alinsettNovember 20, 20132min031
  ကျွန်တော်… ဟိုတစ်နေ့က.. ခံစားချက်တွေ တနင့်တပ်ိုး ဖြစ်လာလို ့… ကဗျာမပီ စာမပီလေး.ချရေးဖြစ်ပါတယ် ။ အဲဒါလေး..က… ရေးပြီး..ပြန်ဖတ်တော့.. ကာရန်လေး မမိတမိနဲ ့… ကဗျာလိုလို..ဘာလိုလိုလေးဖြစ်နေပါတယ် ။ အဲဒါလေးကို… ကျွန်တော့် ကဗျာတွေ ဖတ်နေကျ  မိတ်ဆွေတွေက်ို..ပေးဖတ်ချင်လာတယ် ။ စာအုပ်ထဲမှာ..ရေးထားတာလေးကိုပဲ..ဒီအတိုင်းပြချင်ပါတယ် ။                         ကျွန်တော့် ကဗျာတွေ ဖတ်နေကျ  မိတ်ဆွေတွေ ဖတ်မိရင်.. ကျွန်တော်..ရေးနေကျ ပုံစံလေး..မဟုတ်တာကို.. သတိပြုမိသွားမှာသေချာပါတယ် ။ ကျွန်တော်.. ကာရန်တွေ..စည်းတွေ ဘောင်တွေ..ခွင်တွေ… နယ်နိမိတ်ကန့်သတ်ချက်တွေထဲကနေ.. ကဗျာမရေးဖြစ်တာကြာပါပြီ။။။ အခု..ကဗျာဆိုတာလေး မှာတော့….. အချိတ်အဆက်နဲ ့… […]


  ငယ်ငယ်က  ကျောင်းသားဘဝ အချစ်ဦးက သင်ပေး အလွမ်းတေးတွေကို ငါဆို စိုလာတဲ့မျက်ရည် ကျနေပါစေကွယ် ၊ အလုပ်ဝင်စ တွေ့ရပြန်သော ရင်မောစရာ ဒုတိယအချစ် သုခမြစ် မဖြစ်ပဲ ဥပေက္ခာတွေနဲ့ အက်လာတဲ့နှလုံးသား အလွမ်းများနဲ့ဖာထေး အညာတေးတွေကြား ငညံ့သားငါ လွမ်းလျက်သာ ၊ နောက်တစ်ခါမတော့ ဟုတ်လှပေါ့လို့ ထင်ကြ အို အသင်လောက မိန်းမတော့ ငါ ရခဲ့ရှာ စ ခဲ့ပါတဲ့ ဇာတ်လမ်းစုံ ပြန်အမ်းကုန် မဟုတ်တာကြီးနဲ့ အစုတ်ဗလာခရီးမှာ  ငါ ငြီးငွေ့လှပါပကောကွယ် ၊ ( ဒီတော့လည်း ) ကုန်ဆုံးသွားခဲ့တဲ့ သည်းခံခြင်းတွေအနောက် ဒီနှစ်ယောက် ဦးတည်ခဲ့ တရားရုံးရဲ့   တစ်နေရာ နာကျည်းမှုအပြည့်ပါနေတဲ့ ငါ့လက်မှတ်  တစ်သက်ပြတ်ပဲလေ ၊ သည်လိုနဲ့ ကာလရှည်ကြာ […]


alinsettNovember 19, 20131min022
                        သစ်ပင်ဖြစ်သွားတဲ့ လူတစ်ယောက်အကြောင်း ______________________   * အုတ်တစ်ချပ် သဲတစ်ပွင့်နဲ ့. . . ခက်ခက်ခဲခဲ ပွင့်ရတဲ့ပန်း. . . ဘယ်သူ ယူ နမ်းနမ်း – အဖြစ်မခံဘူး ။   * အရွက်တစ်ရွက် သစ်တစ်ခက်နဲ့ မိုးတိုးမတ်တပ် ရပ်နေရတဲ့သစ်ပင်ဆိုပေမယ့် . . . ပုဆိန်လက်နက် ခပ်ထက်ထက်ကိုတောင် ဒူးထောက် မပေးဘူး ။   * ခပ်ပြင်းပြင်းပဲ. . . ရေ မရောပဲ သက်ပြင်းချ လေမထန်ပဲ […]


