koyin sithuJanuary 26, 20131min012
သားမွေးတုန်းဆို ငါးပေါင်လောက်လေး သားရဲ့။ အရမ်းသေးတာပေါ့။ အမေကတော့ သားကိုကြည့်ပြီး အားအင်တွေရှိခဲ့တယ်..။ မေမေ့အတွက်တော့ သားဟာ အကြီးမားဆုံး ခွန်အားပေါ့။ အဒိတုန်းကဆို သားဟာ ညတွေရောက်တိုင်း အရမ်း ငိုတတ်တာပေါ့ သားရဲ့။ အမေ့မှာ ဖယောင်းတိုင်ထွန်းပြီး… အို့ အို့ အေ့အေ့ တေးသီဆို ပွေ့ချီကာမှ သားက အငိုတိတ်ပြီး အိပ်တတ်ခဲ့တာ။ မင်း ဖေဖေကတော့ ထုံစံအတိုင်းပေါ့ အမေတို့ သားအမိကိုကြည့်ပြီး ပြုံးပြုံးကြီးနဲ့ ဘေးနားကနေ ယပ်ခပ်ပေးနေတာပဲလေ။ နီနီရဲရဲသားလေးက ဘာမှမပြောတတ်သေးဘူးပေါ့… ဒါပေမယ့်သား… အမေကသိတယ်။ နားလည်တာပေါ့။ မေမေ့သားလေး ဗိုက်ဆာနေတာလာ… အိပ်ချင်နေတာလား… ရူးရူးပေါက်ချင်နေလား… စိတ်အလိုမကျနေတာလဲ… သားဘယ်လိုပဲပြောပြော အဲဒီအချိန်တုန်းက သားကို နားလည်တာဆိုလို့ အမေပဲ ရှိတယ်သားရဲ့…။ သားက ခစ်ခစ်ပါအောင် ရီမောလိုက်တိုင်း အမေ့မှာလေ […]


johnnydeerJanuary 24, 20131min013
ဈေးတွေက ညကျမှ မီးထလောင်တာ ဘာဖြစ်လို့လဲ မသိဘူး… စက်မှုဇုန်ထုတ်ကားတွေက ဂျပန်ကလာတဲ့ ကားတွေနဲ့ တထေရာထဲ တူနေတာ ဘာဖြစ်လို့လဲ မသိဘူး… အိမ်ဌားနေတဲ့ ဝန်ကြီး မြန်မာပြည်မှာ မရှိတာ ဘာဖြစ်လို့လဲ မသိဘူး… ခိုးကူး ခိုးကူး နဲ့တဖွဖွ ရွတ်နေတဲ့ သူတွေရဲ့သီချင်းသံစဉ်တွေက နိုင်ငံတကာ သီချင်းတွေနဲ့ တအားတူနေတာ ဘာဖြစ်လို့လဲမသိဘူး… သက်တူရွယ်တူ အချင်းချင်းတွေ အဘ အဘနဲ့ ခေါ်နေကြတာ ဘာဖြစ်လို့လဲ မသိဘူး… ပိုလျှံပါတယ်ဆိုပြီး နွေရာသီတောင် မရောက်သေးဘူး မီးပျက်ပျက်နေတာ ဘာဖြစ်လို့လဲ မသိဘူး… ဝန်ထမ်းချင်းအတူတူပဲ..လစာလဲ ဒီလောက်ကြီးမကွာဘူး…နဲနဲ များတဲ့သူက ပင်စင်ယူပြီးရင် အိမ်တွေအများကြီးရှိပြီး နဲတဲ့သူက နေစရာမရှိတာ ဘာဖြစ်လို့လဲ မသိဘူး… ဗိုလ်ချုပ်လို လူကောင်းသူကောင်းက ၃၂ နှစ်ပဲ နေရပြီး ဦးနေဝင်းတို့ […]


