naywoon niFebruary 15, 20141min06
**** သနားစဖွယ်​ ​နေကြာပန်​းများ **** ငါတို့ဟာ ​နေကြာပန်​း​တွေသာပါ့ …….။ ​နေမင်​းကြီးဆီက အလုပ်​အကိုင်​ အခွင်​့အလမ်​း​တွေရနိုးနိုး တန်​းတူညီမျှတဲ့ လွတ်​လပ်​မှု​တွေရနိုးနိုး တိတ်​တစ်​ခိုး​မျှော်​လင်​့ချက်​​တွေနဲ့ ​နေသွားရမျက်​နှာမူပြီး လိုုက်​ကြည်​့​နေရသူ​တွေပါ ……..။ ​နေမင်​းကြ်​ီးက​တော့ သိရှာမှာမဟုတ်​ပါဘူး သိ​အောင်​လည်​းကြိုးစားမှာမဟုတ်​ မ​တော်​တစ်​ဆ သိသွားခဲ့ရင်​​တောင်​မှ ဘာမှ မျှ​ဝေ​ပေးမှာမဟုတ်​ သူသိထားတာက ​နေမင်​းဆိုတဲ့ အမည်​နာမ တွင်​ရစ်​ဖို့ ​လောင်​စာ​တွေ မီး​တောက်​​နေဖို့ သူ့ကိုယ်​သူ အပူရှိန်​ကျမသွား​စေဖို့ ဒါကိုပဲ ဂရု စိုက်​​နေရတာနဲ့ ​လောင်​မြိုက်​စရာ ​လောင်​စာမပြတ်​ဖို့ အ​ရေးပဲ ​တွေးပူတတ်​ သူ့ဖာသာ သူရပ်​တည်​​နေ​တော့တာပဲ ……. ။ ငါတ်​ို့ ​နေကြာပန်​း​တွေမှာ​တော့ ​နေမင်​းကြီးထွက်​လာရင​်​​ပျော်​ရွှင်​လို့ ​နေမင်​းကြီးဝင်​သွား​တော့ နွမ်​းကျန်​ရစ်​လို့ ဒါ​ပေမဲ့လည်​း ​မျှော်​လင်​့ချက်​ဆိုတာက ​ဖျောက်​ပျက်​မပစ်​နိုင်​ရှာဘူး ။ ဒီ​နေ့ မရ ရင်​ မနက်​ဖြန်​​ပေါ့ […]


alinsettFebruary 14, 20144min024
  ကျွန်တော် ခင်ဗျားကို ချစ်တယ်။   ဒါက ……………… လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ရည်းစားစာ ဆိုတာကြီး မဟုတ်ဘူး။   အဲဒီလို ရည်းစားစာပေးတယ်ဆိုတာထက် ပိုလေးနက်တဲ့ မေတ္တာတရားရဲ့ အတိမ်အနက် အလေးအပေါ့သဘောတရာတွေနဲ့ စိတ်နှလုံးထဲက ခံစားမှုတွေကို ဖွင့်လှစ်ပြသခြင်းပါ ။   ချစ်တယ်ဆိုတဲ့စကားကို သုံးလိုက်ရပေမယ့် ပြော ပြ ချင် တာ က ဒီ ထက် အများ ကြီး ပိုနေပါတယ် ။   ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်တယ်ဆိုရာမှာ ဘာတွေ ပါနေသလဲ ဘယ်လိုမျှော်လင့်ချက် ဘယ်လို အတွေးစိတ်ကူးတွေနဲ့ ဦးတည်သလဲ . . .   ကျွန်တော်ကတော့ ခင်ဗျားကို ချစ်တယ်လို့ပြောရာမှာ. . […]