naywoon niNovember 17, 20131min04
ကြိတ်​ကြိတ်​….. ကြိတ်​ကြိတ်​နဲ့ တိုးတိုးတိုက်​တ်ိုက်​သာ သွားလာ​နေကြ…… ဘယ်​ဆီကိုသွား​နေမှန်​းလည်​မသိ ဘယ်​​နေရာ​ရောက်​ပြီဆိုတာလည်​းမကြည်​့ ​ရှေ့ကိုသာ တိုးလို့သွာ​နေကြ သိုးခြံထဲက ထုတ်​လိုက်​တဲ့သိုး​တွေလိုပ တစ်​​ကောင်​နဲ့တစ်​​ကောင်​တိုး​ဝှေ့ပြီး ​ရှေ့​ရောက်​ဖို့သာအားသန်​ပြီးတိုး​ဝှေ့​နေကြသလိုမျိုးနဲ့ ဖုန်​တစ်​​ထောင်​း​ထောင်​း ​ချွေတစ်​လုံးလုံးနဲ့ တိုးလို့သာ သွား​နေကြ​တော့တယ်​…… ဦးတည်​ချက်​ဆိုတာကမရှိ ဘာကိုလိုချင်​တယ်​ဆိုတာ​တောင်​ ကိုယ်​ကိုကိုယ်​ပြန်​မ​မေးမိ ​ရှေ့ကို​ရောက်​ဖို့ဆိုတဲ့အသိနဲ့ ကြိတ်​ကြိတ်​….ကြတ်​ကြိတ်​ နဲ့ တိုးတိုး…တိုက်​တိုက်​သာ သွားလာ​နေကြ………။ ​နေ​ဝန်​းနီ( 17-11-2013 )


alinsettNovember 15, 20138min021
ပြောပြချင်လွန်းလို့ပါ… ဦးဆာရေ . . .။ အနုပညာနဲ ့ပက်သက်လာရင် ခံစားချက်ပြင်းထန်တတ်တဲ ့ဦးဆာကိုမှ တိုင်တည်ပြီး အနုပညာအကြောင်းနည်းနည်း ပြောချင်လာလို့ပါ ။ အနုပညာအကြောင်း ခပ်ကြမ်းကြမ်းပြောနေကျ ကျွန်တော် အခု  အနုပညာနဲ ့ပက်သက်ရာ ပက်သက်ကြောင်းလေး  ပြောပြချင်လွန်းလို့ပါ ။ ဦးဆာကို တိုင်တည်ပြီး ကျွန်တော်တွေးမိတာလေးတွေ  ရင်ဖွင့်ပြတယ်ပေါ့ဗျာ ။ ___________________ အနုပညာ ဖန်တီးမှုနဲ့ပက်သက်ပြီး  ကျွန်တော် စိတ်ထဲ မတင်မကျဖြစ်နေတာတစ်ခု ရှိတယ်။ မတင်လည်း မတင် မကျလည်း မကျဘူးဆိုတော့  နင်နေတာ / တစ်နေတာကြီးပေါ့ဗျာ ။ အဲဒါကတော့. . . . ___________________ ကျွန်တော်တို ့ အနုပညာ ဖန်တီးရာမှာ (ဒီနေရာမှာ စာပေအနုပညာ/ကဗျာ/ဝတ္ထုကိုပဲ ဦးတည်ပြောပါမယ်) ဘာသာစကား […]


