တောင်းချင်ဦးဟဲ့ အကြော်ဖိုးးးးးးးး

mamanoyarJanuary 9, 20131min020

တစ်ခါတုန်းက ဆင်းရဲသားလေးတစ်ယောက်ရှိသတဲ့။

အဲဒီဆင်းရဲသားလေးဟာ ဟိုဘက်ရွာက သူဌေးကြီးဆီမှာ တစ်နေကုန်အလုပ်လုပ်ရသတဲ့

ဆင်းရဲသားလေးဟာ သူဌေးကြီးဆီမှာ အလုပ်တွေကို တစ်နေကုန်သည့်တိုင်အောင် ကြိုးကြိုးစားစား မခိုမကပ်ပဲ လုပ်ပေးသည့်အတွက် သူဌေးကြီးက သဘောကျပြီး လုပ်အားခငါးကျပ်အပြင် ထမင်းကြမ်းခဲတစ်ခဲပါ ပေးလိုက်သတဲ့ ဆင်းရဲသားလေးလည်း ပိုက်ဆံငါးကျပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထမင်းကြမ်းခဲလေး ဆုပ်ကာ အိမ်ပြန်လာခဲ့တာပေါ့

လမ်းမှာ အကြော်ကြော်နေသည့်ဈေးသည်ကိုတွေ့တော့ အကြော်တွေအရမ်းစားချင်ခဲ့တာပေါ့ ။ ဒါပေမယ့် ပိုက်ဆံစုချင်တဲ့အတွက် အကြော်ဝယ်မစားပဲ အကြော်ကြော်နေတဲ့ ခပ်လှမ်းလှမ်းနားက သစ်ပင်အရိပ်အောက်မှာ ထိုင်ပြီး အကြော်နံ့လေးခံပြီး ထမင်းကြမ်းခဲကို ကိုက်စားနေခဲ့သတဲ့။ သူလဲထမင်းစားပြီးတဲ့အခါ အကြော်သည်က ဆင်းရဲသားလေးဆီကို အကြော်ဖိုး ပိုက်ဆံလာတောင်းသတဲ့။ ဆင်းရဲသားလေးလည်း သူမစားပဲမပေးနိုင်ဘူးလို့ပြောတော့  အကြော်သည်က မင်းငါ့အကြော်နံ့နဲ့ ထမင်းစားတာ အကြော်ဖိုးပေးရမှာပဲလို့ ဇွတ်တောင်းသတဲ့။

ဒီလိုနဲ့ အကြော်သည်ကလဲ တောင်း ဆင်းရဲသားလေးလည်း မပေးနိုင်ဘူး ငြင်းရင်းခုန်ရင်းနဲ့ပဲ သူကြီးအိမ်ရှေ့ကိုရောက်လာသတဲ့။ သူကြီးလဲမေးမြန်း ကြည့်ပြီးအကြောင်းစုံကိုသိရတာပေါ့။ ပညာရှိတဲ့သူကြီးလဲ လူအများရှေ့မှာ ဆုံးဖြတ်ပေးလေသတဲ့။ သူကြီးက ဟုတ်တာပေါ့ အကြော်နံ့နဲ့ထမင်းစားတဲ့အတွက် ပိုက်ဆံပေးရမှာပေါ့လို့ ပြောလိုက်သတဲ့။ အဲဒီအချိန် လူအများက အံ့အားသင့်သွားသတဲ့။ ရွာသူကြီးလဲ ဆင်းရဲသားလေးအား ပိုက်ဆံဖြန့်ပြီး ရှေ့ထွက်စေသတဲ့။ အဲဒီနောက် ဆင်းရဲသားလေးရဲ့ပိုက်ဆံကိုဖြန့်ပြီး နေပူမှာ ထောင်ပြီးကိုင်ခိုင်းထားသတဲ့ကွယ်။ အကြော်သည်ကိုလဲ ရှေ့ထွက်စေပြီး ဆင်းရဲသားလေး ကိုင်ထားတဲ့ ပိုက်ဆံရဲ့အရိပ်ကို ယူစေသတဲ့။ အဲဒီမှာပဲ အကြော်သည်ကိုပြောလိုက်သတဲ့။ သူစားတာကလဲ မင်းရဲ့အကြော်ကိုစားတာမဟုတ်ပဲ အနံ့ကိုစားတာဖြစ်တဲ့အတွက် မင်းလည်း ပိုက်ဆံကိုမယူရပဲ ပိုက်ဆံရဲ့အရိပ်ကိုပဲ ယူရမယ်လို့ ဆုံးဖြတ်လိုက်သတဲ့ကွယ်…..။ အဲဒီအခါမှ လူအများလဲသဘောပေါက်ပြီး အကြော်သည်လဲ သူ့ရဲ့မက်မောမှု၊ မတရားမှုတွေကြောင့် လူအများရှေ့မှာ အရှက်ရသွားတော့သတဲ့ကွယ်။။။။။။။။။။