naywoon niFebruary 13, 20141min07
**** အ​ပေါစား ***** ​နေ့စဉ်​နဲ့အမျှ ​တွေ့လိုက်​ရတဲ့ အ​ပေါစား ​တွေ နယ်​ပယ်​အသီးသီး ​နေရာ အနှံ့ များပြားလိုက်​ပုံများက​တော့ ​ရေတွက်​လို့​တောင်​မရနိုင်​​ပေဘူး …… ။ ဘာသာ​ရေး မှာလည်​း ဘာသာ​ရေး​ပေမို့ လူမှု​ရေးကျ​တောလည်​း လူမှု​ရေး အ​လျှောက်​ စီးပွား​ရေးနဲ့နိုင်​ငံ​ရေးကျ​တော့​ကော အ​ပေါစားဆန်​တဲ့ ဝါဒ ဖြန်​့မှု​တွေနဲ့ မှိုင်​းတိုက်​မှု​တွေ ဘား​ရော့ဗလက်​ရဲ့​ခေတ်​ကိုပြန်​​ရောက်​​နေရသလိုပဲ …….။ တစ်​ကယ်​့ကို အ​မှောင်​့ တစ်​ကာ အ​မှောင်​ အလင်​းတစ်​စ တစ​်​​လေ​တောင်​မှ ​ယောင်​မှားလို့မှ မမြင်​ ကြင်​နာသ​ယောင်​ ဟန်​​ဆောင်​ပန်​​ဆောင်​နဲ့ ​နောက်​ဆုံးကျ ​ကျောချမှ ဒါးပြမှန်​းသိလိုက်​ရတာချည်​့ပဲ ……. ။ အဲ့ဒိ​တော့ မမြင်​သမျှ ကြားသမျှကိုဆန်​းစစ်​ အလစ်​မှာ မှိုင်​းသွင်​းမခံနဲ့ သူများ ​ယောင်​လိုလဲ မ​ယောင်​နဲ့ လူ​တွေရဲ့ ​ကောလဟာလနဲ့ အ​ပေါစား ဝိဝါ ဒ […]


ဇီဇီFebruary 13, 20141min012
မမေ့နဲ့ သွေးမခြောက်သေးဘူး…   ဖေဖေါ်ဝါရီ ၁၃ ရက်နဲ့စပြီး ဇူလိုင် ၁၉ မှာ… ကျည်ဆံ ၁၃ ထောင့်နဲ့ဆုံးခဲ့တဲ့ ၃၂ နှစ်သားကို မမေ့နဲ့။   ငါတို့ကို ဆေးခြောက်ရှူခိုင်းထားတယ် ငါတို့ကို ဘိန်းကြွေးထားတယ်။ မမေ့နဲ့…   မမေ့နဲ့။ ဂျဝါလာဟာနေရူးက ပြောတယ် ၊ ဒီလိုလူမျိုး… နှစ် ၄၀၀,၅၀ဝ လောက်မှ တစ်ယောက်ရတာတဲ့ ။ မမေ့နဲ့။   သိမ်ဖျင်းသူများကိုတွေ့တိုင်း ထိန်လင်းကို သတိရကြ ။ မမေ့နဲ့…   အမေ့ဝမ်းတစ်ထွာထဲက အလင်းထဲကျွတ်ထွက်လာတဲ့လူတစ်ယောက်လို… သမုဒ္ဒရာအမှောင်ထဲကလွတ်မြောက်အောင်မှုတ်ထုတ်ပေးခဲ့တဲ့ သူ့ကို ငါတို့မမေ့နဲ့။   မမေ့နဲ့ ။ အင်္ဂလိပ်ဖိနပ်တင်ဖို့ ဒူးထောက်ခေါင်းငုံ့ပေးခဲ့ရ ။ မမေ့နဲ့… မမေ့နဲ့ ။ ဂျပန်ပါးရိုက်ဖို့ […]


