တေလေငှက်များ သို့…

အရိပ္စစ္February 5, 20141min04

အပိုင်မရတဲ့ လောကကြီး ထဲ
ထောင့်စွန်းအခန်းငယ်ဆီက
သုံးယောက်သံ ဆူဆူညံပေါ့
ကိုယ်စီ ကိုယ်ငှ ဒဏ်ရာတွေ နဲ့
ဘဝ အမောတွေ ကို
ရယ်သံတွေနဲ့ ခဝါချ
လှတောသား အစ်မ
ပခန်းသား ဆွေမျိုးတွေ အတိုင်း
ဘေးလူတွေ အမြင်မှာတော့
နှစ်ယောက်မက တဲံ့
ရွှေဖလားလုပွဲ
နေရီတိုင်း လမ်းများလို့ မဝသေးဘူး
လွမ်းဒဏ်သင့်တဲ့ ကိုရီးယားကားထဲကလို
ဒုက္ခ ခဏတွေ ကြားထဲမှာ
ဝေးကွာခြင်းက ဧည့်စိမ်းပမာ
နှစ်သိမ့်မျက်ရည်တွေ နဲ့ အတူ
အလျော့မပေးသေးတဲ့ လမ်းခုလတ်က အပြုံးတွေ
ဆိတ်ဆိတ်ငွေ့ငွေ့
ဖမ်းဆုပ်လို့ မရတော့တဲ့ အတိတ်တွေ အတွက်
လေနီပြင်းတွေကို အန်တုရင်း
ရင်ဘတ်ထဲမှာတော့
အဲဒီအသံတွေ ကြားနေရတုန်းပဲ….။

 

အရိပ်စစ်

August ,2011.

4 comments

  • ကာရံ

    February 6, 2014 at 8:19 pm

    အရမ်းမိုက်တယ်ဗျာ ကျစ်ကျစ်လစ်လစ်လေးနဲ့ ကာရံလှတယ် အားပေးပါတယ်ဗျာ
    ဆက်လက်ပြီးခံစားနိုင်ပါစေနော်

    • အရိပ်စစ်

      February 17, 2014 at 12:18 am

      ဟုတ်…
      ကျေးကျေးပါ..

  • ဒညင်းဝက်

    February 7, 2014 at 7:08 pm

    ဆိတ်ဆိတ်ငွေ့ငွေ့ဆိုတဲ့အသုံးအနှုန်းလေးမှာ
    မျော မျောသွားတယ်ဗျာ
    ကဗျာဟာ . . .ကဗျာပီသနေလို့

  • အရိပ်စစ်

    February 17, 2014 at 12:21 am

    ဟိဟိ..
    ကျေးကျေးပါ..

Leave a Reply