လယ်ရီသောမတ်စ်တစ်ယောက် ဥဩငှက်နာရီတစ်လုံးအတွက်နဲ့ တန်ဖိုးကြီးကြီး ဘယ်လောက်ပေးဆပ် လိုက်ရမယ် ဆိုတာ မသိခဲ့ဘဲနဲ့ သူ့ဇနီးအတွက် လက်ဆောင်အဖြစ်ဝယ်ယူခဲ့တယ်။ အဲဒီညချက်ခြင်းပဲ သူက ဥဩငှက်နာရီဗူးကိုယူပြီး သူ့ဇနီးရဲ့ထမင်းပန်းကန်ဘေးမှာ တင်ထားလိုက်တယ်။ ဒိုးရစ်တယောက် မျက်လုံးအပြူးသားနဲ့ အံ့ဩတကြီး ဘူး ကို စူးစူးစိုက်စိုက်ကြည့်လို့ လယ်ရီကိုမေးလိုက်တယ်. “အိုး……ဘုရားသခင် .. အဲဒါဘာများပါလိမ့်…” “ဖွင့်ကြည့်လိုက်လေ” ..လို့ လယ်ရီ က ပြန်ပြောတယ်။ ဒိုးရစ်တယောက် လှုပ်ရှားနတဲ့ ရင်အစုံနဲ့ လေးထောင့်ဘူးက ဖဲကြိုးနဲ့စက္ကူကို သူမရဲ့ လက်သည်းချွန်ချွန်နဲ့ ထိုးခွဲပြီး ဖွင့်လိုက်တယ်။ လယ်ရီကတော့ နံရံကို မှီပြီး ဆေးလိပ်မီးညှိလို့ မတ်တပ်ရပ်ရင်း သူမ အဖုံးအဖွင့်အပြီးကို စောင့်ကြည့်နေတယ်။ “အိုး…..ဥဩငှက်နာရီလေးပါလား … ကျွန်မအမေဆီမှာရှိခဲ့ဖူးတဲ့ ဥဩငှက်နာရီအဟောင်းလေးအတိုင်းပဲ” သူမဟာ နာရီလေးကို သေသေချာချာ ထပ်ခါတလဲလဲ ကြည့်ပြီး […]
