alinsettJune 3, 20134min089
ကဗျာချစ်သူများ ၏ ကဗျာပြခန်းမှ နွေးထွေးစွာ.. ကြိုဆိုပါသည် ။ ==============================   ကဗျာချစ်သူများ၏ ကဗျာပြခန်း (ပြခန်းအမှတ် တစ်)ကိုတော့ အောင်မြင်ခမ်းနားစွာ ဖွင့်လှစ်ပြသနိုင်ခဲ့ပါပြီ ။ ဒုတိယပြခန်းကို ဘယ်လို ထူးခြားအောင် ဖန်တီးပြကြမလဲလို ့တိုင်ပင် ဆွေးနွေးနေတဲ့ အချိန်မှာပဲ……. ကျွန်တော့် Mail ထဲကို ခြိမ်းခြောက်စာကြီး တစ်စောင် ရောက်လာပါတယ်။ ဒီ ရွာထဲက.. နာမည်ကြီး ရွာသားကြီးတစ်ယောက် ပို ့လိုက်တဲ့ ခြိမ်းခြောက်စာ ပါ။ စာထဲမှာ ကဗျာတစ်ပုဒ်လည်း ပါ ပါတယ်။ အဲဒီကဗျာ ကို ပြခန်းထဲမှာ ထည့် ပါ..တဲ့ ။  မထည့်လို ့ကတော့ … သူ ့အဆိုးးမဆိုနဲ ့လို ့ကြိမ်းဝါး ထားလို ့ […]


CourageJune 2, 20134min02
Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;} —မှန်တာပြော ဆဲပါစေ—   အမုန်းတရားကို အိပ်ထဲထည့်ကာ ဒေါသများဖြင့် လမ်းလျှောက်ထွက်စဉ်… “ဟိတ်ကောင် မင်းက xမို့လို့ ငါ့အရိပ်ကို တက်နင်းရတာလား” “တောက်… ခွေးမသား… […]


“ဆုတောင်းလေးလည်း ပြည့်စေချင်´´   သံသာချိုအေး ခေါင်းလောင်းထိုးတော့ ကလေးတွေလည်း ကျောင်းတက်မယ်၊ မင်္ဂလာပါ ဆရာမလို့ လက်ကလေးပိုက်ခါ နုတ်ဆက်တယ်၊ ဆရာမလည်း အပြုံးလေးနဲ့ မင်္ဂလာပါ တပည့်တို့တဲ့နုတ်ဆက်ကွယ်၊ စာသင်နှစ်လေး စကာပေးလို့ ကြိုးစားကြကွယ် ကလေးတို့ရယ်၊ ဆရာမတွေလည်း စေတနာထားလို့ သင်ပေးကြပါ ပြောချင်တယ်၊ တစ်နှစ်တစ်တန်း မှန်မှန်အောင်တော့ မိဘတွေလည်း ကျေနပ်ဖွယ်၊ ဂုဏ်ထူးတွေလည်း စီကာထွက်တော့ ပျော်ကြရွှင်ကြ ဖြစ်ကြမယ်၊ ဒီလိုအတွေး ဒီလိုရေးတာ တကယ်ဖြစ်စေ ဆုတောင်းတယ် ပြည့်ကွယ် ပြည့်ကွယ်။   ။   ( ၂၀၁၃ ခုနှစ် ဇွန်လ ၃ ရက်နေ့ ကျောင်းဖွင့်ရက်ကို ကြိုဆိုသောအားဖြင့် ရေးပါသည်။)   ငြိမ်းမောင် 2013 June 1


