင်ပြောတတ်ကြတဲ့သူငယ်ချင်းတွေထဲမှာ ဂျွန်လေးဆိုတဲ့ကောင်လေးတစ်ယောက်ပါ ရောက်လာသည်။သူကသူ့ကိုယ်သူ ဆေးကျောင်းသားလို့ပြောသည်။မိုးပြာကတော့ ဟုတ်မဟုတ်သံသယမရှိ။ ကိုယ့်မောင်လေးလိုသဘောထားပြီးခင်လိုက်တာပင်။ “မမမိုးအမျိုးသားကဘာအလုပ်လုပ်လဲဗျ” “ကုမ္ပဏီတစ်ခုမှာမန်နေဂျာပါဂျွန်လေးရေ…ဘာလို့လဲ” “ဂျွန်အလုပ်တစ်ခုလောက်လိုချင်လို့ပါ” “ဟင်..ဂျွန်လေးကကျောင်းတက်နေတာမို့လား” “အဲ…ဪ…ဟိုဟာ ဂျွန့်အတွက်မဟုတ်ပါဘူး အိမ်က အစ်ကို့အတွက်ပါ” မိုးပြာရဲ့အကျင့်ကလည်းသူများကိုအင်မတန်မှကူညီချင်တတ်တယ်။ချက်ချင်းပဲတုံ့ပြန်မိတာက […]


ကောင်လေးတစ်ယောက်ရဲ့လမ်းလွဲလေး မိုးကတဖြောက်ဖြောက်ကျနေသည်။ဒီလိုသာဆိုရင်ဖြင့်နဂိုတည်းကအလုပ်သွားရမှာပျင်းသော ညီညီတစ်ယောက်အိပ်ယာထဲကထပါ့မလား။ နေ့လည်စာအတွက်နှစ်ယောက်စာထမင်းဗူးကိုပြင်ဆင်နေရင်းမေရတီစဉ်းစားမိတာပါ။ ညီညီ့အပေါ်အထက်တန်းကျောင်းမှာထဲကစိတ်ဝင်စားနေရသောမေရတီအတွက် ညီညီနဲ့အတူ စူပါမတ်ကတ်တစ်ခုမှာအလုပ်ရကတည်းကအတိုင်းမသိပျော်ခဲ့တာပါ။ အလုပ်စဝင်ကြကတည်းက ညီညီတာဝန်မပေးပဲ နှစ်ယောက်စာထမင်းဗူးထည့်နေကျ။ညီညီကကြုံသလိုစားတတ်တာမို့ ထမင်းဗူးထဲကထမင်းတွေကပြန်ပါလာတာများတတ် သည်။ “ငါ့ထမင်းဗူးကိုနေ့တိုင်းစားပါညီညီရာ နို့မို့ငါ့မှာသွန်ပစ်ရတာနှမြောလွန်းလို့” ဟုဆိုညည်းတတ်လျှင် ကိုရွှေညီညီက မလှုပ်မယှက်မျက်နှာပေးနှင့် “နင့်ကိုဘယ်သူကငါ့အတွက်သယ်လာခိုင်းလို့လဲ နင့်အိမ်ကသိရင်လဲမအိုကေပါဘူးဟာငါ့အတွက်ထည့်မလာနဲ့” ဆိုပြီးတားမြစ်တတ်ပေမယ့် မေရတီကတော့ညီညီ့အတွက်ပိုထည့်မြဲ။ ညီညီတို့အိမ်ကသိပ်မပြေလည်။ညီညီ့အဖေကကားနောက်လိုက်တစ်ဦးဖြစ်ပြီးကျန်းမာရေးကသိပ်မကောင်းလှ။ ညီညီ့အမေကရပ်ကွက်ဈေးလေးထဲတွင် ကုန်စိမ်းနည်းနည်းရောင်းသည်။ညီညီကအလတ်ဖြစ်ပြီးအစ်ကိုဖြစ်သူ အောင်ကိုကိုကအရက်သမား။ ညီမငယ်နှစ်ယောက်ကကျောင်းသူ။ညီညီကရုပ်ကလေးကချောသလောက်နုံချာသည့်ဘဝပေးကြောင့်ေ လာကကြီးကိုအမြဲလိုလိုမကျေနပ် ဖြစ်နေတတ်သည်။ မေရတီတို့ မိသားစုကတော့ ဝန်ထမ်းမိဘတွေနဲ့ဝန်ထမ်းအစ်မလစာ၊မေရတီလစာတို့ ကြောင့် ချောချောင်လည်လည်ရှိသည် ။မေရတီအလုပ်မရခင်ကတည်းက အဆင်ပြေပါ သည်။ မေရတီအလုပ်ရတော့ရတဲ့လစာဟာ မေရတီသုံးဖို့အတွက်သာ။ မေရတီကတော့ဆင်းရဲသည့်ညီညီ့ကိုမကြည့်ရက်၍ တဖက်တလမ်းကတတ်နိုင်သလောက်ဖြည့်ဆည်းပေးပေ မယ့် ညီညီ့အမြင်မှာတော့မရှင်းလင်းသဖြင့် မေရတီ စိတ်မကောင်းဖြစ်ရသည်။ )))))))))))))))))) မေရတီဆိုတဲ့သူငယ်ချင်းမတစ်ယောက်ဟာ ညီညီ့အပေါ်သံယောဇဉ်ပိုနေတာညီညီရိပ်မိပေမယ့် ညီညီ့ဘက်ကတော့ပြိုမကျဖြစ်ခဲ့။မေရတီရဲ့ရုပ်ရည်ကလေးမဆိုးလှပါ ညီညီ့လိုအသားဖြူဖြူမဟုတ်ပေမယ့်ညိုညိုသေးသေးနဲ့သပ်သပ်ရပ်ရပ်ချစ်စရာရုပ်ရည် လေးနဲ့ပါ ။ရွှေတိုရွှေစလေးအနည်းငယ်နဲ့ကိုယ့်ကိုယ်ကိုတင့်တယ်အောင်လည်းပြင်ပြင်ဆင်ဆင်လေးရှိပါသည်။ သို့ပေမယ့် ညီညီမျှော်မှန်းတဲ့ဘဝလက်တွဲဖော်ဟာ အဲဒီလောက်လေးပြေလည်နေရုံနဲ့မဖြစ်သေး။ညီညီ့ရုပ်ရည်နဲ့ဆိုရင်ရုပ်ရည်အသင့်အတင့်နဲ ့ငွေကြေးအတန်အသင့်ချမ်းသာသော […]


[:(] [:|] ကောင်လေးတစ်ယောက်ရဲ့လမ်းလွဲလေး [;)] [:o] မိုးကတဖြောက်ဖြောက်ကျနေသည်။ဒီလိုသာဆိုရင်ဖြင့်နဂိုတည်းကအလုပ်သွားရမှာပျင်းသော ညီညီတစ်ယောက်အိပ်ယာထဲကထပါ့မလား။ နေ့လည်စာအတွက်နှစ်ယောက်စာထမင်းဗူးကိုပြင်ဆင်နေရင်းမေရတီစဉ်းစားမိတာပါ။ ညီညီ့အပေါ်အထက်တန်းကျောင်းမှာထဲကစိတ်ဝင်စားနေရသောမေရတီအတွက် ညီညီနဲ့အတူ စူပါမတ်ကတ်တစ်ခုမှာအလုပ်ရကတည်းကအတိုင်းမသိပျော်ခဲ့တာပါ။ အလုပ်စဝင်ကြကတည်းက ညီညီတာဝန်မပေးပဲ နှစ်ယောက်စာထမင်းဗူးထည့်နေကျ။ညီညီကကြုံသလိုစားတတ်တာမို့ ထမင်းဗူးထဲကထမင်းတွေကပြန်ပါလာတာများတတ် သည်။ “ငါ့ထမင်းဗူးကိုနေ့တိုင်းစားပါညီညီရာ နို့မို့ငါ့မှာသွန်ပစ်ရတာနှမြောလွန်းလို့” ဟုဆိုညည်းတတ်လျှင် ကိုရွှေညီညီက မလှုပ်မယှက်မျက်နှာပေးနှင့် “နင့်ကိုဘယ်သူကငါ့အတွက်သယ်လာခိုင်းလို့လဲ နင့်အိမ်ကသိရင်လဲမအိုကေပါဘူးဟာငါ့အတွက်ထည့်မလာနဲ့” ဆိုပြီးတားမြစ်တတ်ပေမယ့် မေရတီကတော့ညီညီ့အတွက်ပိုထည့်မြဲ။ ညီညီတို့အိမ်ကသိပ်မပြေလည်။ညီညီ့အဖေကကားနောက်လိုက်တစ်ဦးဖြစ်ပြီးကျန်းမာရေးကသိပ်မကောင်းလှ။ ညီညီ့အမေကရပ်ကွက်ဈေးလေးထဲတွင် ကုန်စိမ်းနည်းနည်းရောင်းသည်။ညီညီကအလတ်ဖြစ်ပြီးအစ်ကိုဖြစ်သူ အောင်ကိုကိုကအရက်သမား။ ညီမငယ်နှစ်ယောက်ကကျောင်းသူ။ညီညီကရုပ်ကလေးကချောသလောက်နုံချာသည့်ဘဝပေးကြောင့်ေ လာကကြီးကိုအမြဲလိုလိုမကျေနပ် ဖြစ်နေတတ်သည်။ မေရတီတို့ မိသားစုကတော့ ဝန်ထမ်းမိဘတွေနဲ့ဝန်ထမ်းအစ်မလစာ၊မေရတီလစာတို့ ကြောင့် ချောချောင်လည်လည်ရှိသည် ။မေရတီအလုပ်မရခင်ကတည်းက အဆင်ပြေပါ သည်။ မေရတီအလုပ်ရတော့ရတဲ့လစာဟာ မေရတီသုံးဖို့အတွက်သာ။ မေရတီကတော့ဆင်းရဲသည့်ညီညီ့ကိုမကြည့်ရက်၍ တဖက်တလမ်းကတတ်နိုင်သလောက်ဖြည့်ဆည်းပေးပေ မယ့် ညီညီ့အမြင်မှာတော့မရှင်းလင်းသဖြင့် မေရတီ စိတ်မကောင်းဖြစ်ရသည်။ )))))))))))))))))) မေရတီဆိုတဲ့သူငယ်ချင်းမတစ်ယောက်ဟာ ညီညီ့အပေါ်သံယောဇဉ်ပိုနေတာညီညီရိပ်မိပေမယ့် ညီညီ့ဘက်ကတော့ပြိုမကျဖြစ်ခဲ့။မေရတီရဲ့ရုပ်ရည်ကလေးမဆိုးလှပါ ညီညီ့လိုအသားဖြူဖြူမဟုတ်ပေမယ့်ညိုညိုသေးသေးနဲ့သပ်သပ်ရပ်ရပ်ချစ်စရာရုပ်ရည် လေးနဲ့ပါ ။ရွှေတိုရွှေစလေးအနည်းငယ်နဲ့ကိုယ့်ကိုယ်ကိုတင့်တယ်အောင်လည်းပြင်ပြင်ဆင်ဆင်လေးရှိပါသည်။ […]


(၁) “မင်းတကယ် သိတာပြောစမ်းကွာ” “ဗျာ” “အေး .. မင်းတကယ်သိတာ အရင်ပြောကြည့်စမ်း” “ဒါဆို ကျွန်တော်ပြောပြီးရင် ခင်ဗျား ပြောမှာလား” “အေး .. ပြောမယ်” ထိုသို့ဖြင့် ကျွန်တော်တို့ ဘာစကားမျှ မပြောဖြစ်ခဲ့။ တစ်သက်လုံး။   (၂) သူတို့အားလုံး ဝိုင်းဝန်းစဉ်းစားနေကြတဲ့ ပုစာ္ဆတစ်ပုဒ်ပါ။ ကျွန်တော်လည်း ပါဝင် စဉ်းစားကြည့်တယ်။ “ငှက်တွေက အတောင်နှစ်ဘက်ထက်ပိုရင် ဒီထက်ပို ပျံသန်းနိုင်ကြမလား” တစ်ချို့က ဆိုတယ်။ “ပျံသန်းနိုင်မှာပေါ့ကွ” တစ်ချို့က တွေးတယ်။ “ဟာ .. အတောင်တွေများတော့ အဲဒီ အလေးချိန်ကြောင့်ပဲ ပျံသန်းနိုင်မှာ မဟုတ်တော့ဘူး” တစ်ချို့ကလည်း ဒီလိုပါ။ “ဘယ်ကသာ .. သဘာဝတရားနဲ့ သွေဖီနေရင်တော့ .. အားလုံး ကျရှုံးရမှာပဲ” ကျွန်တော့် စကားကြားတော့ […]


SawAungOctober 31, 20121min03
ဇာတ်ရုံရဲ့ ထရံကြို ထရံကြားက နေပြောက်ကလေးတွေက ကျွန်မမျက်နှာကို လာရောက်ထိုးမှပဲ… နေ့လည်တောင်ရောက်ပြီလို့ ကျွန်မသိလိုက်သည်။ အိပ်ချင်မူးတူးဖြင့် ခြင်ထောင်ထဲတွင် ကျွန်မငုတ်တုတ်ထိုင်လိုက်သည်။ သည်အချိန်ဆိုလျှင် ကျွန်မတို့ဇာတ်ရုံထဲတွင် အလုပ်တွေရှုပ်နေကြပြီ။ ညလုံးပေါက် အလုပ်လုပ်ထားသောသူများ အိပ်ရာထချိန်သည် နေ့လည်ဆိုသည်မှာ မဆန်ုးပေ။ သွားတိုက် ၊ မျက်နှာသစ်ဖို့ ရေခွက်ကိုယူရင်း အဖေနဲ့အမေ ဘယ်ရောက်နေလဲဟု တွေးနေမိသည်။ “ဘကြီး……ထွန်း… အဖေနဲ့အမေဘယ်သွားလဲရှင့်..” “ဈေးခဏသွားတယ်ကွယ့်…. နင့်ညီမနဲ့မောင်အတွက် ပိုက်ဆံသွားပို့တယ်ဆိုးလားပဲ…” “အော်…” ဘကြီးထွန်းပြောမှပဲ… ညီမလေးနဲ့မောင်လေးကို ကျွန်မသွားသတိရမိသည်။ မတွေ့ရတာ ခြောက်လလောက်တောင်ရှိတော့မယ်။ အိပ်ရာထထချင်း သည်အကြောင်းစဉ်းစားလိုက်မှ ကျွန်မရင်ထဲ ပြည့်ကျပ်ကျပ်ကြီး ဖြစ်လာမိသည်………………။ *************************** ကျွန်မမိသားစုမှာ ကျွန်မအကြီးဆုံးလေ……။ အဖေနဲ့အမေကတော့… ဇာတ်အဖွဲ့တစ်ခုမှာ အမေကထမင်းချက် ၊ အဖေကတော့ ဇာတ်အဖွဲ့က မီးထိုး…….. ဇာတ်အဖွဲ့ကြီးသွားရာ မြန်မာပြည်အနှံ့ကို လိုက်ရတယ်။ […]


(၁) မောင်မိုး စင်္ကာပူကနေ ရန်ကုန်သို့ အလောတကြီး ပြန်လာတယ်။ ပြန်လာတဲ့ကိစ္စက စင်္ကာပူမှာ သူစာမေးပွဲ ဖြေပြီးနောက် သူငယ်ချင်း မောင်ဥက္ကံက ဖုန်းဆက်တာကြောင့်ပါ။ အကြောင်းရင်းက မောင်မိုးအဖေ ရောဂါအသည်းအသန်ဖြစ်နေသောကြောင့် သူ့ကို အမြန်ပြန်လာစေချင်ကြောင်း မှာတာပါ။ ဒီလို အရေးပေါ်ကိစ္စကြောင့်ပဲ မောင်မိုး ရန်ကုန်သို့ ဖုတ်ပူမီးတိုက် ပြန်လာရတယ်။ သမိုင်းလမ်းဆုံက သူ့အိမ်ကို ရောက်ရောက်ချင်း သူ့အဖေ့ကို မတွေ့လို့ ဘေးအိမ်က လူတွေကို မေးရတယ်။ ဘေးအိမ်ကလူတွေ ပြောပြချက်အရ သူ့အဖေရောဂါဖောက်တာကြောင့် အရေးပေါ်အထူးကုဆေးခန်းသို့ တင်ထားရကြောင်း သိရတယ်။ ဒါကြောင့် ပါလာတဲ့အထုပ်တွေထဲက သူ့အဖေအတွက်လိုမယ့်ဟာယူပြီး သူဆေးခန်းသို့ ဒုန်းစိုင်းနှင်လာတယ်။ မောင်မိုး ဆေးခန်းကိုရောက်တော့ အဲ့ဒီမှာ လူတွေ ရှုပ်ယှက်ခတ်နေတာပဲ။ မစည်းကားသင့်တဲ့အရပ်မှာ လူတွေစည်ကားနေကြတယ်။ လူနာစုံစမ်းရေးဌာနမှ တာဝန်ကျသူတွေကို မေးကြည့်မှ သူ့အဖေအခန်းကို […]


Khaing KhaingOctober 25, 20121min040
ကောင်မလေးက ချောတယ်လဲမဟုတ် ချမ်းသာတယ်လဲမဟုတ် ခေတ်မှီတယ်လဲမဟုတ်ပါဘူး … ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူးဗျာ … ယောက်ျားလေး တော်တော်များများက အဲဒီကောင်မလေးကို နှစ်သက်ကြ ကြိုက်ကြတယ်ဗျ …. ကျွန်တော်အပါအဝင်ပေ့ါလေ … ကောင်မလေး က ယဉ်သလိုပဲ … ခေတ်မဆန်ပေမယ့် သူကနေတာထိုင်တာပွင့်လင်းတယ် …. သူနဲ့ စကားပြောရ ခင်မင်ရတာကိုက ပျော်စရာ သူ့မှာ ချစ်မွှေးပါတယ်ပဲ ဆိုချင်တယ်ဗျာ …….. ကျွန်တော်သူ့ကို ကြိတ်ကြိုက်နေစဉ်မှာပဲ သူနဲ့ရွယ်တူကောင်လေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားပြီလို့ သိရကြားရတယ် … ကျွန်တော့်ပတ်ဝန်းကျင်ကပြောသံပါ သူနဲ့ အဲဒီကောင်လေးတွဲတာသွားတာလာတာ တစ်ခါမှ မမြင်ရဘူး …… ဒါပေမယ့်ဗျာ ရည်းစားရှိတာပဲ ယောက်ျားရှိတာမှ မဟုတ်တာ ကျွန်တော်သူ့ကို စိတ်ဝင်စားနေတုန်းပါပဲ … ကျွန်တော်က သူ့ထက်ငယ်တယ်ဗျ … အဲဒီမမကို ကျွန်တော်လမ်းမှာ […]


  (က) ကျွန်တော် ရေဆာနေပြီ။ ရေမသောက်ရသေးလို့တော့ မဟုတ်။ ရေသောက်ပြီးသား ထပ်ဆာနေတာမျိုးလည်း မဟုတ်ပြန်။ ကျွန်တော်ကတော့ တကယ့်အစစ်အမှန်ပုံစံမျိုးနဲ့ ရေဆာလို့ နေခဲ့ပြီ။ အဲဒီအချိန်မှာ ကျွန်တော့်ကို ရေတိုက်မယ့် လူတစ်ဦးရောက်လာတယ်။ “မင်းရေဆာနေတယ်ဆို” “ဟုတ်ပါ့ .. အစစ်ပဲ” “ရေဆာမှာပေါ့ .. မင်းရေမသောက်တာ နှစ်ပေါင်းများစွာ ကြာပြီ” “ဟုတ်ပါဘူး.. ကျွန်တော် ခုနလေးကမှ သောက်ထားတယ်” ထိုလူ တွေဝေသွားတယ်။ “မဖြစ်နိုင်ဘူး .. မင်းပုံစံက နှစ်ပေါင်းများစွာ ရေမသောက်လာတဲ့ လူနဲ့ တူနေတယ်” နောက်တော့လည်း ဘာဆက်ဖြစ်တယ် မသိဘူး။ တောင်တန်းတွေဘက်ကို သူထွက်သွားလိုက်တာ ပြန်မပေါ်လာတော့ဘူး။ အဲဒီတောင်တန်းတွေဘက်က တောင်ကျချောင်းရေများ ခပ်လာမလားလို့ သူ့ကို မျှော်ကြည့်ဖြစ်သေးတယ်။ မဖြစ်နိုင်ဘူး။ တကယ်က သူရောက်လာကတည်းက ကျွန်တော့်ကို တကယ် […]


alinsettOctober 22, 20121min018
ကျွန်တော် ရင်ခုန်မြန်နေပါသည် ။ လိုင်းကား ကျပ်ကျပ်ကို တိုး စီးသွားရမှာ ဆိုပေမယ့်..ခါတိုင်းလို စိတ်မရှုပ်မိပါ။ ဒီနေ ့သည် အလုပ်သစ်တစ်ခုုအတွက် အင်တာဗျူး.ဖြေဆိုရမည့်နေ ့ဖြစ်သည် ။ဤ အလုပ်သည် ကျွန်တော့် ဘဝ အတွက် အရေးကြီးပါသည်။ ရန်ကုန်ကို ထွက်လာပြီး ကတည်းက အနည်မထိုင်သေးသောကျွန်တော်… ဤအလုပ်ကို ရမှ တည်တည်တံ့တံ ့ဖြစ်ပါလိမ့်မည် ။ ဦးလေး.တစ်ဝမ်းကွဲ၏ အိမ်တွင် ကပ် နေပြီး အလုပ်အကိုင် မည်မည်ရရ မရှိသောအခါ ကျွန်တော့်ကို ဦးလေး ၏ မိန်းမ က သိပ် မကြည်ချင်တော့ပါ။ ကျွန်တော်က အလုပ်မရရင်သာနေမည် ။ ရရာ အလုပ်ကိုတော့ မည်းမညူ…လုပ်ကိုင်ပြီး.. ဦးလေးတို ့မိသားစုကို…. ထောက်ပံ့တတ်၍သာ ဘာမှ မပြောသေးတာဖြစ်သည် ။ […]