အရူးကွက်နင်းရဲမလား

mgpoe zarFebruary 23, 20141min013

မနှစ်က ကျွန်တော်အလုပ်လုပ်နေတဲ့ သင်္ဘောပေါ် အင်ဂျင် ဆီထိုးနဲ့ ကိုအောင်မြင့်ဆိုတဲ့ မြန်မာသင်္ဘောသားတစ်ယောက်တက်လာတယ်။ ကျွန်တော်ထက် အသက်ကြီးတယ်။ ၃၁နှစ်ကျော်လောက်ရှိမယ်။ မလေး အင်ဒို တစ်ဝိုက် ငါးဖမ်းသင်္ဘောတွေ ၆နှစ်ကျော်လောက် လိုက်ဖူးတယ်။ တက်ပြီး တစ်ပတ်တောင်မကြာဘူး အင်ဂျင်ခန်းက လူတွေနဲ့အဆင်မပြေဘူး။ အင်္ဂလိပ်စာမကောင်းတော့ အလုပ်လည်း သိပ်မလုပ်နိုင်တော့ တခြားနိုင်ငံသားတွေက idiot ကော fucking ကော မျိုးစုံအဆဲခံရတယ်။ တခါတလေ ကန်ချင်ကျောက်ချင်သလိုတောင် လုပ်ကြတယ်။ အနှိမ်ခံရတယ်။ မိန်းမက ကိုယ်ဝန်ရခါစ ဖြစ်တာကော အလုပ်မှာ ဒီပရက်ရှင် ဝင်နေတာကောနဲ့ သူက ဒီသင်္ဘောပေါ်မလုပ်ချင်တော့ဘူး ကျွန်တော့်ကို လာပြောတယ်။ ကျွန်တော်က ရောက်တာတောင် တစ်ပတ်ပဲရှိတယ် ခင်ဗျား ငွေတွေအကုန်ဆုံးကုန်မှာဆိုတော့ ရတယ်တဲ့ ရွာပြန်ပြီး တက္ကစီပဲပြန်မောင်းမယ်တဲ့။ ငါသင်္ဘောသားအလုပ်ကို စွန့်လွှတ်ချင်ပြီတဲ့။ ညတိုင်း မျက်ရည်တထွေထွေနဲ့ ကျနော် အခန်းထဲ လာရင်ဖွင့်နေတော့ ကျွန်တော်လည်း ကိုယ်ချင်းစာစိတ်နဲ့ ခင်ဗျား ကျနော်ပြောတာ တကယ်လုပ်နိုင်လား လုပ်နိုင်ရင် ခင်ဗျား လျော်စရာမလိုပဲတောင် တစ်ခါတည်း ပြန်လို့ရမယ်ဆိုတော့။ သူဝမ်းသာသွားတယ် သူ့မိန်းမနဲ့ ဗိုက်ထဲက မွေးတော့မယ့် သမီးဦးလေးအတွက် ပြန်ရမယ်ဆို ဘာမဆိုလုပ်မယ်ကတိပေးတယ်။
ဒါဆို ခင်ဗျားဒီလိုလုပ်ဗျာ။ မနက်ခင်း လူစုံတဲ့ ဂျူတီအလှည့်အပြောင်းအချိန် ခင်ဗျား ကိုယ်တုံးလုံးချွတ်ပြီး ဂွေတန်းလန်းနဲ့ သင်္ဘောတစ်စီးလုံးကို ပတ်ပြေးနေဗျာ။ ပါးစပ်ကလည်း မြန်မာလို ခွေးမသားတွေ ငါအလုပ်မလုပ်တော့ဘူး ပြန်လွှတ် ရေကူးပြန်မယ် လို့သာအော်ပြီး ပြေးနေ။ ပြီးရင် ကုန်းပတ်ကနေ ရေထဲခုန်ချဗျာ။ ခင်ဗျားရေမနစ်စေရဘူး အာမခံတယ်။ ။ အဲ့ကိစ္စပြီးလို့ သဂျီး Captain က ခင်ဗျားကို ဘာဖြစ်လဲမေးရင် အင်္ဂလိပ်လိုတစ်လုံးမှ ပြန်မပြောနဲ့ မြန်မာလိုပဲ လျှောက်ပြောနေ။ ကျနော် ကြားကနေဝင်ပြောပေးမယ်။ ဟုတ်ပြီလား။ နည်းနည်းတော့ ရင်းရမယ် ဖြစ်လားဆိုတော့
အိုကေတယ်တဲ့လေဗျာ။
ဒီလိုနဲ့.. နောက်နေ့ နောက်နေ့မှာ။
….
….
….
ကိုယ့်လူ ကိုအောင်မြင့် ဖင်ချွတ် ပတ်အပြေးကောင်းလို့ကော အရူးဟန်ဆောင်ကောင်းလို့ကော
ရေထဲ ဒိုင်ဗင်မထိုးခင် အားလုံး ဝိုင်းဆွဲရင်း တစ်ညသာ အစောင့်နဲ့ အခန်းထဲထားပြီး နောက်နေ့မနက်
အထုတ်ဆွဲပြီး အီဂျစ်နိုင်ငံကနေ ရွှေပြည်တော်ဆီသို့ တန်းပြန်ရပါလေရောဗျာ။
ဒီလူကမ်းပေါ်က ဆင်းတာကြည့်ရင်း ကျနော်ကတော့ ကိုအောင်မြင့်ရေ ခင်ဗျားကတော့ ဖင်ချွတ်ပြေးပြီး အရူးကွက်နင်းရဲလို့ ရွာပြန်ရပေမဲ့ ကျနော်တို့တော့ ကြွေးဟောင်းကော ကြွေးသစ်ကော ဆပ်လို့ မကုန်နိုင်သေးလို့ ဖင်ချွတ်ပြီး မပြေးရဲ့သေးဘူးဗျာရယ်လို့… လက်ပြရင်းသာ သက်ပြင်းချခဲ့မိပါရဲ့။ ။
မှတ်ချက်။ ။ (သူပြန်သွားပြီး ၅လအကြာ ကျွန်တော် ရန်ကုန်ပြန်တော့ ကိုအောင်မြင့်တစ်ယောက် တက္ကစီခန့်ခန့်ကြီးမောင်းလို့ ကျွန်တော့်ကို လေဆိပ်မှာ ဝမ်းပန်းသတာ လာကြိုရဲ့။ ကျွန်တော်လည်း ခင်ဗျား ဒီတစ်ခါ တက္ကစီမမောင်းချင်တော့ရင် ထပ်ပြီး ဖင်ချွတ်ပြေးဦးမလား မေးတော့ ဟက်ဟက်ပက်ပက်သာရယ်မောနေလေရဲ့ဗျာ။)