Nan ShinMay 31, 20131min05
အခင်းကြမ်းနဲ ့အခန်းကျဉ်းလေးထဲမှာပေါ့…… လွင့်မျောသွားတဲ့ နှလုုံးသားသံစဉ်တွေကိုု တစ်စဆီလိုုက်ကောက်ရင်း…. စိတ်လေးလေးနဲ ့ပဲသောက်နေမိတဲ့ ဆေးလိပ်လေးရဲ ့ငိုုရှိုက်သံ….. ချစ်သူရဲ့ချစ်သူက ပြောပြဘူးတဲ့ သူ ့ချစ်သူရဲ ့အကြောင်း… နှလုုံးသားကိုု အလစ်သုုက်ပြီး အလုုပ်သစ်ရှာချင်လိုု ့ပါဆိုုတဲ့ အကြောင်းပြချက်နဲ ့ အပျက်ချသွားတဲ့ အကြောင်းကိုု နှလုုံးသားဆိုုတဲ့ အလည်နားက နားလည်ပေမဲ့ အကြားခတ်တဲ့ နားနှစ်ဘက်ကိုု စုံပိတ်မိတဲ့ နေ ့ကလေးရဲ ့ပဲ့တင်သံ….. လေလွင့်ငှက်တိုု ့ရဲ ့ကြားမှာ ကြားလေတွေ လွင့်လာတာကိုု မသိလိုုက်တဲ့ နင်ဆိုုတဲ့ ငှက်ကလေးတစ်ကောင်…… အကြင်နာထားတဲ့သူကုိုမှ နာကြင်သွားစေလိုုတဲ့ မင်း…… စသည် စသည်…အတိတ်က ”က”ခဲ့တဲ့တိတ်ခွေတွေကိုု ပြန်ဖွင့်လိုုက် ပြန်ရစ်လိုုက်နဲ ့…. ရန်ဖြစ်ချင်စိတ်တွေချည်း ပေါက်ပေါက်နေတယ်..ချစ်သူ။   နန်းရှင်


ဒီနေ့ ကျွန်မအဖေဆုံးတာ (၄) နှစ်ပြည့်ပါပြီ။ အဖေလို့ ခေါ်ခွင့်မရတော့တာ (၄) နှစ်တောင် ရှိပြီပေါ့။ မိဘဆိုတာ သားသမီးတွေရဲ့ ဘဝမှာ အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတာပါ။ ဒီလိုပဲ အဖေကလည်း ကျွန်မဘဝရဲ့ (၁၉) နှစ်တာကာလအတွင်းမှာ အဓိကဇာတ်ဆောင်အဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ အဖေနဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ အများကြီးပဲပေါ့ရှင်။ အကောင်းအဆိုးဒွန်တွဲပြီး လောကထဲက ထွက်သွားတဲ့ အဖေ့ဘဝကို ပြောပြချင်ပါတယ်။   ကျွန်မလူမှန်းသိတတ်စအရွယ်မှာ အဖေက ကျွန်မအတွက်တော့ ဂုဏ်ယူစရာပါပဲ။ ရန်ကုန်နဲ့မနီးမဝေးက တောမကမြို့မကျနယ်မြို့လေးမှာ ပုံနှိပ်စက်ဆိုလို့ (၃) လုံးပဲ ရှိပါတယ်။ အဲဒီ ပုံနှိပ်တိုက် (၃) ခုမှာမှ “စင်ရော်” ဆိုတဲ့ ကျွန်မတို့ပုံနှိပ်တိုက်က အဖေ့ရဲ့ ကျွမ်းကျင်မှု၊ ထူးချွန်မှုအောက်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်ရင် အဖေက အတော်ဆုံးပဲလို့ […]


                                                                    “ဘယ်လို သေလိုက်ရရင် ကောင်းမလဲ”   “မောင်နင်နဲ့ငါ မယူရသေးဘူးလေ” ဒါပေမယ့်ချစ်လွန်းတော့ နင်ဖြစ်ချင်တာဘာမဆို နင်လိုချင်တာဘာဖြစ်ဖြစ် ဖြစ်စေချင်တာငါလိုက်ဖြစ်ပေးခဲ့တာလဲနင်အသိ။ စည်းကျော်တာမကျော်တာ ငါမသိ ဘောင်လွန်တာမလွန်တာငါမသိ အဖိုးတန်တာ မတန်တာငါမသိ စောင့်ထိန်းတာ မထိန်းတာငါမသိ နင်လိုချင်တယ်ဆို နေ့ညမအချိန်မရွေး ငါလို်က်လျောပေးခဲ့တာလဲနင်အသိ။ @@@@@@@@@@ တွေ့နေကျ နင့်အခန်းမှာ အတူဆုံကြတဲ့တစ်ရက်  ရိုမင်းတစ်တဲ့ တစ်ရည်သာတဲ့ဇာတ်လမ်းမှာ ငါကမင်းသမီး နင်ကမင်းသား အမြင့်ဆုံးဇာတ်ဝင်ခန်းကိုမှ ကြံကြံဖန်ဖန်မှတ်တမ်းတင်ချင်ပါသတဲ့ မောင်လိုချင်တာလိုက်လျောနေကြငါ ဘယ်သူသိတာမှတ်လို့နော် သိပ်တော့မကြာပါဘူး […]


