နွေဦးကဗျာ

ကာရံFebruary 10, 20141min04

နွေဦးကဗျာ

အချိန်တွေတစ်ကယ်ကူတဲ့ နွေဦးကဗျာည

လမင်းလည်းထိန်ထိန်သာလို့ပေါ့

ဒါပေမယ့် ဘေးမှာကြင်နာသူမရှိဘူးလေ

နွမ်းလို့ကြွေတဲ့ ပန်းဖူးလေးတောင်

ရံနံကူးလို့ ပြယ်လွင့်ခဲ့ပြီပေါ့

အလွမ်းတွေ ရင်ခွင်အကူးမှာ

လေပွေရူးတို့ မြူးတူးနေခဲ့ကြတယ်

ဒီည ကြယ်မကြွေခဲ့ပါဘူးလေ

အဖော်မဲ့နေတဲ့ဂစ်တာအိုလေးဘေးမှာ

ငါ့တစ်ယောက်ထဲ တီဆိုရင်း

မျက်ရည်စက်တစ်ချို့ အငွေ့ပျံခဲ့တယ်

ဒါကိုသူမသိခဲ့တော့ဘူးလေ

နွေဦးကဗျာလေးကတော့

                               ကာရံ 10.2.2104

နွေလည် ဥဩ

ငြိုးနွမ်းနေခဲ့ပြီလေ တစ်မျိုးလွမ်းစရာ နွေဦးခါ

ရိုးတံပြိုင်းပြိုင်း အလှကင်းမဲ့

ရွက်ခြောက်တို့စုဝေးရာ

ဘေးအကွယ် တေးစပ်နေတဲ့ ဥဩဌက်ငယ်

ကြင်နာသူ ဘယ်ဆီမှန်း ရတက်မအေးဖွယ်

ချစ်သူရေ နွေနေပူလျှောက်သောလမ်း

ငါ့နှလုံးသား မောပန်းအတိ

သူသိလေမလား ဥဩရယ်

ဥဩ ဥဩ ရင်နစ်အောင်လွမ်းလည်း

အထီးကျန်မျက်ဝန်းထဲမှာ ကြင်သူရဲ့

ပုံရိပ်ထင်ကျန်နေမလဲဆိုတာ

ဘယ်သူသိမလဲလေ

                         ကာရံ 10.2.1014

4 comments

  • ကာရံ

    February 10, 2014 at 7:50 pm

    အင်းပါဟယ်

    Reply

  • မဟာရာဇာ အံစာတုံး

    February 11, 2014 at 12:16 pm

    “ ကြေကွဲမှု အပေါင်းကို လေထဲမှာ စုဆောင်းနေတဲ့ ဥဩငှက်လေးတွေရဲ့
    ဝမ်းနည်း ကဗျာသံစဉ်တွေက လမ်းခွဲ ရာဇသံတွေလား” … တဲ့

    ဆက်စပ်လို့ ကြားဖူးတာ ပြန်ပြောပြတာ

    Reply

  • အရိပ်စစ်

    February 17, 2014 at 12:53 am

    နွေဦးးရော နွေလည်လေးရော
    ချစ်စရာလေး ….

    Reply

Leave a Reply

Your email address will not be published.