 

 

ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ပုံပြင်လေးပါရှင်။ သဘောကျလို့ပါ

20 comments

  • မောင်ပေ

    January 9, 2013 at 7:47 pm

    အကြော်ဖိုး
    ငဘော်ခိုး
    ဆော်ကတိုး
    မျှော်မဆိုး
    မတော်ရိုး

  • Yawna Tham

    January 9, 2013 at 8:41 pm

    အစ်မ ပုံပြင်လေးကကောင်းသာပဲ လူတစ်ရောက်ရဲ့လောဘကို ပုံဖေါ်ထားတာပဲ
    အရမ်းသဘောကြမိပါတယ်…….အားပေးသွားပါတယ်နော်……။

  • surmi

    January 9, 2013 at 10:00 pm

    တစ်ခုစဉ်းစားမိတာက ကျုပ်တို ့သဂျီးဆို ဘယ်လိုများ ဆုံးဖြတ်မလဲလို ့ပေါ ့
    ဘာပဲဖြစ်ဖြစ် ကောင်းပါတယ် ။
    မရေးတာ ကြာပြီထင်ပါတယ် ။ဆက်ရေးပါဗျာ ….
    ကြာကြာလဲနေပါနော …..

    • ဦးကြောင်ကြီး

      January 10, 2013 at 9:11 am

      သဂျီးလား… အကြော်သည်ဂျီးဆီက အကြော်တွေစားပြီး အာပေါင်အားရင်းသန်သန် တရားဥပဒေ ဥဘဒက် ဖဒရယ် ဖက်ဒရက် စာလုံးတွေနဲ့ ကောင်လေးဆီက ငွေငါးကျပ်ကို ဒဏ်ကြေးဆိုပြီး သိမ်းလိုက်မှာပေါ့…. နှစ်တသောင်း ကြိမ်ဇာ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 10, 2013 at 9:28 am

    ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အတော်ဟို့ပြီ
    အဲ့သည်ဟို့ရဲ့ အရှေးရှေ့တုန်းကပေါ့
    ဘုရင်ကြီးတစ်ပါးမှာ မိဖုရားတွေတော်တော်များတယ် ( မိန်းမတွေတော်တော်များတယ် )
    တစ်နေ့အဲ့သည်ဘုရင်ကြီးဟာ သူ့ရဲ့ အလှပဂေးမိဖုရားတွေနဲ့ တိုင်းခန်းလှည့်လည်လာတုန်း
    ချောင်းထဲကနေလူတစ်ယောက်မြောလာတယ်
    ခြေလက်တွေမပါတဲ့ ယောက်ျားတစ်ယောက်ပေါ့
    ဘုရင်ကြီးလည်းသနားတာနဲ့ ကယ်လိုက်တယ်
    မကြာဘူး ဘုရင်ကြီးရဲ့ များစွာကုန်သော မိဖုရားတွေထဲက အလှပဂေး မိဖုရားတစ်ပါးဟာ
    အဲ့သည်ခြေလက်တွေမရှိတဲ့လူယောက်ျားကို လင်အဖြစ်ပေါင်းသင်းဘို့ ခိုးပြေးသွားပါလေရော
    ကဲ
    တွေးကြဇမ်း !!!!!!!!!!!!!!!!
    ကော်မန့်တစ်ခါပေးဘို့အရေး ဂဏန်းပေါင်းစက်နဲ့ ပေါင်းနှုတ်မြှောက်စားလုပ်နေရသေးဒယ် 👿

