(In Hell, they warned us, while we wnader all over the Earth we will meet monsters that are more horrendous than we are.They warned us that sometimes the biggest monster ar not from Hell. They warned us.) ကျုပ်မှာ နာမည်မရှိဘူး။ နာမည်ရှိခြင်း မရှိခြင်းဆိုတဲ့ အကြောင်းကိုလည်း ကျုပ်တစ်ခါမှ အရေးမစိုက်ခဲ့ပါဘူး။ အရင်တုန်းကတော့ ကျုပ်နေခဲ့တာ စိုက်ပျိုးမွေးမြူရေးခြံတစ်ခြံထဲမှာ။ မိသားစုပေါင်းဘယ်လောက်များများ ပြောင်းလဲ ရွှေ့ပြောင်းသွားလည်းဆိုတာတောင် ကျုပ်မမှတ်မိတော့ဘူး။ မိသားစုတွေ ဘယ်နှစ်ယောက်ပြောင်းပြောင်း ကျုပ်အတွက်တော့ သူတို့အားလုံးဟာ […]


NovyNovember 28, 20131min038
သို့   ဂဇက်ရွာ ငါနင့်ကို အရမ်းသတိရနေပါတယ် နင့်ဆီကိုစာတွေမှန်မှန်မပို့လို့ငါ့ကို မေ့သွားပြီလာဟင် စာတွေသာငါမရေးအားလို့ မရောက်တာပါ ငါ့စိတ်ကတော့ ရွာအကြောင်းတွေကိုအမြဲသတိရနေတယ်ဆိုတာယုံပေးပါနော် ငါ့မှာ အထူးအဆန်းလေးတွေချက်စားလည်းနင့်ကိုသတိရပြီ ကင်မရာလေကိုင် ဓါတ်ပုံတွေရိုက်နင့်ကိုပို့မယ်ပေါ့ ခရီးသွားရင်လည်းနင့်ကိုသတိရ ခရီးကပုံလေးတွေ နင့်ကို ပြဖို့ ဓါတ်ပုံတွေကို ရိုက်မိနေတယ် ဒါပေမဲ့ နင့်ဆီကို ငါမပို့ဖြစ်ခဲ့ပါဘူးဟယ် ငါခံစားနေရတာတွေ ပျော်ရွှင်နေရတာတွေကို နင့်ကို ဝေမျှဖို့ မအားနိုင်အောင် ငါအလုပ်တွေအရမ်းများနေခဲ့တယ်လေ ကိစ္စများမြောင် အီလူ့ဘောင်ဆိုတဲ့ အတိုင်း ဒီလပိုင်းတွမှာ ငါထွက်ပြေးချင်လောက်အောင် ကိစ္စတွေများနေတယ် ဒါပေမဲ့လဲ ဒီသံသရာဝဲဂရက် က လွဲမထွက်နိုင်သေပါဘူးဟယ် ကြွေးဟောင်းတွေကိုဆပ် / ကြွေးသစ်တွေကိုချ /ရွှေအိုးတွေကိုမြှပ် အိမ်စ္စ အလုပ်ကိစ္စတွေနဲ့ ပြေးလွှားနေရတယ့် ငါ့ဘဝပေါ့ဟယ် နင်စိတ်ရှုတ်သွားပြီးလား ငါ့ရဲ့ အပူတွေကို နင့်ကို ကူးစေတော့ရယ်လို့ ငါမရည်ညွန်းခဲ့ဘူးဆိုတာနင်သိရင် ငါဝမ်းသာပါပြီ […]


alinsettNovember 27, 20137min013
 စံပယ်တစ်ပွင့်သို ့…..   ………..    …………      ……………           …………..        ……………..                ဘယ်တုန်းက . . . ဘယ်သူ. . . စတင် စိုက်ပျိုးခဲ့လေသလဲ မသိ။   အဲသည်သစ်သီးကို စားမိပြီး. . . ဤယောကျာ်းမှာ . . . ကစဥ့်ကလျားတွေကို ဖြစ်လို ့ ။   ခါးသလား . . ချိုသလား မဝေခွဲတတ် ။ အရသာရှိရှိ မက်မောခုံမင်စွာ စားသုံးနေမိခြင်းတစ်ခုသာ သေချာသည် ။   မှတ်မှတ်ရရပြန်ပြောကြေးဆိုလျှင်. . . ဤယောကျာ်းစားသုံးဖြစ်ဖို ့ထိ်ုသစ်သီးကို ယူဆောင်လာသူမှာ . . . […]