(ကြိုတင်မေတ္တာရပ်ခံစာ-မန်းဂေဇက်အတွင်းသို့ဝင်ရောက် ဖတ်၊မန့်ရန် ကွန်နက်ရှင် အရမ်းအရမ်းကျနေပါသောကြောင့် ဒီရက်ပိုင်း ပို့စ်များအား မဖတ်ဖြစ်၊မမန့်ဖြစ်ခဲ့ပါ။ အရမ်းစိတ်ဝင်တစား စောင့်နေရသော ဆုပေးပွဲနဲ့ကွန်ဖရင့်ပို့စ်များ၊ဓာတ်သေများကိုပင် ဝင်မကြည့်နိုင်အောင် လိုင်းကကျလှပါသည်။ အဆင်ပြေတဲ့အချိန်ကို စောင့်စားကာ ပို့များကို အားပေးနေပါဦးမည် ဟုတောင်းပန်လိုက်ရပါသည်။ကျွန်မရဲ့ပို့စ်များကို ရီပလိုင်းပြန်တာနောက်ကျနေရင်လည်း နားလည်ခွင့်လွှတ်ပေးကြဖို့ ကြိုတင် မေတ္တာရပ်သွားပါသည်။ ခင်မင်လျက် နန်းတော်ရာသူ) :gee: :saut: “လက်တွေ့ဘဝရယ် မလွယ်ရေးချမလွယ်”(ပြိုင်ပွဲဝင် ဝတ္ထုတို) :saut: ———————————————————————————- (နှလုံးသားမြို့တော် ရသစာပေ ဒုတိယဆုရ) (နှလုံးသားမြို့တော်ဆိုဒ်မှ မှတ်ချက် ) အရေးအသားသေသပ်ပါတယ်။ ပေါ့ပေါ့ပါးပါးဖတ်လို့ကောင်းသလို လူရဲ့ မနောက ထိန်းရခက်တဲ့ဟာကို ကွက်ကွက်ကွင်းကွင်း ရေးပြထားတာလေးကို သဘောကျပါတယ်။ကလောင်ရှင်ရဲ့ အရေးအသား ဇာတ်လမ်းဖွဲ့စည်းပုံ နဲ့ စာဖတ်သူကို သူပေးချင်တာလေးတွေ ပေးသွားပုံလေးက ကွက်တိကျတယ်တဲ့အတွက် ဒီဆုကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါတယ်။ ရှေ့ဆက်လက်ရေးသားမယ့် စာပေခရီးလမ်းအတွက် […]


NovyJanuary 22, 20137min062
မန္တလေးဂဇက်အဖွဲဝင်များဆုံစည်းပွဲနဲ့ ဆုပေးပွဲမှာ ဥက္ကဌကြီးမမပဒုမ္မာနဲ့ အကျိုုးတော်ဆောင် ဖတ်ရွေးအဖွဲ့ဝင်တွေ / မိတိုက်နဲ့ အမတ်မင်းတို့ကလည်း ထောင့်စေ့အောင်အကုန်စီစဉ်ပြီပြီး အစားအသောက်အတွက်လည်း အဘဖေါရဲ့ စေတနာလို့ကြားတယ် ကိုယ်ဘက်ကဘာတွေလုပ်ပေးနိုင်မလည်းလို့ စဉ်စားလိုက်တယ် အားလုံးလည်းပျော်ရအောင် ဗလာမပါကံစမ်းမဲလေးဖေါက်ပေးနိုင်ရင် ကောင်းမှာပဲလို့ စဉ်စားမိတယ် ဒါနဲ့ပဲမိတိုက်ဆီကို ဖုံးလေးခေါ် မရတာနဲ့ပဲ အမတ်မင်းဆီကို လှမ်းဆက်လူစာရင်းလေး လှမ်းမေး တော့ အကြောင်းပြန်ပါ့မယ်တဲ့ ပစ္စည်းလေးတွေစပြီးစုရတာပေါ့ 16/01/2013 မှာ အမျိုးမတူတာ 30လောက်စုမိသွားတယ် 17/01/2013 မှာ ပါကင်လေးတွေထုပ်ရတာပေါ့ 18/01/2013မှာ မိတိုက်ဆီကို ဖုံးထက်ဆက်တော့ အမတ်က သူ့ကို မပြောရသေးဘူးတဲ့ ဒါနဲ့ပဲ အစကနေပြန်ပြော ကံစမ်းမဲလေးဖေါက်ပေးခြင်တဲ့အကြောင်းပေါ့ မိတိုက်ကပြောတယ် သူကြီးနဲ့ပေါင်းမလားတဲ မပေါင်းနိုင်ဘူးလို့ ( မဲကိုပြောတာနော်- ) တက်ရောက်မဲ့သူစာရင်းက52ယောက်တဲ့ မနိုကတော့ တန်းဘိုးအားဖြင့် ဘယ်လောက်မှ မရှိပေမဲ့ လူတိုင်းကိုရစေချင်လို့ […]


