အပိုင်မရတဲ့ လောကကြီး ထဲ ထောင့်စွန်းအခန်းငယ်ဆီက သုံးယောက်သံ ဆူဆူညံပေါ့ ကိုယ်စီ ကိုယ်ငှ ဒဏ်ရာတွေ နဲ့ ဘဝ အမောတွေ ကို ရယ်သံတွေနဲ့ ခဝါချ လှတောသား အစ်မ ပခန်းသား ဆွေမျိုးတွေ အတိုင်း ဘေးလူတွေ အမြင်မှာတော့ နှစ်ယောက်မက တဲံ့ ရွှေဖလားလုပွဲ နေရီတိုင်း လမ်းများလို့ မဝသေးဘူး လွမ်းဒဏ်သင့်တဲ့ ကိုရီးယားကားထဲကလို ဒုက္ခ ခဏတွေ ကြားထဲမှာ ဝေးကွာခြင်းက ဧည့်စိမ်းပမာ နှစ်သိမ့်မျက်ရည်တွေ နဲ့ အတူ အလျော့မပေးသေးတဲ့ လမ်းခုလတ်က အပြုံးတွေ ဆိတ်ဆိတ်ငွေ့ငွေ့ ဖမ်းဆုပ်လို့ မရတော့တဲ့ အတိတ်တွေ အတွက် လေနီပြင်းတွေကို အန်တုရင်း ရင်ဘတ်ထဲမှာတော့ အဲဒီအသံတွေ ကြားနေရတုန်းပဲ….။ အရိပ်စစ် August ,2011.