အာဂFebruary 11, 20141min07
ဟေ့ယောင်….ဟေ့ကောင်..။ ငါက မင်းလို တောင်ပေါ်မှာ သီးတဲ့ သစ်သီးမဟုတ်ဘူး။ ငါက မြေဇာပင်ပါ။ ခင်မင်မှုကို အပ်ချည်နဲ့ချုပ်လို့ ရင်းရင်းနှီးနှီး အရောင်တွေဆိုးခဲ့တာ..။ ငါ…. လူတွေကို ရူးရူးမူးမူး(အရက်မူးတာမဟုတ်) မခင်ချင်တော့ဘူး။ ဘာကြောင့်ဆိုတော့..။ ငါရက်လုပ်ထားတဲ့ ခင်မင်မှု ပိုးချည်…။ ဓားသွားထက်ထက်နဲ့ တစ်ဖြည်းဖြည်း အဖြတ်ခံရလို့…..။ ငါက..ဘဝကအရက်ပုလင်ခွံထဲက ယင်ကောင်လိုအထီးကျန်လှတယ်။ ဒါကြောင့် အပေါင်းတွေရှာတိုင်း အနုတ်ဖြစ်ဖြစ်သွားရတယ်။ ဟေ့ယောင်(……….)ပဲ။ (ကွက်လပ်)ထဲမှာ ကြိုက်တဲ့ စာသားကို ထည့်လိုက်။ ငါက… $ဆံမလိုဘူး…..။ အပေါင်းသင်းလိုတယ်။..။ ငါက..။ အာဂ (နားနာမနာပဲ မျက်လုံးနဲ့သာနာကျပါကုန်လော့ ပျင်းလို့ရေးလိုက်တာပါ)


Mr. MarGaFebruary 11, 20147min045
ဖေဖော်ဝါရီ……….. ဆောင်းလ တစ်လမို့ အအေးဓာတ် လွှမ်းခြုံထားတတ်တဲ့ လလေးတစ်လပါပေ။ နှာရည်စိုရွှဲ တပို့တွဲ လို့ ပြောစမှတ်ပြုရတဲ့ လတစ်လ ဆိုပြန်ရင်လဲ မမှား။ ဖေဖော်ဝါရီလ(မြန်မာရာသီအရမူ တပို့တွဲလ) တွင် မြန်မာ့သမိုင်းအတွက် ကမ္ဗည်းတင်နိုင်သည့် အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပါသည်။ လက်လှမ်းမီသလောက် ဖော်ပြရလျှင်…….. ဖေဖော်ဝါရီလ တစ်ဆယ့်နှစ်ရက်နေ့ တွင် ပြည်မနှင့်တောင်တန်း ပေါင်းစည်းရေးအတွက် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ဖေဖော်ဝါရီ တစ်ဆယ့်သုံးကမူ နိုင်ငံလွပ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သော လွပ်လပ်ရေးဖခင် ဗိုလ်ချုပ်၏ မွေးနေ့ ဖြစ်သည်။ ထို့အပြင် ၁၃၀ဝပြည့် အရေးတော်ပုံတွင်ပါဝင်ခဲ့သော မန္တလေးမြို့မှ အာဇာနည် (၁၇)ဦးသည်လဲ ဖေဖော်ဝါရီလ အတွင်းတွင် ကျဆုံးခဲ့ကြပါ၏။ (ထိုအရေးတော်ပုံတွင် မန္တလေးမှ သံဃာ (၇)ပါး၊ ကျောင်းသား (၃)ဦးနှင့် အရပ်သား (၇)ဦး ကျဆုံးခဲ့ပါသည်။) ကျနော့် အမြင်ဖြင့် ဆိုရလျှင် ဖေဖော်ဝါရီလကို လွပ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့သော လတစ်လအဖြစ် […]


ကာရံFebruary 10, 20141min02
ခါနွေဦးမို့ လွမ်းရသူပါ ချစ်သူရယ် အလွမ်းနှစ်ကူးမို့ နွေဦးအလှလေးကတော့ တစ်မျိုးချစ်စရာပေါ့ စိမ်းလန်းခြင်းကင်းတဲ့ နွေဦးလေးမှာ လေရူးတို့ တစ်သုန်သုန် အရိပ်မဲ့ မြူခိုးတွေတောင် ကခုန်နေကြပြီ ဒီချိန်ဆို အလွမ်းတွေအပြည့်နဲ့ စမ်းရေအေးရဲ့ ဘေးနံဘေးက ချစ်သူလေးကတော့ ရွှေငါးလေးကို ရေတွက်ရင်း မျှော်နေပြီလား ပြန်ဆုံနိုင်မယ့်တစ်နေ့ လက်ချိုးရေရင်း နွေဦးရယ် မြန်မြန်ကုန်ခဲ့ရင်လေ ပြောလဲ့ချင်စမ်းပါဘိ ခါနွေဦးမို့ လွမ်းရသူသို့     ကာရံ 10.2.2014