moonpoemJanuary 22, 20131min023
ကျွန်မတိ်ုးရစ်ဂိုက် စလုပ်တာ ၂၀၀၈ခုနှစ်မှာဖြစ်သည်။ နာဂစ်ဖြစ်ပြီးခါစ ဘယ်ဧည့်သည် ဘာလူမျိုးမှ သိပ်မလာကြ။ တစ်လနေလို ့ ၃ခေါက် ခရီးသွားရလျှင်ပင် ကံထူးသူဖြစ်ပေဧ။် ။ စကားပြောရခြင်း၊ခရီးထွက်ရခြင်းကို နှစ်သက်ပြီး တိုးရစ်ဂိုက်ဘဝကို ရွေးချယ်မိခဲ့သော ကျွန်မသည် ထို အချိန်က စကားလည်း သိပ်မပြောရသလို ခရီးလည်း သိပ်မထွက်ခဲ့ရပါ။ ယခုလို တိုးတွေပေါပေါများများ မရှိသဖြင့် ခရီးသွားကုမ်မဏီများကလည်း တိုက်ပိုင် ဧည့်လမ်းညွှန်တွေကိုသာ အသုံးများပြီး ဖရီးလန် ့စ် လိုက်သော ကျွန်မတို ့လို ဂိုက်တွေကို သိပ်လည်း မသုံးကြသေးပါ။ ကုမ်မဏီတွေက စမ်းပြီး ဂိုက်မထည့်ကျတော့ အတွေ ့အကြုံက မရ၊ အတွေ ့အကြုံက မရှိတော့ တခြား ကုမ်မဏီတွေကလည်း မသုံးချင်နှင့် သံသရာလည်ကာ အိပဲ့အိပဲ့နှင့် ဘဝကို ဖြတ်သန်းခဲ့ပါဧ။် […]


SawAungJanuary 19, 20131min04
ဒီနေ့ အရင်နေ့နှင့်မတူ ညနေစောင့်အချိန် တိမ်များထူထပ်လို့နေသည်။ အိမ်အပြန်ဝယ်စရာရှိသည်နှင့် ရုံးကိုခွင့်တောင်း ကာ နာရီအနည်းငယ်စော၍ ဆင်းလာခဲ့မိသည်။ ပြီးခဲ့သည့်တနင်္ဂနွေညမှ ပြန်ရောက်သော ကျိုက်ထီးရိုးဘုရားဖူးခရီး ကြောင့်လည်း အလွန်ပင်ပန်းသည်မို့ အိမ်တွင်စောစောပြန်နားမည်ဟု ဆုံးဖြတ်ကာ ရုံးမှစောဆင်းလာခြင်းဖြစ်၏။ ကျိုက်ထီးရိုးခရီးကို သူငယ်ချင်းများနှင့်အတူ ခြေလျင်တက်ခဲ့ရသည်ကတစ်ကြောင်း၊ ရေတံခွန်ဆိုသည့်နေရာအား မမောနိုင်မပန်းနိုင် သွားခဲ့ရသည်ကတစ်ကြောင်းမို့ အိမ်ရောက်သည်နှင့်မည်သို့မျှ မလှုပ်နိုင်အောင်ဖြစ်နေတော့သည်။ ရုံးကိုတစ်ရက်လောက် နားချင်သော်လည်း ခွင့်ယူသောရက်များနှင့် သူဌေးမျက်နှာပျက်မည်စိုးရိမ်သောကြောင့် ရုံးတက်ရ သော်လည်း လူကတော်တော်လေး ပင်ပန်းနေသည်။ ညနေစောင်းလာသည်နှင့်အေးလာသောကြောင့် ညောင်းညာမှုဒဏ် များက တဆစ်ဆစ်နှင့်ကိုက်လာတော့၏။ အိမ်စောစောပြန်နားမှဟုတွေးကာ ရုံးမှထွက်လာခဲ့တော့သည်။   အမှန်ဆိုလျှင် ခရီးပန်းလာသောပင်ပန်းမှုထက် လမ်းခရီးတွင်ကြုံခဲ့ရသော အဖြစ်အပျက်တစ်ခုကို