naywoon niNovember 13, 20131min06
စာအုပ်​ထဲမှာ​တော့ ကုသိုလ်​ကဘယ်​လို ဒါနကဘယ်​နှယ်​ ဘာဝနာက ဘယ်​ပုံ စုံ​နေ​အောင်​ပါ ပါရဲ့……..။ အပြင်​ဘက်​မှာကျ​တော့ ဘာသာ​ရေးနဲ့ ​ပျော်​ရွှင်​မှုမကွဲ ​ရော​ထွေး​နေပုံက စိတ်​ပျက်​စရာ…….။ ဒါနဲ့များ ……. ​ပြောင်​းလဲမှုကိုလိုချင်​​သေးသတဲ့ သနားလိုက်​တာ……..။ အရင်​လိုပဲ ​နေမြဲ အစဉ်​အလာရိုးရာ​လေးနဲ့ပဲ​နေခဲ့ပါလားကွယ်​…. ​ပြောင်​းချင်​မ​နေပါနဲ့ ဘာသာ​ရေးပွဲနဲ့​ပျော်​ရွှင်​ပွဲ မခွဲနိုင်​သမျှ​တော့ သနားစဖွယ်​ ဘုံငရဲသား​တွေလိုပ ​သေလည်​း​ပျော်​​နေလည်​း​ပျော်​နဲ့ ​ပျော်​​ပျော်​ကြီး​နေလိုက်​ကြ​ပေ​ရော့…….။ ​နေဝန်​းနီ


ခင္ခNovember 13, 20132min016
  ” ခေါင်းတွေသာကုတ် “   ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ မြန်မာထဲမှာ မရှင်းရှင်းတွေဟာ အခုထိလည်း မရှင်းသေးပါ ဘယ်တော့များမှ ရှင်းကြလိမ့်မှာ ရှင်းရအကြွေး တောင်ပုံရာပုံသာ။   ရခိုင်ပြည်အရေး ခပ်မှေးမှေးနဲ့ လက်ပံတောင်ကိစ္စ ဟိုလိုဒီလိုပြ ငါးလောင်းပြိုင်က မပေါ်သေး အခြေခံဥပဒေ ပြင်ရန်နှေး အခုအိုအိုင်စီကို သူဖိတ်တာပါတဲ့ မျိုးစောင့်ဥပဒေ ခပ်ဝေးဝေးနေ တပ်မတော်ပိုင်မြေကိစ္စ ခေတ္တခဏ အင်တာနက်ကွန်နက်ရှင် သီးခံစေချင် တရုတ်အကြွေးကလည်း မကျေသေးခင် လျှပ်စစ်မီးမှန်ရေး မဖြစ်နိုင်သေးမို့ ခဏစောင့်ပါ ပြည်သူများရာ နိုင်ငံစုံလေး သွားပါရစေအုံး ခုမှသွားလို့ ကောင်းနေတုန်း။   အကြံတူရင် နောက်လူသာစမြဲ စကားအဆို ရှိပါသော်လည်း ရှေ့ကအထုပ်ရှုပ် နောက်လူကငုတ်တုတ် ပိုက်ဘောကြီးနဲ့ အဟုတ်အဟုတ် ဖြစ်လာသမ္မတတော့ ခေါင်းတွေသာကုတ်။   ခင်ခ။ […]


အရိပ္စစ္November 12, 20131min04
  လ.. သူ့ဘာသာ သူ သာနေတာပါ တစ်ပွင့်စ နှစ်ပွင့်စ ကြယ်မှုန်စလေးတွေ ခပ်ဝေးဝေးခ လို့ သူ့ အနီးနားမှာ လင်းတဲ့ ကြယ်လေးတွေလည်း ရှိချင် ရှိမှာပေါ့ သူ့ ဘုန်းကြောင့် အရောင်တွေ ဖျော့တော့လိုက်ရတာ နေမှုာ လ.. သူ မပြည့်သေးပါဘူး ကမ္ဘာတစ်ခြမ်းက လူတွေ နဲ့ ဝေဝေမျှမျှ လရိပ်လှုံနေချိန် သက်ရှိတော်တော်များက သူ့ အရိပ်အေးမြမြအောက်မှာ စိတ်ချ လက်ချ အိပ်မော ကျ လို့ လ.. ဘာပဲ ဟုတ်ဟုတ် သူ ပျော်မှာပါ နေ့ နဲ့ ည လို အများနည်းတူ ကွယ်လိုက် ပေါ် လိုက်ရတာကို က မျှော်လင့် ခြင်း တွေ အသက်ဆက် […]