ကာရံFebruary 10, 20141min04
နွေဦးကဗျာ အချိန်တွေတစ်ကယ်ကူတဲ့ နွေဦးကဗျာည လမင်းလည်းထိန်ထိန်သာလို့ပေါ့ ဒါပေမယ့် ဘေးမှာကြင်နာသူမရှိဘူးလေ နွမ်းလို့ကြွေတဲ့ ပန်းဖူးလေးတောင် ရံနံကူးလို့ ပြယ်လွင့်ခဲ့ပြီပေါ့ အလွမ်းတွေ ရင်ခွင်အကူးမှာ လေပွေရူးတို့ မြူးတူးနေခဲ့ကြတယ် ဒီည ကြယ်မကြွေခဲ့ပါဘူးလေ အဖော်မဲ့နေတဲ့ဂစ်တာအိုလေးဘေးမှာ ငါ့တစ်ယောက်ထဲ တီဆိုရင်း မျက်ရည်စက်တစ်ချို့ အငွေ့ပျံခဲ့တယ် ဒါကိုသူမသိခဲ့တော့ဘူးလေ နွေဦးကဗျာလေးကတော့                                ကာရံ 10.2.2104 နွေလည် ဥဩ ငြိုးနွမ်းနေခဲ့ပြီလေ တစ်မျိုးလွမ်းစရာ နွေဦးခါ ရိုးတံပြိုင်းပြိုင်း အလှကင်းမဲ့ ရွက်ခြောက်တို့စုဝေးရာ ဘေးအကွယ် တေးစပ်နေတဲ့ ဥဩဌက်ငယ် ကြင်နာသူ ဘယ်ဆီမှန်း ရတက်မအေးဖွယ် ချစ်သူရေ နွေနေပူလျှောက်သောလမ်း ငါ့နှလုံးသား မောပန်းအတိ သူသိလေမလား ဥဩရယ် ဥဩ ဥဩ ရင်နစ်အောင်လွမ်းလည်း အထီးကျန်မျက်ဝန်းထဲမှာ ကြင်သူရဲ့ ပုံရိပ်ထင်ကျန်နေမလဲဆိုတာ ဘယ်သူသိမလဲလေ                          ကာရံ […]


အရှင် အသေမဟုတ်တဲ့အရှင် လတ်လတ်ဆတ်ဆတ် စားဂျင်လို့ ငှီးလျောင်းငှီးလျောင်း.. အဆီဂိုစား အသားမျို အရေခွံချ ုပ် အရိုးကိုတုတ် အမွှေးဖုံသုတ်… ကြက်မဂျီးနဲ့ ညီညွတ်ဖို့ သဂျီးသမက် ပီသတယ်…. ခွေးလွှတ်ပါ ကြောင်လွှတ်ပါ သီလစောင့်ဖို့ အူမတောင့်….. မီမီ့အရှင်ကို ခွါဆုတ်နေလှန်း ကျပ်ခိုးခံ ချဉ်ချိုရသာ ဟင်းမှုန့်စုံထည့် မီးပြင်းတိုက်ချက်လျင် ကြောင်ကြီးအတွက် ဟင်းဂေါင်းတခွက်……။  


ကာရံFebruary 8, 20141min02
အမှတ်တရဆိုတာ မေ့လွယ်တဲ့အစိတ်အပိုင်းလား အခေါ်ပဲလာ မနှင်ပဲပြေး ဒီကမ္ဘာမြေပေါ်မှာ အကြင်နာရော ကျန်သေးရဲ့လား မမုန်းချင်ပါဘူးလေ အပြုံးလေးတော့ပျောက်ပြီပေါ့ နှစ်ဘက်တီးမှမည်တက်တဲ့အရာထဲမှာ လက်ခုပ်က ထိပ်ဆုံးအလား အချစ်တက်တော့တာ မဟုတ်ပါဘူး မချစ်ငတ်နေသေးတာပါ ကြင်နာသူရေ ရင်မှာအပူမီးတွေ မငြိမ်းသရွှေ့တော့ မေတ္တာစစ်ကို ရှာနေရဦးမှာပေါ့ သံယောဇဉ်လေး မီးစာမကုန်သေးလို့ပါ                                          ကာရံ 8.2.2014