မမေ့နိုင်သောကြောင့် စိတ်မကောင်းဖြစ်ရသည်က ပိုသည်ဟု ကျွန်မထင်မိသည်။ ယခုလိုညနေစောင်း တိမ်တွေခပ်အုံ့အုံ့ခပ်မှိုင်းမှိုင်းများနှင့် မျောချင်ရာမျောနေသည်ကို ကြည့်ပြီးရင်ထဲမှပို၍ပင်မကောင်းဖြစ်သွားမိသည်။ ကျွန်မနှုတ်ဖျားမှ စကားတစ်ခွန်းတိုးတိုး ညင်သာစွာထွက်ကျလာမိ၏။ […]


alinsettJanuary 16, 20131min020
အလင်းဆက် ဆိုတာ က လူငယ်ပီပီသသ ပါပဲ ။ အချစ်ကို ကိုးကွယ်မိပါတယ် ။ အချစ်ဆိုတာ….. စိတ်နာကျင်မှု နဲ ့… ပေးဆပ်ရမယ့် ဝဋ်ကြွေး တစ်ခု..ဆပ် ရခြင်းပဲ..လို ့… ယူဆမိ တဲ ့အချိန်အထိ…. အချစ်ကိုပဲ.. ဦးစားပေးလို ့…. ဆက်…ရူးနေဦးမယ်…။ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ကျွန်တော် ချစ်ရတဲ ့… ကောင်မလေးဟာ… အကြောင်းပြချက် မျိုးစုံ ကိုထုတ် သုံးပြီး… ကျွန်တော့်ကို.စွပ်စွဲ လို ့…..စိတ်ဆိုး / စိတ်ကောက် တတ်သူလေးပါ ။ ခက်တာက…. ကျွန်တော် ကိုယ်တိုင်ကလည်း…သူ..ပေးသမျှ… ဒဏ်ရာတွေ ပဲ…ဖြစ်ဖြစ်…. ပျော်စရာတွေပဲ..ဖြစ်ဖြစ်…. ဘာ ဖြစ်ဖြစ်ကိ်ု.. မက်မက်မောမော… လိုချင်ခဲ့တာပါ ။ +++++++++++++++++++++++++++++++++++++++++++++++++++++++ မိဘ ကျေးဇူးကိ်ု…အရူးအမူး […]


(၁) ကျွန်တော် ဆယ်တန်းဖြေပြီးတဲ့အချိန်မှာ ကျောင်းလည်း မတက်ရသဖြင့် အားလပ်နေပါတယ်။ ဒါကြောင့်ပဲ ဦးလေးအသိ ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ဖြစ်တယ်။ အကြောင်းရင်းက တကယ်လို့ တက္ကသိုလ်ကိုတက်ရရင် ကိုယ်ပိုင်ဝင်ငွေလေးနဲ့ ကိုင်သုံးချင်တာလည်း ပါတာပေါ့။ ဆိုင်ဆိုလို့ ပြောရအုံးမယ်။ ကျွန်တော် အလုပ်လုပ်တဲ့ဆိုင်က ကြီးကြီးမားမား ဆိုင်ကြီးတစ်ဆိုင်လည်း မဟုတ်ပါဘူး။ အသင့်အတင့်အကျယ်နဲ့ အိမ်ဆိုင်လေး တစ်ခုသာဖြစ်ပါတယ်။ အိမ်ရှေ့ဘက်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အဓိကရောင်းချပြီး နောက်ဘက်မှာတော့ ဆိုင်ပိုင်ရှင်မိသားစု နေထိုင်ကြပါတယ်။ ဝန်ထမ်းဆိုလို့လည်း ကျွန်တော့်ရှေ့အရင် ဝင်လုပ်တဲ့ ကောင်လေးတစ်ယောက်ရယ်၊ ကျွန်တော်ရယ် စုစုပေါင်း နှစ်ယောက်သာရှိပါတယ်။ အဲ့ဒီကောင်လေးက ကျွန်တော့်ထက် တစ်နှစ်ခန့်ငယ်ပါတယ်။ သူ့အပြောအရဆို ဒီဆိုင်ကိုရောက်တာ ၂နှစ်လောက်ရှိပြီဆိုပဲ။ ဆိုင်ရှင်က ကျွန်တော့်ကို သူ့ဆီ အပ်ပါတယ်။ ဒါကိုတော့ ကျွန်တော် သိပ်မကျေနပ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထက်ငယ်တဲ့သူကို ဆရာတင်သလိုမျိုးဆိုတော့ […]


