။။။ သံမဏိ ငှက်ငယ် ။။။

ငှက် ငယ်November 6, 20131min06


မြင့်မြင့်ပျံသန်းနေသူသာ
ပိုမြင့်မြင့် ပျံနိုင်တယ်
ငါ့ရဲ့ အတောင်ပံအောက်မှာ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
ဘယ်သူမှ ဖျက်ဆီးပစ်လို့မရနိုင်ဘူး။

ဘဝဆိုတာ ယုံကြည်ချက်တို့ရဲ့ ပညာပြပွဲကြီးတစ်ခု
ယုံကြည့်ချက်လုံလုံလောက်လောက်ရှိထားဖို့ အဓိက မဟုတ်လား။

ပျံပါငှက်ငယ်
ဘဝက ပစ်ချလာတဲ့ ဝန်ထုပ်ဝန်ပိုး
ဘယ်လောက်ပဲ များများ မင်းလက်မမြောက်နဲ့
ကိုယ့်အပေါ်ကျရောက်လာသမျှအပေါ်
ဘာသာပြန်တတ်ဖို့ မင်းသင်ယူပါ
ကိုယ့်ကိုယ်ကိုယ် အားပေးမှု
ငါ့အတွက် ငါရှိတယ်
အနားမှာ ဘယ်သူရှိနေဖို့ လိုနေသေးလို့လဲ

ကိုယ်အမှောင်ထဲ နေရပါစေ
သူများကို အလင်းပေးဆောင်နိုင်ရမယ်
ကိုယ်အလင်းထဲမှာနေပြီ
သူများကို အမှောင် မပေးနဲ့
အချိန်တိုင်းမှာ အတိတ် နဲ့ အနာဂါတ် ပါဝင်နေတာ။

 ငှက်ငယ်
31/10/2013

6 comments

  • ဗုံဗုံ

    November 7, 2013 at 9:27 am

    ှငှက်ကြီးပျံနေပုံများကွာ……..
    အောက်ကနေ လေးခွနဲ့ ဆော်ထည့်လိုက်ရ…..
    ဘယ်လောက်ကောင်းမတုန်း…. :mrgreen:

    Reply

  • KZ

    November 7, 2013 at 9:29 am

    အဲလာ စင်ရော်လားးး ပျံလွှား လားဟင်?

    :mrgreen:

    Reply

  • အရိပ်စစ်

    November 7, 2013 at 5:01 pm

    ငှက်ငယ်လေးရေ
    အတောင်တွေ ညောင်းမှာ စိုးလို့
    နားနားပီး ပျံပါနော့….

    Reply

  • lele kyi

    November 7, 2013 at 6:16 pm

    မိုင်ထောင်ချီပြောင်းရွှေ့ခိုလှုံတဲ့ငှက်တွေအကြောင်း သိပ်မကြာခင်က ရဟူး မှာဖတ်လိုက်ရတယ်။ သမုဒရာကို ဖြတ်ပြီးပျံတာ။သူတို့ခြေထောက်မှာ chip တပ်ပေးလိုက်တယ်လို့ဆိုတာပဲ။ အဲ့သတင်းပြန်ရှာတာတွေ့တော့ဖူး။ မရပ်မနား မအိပ် မစားဘဲပျံတာ။ ဒါ့ပုံထဲက ငှက်အတောင်လေးသဘောကျတယ်။ angel အတောင်ပံလိုပဲ။

    Reply

Leave a Reply

Your email address will not be published.