အခန်းကျဉ်းလေးထဲက ဇာတ်လမ်းတစ်ပုုဒ်

Nan ShinMay 31, 20131min05

အခင်းကြမ်းနဲ ့အခန်းကျဉ်းလေးထဲမှာပေါ့……

လွင့်မျောသွားတဲ့ နှလုုံးသားသံစဉ်တွေကိုု

တစ်စဆီလိုုက်ကောက်ရင်း….

စိတ်လေးလေးနဲ ့ပဲသောက်နေမိတဲ့

ဆေးလိပ်လေးရဲ ့ငိုုရှိုက်သံ…..

ချစ်သူရဲ့ချစ်သူက ပြောပြဘူးတဲ့

သူ ့ချစ်သူရဲ ့အကြောင်း…

နှလုုံးသားကိုု အလစ်သုုက်ပြီး

အလုုပ်သစ်ရှာချင်လိုု ့ပါဆိုုတဲ့

အကြောင်းပြချက်နဲ ့ အပျက်ချသွားတဲ့ အကြောင်းကိုု

နှလုုံးသားဆိုုတဲ့

အလည်နားက နားလည်ပေမဲ့

အကြားခတ်တဲ့ နားနှစ်ဘက်ကိုု စုံပိတ်မိတဲ့ နေ ့ကလေးရဲ ့ပဲ့တင်သံ…..

လေလွင့်ငှက်တိုု ့ရဲ ့ကြားမှာ

ကြားလေတွေ လွင့်လာတာကိုု မသိလိုုက်တဲ့ နင်ဆိုုတဲ့ ငှက်ကလေးတစ်ကောင်……

အကြင်နာထားတဲ့သူကုိုမှ

နာကြင်သွားစေလိုုတဲ့ မင်း……

စသည် စသည်…အတိတ်က ”က”ခဲ့တဲ့တိတ်ခွေတွေကိုု

ပြန်ဖွင့်လိုုက် ပြန်ရစ်လိုုက်နဲ ့….

ရန်ဖြစ်ချင်စိတ်တွေချည်း ပေါက်ပေါက်နေတယ်..ချစ်သူ။

 

နန်းရှင်

5 comments

  • မောင် ပေ

    May 31, 2013 at 6:51 pm

    အခန်းကျဉ်းလေး
    အနမ်းမင်းပေး
    ခရမ်းဟင်းကျွေး
    တလှမ်းချင်းပြေး
    ဂဏန်းဆင်းသေး

    Reply

  • လွမ်းစရာ ရှိရင် နာတာနဲ့ ဖြေသိမ့်တဲ့ …
    အခုတော့ …
    အထူး ဖြေသိမ့်နေစရာတောင် မလိုဘူး …
    ခဏခဏ ရန်ဖြစ်ချင်စိတ်တွေ ပေါက်နေသကိုးဗျ …
    တကယ်တော့ …
    ရန်ဖြစ်ချင်စိတ် ပေါက်တာဟာ မုန်းလို့ …
    မုန်းတဲ့ လူကို ချစ်ဖို့ဆိုတာ လွယ်တယ် …
    မသိကျိုးကျွံ ဥပေက္ခာ ပြုလိုက်ခြင်းကသာ အကောင်းဆုံးသော နည်းလမ်းပါပဲ …
    ဒီတော့ ရန်ဖြစ်ချင်နေမယ့်အစား ဥပေက္ခာလေးသာ ပြုထားလိုက်ပါလားရယ်လို့ …
    ကဗျာလေးကို ဖတ်ရှုရင်း ပြောမိ ပြောရာ ပြောသွားခဲ့ပါတယ်ဗျို့ ………။

    Reply

  • kyeemite

    June 1, 2013 at 9:16 am

    ကိုနန်းရှင်က ကဗျာလည်းရတာကိုး…
    ရွာထဲမလဲ ကဗျာဆရာတွေမနဲဘူးနော်…

    Reply

  • အရီးခင်လတ်

    June 1, 2013 at 10:36 pm

    အားပေးသွားပါတယ် နန်းရှင်ရေ။
    ကဗျာပြခန်းမှာလဲ ဝင်ပါမှာ မဟုတ်လား။
    တိတ်ခွေသုံးသူ အဖော်ရှိသေးသကိုး။ 😛

    Reply

  • Nan Shin

    June 1, 2013 at 11:15 pm

    ပါချင်တာပေါ့…..တိပ်ခွေမသုံးတော့ပါဘူး။။။။။။
    သူငယ်ချင်းရဲ ့ဖြစ်စဉ်လေးကို သူ အပျင်းပြောဖို ့အတွက် ရေးပေးလိုက်တာ။ဟီး။

    Reply

Leave a Reply

Your email address will not be published.