နံပတ် (၁)ကျွန်တော် ဘာပစ္စည်းကို ချီးချီး ထိုက်သင့်တဲ့ အတိုးကို ပေးပြီးမှ ချီးတတ်ပါတယ်… နံပတ် (၂)နောက်ပြီး အခုတလော ကျွန်တော် အရာရာကို အကောင်းမြင်တဲ့ စိတ်နဲ့ပဲ ကြည့်တတ်အောင် ကိုယ့်ဘာသာကို လေ့ကျင့်နေပါတယ်… ××××××××××××××××××××××××××××××××××××××××××××××××××××××× မိန်းမ …ကလေးနှစ်ယောက် လက်ဆွဲပြီး သူ့ အိမ်သူ ဆင်းသွားတယ်… ××××××××××××××××××××××××××××××××××××××××××××××××××××××× အကောင်းမြင် စိတ်ကလေးနဲ့ပဲ တွေးကြည့်လိုက်ပါတယ်… နံပတ် (၁) ကိုယ့်အတွက်….ကလေးတွေ မွေးကတည်းက အိပ်ရေး ဝဝ မအိပ်ခဲ့ရတာ အခုမှပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတော့တယ်… နံပတ် (၂) မိန်းမအတွက်…သူ့အိမ်သူ ပြန်ရတော့ ပျော်စရာကြီးပေါ့… နံပတ် (၃) ယောက်ခမတွေအတွက်…အရင်း… သမီးတင်မက အတိုး… မြေးနှစ်ယောက်တောင် ပြန်ဆပ်နိုင်လိုက်တယ်… နှစ်ပေါင်းများစွာ တင်နေတဲ့ အကြွေးတစ်ခုဆပ်နိုင်ခဲ့ပြီ… ××××××××××××××××××××××××××××××××××××××××××××××××××××××× […]