ငါ့ အိပ်မက်တွေဟာ ကဗျာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ မဟာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ အထာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ ကညာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ ဆရာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ ဇရာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် ၊ ငါ့ အိပ်မက်တွေဟာ အညာဆန်ချင်မှ ဆန်မယ် ဒါပေမယ့် မင်း ပါတယ် […]


ဟေ့ လူ   ဟေ့ လူ လမ်းပိတ်မရပ်နဲ့လေ ရပ်တော့ဘာဖြစ်လဲ ဘာမှမဖြစ်ပါဘူး ရပ်ပေါ့။   ဟေ့ လူ ဒီကဖြတ်လို့မရဘူးလေ ဖြတ်တော့ဘာလုပ်ချင်လို့လဲ ဘာမှမလုပ်ပါဘူး ဖြတ်ပေါ့။   ဟေ့ လူ ဘာလို့ကြည့်တာလဲ ကြည့်ချင်လို့ကြည့်တာဘာဖြစ်လဲ ဘာမှမဖြစ်ပါဘူး ကြည့်ပေါ့   ဟေ့ လူ ဘာပြောတာလဲ ကိုယ့်ပါးစပ်နဲ့ကိုယ်ပြောတာဘာလုပ်မလို့လဲ ဘာမှမလုပ်ပါဘူး ပြောပေါ့   ဟေ့ လူ ဘာတွေရေးတာလဲ ဘာရေးရေးဘာဖြစ်ချင်လို့လဲ ဘာမှမဖြစ်ချင်ပါဘူး ရေးပေါ့   ဟေ့ လူ မတွေ့တာတောင်အတော်ကြာပေါ့ တွေ့တော့ဘာထူးမှာမို့လဲ ဘာမှမထူးပါဘူး သတိရလို့ပါ။   ဟေ့ လူ ခေါ်နေတာဘာလို့မထူးတာလဲ ……………………………… ဟေ့ လူ ခေါ်နေတယ်မကြားဘူးလား ……………………………. အဲလ် သူသေသွားရှာပြီကိုး […]


အချစ်ရဲ့အရသာ ခံစားမိတာမှားပြီထင်တယ် တကယ်ပင်အကျိုးမရှိအောင် မိုးထိအောင်လောင်တဲ့မီးရယ် ဆိုးလိုက်တဲ့ကုသိုလ်ကံရယ် သဗ္ဗာန်ကလေးနဲ့ကူးကာဖြတ်ခဲ့တယ် ဟိုမရောက် ဒီမရောက်နဲ့သာ ဒေါပုံချောင်းဝအလယ်မှာ နစ်ကာမြုပ်ရတယ် မင်းမချစ်တာလည်းရင်နာတယ် ငါပူးတင်း တွတ်တာလည်းအဆစ်ခံရသေးတယ် ……………………………………………………………. အချစ်နဲ့ပတ်သက်ပြီး တော်တော်ခံစားနေရလို့ နောက်ပြောင်ခြင်းမပြုကြဘို့ မေတ္တာရပ်ခံပါတယ် ………………………………………………………………………………………………..    .   .         မိုက်ကယ်ဂျော်နီအောင်ပု