MyanmarPsychoFebruary 8, 20141min07
နွေ မိုး ဆောင်း နေဝန်းညိုညို လင်းမပို မင်းကြိုနေမှာလား ငြင်းဆိုနေမှာလား….။ မိုးဖွဲစိုစို အုံ့မှိုင်းညို သီချင်းဆိုနေတာလား မင်းငိုနေတာလား….။ အေးချမ်းပိုမို ဆောင်တွင်းဆို ကောင်းခြင်းကို လိုနေမှာလား ဆောင်းနှင်းကို ပြိုစေမှာလား….။


သုရွင္February 8, 20141min07
သားကြည့် မင်းအဖေမာနတွေ မင်းမသိတုန်း မင်းကြောင့် ပြုတ်ပြုတ်ကျခဲ့ဖူးတယ်။   သားကြည့် မင်းကြောင့်မဟုတ်ရင် မင်းအဖေဒီလောက် အသားအရေတွေ ခမ်းခြောက် ရှုံ ့တွမနေဘူးသား။   သားကြည့် မင်းအဖေ ပြန်လာရင် မင်းတို့ဖို့သယ်သယ်လာတဲ့ စိတ်ညစ်ခြင်းနဲ့အလဲအလှယ်လုပ် ပြီးသား မုန့်ထုပ်တွေ။ သားတို့ဖို့ အပြုံးတွေ ဖုံးအုပ်ထားခဲ့တာ။   သားကြည့် မင်းသွားတော့မယ်ဆိုတော့ မင်းမြင်မှာစိုးလို့ ဟိုဖက်လှည့်ထားတဲ့ သူ့မျက်နှာ မင်းရှေ ့မှာလို ပြုံးနေမယ်ထင်လို့လား။   သားကြည့် မင်းလည်း အဖေဖြစ်တော့မယ်။ သားကြည့်ကြည့် မကြည့်ကြည့် သိလာမှာပါ။ သုရှင်( ၈.ဖေဖော်ဝါရီ.၁၄)    


ကာရံFebruary 8, 20141min02
အကြွေပန်း အကြင်နာ ချစ်စကားလေပြောဖို့အတွက် ရင်မှာအသိတရားလေးတစ်ခု ဖြစ်တည်ပေးပါ လွမ်းခွဲဖို့အကြောင်းကို ထက်ပြီးမတောင်းဆိုပါနဲ့ မင်းမုန်းလိုက်တဲ့နေ့က အပြုံးပန်းလေးတစ်ပွင့် ကြွေလွင့်သွားမှာ စိုးကြောလို့ပါ                                      ကာရံ 8.2.2014   မုသားမဆိုပါနှင့် ပြစ်ပယ်ချင်လို့ အမုန်းတရားပိုလျှင် ချစ်တယ်ဆိုတဲ့စကား နှလုံးသားက မဆိုပါနှင့်လား နုနယ်သေးတဲ့ ပန်းလေးတစ်ပွင့်ကို ဘာကြောင့်များ လှမ်းလင့်လို့ ဆွပ်ခူးချင်ပါလိမ့် အကြင်နာပိုမိလို့ ချစ်စကားလေးကြောင့် မင်းလေး စိတ်ထားမပြောင်းလိုက်ပါနှင့်နော် ငါ့နှလုံးသား အခုမှ အာရုံဦးမို့ပါ ချစ်သူရေ ချစ်ပါတယ်ဆိုတဲ့နှုတ်ဖျားကလေ ကောင်းကင်ထက်က လမင်းတောင် မင်းနှလုံးသားထဲ ဖြာဆင်းနေပါပြီ                                 ကာရံ 8.2.2014