ကျော်ဘသစ်November 26, 20131min013
(၁) မျောက်အဘိုးကြီးတစ်ကောင် သူ့နဖူးပေါ်သူ ဒူးပေါ်စိုက်ရင်း သစ်ပင်ခွကြားမှာ စိတ်ပျက်လက်ပျက် မှိုင်နေတယ်။ သူလို သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ပင်ပင်ပမ်းပမ်း ရှာဖွေစုဆောင်းထားတဲ့ ငှက်ပျော်သီးကိုမှ သင်းတို့က ခဏခဏ ခိုးစားရက်ကြသတဲ့။  သူတို့အုပ်စုမှာက မျောက်အားလုံးပေါင်းပါမှ လက်တစ်ဆုပ်စာ။ ခိုးနေတာလည်း ဒီအထဲကကောင်တွေပဲလေ။ သူကိုယ်တိုင်လည်း သူဝှက်ထားတဲ့ ငှက်ပျောသီးကို ၂၄ နာရီလုံးလုံး မျက်လုံး ဒေါက်ထောက် ကြည့်မနေနိုင်၊ နောက် သူလို တုန်တုန်ချည့်ချည့် အဘိုးအိုတစ်ယောက်ကို ဘာ ဂရုစိုက်စရာ လိုလဲဆိုပြီး မျောက်ငယ်တွေ အတင့်ရဲကြတာလည်း ပါမှာပေါ့။ ဒါကြောင့်ပဲ သူ့ငှက်ပျောသီးတွေ အမြဲတမ်းလိုလို ပျောက်နေတာ။ မျောက်အိုကြီးဟာ ဟိုဟိုဒီဒီ လျှောက်သွားလိုက်၊ တစ်ခါ ငုတ်တုတ် ပြန်ထိုင်လိုက်၊ ဒူးနှစ်ဖက်ပေါ် နဖူးစိုက် အကြံအိုက်လိုက်၊ တုံးတုံးလှဲပြီး နဖူးပေါ်လက်တင်လိုက်၊ ဒီလိုနဲ့ သူ့ခမျာ […]


ကျော်ဘသစ်November 23, 20131min06
(နိဒါန်း) ကောင်မလေးရေ… လူဆိုတာ အမှားတစ်ခုကို နှစ်ခါထပ်မလုပ်မိဖို့ သူ့အတွေ့အကြုံ၊ ကိုယ့်အတွေ့အကြုံတွေကနေ သင်ခန်းစာ ယူတတ်ရမယ်တဲ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ် မင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်။ ဟိုရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ လူတစ်ယောက် ရှိခဲ့သတဲ့ကွယ်။   ၆၀၀၂ ဘီစီ၊ ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်းကြီး သူ့နာမည်အရင်း၊ နာမည်ပြောင်၊ ငယ်နာမည်၊ ကျောင်းနာမည်စသည်ကိုတော့ မှတ်တမ်းအတိအကျ မရှိလို့ ဘယ်သူကမှ အတိအကျ မမှတ်မိကြဘူးတဲ့။ ဒါပေမယ့် နှောင်းခေတ်လူ အများစုကတော့ သူ့ကို ဗြဟ္မဒတ်ဆိုတဲ့နာမည်နဲ့ အသိများကြသတဲ့လေ။ ဗြဟ္မဒတ်ရဲ့ အလုပ်အကိုင်ကလည်း နယ်နယ်ရရ မဟုတ်ဘူးတဲ့၊ ဗာရာဏသီဆိုတဲ့ တိုင်းပြည်ကြီးကို စီမံအုပ်ချုပ်ရတဲ့ ဘုရင်မင်းကြီးအလုပ်တဲ့လေ။ တစ်နေ့ (နန်းတော်ထဲမှာ ရုံးပိတ်ရက်နဲ့ တူပါတယ်) မှာ အဲဒီဗြဟ္မဒတ်ဘုရင်ကြီးဟာ နန်းပလ္လင်ပေါ် ဒီအတိုင်း […]


yiwaiNovember 21, 20131min02
“ရုပ်သေးရုပ်ပွဲတော်” ======================== တိတ်ဆိတ်မှောင်မိုက်နေသော လမ်းကျဉ်းလေးဝယ် ထိုင်နေသူအများအပြားရှိပါသည်။ သူတို့သည် မျှော်လင့်ခြင်းကြီးစွာဖြင့် ကောင်းကင်ဆီသို့မော့ကြည့်နေကြသည်။ ထိုတိတ်ဆိတ်မှောင်မိုက်နေသော လမ်းလေးမှာပင် လှုပ်ရွနေကြသူများလည်းရှိပါသည်။ “ဘယ်တော့လာမှာလဲ” “ဘယ်တော့လာမှာလဲ” တိုးသဲ့သဲ့မေးသံများသည် တိတ်ဆိတ်ခြင်းကို ရံဖန်ရံခါ ဖေါက်ထွက်လာကြ၏။ သို့သော် ထိုမေးခွန်းသည် မေးခွန်းသာဖြစ်လျှက် အဖြေမရှိ။ အဖြေမရှိခဲ့။ လမ်းကျဉ်းလေးဝယ် အလင်းတချို့ စိုက်ခနဲ စိုက်ခနဲ ကျလာသည်။ ထိုအလင်းတို့အား လိုက်ဖမ်းနေကြ၏။ ကိုယ့်ဘေးနားသို့ အလင်းကျလာပါလျှက် မမြင်ကြသူတွေကလည်း အများအပြား။ “မလာသေးဘူးလား” “ခုထိ မလာသေးဘူးလား” “မျှော်ရတာ ပင်ပန်းလှပြီ” လူတချို့၏ တီးတိုးရွတ်ဆိုသံသည် သိပ်မကျယ်လောင်တော့။ အလင်းဖမ်းသူအများအပြား၏ လှုပ်ရွသံသည်သာ ဖုံးလွှမ်းသွား၏။ “ဟော ဟိုနားမှာ ဟေ့” “ဒီမှာဟ ဒီမှာ” ……………………………..။  “အလင်းရှင်သည် အမှောင်ကို ခွင်းဖို့ကြိုးစားသော်ငြား လူသားတို့၏ စာနာမှုမရှိခြင်းကို […]


    အင်တာဗျူးတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်လည်း ကြုံဘူးသလို ရုပ်သံက လာတဲ့ အင်တာဗျူးတွေကိုလည်း ရံဖန်ရံခါ ကြည့်မိပါတယ် ၊ ရုပ်သံက လာတဲ့ အင်တာဗျူးဆိုတာ အားလုံး တည်းဖြတ်ပြီးမှ ထုတ်လွှင့်တာမို့ အပြစ်တင်စရာမျိုး သိပ်မရှိလှပါဘူး ၊ ပရိသတ် သိလိုမှာကို မမေးမိတာမျိုးတော့ ပါနိူင်ပါတယ် ၊ ဒါပေမယ့် တစ်ခါတစ်လေ ဘယ်လိုဖြစ်ရတယ်ဆိုတာလေး ပြောချင်ပါတယ် ၊ အဲသလို ရုပ်သံက အင်တာဗျူးအဖွဲ့ ဘယ်လို ဗျူးမိတယ် ဆိုတာလေး ဖောက်သည်ချပါရစေ ၊ တစ်ခါက လို့ ဆိုကြပါစို့ ၊ စာပေဆိုင်ရာ အခမ်းအနား တစ်ခုမှာပါ ၊ စာရေးဆရာမကြီး တစ်ယောက် သူ့ ဘော်ဒါ စာရေးဆရာ / စာရေးဆရာမတွေနဲ့ ထိုင်စကားပြောနေတုန်း နာမည်ကြီး […]