အာလုံးပဲ မင်္ဂလာပါရှင်။ မန်းဂဇက်ကဗျာချစ်သူတွေရဲ့ ကဗျာပြခန်းကတော့ ပြခန်း (၁၂) တိုင် ရောက်ရှိလို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြခန်းမှာ အလှည့်ကျတဲ့ ပြခန်းတာဝန်ခံကတော့ ကျွန်မ လုံမလေးမွန်မွန် ပါ။ ပထမဆုံးအနေနဲ့ ပြခန်းကို ကဗျာပေးပို့ကြတဲ့ ကဗျာရေးသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်ရှင်။ ကဗျာသာမရှိခဲ့ရင် ကဗျာပြခန်းဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီပြခန်းလေး ရေရှည်တည်တံ့အောင် ကဗျာပေးပို့ကြသူများကို ကဗျာချစ်သူတွေက အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ နောက်များမှာလည်း ကဗျာတွေကို ဆက်လက်ပို့ပေးကြပါဦးလို့ လေးစားစွာ တောင်းဆိုချင်ပါတယ်။ နောက် ဒီပြခန်းလေးကို အားပေးကြတဲ့ ရွာသူရွာသားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကဗျာတွေကို ဘယ်လိုပဲ ပြထားပါစေ၊ ဝင်ကြည့်တဲ့သူ မရှိဘူးဆိုရင်၊ မဲပေးတဲ့သူ မရှိဘူးဆိုရင်၊ ကွန်မန့်ပေးတဲ့သူ မရှိဘူးဆိုရင် ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် […]


ငှက် ငယ်November 10, 20131min03
    အချိန်ကို ငြီးငွေ့ပြီမို့ မိုးကောင်းကင်ကို မော့ကြည့်ပြီး လမင်းကြီးရဲ့ ခြေလှမ်းတွေကို ရေတွက်နေမိတယ်………။ ခရီးသည်ရဲ့ ခရီး ဘယ်အခါပြီးဆုံးမလဲ အလွမ်းသည်ရဲ့ အလွမ်း ဘယ်အခါ ကုန်ဆုံးမလဲ…….။ အလွမ်းတွေ တိုးပွားလာတယ် ညကလည်း အေးစက်လို့ လာခဲ့ပါတော့  အိပ်စက်ခြင်းရယ် ခံစားမှုတွေကို တိုက်ထုတ်လိုက်ပါတော့…။ ဒါပေမယ့် နံနက်ခင်းသာ လာတယ် အိပ်စက်ခြင်းက ခုထိပေါ်မလာ အခုတော့……………………. ကောင်းကင်အမိုး ခုံးခုံးကြီးအောက်မှာ အလင်းရောင်က  ငါ့ဦးနှောက်ကို အရူးအမူး နာကျင်စေတော့မှာပဲ…..။ HNGET NGAI 13/10/2013 2:53:41