mamanoyarJanuary 14, 20131min012
နိုရာတို့ရွာရဲ့ အနောက်ဘက်တစ်ရွာမှာ စည်းကမ်းလဲကောင်း၊ ဒေါသလဲနည်းနည်းကြီး၊ လောဘလည်းရှိတဲ့ ဆရာတစ်ယောက်ရှိတယ်။ ဆရာအသက်ကြီးလာပြီဆိုတော့ အိမ်မှာအနားယူနေပြီ။ သူငယ်ငယ်က သင်ခဲ့တဲ့ တပည့်တပန်းတွေအများကြီးရှိတာပေါ့။ အိမ်မှာ အငြိမ်းစားယူထားတဲ့ ဆရာကြီးလဲ တတ်သည့်ပညာ မနေသာ ဆိုသလို အားတဲ့အချိန် ကလေးတွေကို စာပြပေးတာပေါ့။ တပည့်အချို့ကတော့ ဆရာကြီးရဲ့စေတနာကိုသိပြီး ဆရာကြီးဆီကို ကောင်းနိုးရာရာ တွေလာပို့တတ်ကြတာပေါ့။ တစ်နေ့………….. ရွာထဲမှ တပည့်တစ်ယောက်က ဖားဥချည်း သပ်သပ် ကြော်ထားတဲ့ ဖားဥကြော် ကို  မိမိတို့မစားဘဲ ဖားဥကြော်ကြိုက်တတ်တဲ့ ဆရာကြီးဆီသွားပို့သတဲ့။ (ရွာများတွင် မိုးဥကျသောအခါ ဖားများကောက်၍ ကြော်စား၊ချက်စားကြသည်။ ဖားဥချည်း သပ်သပ်ရဖို့ ခဲယဉ်းသည်။ ထို့ကြောင့် ဖားဥကို များများ မစားနိုင်ပါ) ဆရာကြီးလဲ မိမိအခန်းကနည်းနည်း မှောင်နေတော့ ဖားဥကြော်မဲမဲတွေကို ထန်းလျှက်နဲ့နှမ်းဖတ် နယ်ထားတယ်လို့ထင်ပြီး (ရွာဓလေ့ သွားရေစာအဖြစ် […]


Mon LayJanuary 12, 20131min06
၁။              နိုင်ငံခြားမှာ အလုပ်လုပ်နေသော ယောက်ျားဆီမှ မနေ့   ကပို်က့်ဆံလက်ခံရရှိခဲ့သည်။ ထို့ကြောင့် သည်ကနေ့   ကျွန်မမြဝတီဘဏ် မှာပို်က်ဆံထည့်မည်ဆိုပြီး ထွက်လာလိုက်သည။် မြဝတီဘဏ်ကလည်း သည်နေ့  လူအတော်ရှင်းနေသည်မို့   ပိုက်ဆံထည့်ပြီးသည်နှင့် ကျွန်မအပြင်ကို ထွက်လာလိုက်သည်။ ဟား..ပြောင်းဖူးပြုတ်နံ့လေးက မွှေးလိုက်တာ။ အရှေ့ကပြောင်းဖူးသည် ဆီကထင်ပါရဲ့။ ပြောင်းဖူးသည် အဒေါ်ကြီးကမြေကြီးပေါ် မှာ ဆောင့်ကြောင့်ထိုင်နေပြီး ပြောင်းဖူးနံ့လေးသင်းအောင်၊ ယင်လည်း အနားမကပ်ရအောင် ပုခုံးမှာတင်ထားတဲ့ တဘက်နွမ်းလေးနှင့် ခါ ယမ်းနေရင်း ဝယ်သူအလာကို စောင့်နေရှာသည်။ ပြောင်းဖူးသည်အဒေါ်ရဲ့ဆံပင်ဖြူအချို့က