မြင့်မြင့်ပျံသန်းနေသူသာ ပိုမြင့်မြင့် ပျံနိုင်တယ် ငါ့ရဲ့ အတောင်ပံအောက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဘယ်သူမှ ဖျက်ဆီးပစ်လို့မရနိုင်ဘူး။ ဘဝဆိုတာ ယုံကြည်ချက်တို့ရဲ့ ပညာပြပွဲကြီးတစ်ခု ယုံကြည့်ချက်လုံလုံလောက်လောက်ရှိထားဖို့ အဓိက မဟုတ်လား။ ပျံပါငှက်ငယ် ဘဝက ပစ်ချလာတဲ့ ဝန်ထုပ်ဝန်ပိုး ဘယ်လောက်ပဲ များများ မင်းလက်မမြောက်နဲ့ ကိုယ့်အပေါ်ကျရောက်လာသမျှအပေါ် ဘာသာပြန်တတ်ဖို့ မင်းသင်ယူပါ ကိုယ့်ကိုယ်ကိုယ် အားပေးမှု ငါ့အတွက် ငါရှိတယ် အနားမှာ ဘယ်သူရှိနေဖို့ လိုနေသေးလို့လဲ ကိုယ်အမှောင်ထဲ နေရပါစေ သူများကို အလင်းပေးဆောင်နိုင်ရမယ် ကိုယ်အလင်းထဲမှာနေပြီ သူများကို အမှောင် မပေးနဲ့ အချိန်တိုင်းမှာ အတိတ် နဲ့ အနာဂါတ် ပါဝင်နေတာ။ ငှက်ငယ် 31/10/2013