    • ဟုတ်ဒယ် .. ဥအောင်ဘုဂျီးး
      ဒါ သဂျီး သက်သက် ညစ်နေဒါ ..
      တမင်သက်သက် အလုပ်ရှုပ်အောင် လုပ်နေဒါ …
      ကျေနပ်ဘူးးးး
      အိုက်ဒါဂျီး ပြန်ဖြုတ်ပေးဘာ … ငွင်းး ငွင်းး

      • mamanoyar

        January 10, 2013 at 10:01 am

        တွေးကြဇမ်း !!!!!!!!!!!!!!!!
        ကော်မန့်တစ်ခါပေးဘို့အရေး ဂဏန်းပေါင်းစက်နဲ့ ပေါင်းနှုတ်မြှောက်စားလုပ်နေရသေးဒယ် 👿
        ဒီနေ့မနက်မှပြောင်းသွားတာဆိုတော့
        comment ပေးမရပါဘူးနဲ့တွက်နေတာ
        ပေါ်လာတဲ့စာ ဖတ်ကြည့်လိုက်မှ………………????

  • အနံ့ နဲ့ အရိပ် ….
    အနံ့က မမြင်ရဘူးးး
    အရိပ်က မြင်ရသေးတယ် …
    ဒီတော့ တရားဆုံးဖြတ်တဲ့ ကိစ္စမှာ တွေးကြည့်လိုက်ရင်ဖြင့်
    ဆင်းရဲသားလေး ဘက်က နည်းနည်း နစ်နာနေဒယ် ..
    ဒီတော့ အမိန့်ချမယ် …
    ဆင်းရဲသားလေးကို အကြော်သည် သမီးနဲ့ ပေးစားစေ …
    ဝယ် … ဝူ …. :mrgreen:

    • ဂန္ဓာရီ ဆြာအုပ်

      January 11, 2013 at 12:08 pm

      အကြော်သယ် ဖက်ကို မတရားတာထင်တယ်
      အနဲ့ ကရှုပြီးယူ လို့ရပေမယ်.. အရိပ်က ယူလို့မှမရတာ

      • mamanoyar

        January 11, 2013 at 1:14 pm

        ဒါဆိုလဲ ဂန္ဓာရီ ဆြာအုပ် သာ ဆုံးဖြတ်ပေးလိုက်ပါတော့
        ဟဲဟဲ

  • kai

    January 10, 2013 at 11:28 am

    အဲဒါကျုပ်လည်း.. “မစားရအညှော်ခံ ” ဆိုတဲ့ဆိုင်ဖွင့်စားမလားလို့..
    အဲဒီမှာ..
    လော့ဘ်စတာပြုတ်အနံ့..
    ဂဏန်းပေါင်းကြော်အနံ့..
    ကြက်ကင်..ဘဲကင်..တာကီကင်အနံ့..
    ဆင်..ခြသေံ..ကျား..မိချောင်းပြုတ်ကျော်အနံ့…
    စသဖြင့်.. ထုတ်ရောင်းရင်..ရောင်းကောင်းမယ်ထင်တာပဲ..