လေထဲမှာ ဖွာလန်ကျဲနေသည်။ အကျႌနှင့်ထဘီကလည်း အရောင်အဆင်းရယ်လို့   တိတိကျကျအပြောရခက်အောင်ပင် ညစ်ထေးထေးဖြစ်နေပေပြီ။ နေပူစပ်ခါးထွက်ခဲ့ရလွန်းသည့် အသားသည် ဘယ်တော့မှပြန်မစို၊ပြန်မဝင်း လောက်အောင် ခြောက်သွေ့ခဲ့ပြီထင်ပါရဲ့။ ပြောင်းဖူးနံ့လေးကလည်းမွှေးဆိုတော့….. `ပြောင်းဖူး..ဘယ်လိုရောင်းလဲ´ `တစ်ဖူး…နှစ်ရာ၊သုံးဖူး..ငါးရာနဲ့ပဲယူသွားပါ´ […]


mamanoyarJanuary 9, 20131min020
တစ်ခါတုန်းက ဆင်းရဲသားလေးတစ်ယောက်ရှိသတဲ့။ အဲဒီဆင်းရဲသားလေးဟာ ဟိုဘက်ရွာက သူဌေးကြီးဆီမှာ တစ်နေကုန်အလုပ်လုပ်ရသတဲ့ ဆင်းရဲသားလေးဟာ သူဌေးကြီးဆီမှာ အလုပ်တွေကို တစ်နေကုန်သည့်တိုင်အောင် ကြိုးကြိုးစားစား မခိုမကပ်ပဲ လုပ်ပေးသည့်အတွက် သူဌေးကြီးက သဘောကျပြီး လုပ်အားခငါးကျပ်အပြင် ထမင်းကြမ်းခဲတစ်ခဲပါ ပေးလိုက်သတဲ့ ဆင်းရဲသားလေးလည်း ပိုက်ဆံငါးကျပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထမင်းကြမ်းခဲလေး ဆုပ်ကာ အိမ်ပြန်လာခဲ့တာပေါ့ လမ်းမှာ အကြော်ကြော်နေသည့်ဈေးသည်ကိုတွေ့တော့ အကြော်တွေအရမ်းစားချင်ခဲ့တာပေါ့ ။ ဒါပေမယ့် ပိုက်ဆံစုချင်တဲ့အတွက် အကြော်ဝယ်မစားပဲ အကြော်ကြော်နေတဲ့ ခပ်လှမ်းလှမ်းနားက သစ်ပင်အရိပ်အောက်မှာ ထိုင်ပြီး အကြော်နံ့လေးခံပြီး ထမင်းကြမ်းခဲကို ကိုက်စားနေခဲ့သတဲ့။ သူလဲထမင်းစားပြီးတဲ့အခါ အကြော်သည်က ဆင်းရဲသားလေးဆီကို အကြော်ဖိုး ပိုက်ဆံလာတောင်းသတဲ့။ ဆင်းရဲသားလေးလည်း သူမစားပဲမပေးနိုင်ဘူးလို့ပြောတော့  အကြော်သည်က မင်းငါ့အကြော်နံ့နဲ့ ထမင်းစားတာ အကြော်ဖိုးပေးရမှာပဲလို့ ဇွတ်တောင်းသတဲ့။ ဒီလိုနဲ့ အကြော်သည်ကလဲ တောင်း ဆင်းရဲသားလေးလည်း မပေးနိုင်ဘူး […]


mamanoyarJanuary 9, 20131min05
တစ်ခါကရွာတစ်ရွာမှာ ဆင်းရဲသားမျက်နှာမွဲမိသားစု သုံးယောက်ရှိလေသည်။ ဆင်းရဲသည်ဆိုရာဝယ် အလွန်အမင်းဆင်းရဲခြင်းတော့ မဟုတ်ပါ။ မိခင်ဖြစ်သူမုဆိုးမနှင့်သမီးဖြစ်သူမှာလဲ အခြေအနေအရ ရွာထဲမှ “အတတ” နိုင်လွန်းသူ မောင်လွဲပိုနှင့် အိမ်ထောင်ဖက်ဖြစ်ခဲ့သည်။ မောင်လွဲပိုမှာ နာမည်နှင့်လိုက်အောင်လွဲနိုင်လွန်းသူဖြစ်သည်။ တစ်နေ့ ဇနီးသည် ကိုယ်ဝန်ဆောင်ပြီး