“နားအကြား စိတ် နဲ့ မှတ် ကြာလျင် လွဲ မည်မှတ် “ တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (ရ) ကိုကာကြီး ရေ ကျနော်မှာရှိတာနဲ့စာသားလေးနည်းနည်း လွဲလို့ ပြန်တင်ပေးလိုက်ပါတယ်။ ကျနော်မှာရှိတာကတော့ 1961ခုနှစ်က ထုတ်ဝေတဲ့ ဆရာဦးချမ်းမြ (မြကေတု)စီစဉ်တဲ့ မြကြေးမုံ စာစဉ် အမှတ်(၂) ကဗျာယဉ်စာယဉ် လက်ရွေးစဉ် စာအုပ်ထဲကစာမျက်နှာ 165 မှာ ပါတာပါ။ (ဆဆ) ဖူးပွေ့လက်တင် ဖူးပွေ့လက်တင် တွေ့မြင်ချင်ရေးငယ်နှင့် နေ့စဉ်ပင်ဆွေးပါရ ငေး ငို မိ မိူင်။ လဲမလို့ သဲညို့ ခွေယိုင် မပြေနိုင် မုန်းတယ်လေး ရုံးညာသက်ပိုင်။ လက်သုံးတော် ဓားကိုလ ယောင်မှားကာကိုင်၊ […]