ကျော်ဘသစ်November 21, 20131min011
(၁) လကွယ်ညလည်း ဖြစ်၊ ညဉ့်ကလည်း သန်းခေါက်ထက် နက်နေတဲ့အချိန်။ ညကြီးက ဆင်တစ်ကောင်လုံး ဝင်လာရင်တောင် မမြင်ရအောင် မှောင်မဲပြီး ပုရွက်ဆိတ် ချောင်းဆိုးသံတောင် ကြားရလောက်အောင် တိတ်ဆိတ်နေတယ်။ ခါတိုင်းအော်နေကျ တောက်တဲ့တွေ၊ အိမ်မြှောင်တွေ၊ ပုရစ်တွေ ဒီည ခွင့်ယူထားသလား အောက်မေ့ရရဲ့။ တစ်ရွာလုံးမှာ ဘာဆိုဘာသံမှ မကြားရ။ တစ်ရွာလုံးက ရှိသမျှလူတွေ ပိုးစိုးပက်စက် အိပ်မောကျနေချိန် သူမှာတော့ မအိပ်နိုင် မမောနိုင်သေး၊  ရွာလယ်လမ်းမပေါ်မှာ ခပ်သုတ်သုတ် လျှောက်လိုက်၊ မကျီးပင်တွေအောက် ဝင်ပုန်းလိုက်၊ တစ်ခါ ထပြေးလိုက်၊ တစ်ယောက်တည်း တူပုန်းတမ်း ကစားနေသလိုမျိုး ပြေးလိုက်ပုန်းလိုက် ဖြစ်နေတယ်။ အမှန်တော့ သူ ကစားနေတာ မဟုတ်။ သူ့ရှေ့က သွားနေတဲ့ အရာဝတ္ထုတစ်ခုနောက် တိတ်တဆိတ် နောက်ယောင်ခံလိုက်နေတာ။ သူ့ရှေ့က အရာဝတ္ထုဆိုလို့ […]


လူသည် ဘဝတခုကို စွဲလန်းခြင်းစိတ်ဖြင့် အရင်းခံကာ ဖြစ်တည်ကြသည်..။ မွေးဖွားခြင်းမတိုင်မှီက စတင် သန္ဓေတည်သော စွဲလန်းစိတ်သည်  ( ဘုရား ၊ရဟန ္တာမှ အပ) သေသည်အထိတိုင် ဖယ်ခွာဘို ့မလွယ်လှပေ။ ဘဝဘဝများစွာက စွဲလန်းခြင်းကြောင့် ဘဝများစွာကိုပင် ထပ်ဖြစ်စေသည်။ လောကုတ္တရာလမ်းအမြင်အရ ရုပ်နာမ်တွဲပြီးဖြစ်ပေါ်လာသော သတ္တဝါတိုင်း စွဲလန်းစိတ် မကင်းပေ..။ ထို ့ထက် ပိုသည်က လူ ့နယ်ပယ် သို ့ဝင်ရောက်လာပြီးသည့်နောက် ကျင်လည်ကြီးပြင်းရသော အသိုင်းအဝန်းတွင် ရှေးရိုးစွဲလန်းမှုတို ့ ့ကိုထပ်မံသင်ယူရခြင်းပင်ဖြစ်သည်..။ နေမှု၊ထိုင်မှု၊ ပြောမှု၊ဆိုမှု အပါအဝင် ယုံကြည်မှုများကိုပါ ခေါက်ရိုးကျ လိုက်နာရတော့သည်…။ ထိုလိုက်နာသင်ယူရသော သဘောတရားတို ့သည်ပင်လျှင် အနီးအဝေး သဘောကို ဖြစ်ပေါ်စေသည်။ မျိုးကွဲ ငါးတစ်ကောင်ကို အခြားမျိုးမတူသော ငါးအုပ်ထဲသို ့ရောထည့်လိုက်သော်လည်း […]