naywoon niNovember 7, 20131min06
​ရွေ့​တော့ ​ရွေ့​နေတာပဲ ဘယ်​ကို​ရွေ့​နေတယ်​မသိ ​ရွေ့​နေရဖို့ သာအဓိက အ​ပေါ်ဖြစ်​ဖြစ်​ ​အောက်​ကိုပဲ​ရွေ့​ရွေ့ သူ့အတွက်​ အ​ရေးမကြီးဘူး ​ရွေ့​နေတာရပ်​မသွားဖို့သာလိုတာ…. သွား​တော့သွား​နေတာပဲ ဘယ်​ကိုရယ်​မသိ ​ရှေ့ကို​ရောက်​ချင်​လည်​း​ရောက်​မယ်​ ​နောက်​ဖက်​ကိုပြန်​​ရောက်​​နေလည်​း အ​ရေးမကြီးပါဘူး ချစ်​စရာ က​လေးအရွယ်​ သွား​နေဖို့ပဲ လိုတာ……. ​ပြော​တော့​ပြော​နေတာပဲ သို့​သော်​ …….ဘယ်​သူ့ကို​ပြောတယ်​မသိ ဘယ်​အဓိပ္ပာယ်​​ရောက်​တယ်​လဲစဉ်​းစား​နေစရာမလို ုက​လေးဆိုတာ စကားသင်​​နေတာတဲ့​လေ စကားဆိုတာ​ပြော​နေဖို့ပဲလိုတယ်​…. ​ရေး​တော့​ရေး​နေတာပဲ ဘာ​တွေ​ရေး​နေတယ်​​တော့မသိ စာရွက်​​တွေသာတစ်​ရွက်​ပြီးတစ်​ရွက်​ ရှုပ်​ယှက်​ခတ်​​နေတာပဲ က​လေးဆိုတာစူးစမ်​းဖို့လိုတယ်​….. ဒါ​ပေမဲ့…. အဲဒိက​လေးဖြစ်​ချိန်​​လေးက အကန်​့အသတ်​ရှိတယ်​….. အချိန်​ပြည်​့ အဲဒိလို​နေမယ်​ဆိုရင်​​တော့ တစ်​သက်​လုံး မူကြိုကို​ရောက်​မှာ မဟုတ်​တာက​တော့​သေချာတယ်​…… ​နေဝန်​းနီ


အာဂNovember 7, 20131min019
အရိုးဘယ်လောက်များများ နောက်ဆုံး…………….. ချိန်ခွင်ထက်မှ ဒယ်အိုးအရောက်………….. ခံတွင်းစောက်နက်ထဲ အစားခံရ မှာမို့ ရသလောက် ရေမှာကူးခတ် ဒါ….. ဘဝပဲမို့…။ (လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရေးထားတဲ့ ကဗျာလေးပါ ဘာရယ်တော့မဟုတ်ဘူး ပြန်တွေ့လို့တင်လိုက်မိတာပါ။)


ငှက် ငယ်November 6, 20131min06
မြင့်မြင့်ပျံသန်းနေသူသာ ပိုမြင့်မြင့် ပျံနိုင်တယ် ငါ့ရဲ့ အတောင်ပံအောက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဘယ်သူမှ ဖျက်ဆီးပစ်လို့မရနိုင်ဘူး။ ဘဝဆိုတာ ယုံကြည်ချက်တို့ရဲ့ ပညာပြပွဲကြီးတစ်ခု ယုံကြည့်ချက်လုံလုံလောက်လောက်ရှိထားဖို့ အဓိက မဟုတ်လား။ ပျံပါငှက်ငယ် ဘဝက ပစ်ချလာတဲ့ ဝန်ထုပ်ဝန်ပိုး ဘယ်လောက်ပဲ များများ မင်းလက်မမြောက်နဲ့ ကိုယ့်အပေါ်ကျရောက်လာသမျှအပေါ် ဘာသာပြန်တတ်ဖို့ မင်းသင်ယူပါ ကိုယ့်ကိုယ်ကိုယ် အားပေးမှု ငါ့အတွက် ငါရှိတယ် အနားမှာ ဘယ်သူရှိနေဖို့ လိုနေသေးလို့လဲ ကိုယ်အမှောင်ထဲ နေရပါစေ သူများကို အလင်းပေးဆောင်နိုင်ရမယ် ကိုယ်အလင်းထဲမှာနေပြီ သူများကို အမှောင် မပေးနဲ့ အချိန်တိုင်းမှာ အတိတ် နဲ့ အနာဂါတ် ပါဝင်နေတာ။  ငှက်ငယ် 31/10/2013