ムラカミMay 29, 20131min029
သိတယ် .. လိမ်နေမှန်း သိတယ်…. အမှန်မဟုတ်မှန်းလည်း သိတယ်… အေး…. ဒါပေမယ့် ရင်ခုန်တယ် သိတယ် .. အတုမှန်း သိတယ်…. အစစ်မဟုတ်မှန်းလည်း သိတယ်… အေး.. ဒါပေမယ့် ကျေနပ်တယ် သိတယ် .. ကိုယ့်ဘက်က ပေးရမယ်မှန်း သိတယ်…. ပြန်ရတာက တန်မတန် မမျှော်လင့်ကောင်းမှန်းလည်း သိတယ်… အေး.. ဒါပေမယ့် ရက်ရောတယ် အဲ့သည့် ဂုဏ်သတ္တိနဲ့ ပြည့်ဝဖို့ ဆိုတာကတော့ လောကမှာလေ .. မျက်လှည့် ၊ အနုပညာ နဲ့ အချစ် ဒီ-၃ခုပဲ ရှိလိမ့်မယ် ထင်ရဲ့.. ကနားစီး မိဂီ 2013/05/29 P.S ဒီ-၃ခုလို့ ပြောထားပါရက်နဲ့ မဟုတ်ဘု- ကျန်သေးတယ် ဟိုလူကြီးတွေ ကျန်သေးတယ် လာလုပ်ရင်တော့ […]


  “မိုးသည်းတဲ့နေ့ကစိန်ပန်းပင်အောက်မှာ” (အလွမ်းတစ်) မေလရဲ့အပူလွန်ကဲတဲ့နွေတစ်ရက်မှာပေါ့။ နေ့လည်ခင်းနာရီပြန်တစ်ချက် အကာကွယ်မဲ့သောကတ္တရာလမ်းထက်မှာ နေရောင်ခြည်တွေအခ အပူပျံ့ငွေ့တွေကချောင်းချောင်းထ။ အဲဒီအချိန်ကြီးမှာ မိုးစက်တွေက ပိုးပိုးပေါက်ပေါက်နဲ့ ရုတ်တရက်အကျ ကျနော် လဲ နီးရာအပင်နံဘေး အမြန်ပြေးအခို စိန်ပန်းပင်အိုကြီးအောက် မထင်မှတ်ဘဲ ရောက်သွားပါတယ်။ မိုးစက်တွေက ရက်ရက်စက်စက်ရွာအချ စိန်ပန်းပွင့်အနီတွေကလဲ ပက်ပက်စက်စက်ကြွေကျ မြင်ရတာ လွမ်းစရာကြီးပါဗျာ။ အဲဒီအချိန်ခဏလေးမှာ အဖြစ်ခြင်းတူလွန်းပါတဲ့ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်တွေ နောက် တွေရဲ့နောက် ကျနော့်စိတ်တွေက ကောက်ကောက်ပါအောင်လိုက်သွားပါတော့တယ်။ (အလွမ်းနှစ်) ကလေးတုံးကလိုပြောရင်ဟိုရှေးရှေးတုံးကလိုု့ဆိုပါစို့.။ အဲဒီတုန်းကခေတ်စားတဲ့ ကိုင်ဇာ့သီချင်း “ငယ်ငယ်တုန်းကသူငယ်ချင်း မင်းအရမ်းချစ်ဘို့ကောင်းတယ် အိမ်အပြန်ကျောင်းအဆင်းမှာသိချင်းလေးဆို”ပေါ့ နေ့စဉ်အတူတူ ကျောင်းသွားနေကျလမ်းနံဘေးမှာပေါက်နေတဲ့ စိန်ပန်းပင်ကြီးအောက် ရောက်ပြီဆိုမှဖြင့် ဆော့တဲ့အခါဆော့ ထိုင်တဲ့အခါထိုင် ငေးတဲ့အခါငေး မုန့်တွေအပြန်အလှန်ကျွေးတဲ့အခါကျွေး တောင်စဉ်ရေမရ စကားတွေပြောတဲ့အခါပြော ကျနော်တို့အတွက်ကတော့ ကွန်းခိုစရာနေရာလေးပါဘဲ။ မူလတန်း အလယ်တန်း […]