    အနည်းဆုံးတော့..နောင်လာမယ့်အင်တာနက်မှာ.. အနံ့နဲ့ဆိုင်ဖွင့်စားနိုင်တဲ့အလုပ်ဖြစ်တယ်…။ :kwi:

    • mamanoyar

      January 10, 2013 at 1:34 pm

      မစားရအညှော်ခံဆိုင် ဘယ်တော့ဖွင့်မှာလဲနော်
      အဲဒီထဲက ဆင်ကောင်လုံးကြော် နဲ့ကျား ပြုတ်ကြော်စားချင်လို့
      ဟီးးးးးးးးးးးးးး

      • ခင်ခ

        January 10, 2013 at 2:40 pm

        အဲဒါတွေကြော်ဖို့ ပြုတ်ဖို့ စက်ရုံမှာ ဒယ်အိုး အော်ဒါမှာထားပါတယ်တဲ့ မမနိုရာရေ။

  • manawphyulay

    January 11, 2013 at 2:43 pm

    အင်း… ခပ်ငယ်ငယ်ဘဝကို ပြန်ရောက်သွားသလိုပဲ။ ငယ်ငယ် အိပ်ရာဝင်ပုံပြင်တွေထဲက တစ်ပုဒ်ပေါ့။ ပြီးတော့ ပြောပြတဲ့မေမေက ပြောသေးတယ်။ အကြော်သည်ကို ဥပမာပြုပြီးတော့ သူများဆီက မတရားမယူရဘူး။ မလုပ်ရဘူးဆိုတဲ့အသိလေးပါ တစ်ခါထဲသွင်းပေးခဲ့တယ်လေ….

    • mamanoyar

      January 11, 2013 at 2:58 pm

      ဟုတ်တာပေါ့ မမမနောရေ
      ပုံပြင်လေးတွေထဲက မှတ်သားစရာလေးတွေပေါ့

  • etone

    January 11, 2013 at 4:37 pm

    ပို့စ်ကို ဆုံးအောင် မဖတ်သေးပဲ .. အကြော်သည်ကို ပိုက်ဆံပေးရမယ်လို့ ပြောတဲ့အထိဖတ်ပြီး …
    အနံ ့ရှုတိုင်းသာ ပိုက်ဆံပေးရမယ်ဆိုလျှင်လေ .. လှည်းတန်းဈေးနားက ညနေပိုင်း ဖြတ်တဲ့ လူတိုင်း … အဟီး .. မွဲကုန်ပြီပေါ့လို့ … ဒီလူကြီး အတော်ဉာဏ်နဲလှချည်လား လို့ .. အပြစ်တင်စောသွားတယ် .. တကယ်တမ်းဉာဏ်နဲတာ ..ပုံပြင်ထဲက သူကြီး မဟုတ်ပဲ … ကိုယ်ဖြစ်နေမှန်း ပို့စ်ဆုံးမှပဲ သိတော့တယ် …. :byae:

    • mamanoyar

      January 11, 2013 at 4:46 pm

      မမအိတုန်ရေ အနံ့ရူတိုင်းသာ ပိုက်ဆံပေးရမယ်ဆိုရင် အဲဒီနားဖြတ်တဲ့
      လူတွေ မွဲမမွဲတော့မသိဘူး နိုရာ ရန်ကုန်အလည်သွားတော့ ဘုရားဖူး
      လိုင်းကားစီးပြီးသွားကြတာပေါ့ မြို့ထဲရောက်တော့ ကြော်နေလိုက်ကြတာ
      ကားမူးပါတယ်ဆိုမှ အကြော်နံ့တွေကနံနဲ့ ဆူးလေဘုရားလဲရောက်ရော
      လမ်းဘေးကိုလှဲအိပ်ချင်စိတ်တွေပေါက်လာလို့ သူငယ်ချင်းတွေဇွတ်တားပြီး
      ကားငှားပြန်လာခဲ့ရတယ်။

  • cobra

    January 11, 2013 at 5:33 pm

    တောင်းချင်ဦးဟဲ့အကြော်ဖိုးဆိုလို့ ဘာများလဲမှတ်တယ်
    လက်စသတ်တော့ ပုံပြင်ကိုး။

Leave a Reply