ရခိုင်အကြောင်သတင်းတွေဖတ်ရင်း ပါတ်သက်ရာ ပါတ်သက်ကြောင်းလေးတွေကို သတိရသွားလို ့ ရေးဖြစ်သွားတာ..။ ကျနော့် အကြောင်းလဲ ပါတာပေါ့…။ ကျနော် ပြောခဲ ့ပါတယ် …မထင်မှတ်ဘဲ အချိန် ကျလာတော့ ဝိဉာဉ်လောက ၊နာမ်လောက မှာ ဝင်ပါတ်သက်ခဲ ့ရတယ်လို ့..။ မြန်မာနိုင်ငံမှာ မိရိုးဖလာ ယုံကြည်မှုတွေကတော့ နယ်တော်ရှင် ရွာတော်ရှင် နဲ ့သိုက်တွေပါဘဲ…။ ကျနော်လဲ ဘယ်ပါရမီပါလာလို ့လဲဆိုတာ စဉ်းစားရင် ခေါင်းတောင်လည်တယ်..။ အခုတော့ ဒီအလုပ်တွေ မလုပ်တော့ပါဘူး… အမျိုးသမီးရဲ ့ရွာလေးမှာနေခဲ ့တုန်းကပါ…။ ဌက်ဖျားဖြတ်ချင်လဲ…ကျနော့်ဆီ.. အရိုးကျိုးရင်…ရွာသူကိုင်ထားရင်၊ သရဲ သဘက်ပူးရင်၊ နတ်ပူး သိုက်ပူး…ဘုရားထီးတော်တင် အနှောက်အယှက်..စုံနေတာဘဲ..။ ဇာတ်နားလို ့အိမ်ပြန်ရောက်လဲ အေးဆေး မနေရ။ ဇာတ်ခေါင်းပြုတ်ချိန်လဲ အေးဆေး မနေရ…။ လက်ခံထားတဲ ့ပုံတွေလဲ […]


မဒမ်တို ့ရွာလေးကတော့ ကျနော့်အတွက်ကြုံသမျှ ချစ်စရာလေးတွေက များတယ်…။ မဒမ့်ကိုချစ်ရသလို ဒီရွာလေးကိုလဲ ချစ်တာဘဲ…။ ဒီရွာလေးကလဲ ချစ်တယ်…သူတို ့ချစ်တာ လမ်းသလားပြီး ရွာရိုးကိုးပေါက် လျှောက်သွားနေလို ့မဟုတ်ပါဘူး….။ ပေါင်ချိန်ခေါင်က အရှေ ့ခုနှစ်အိမ် အနောက်ခုနှစ်အိမ်တောင်သိတာမဟုတ်ဘူး…။ ကိုယ့်အိမ်မှာ ကိုယ်နေတာ…မိုးလင်းတာနဲ ့ရောက်လာကြတာဘဲ….။ မနက်နေ ့လည်၊ ညနေ၊ ည လူမပြတ်ပါဘူး….။ ပေါင်ချိန်ခေါင်က လိုင်းစုံတယ်..ကိုယ့်တာဝန်ကျလာတယ်လို ့ယူဆပြီး ကိုယ်ကူညီနိုင်မယ်ထင်လို ့ကတော့ ဘွာမခတ်တမ်းဘဲ…။ ဆိုတော့ကာ…ကိုယ့်ဘာသာကိုယ်နေပေမယ့် ကင်းလို ့မရတာက..ဝိဉာဉ် လောက နာမ်လောကကိုပြောတာ…။ ကိုယ်ကတော့ စိတ်ထားဖြူအောင်နေရတာပေါ့…။ ကိုယ်က ကူညီဘို ့အချိန်ကျလာပြီဆိုမှဖြင့် ရှောင်လို ့တောင်မရ…။ လူစုံ..ပြသနာအစုံကြုံရတဲ့အထဲမှာ တစ်ရက်တော့ ပုံတူထိုင်ဆွဲနေတုန်း ဆူညံဆူညံနဲ ့အိမ်ရှေ ့မှာ ဆိုက္ကားနဲ ့လူတစ်အုပ်၊ ငိုဟယ်ရီဟယ် ရောက်လာတာ…။ […]


