ဟီး ဟီး ဘာရယ်မဟုတ်ပါဘူး ၊ ဟိုးတလောက ဖဲဇာတ်လမ်းပို့စ်လေးကို သတိရပြီး ရေးလိုက်တာပါ ၊ လူ့စိက်ကို သိစေတဲ့အထဲမှာ ဖဲရိုက်ကြည့်တာလည်း ပါတယ်လို့ ကျနော် ဆိုလိုချင်တာပါ ၊ ကျနော် ဖဲဆရာကြီး ဟုတ်ရပါဘူးဗျာ ၊ ဖဲကို စတတ်တာ အဖွား နာရေးတုန်းကပါ ၊ အဖွားက မန္တလေးက အဒေါ်အိမ်မှာဆုံးတော့ ရန်ကုန်ကနေ အမေ နဲ့ ကျနော်က သွားရတာပေါ့ ၊ ၈ တန်းအရွယ်ဆိုတော့ ခရီးသွားရတာကိုပဲ ပျော်နေတာ ၊ အဒေါ့်အိမ်က ၇၄ လမ်း ၃၁ နဲ့ ၃၂ ကြား ၊ ဆေးကျောင်းအနောက်ဘက် မောရဂီဝါရပ်တဲ့ ၊ ဆွေမျိုးတွေစုံ ၊ ကလေးတွေလည်းဆုံ ၊ အဲသည်မှာ […]