13 comments

  • ဦးကြောင်ကြီး

    February 24, 2014 at 8:43 am

    အဲလို လျှောက်မဖွရဗူးလေ… သူများစားဖို့ ချန်ထားဦး…။ အနော်လည်း အဲလို ဖင်ချွတ် ဂွေးတန်းလန်းနဲ့ ပြေးဖူးတာ… အဲဒုံးက ကပ္ပတိန်က ဖြိုးခြစ်သူဆိုသူ မြန်တျန့်တဦးဗျ..။ သူက တချိန်လုံး ဘိုလိုမှုတ်နေတော့ မြန်တျန့်ဘယ်ထင်ဗမလဲ..။ သူက အနော့ကို အတင်းဖမ်းချု ပ်ပြီး သူ့အခန်းထဲ တညထည့်ထားလိုက်တာ မနက်ကျတော့ လူလည်း မျော့မျော့ပဲ ကျန်တယ်။ ဒါနဲ့ မဖြစ်ချေဘူး.. ဒီအတိုင်းဆို ဆိပ်ကမ်း မကပ်ခင် လုံးပါးပါးရဂျီရဲ့ဆိုပြီး လူကောင်းပြန်ဖြစ်လိုက်ရတယ်..။

    Reply

  • မမချွိ

    February 24, 2014 at 12:07 pm

    ဟယ်။
    သများတို့ ဒီလိုအရူးကွက်နင်းရင် ချက်ချင်း အင်တာနက် မင်းဒမီးဖြစ်သွားမှာပေါ့လို့။

    😀

    Reply

    • Wow

      February 25, 2014 at 2:59 pm

      မေမြတ်မွန်တောင်ရှုံးသွားမာ :mrgreen:

      Reply

  • ဦးကျောက်ခဲ

    February 24, 2014 at 12:22 pm

    ဟို ဒါရိုက်တာမင်းသားလည်း အဲသည့်အကွက် အနင်းကောင်းလို့…
    ဟိုးလေးတကျော်ဖြစ်ပြီး တစ်လကျောင်းတက်လိုက်ရတယ်… ဟီ ဟိ
    😀

    Reply

  • Mr. MarGa

    February 24, 2014 at 12:38 pm

    အရူးကွက် တဲ့လား… :mrgreen:

    Reply

  • mgpoe zar

    February 24, 2014 at 1:42 pm

    စာချန်ပြီး အားပေးကြတဲ့ စာရေးဆရာ ဆရာလေးတွေကို ကျေးဇူးပါ။
    ခုမှ စာစရေးလို့ အမှားအယွင်းနဲ့ ရိုင်းတဲ့အသုံးအနှုန်းပါရင်
    ခွင့်လွှတ်ပေးကြပါ။ အဖြစ်အပျက်ကတော့ တကယ်မို့လို့ပါ။
    မျှော်လင့်သလို မဖြစ်တတ်တဲ့ လောကကြီးရဲ့ ကလန်ကဆန် ရိုက်ခတ်တတ်သလို
    လူသားတစ်ယောက်ရဲ့ အရှက်တရား မာနကို လိုအပ်ရင်
    အီကြာကွေးလုပ်ပြီး ဖြတ်သန်းရတာလေးတွေ
    ထပ်ရေးချင်ပါသေးတယ်။

    Reply

    • ဦးကျောက်ခဲ

      February 26, 2014 at 8:18 am

      ဆြာ့ကိုလည်း ကျေးဇူးတင်ပါတယ်လို့…
      ဂလို သစ်စိမ်းချိုး ချိုးမတွားနဲ့လေ ဆြာရဲ့….
      😀

      Reply

      • မမချွိ

        February 26, 2014 at 8:33 am

        မနက်က ကော်မန့်တွေ ဖတ်နေရင်း ထင်သားကလားးးး
        😀

        Reply

  • ကိုအောင်မြင့်ဆိုသူ ကံကောင်းသွားတာတစ်ခုရှိတယ်..အဲဒါ ခေါ သင်္ဘောမဟုတ်လို့ ခေါ တွေရှေ့မှာသာ ဖင်ချွတ်ပြေးလို့ကတော့…

    Reply

    • ဦးကျောက်ခဲ

      February 24, 2014 at 2:25 pm

      အာဟိ… ဒါဆို မားးးတို့အုပ်စုကို ခေါတွေဆီ ပို့လိုက်ရမလား…
      😀

      Reply

    • mgpoe zar

      February 24, 2014 at 6:13 pm

      နောက်ပိုင်း ခေါတွေကော ခွေး (ခရိုအေးရှား) တွေကော ဇာတ်တူသားစားကျတာများတယ်။
      မားခိုင်တို့ အုပ်စု ခခွေး ထဲ ရောက်လို့ကတော့ ပေါက်ကျိုင်းလည်း မြေလျှိုးမိုးပျံနိုင်မယ်မထင်တော့ဘူး။ :mrgreen:

      Reply

  • TNA

    February 24, 2014 at 7:31 pm

    သဘောင်္သားဇာတ်လမ်းပေါင်းများစွာထဲမှာ ဒါမျိုးဒီတခါဘဲကြားဖူးသေး။ ထူးဆန်းပါပေ့။ ဒါကို သဘောင်္ကိုယ် စာလှယ်တွေကြားသွားရင် သူတို့ သဂျီးတွေကို တိုးတိုးများကျိတ်မှာထားနေအုံးမယ်။ နောက် တခါလူတွေ လုပ်စားမရအောင်ဖော်လိုက်သကိုး။ :mrgreen:

    Reply

  • တယ်ဟန်တဲ့အရူးကွက်ပါလား
    ညတိုင်းမျက်ရည်စက်လက်နဲ့ကိုအောင်မြင့်ကြီးကိုသနားပါဘိ။

    Reply

Leave a Reply

Your email address will not be published.