naywoon niMay 28, 20131min013
အတု…… ငါအခုရောက်နေတဲ့နေရာကိုတောင်မှ အတုလား အစစ်လား မဝေခွဲတတ်တော့ပါဘူး….။ ငါ့အနားမှာရှိနေတဲ့အရာတွေကိုတောင်မှ ဘယ်ဟာကဖြင့် အတု ဒီအရာကတော့ အစစ်ရယ်လို ငါမခွဲခြားတတ်တော့တာကြာပေါ့……….။ လူအတု မိန်းမအတု ယောက်ျားအတု ပစ္စည်းအတု… ဆေးဝါးအတု နာမယ်တောင်အတု ရှိသေးရဲ့…..။ ရုပ်ရှင်တွေထဲမှာလို အတုကို သေမပေးလေတော့ အားလုံးက သူတို့ဟာ အစစ်တွေပါလို့ အော်ဟစ်လို့……….။ တစ်ချို့ အတုကို ငွေကြေးကြောင့်တုတယ်။ တစ်ချို့….. ကျော်ကြားမှုကိုလိုချင်လို့တုတယ်။ တစ်ချို့ …….. ချစ်လို့လိုက်တုတယ်။ တစ်ချို့ကျပြန်တော့ ……. မုန်းလွန်းလိ်ု့ကို သူ့နာမယ်ပျက်အောင်တုသတဲ့…။ တစ်ချို့က အတုကို ပညာရည်နိမ့်ပါးလို့သုံးကြတယ်…။ တစ်ချို့က အတုကို ငွေကြေးမတတ်နိုင်လို့ သုံးရတယ်…။ တစ်ချို့က အတုကို သုံးချင်လို့ကိုသုံးကြတယ်….။ ဘာကြောင့်ပဲတုတု ဘယ်လိုကြောင့်ပဲသုံးသုံး နောက်ဆုံးတော့ အတုဟာ အတုပါပဲ…။ ဒါသေချာတယ်……. အတုဆိုကတည်းက အစစ်ကိုမှီပြီးမှပေါ်လာရတာ […]


သုရွင္May 28, 20132min06
မည်ကာမတ္တ              လူ အထောက်အထားတစ်ခုကိုမျှ လက်ဝယ်ကိုင်ဆောင်ပြသ နိုင်ခြင်းမရှိတဲ့အခါ…။ လူမွှေး ၊ လူတောင်    ပြောင်ဖို့ လူသတ်မှတ်တဲ့ လူ ့ တန်းတစ်ခုကို လူတန်းမစေ့ တဲ့အခါ…။ လူလိုသူလို ခေါ်ပြောဆက်ဆံ နေရာပေးအလိုက်သိခြင်းမခံရတဲ့ ဖြစ်တည်ရုံ အဆင့်ရှိ အလေအလွင့်လူသားဖြစ်တဲ့အခါ…။ လူတွေမွေးပြီး လူတွေ စွန့်ပစ်သွားခဲ့ကြတဲ့ လူအဖေအမေ မဲ့ လူသားတွေအဖြစ် နေရာတစ်ခုသည်းသန့်ကန့်သတ်ခြင်း…. ခံကြရတဲ့အခါ…။ အင်္ဂါမစုံ၊ မသန်စွမ်းဘဝနဲ့ အထင်အမြင်သေးနှိမ်ချ ခွဲခြားဆက်ဆံခြင်းခံကြရတဲ့အခါ…။ ရောဂါတစ်ခုအကြောင်းပြ မြင်ရုံနဲ့နောက်တွန့် ရှုံ ့ချကဲ့ရဲ့ပြီး မောင်းထုတ်နှင်ချပြီး လူ့အသိုင်းအဝိုင်းနဲ့ မနီစပ်စေချင်ခံရတဲ့ အသက်ဝိညာဏ်ရှိ ခြေကောင်းလက်ကောင်းဘဝ အမှားတစ်ခုကြောင့်ပဲဖြစ်ဖြစ် အခန့်မသင့်လို့ ပဲဖြစ်ဖြစ် ရောက်ကြရတဲ့အခါ…။ ကျွန်တော်တို့တစ်တွေဟာ လူ့သဘောသဘာဝကို ပိုင်ဆိုင်ထားကြပါလျှက် မည်ကာမတ္တလူ ဖြစ်ကြရတယ်။