“ကျုရှင်ခ´´ သားလေးအရွယ် ၅ နှစ်ကွယ် သမီးလေးအရွယ် ၅ နှစ်ကွယ် ကျောင်းစထားဖို့ ပြင်ကြမယ် ကျောင်းအပ်နှံကြ မိဘရယ်၊ လာမည့် ဇွန်လ ကျောင်းဖွင့်ကြတော့ ထို ၅ နှစ်ကလေး လွယ်အိတ်လေးနဲ့ ကျောင်းစတက်ပြီး ပျော်ကြမည် နောက်ကအရိပ် လိုက်ပါခဲ့မှာ ကျုရှင်ပါတဲ့ မထားလည်းမကောင်း ထားလည်းမကောင်းမို့ မဖြစ်မနေ ထားရပေမည် မထားချင်ကြ ရွှေးချယ်ပြပေါ့ ကိုယ်ပိုင်ကျောင်းသို့ ပို့ကြတော့လည်း ကျုရှင်ခအပါ ယူကြသည်။ ကျောင်းအပ်နှံခ အခမဲ့မို့ သက်သာမိဘ မထင်ကြနဲ့ ဆင်ဖိုးထက်မက ချွန်းဖိုးကျမည် ကျုရှင်ခများ ကုန်ကြလေသတည်း။ ဖတ်ရှု့သူများကျေးဇူးပါ။ ခင်ခ။