မွေးခါနီး ဗိုက်နာလာလေသည်။ ထိုအခါ မိခင်ဖြစ်သူမှာ အရပ်လက်သည်နှင့် ခေါ်မွေးသော်လည်း အခြေအနေမကောင်းသဖြင့် သမက်ဖြစ်သူအား တစ်ဖက်ရွာမှ သားဖွားဆရာမအား အမြန်သွားပင့်ရန် ခိုင်းလိုက်လေသည်။ ဆိုင်ကယ်၊ စက်ဘီးမရှိသော မောင်လွဲပိုတစ်ယောက် တစ်ဖက်ရွာအား ခြေလျှင်ပြေးရတော့သည်။ ဒီလိုနှင့် မောင်လွဲပို တစ်ဖက်ရွာမှ သားဖွားဆရာမ ဆေးခန်းရောက်ချိန်တွင် ဆရာမအားမတွေ့ရသဖြင့် တစ်ဖက်အိမ်အားမေးကြည့်ရာ ဆရာမခတ္တမြို့ပြန်သွားကြောင်းသိရလေသည်။   မောင်လွဲပိုတစ်ယောက် စိတ်ညစ်ညစ်နှင့် ပူပန်စိတ်တို့များကာ ရွာအပြင်ဘက်အပြန်လမ်းမကြီးသို့ထွက်လာခဲ့သည်။ ထိုအခါ တစ်ဘက်မှ လမ်းမကြီးအတိုင်း အဝေးကြီးမှ တစ်ဖြည်းဖြည်းလာနေသော ကားတစ်စီးကို တွေ့လိုက်ရသည်။ […]


” ဖွတ်ထွက်မှတောင်ပို့မှန်းသိတယ် ဆိုတာငါတို့အဖြစ်မှအစစ်ဟေ့” ရောက်ကတည်းက တစ်တွတ်တွတ်ပြောဆို နေကြသော လန်းဆန်းနဲ့နေနေ့ကိုကြည့်ပြီး တကယ်ပဲ ဒီကိစ္စကြီးက ဆရာ့ရဲ့မသမာမုှလားဆိုတာ စဉ်းစားမိလာသည်။ “ဒီလောက် ဘွင်းဘွင်းကြီးပေါ်နေတဲ့ညစ်ညမ်းမှုကို လက်မခံတဲ့လူကရှိသေးတယ်.. ” ဒါကတော့ နေနေဆိုတဲ့စွာတေးမက မိုးအေးကိုစောင်းသလိုချိတ်သလိုနဲ့ ဒဲ့ရှုံ့ချလိုက်တာပင်။ “သူကိုယ်တိုင်က ဒါတွေကိုသာယာနေလားမှမသိတာ” “ဒါတော့ နည်းနည်းများသွားပြီငလန်း ငါကလား ဒါမျိုးတွေကို ဘယ်လောက်ရွံတတ်တယ်ဆိုတာ ညည်းတို့အသိ” “ငါတို့ရှေ့မှာ ရွံတတ်ချင်ယောင်ဆောင်ပြီး ကွယ်ရာမှာ ညည်းကျိတ်သဘောတွေ့ရင်တွေ့နေမှာပေါ့..အဲဒါ ကြောင့်လည်း ငါတို့ပြောသမျှကိုနင်လက်မခံချင်ချင်ဖြစ်နေတာမဟုတ်လား” “ငါက လူတစ်ယောက်ကို ဘလိုင်းကြီး အထင်မှားမိကုန်မှာစိုးလို့ စဉ်းစားချင့်ချိန်နေတာပဲ နောက်ပြီးတစ်ခြား လူလည်းမဟုတ်..အခုဟာက ရှင်းရှင်းကြီးပေါ်နေတော့ ငါ့စိတ်ထဲမှာလဲ လက်မခံလို့မရဖြစ်နေပါပြီ နင်တို့ကို ထုတ်မပြောဖြစ်တာက နင်တို့တွေရောင့်တက်ပြီး တအားသွားချဲကုန်မှာစိုးလို့ နားလည်တဲ့လူတွေဘာတွေ မေးမြန်းကြည့်ကြမလားလို့ ဆွေးနွေးချင်တာ” မိုးအေးစကားကြောင့် ဒေါသအိုးကွဲနှစ်ယောက် ဇီးကွက်နှစ်ကောင်ကဲ့သို့ မျက်လုံးမျက်ဆန်တွေပြူးပြဲကုန် လျက် […]