ပြောရမယ်ဆိုရင်တော့ မဒမ်တို ့ရွာလေးမှာပါဘဲ…။ သူတို ့ရွာသားတွေထဲမှာ လည်လည်ဝယ်ဝယ်လူတွေရှိသလို ရိုးရိုးကြီးတွေလည်း ရှိပါတယ်…။ ကျနော်က အနူတောမှာ လူချောမဟုတ်ပါဘူး…ဒါပေမယ့် ကိုယ်နိုင်သလောက်လေးတော့ မသိနားမလည်မှုတွေ…အစွဲအလမ်းတွေ၊ အယူသီးတာလေးတွေကိုတော့ ကျွဲကူးရေပါ ဆိုသလို သူတို ့အလိုလေးကိုဖြည့်ပြီးကိုယ့်ဘက်ပါလာအောင် အလိမ္မာလေးနဲ ့နားချယူရပါတယ်…။ ကျနော်က ဆရာလို ့လည်းမကြွေးကြော်ပါဘူး…ဘာဂိုဏ်းမှလဲ မထားဘူး…။ ဒါပေမယ့် သူတို ့ဘက်တွေမှာက လည်း…ခေါင်းဖြူစွယ်ကျိုးကြီးတွေက ပုတီးလေးကိုင် ၊ ယောဂီလေးဝတ်ပြီး..သာသနာပြုတယ်သာပါးစပ်ကပြောနေတာ…လူတွေကို မသိစိတ်စွဲလန်းမှုတွေထဲ တွန်းပို ့နေကြတာ မြင်ရကြားရ စိတ်မချမ်းသာပါဘူး…။ ကျနော်ကိုယ်တိုင်ရော ဘာလို ့ဒါတွေလုပ်နေလဲ ဆိုရင်တော့ သူတစ်ထူးရဲ ့ကျေးဇူး…မမေ့ကောင်းလို ့ပါ…။ ဒါပေမယ့် ကိုးကွယ်ရာအဖြစ်မျက်စိမှတ်ယုံတာမဟုတ်ခဲ ့ဘူး..မိုက်မှားတဲ ့အရွယ်..ရေပေါ်ဆီ ဗုဒ္ဓဘာသာဖြစ်နေချိန်မှာ သေဘေးက လက်မတင်လေး သတိပေးပြီး ပထမအဆင့် ဘာသာရေးလမ်းကြောင်းပေါ်ဆွဲတင်ခဲ ့တဲ့ ကျေးဇူးကြောင့်ပါ…။ […]


MAUNGNovember 7, 20131min013
 မိုးကြိုးသွား ဆိုတာ ဘာမှန်းအားလုံး လဲသိပြီး ဖြစ်မှာပါ ။ ကျွန်တော် တစ်ဆင့်စကား တစ်ဆင့်နား နဲ့ကြားဘူး တဲ့ မိုးကြိုးသွား ဆိုတာ ကတော့ မိုးကြိုး ပြစ်ချ လိုက်တဲ့နေရာက ရတာ၊ သူ့မှာ အစွမ်းရှိ တယ်၊ သေနတ် နဲ့ပစ် ရင်ကျည် မထွက်ဘူး၊ လျှပ်စစ် မစီးနိုင်ဘူး၊ စသည် ဖြင့်ပေါ့ဗျာ။ အခု ပြောပြ မဲ့ အကြောင်းကလဲ ကျွန်တော့ ဖေဖေ ဆီကိုလာတဲ့ ဦးကြီး တစ်ယောက် ဆီက သိရ တဲ့ ဇာတ်လမ်း တစ်ပုဒ် ပါ။ လက်ခံ တာ မခံတာ၊ ယုံတာ မယုံတာ တော့ ကိုယ့်သဘော ပေါ့နော….။   ကျွန်တော့ ဖေဖေ […]