lady fingerJuly 4, 20151min019
လတ်တလော ကြုံတွေ့နေရတဲ့ ပြသနာလေးတစ်ခု ပေါ့လေ။ မိဘဖြစ်လာရင် ကြုံလာနိုင်မယ့် အခက်အခဲတွေကို ကြိုတင် စိတ်ကူးထားတဲ့အထဲမှာ ယခု ပြသနာလေးကတော့ လုံးဝ တွေးမထားခဲ့မိတာ အသေအချာ။ စုစုပေါင်းမှ ၃ ယောက်ပဲရှိတဲ့ အိမ် ၊ ပတ်ဝန်းကျင်ကလည်း ကလေးတွေချင်း ကူးလူးဆက်ဆံ ဆော့ကစားလေ့ရှိတဲ့ ပတ်ဝန်းကျင်မဟုတ်တဲ့အတွက် သားသားလေး အများနဲ့နေတတ်အောင် ၃နှစ်ပြည့်တာနဲ့ မူကြိုပို့ဖို့ ဆုံးဖြတ်ခဲ့ပြီး သင့်တော်တဲ့  မူကြိုကို ကြိုတင်ရွေးချယ်ခဲ့ပါတယ်။  မူကြိုတက်နေတဲ့ ကလေးမေမေတွေ recommend ပေးသော အိမ်နဲ့လည်းနီး၊ ဈေးနှုန်းကလည်း ကိုယ့်အတွက် သင့်၊ မူကြိုကလေး ၁၀ဝကျော်လောက်တက်နေသော Pre-school တစ်ခုမှာ ထားလိုက်ပါတယ်။  ၃ လ ကို Level တစ်ခုဖြစ်ပြီး ၃ လစာ ဝတ်စုံဖိုး အပါ ၂ […]


alinsettJuly 4, 20154min010
အိုဘယ်. . .ငါ့ရှင်. . . ဤမနက်ခင်းသည်ကား နှင်းစက်တို့ ဖြန်းပက်ခြင်းမရှိ. .  သို့သော်. . .ငါသည်ကား ချမ်းခိုက်လှ၏. . . ပြာလဲ့လဲ့ ချွေးစက်ချွေးပေါက်များသည်လည်း. . . ချမ်းခိုက်တုန်နေသည့်အကြားမှပင်. . . ငါ့ကိုယ်၌. . .ဖြစ်လေပြီ. . . အို. . .ငါ့ရှင်. . . ဆန်းကြယ်လှပါဘိ။ ၂၈ နှစ်တာမျှ . . . တဖျတ်ဖျတ် လန်လေပြီးသော ပြက္ခဒိန်တစ်အုပ်မို့. . . ဆက်၍သာ ရွက်မဆုတ်ပါနှင့်တော့ဟု. . . တီးတိုးရေရွတ်. . . တတွတ်တွတ်သာ ညည်းတွား ဤမည်သော မိုးခါးများ. . […]


ဇီဇီJuly 3, 201557min078
    ဟိ။ ဘာတုန်းးး တဂျီးကို ဆဲစာမှတ်ပြီး ဝမ်းသာအားရ ဝင်လာကြတာလားးး?? . သူ့ကို ခေါင်းစဉ်တတ်ရင် လူပိုဝင်တယ် ဆိုလို နာမည်တတ်ထားတာ။ ခိခိ။  :mrgreenn: . ပြီးတော့ ဒီ ပို့(စ) ရေးဖို့ ရှာရင်းဖွေရင်း အရင် မျက်စိမှောက်မှားခဲ့တဲ့ သဲလွန်စတွေ ကွင်းဆက်တွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့။ ရွာအကြောင်း ကောင်းကောင်း ဘယ်သူသိသိမသိသိ ဇီ သိသွားပြီ။ ငါကွ!! စနိုဒန်ဇီ (ခွက်ဒစ်တူ ကိုကိုကြောင်) :boss: . ဂလိုဘာ။ ဒီ ဆိုက်မှာ ပို့(စ) ရှာချင်ရင်… ၁) ကက်တဂိုရီနဲ့ ရှာလို့ရတယ်။ ၂) စကားလုံးလေး တစ်လုံးလောက် Search Box  မှာ ရိုက်လိုက်ရင်   အဲဒီ စကားလုံး ပါတဲ့ Random  […]


. မြ တစ်ယောက် ဖီးလင်း ဟော့ ဖြစ် နေသည်။ ရာသီဥတု ပူ နေ၍ဖြစ်သည်။ ဒီလောက် မပူ တာ နှစ်အတော်ကြာပြီ။ စင်တီဂရိတ် သုံးဆယ့်လေး/ငါး လောက် ကို ညည်းနေတာ ရွှေပြည်တုန်းက လေးဆယ် လောက် နဲ့ နှစ်ပါးသွားခဲ့ရတာ ကို မေ့ပြီလား ဟု ကွကိုယ်မေးနေရသည်။ ဇီးသီးသည် မဗျိုင်း ကဲ့သို့ ဘဝ မေ့ သွားခြင်းပေလား။ . ရွှေပြည်တုန်းက ပူလွန်းလို့ ဂုတ်ထောက် ဆံပင်လေး ကို ကညော့ပြီး ခပ်တိုတိုညှပ်လိုက်သည်။ တစ်ချိန်လုံး စည်းစည်းထား တာ များလာသောကြောင့် ဆံပင်များကျွတ်ပြီး အတော်ပါးလာ တာကလဲ အကြောင်းပြချက်တစ်ချက် ဖြစ်သည်။ ဆံပင်ရှည် ကို ဒီအတိုင်းချပြီး မနေတတ်တာခက်သည်။ […]


alinsettJuly 2, 20152min08
အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ … လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်ခွာပေးရေး ဆန္ဒထုတ်ဖော်အုံကြွမှုကြီး ဖြစ်ပွါးခဲ့တဲ့သတင်း ၊ နှစ်ပေါင်း ၄ဝ ကြာ ပိတ်ပင်ထားတဲ့ US အိမ်ဖြူတော်ဝင်းအတွင်း ဓါတ်ပုံရိုက်ခွင့်ကို ခွင့်ပြုလိုက်ပြီဆိုတဲ့သတင်း၊ ပြည်ပရောက် မဲဆန္ဒရှင်များ မဲပေးနိုင်ဖို့အတွက် စာရင်း ပေးသွင်း နိုင်ကြောင်း ပြောဆိုလိုက်တဲ့ US ဝါရှင်တန် ဒီစီမြို့တော်ရှိ မြန်မာသံရုံးရဲ့ ကြေငြာချက်၊ မြန်မာပြည်တွင်းက ပေါ်ဆန်းမွှေးဆန်တွေကို US နဲ့ စင်ကာပူနိုင်ငံတွေဆီ တင်ပို့တော့မယ့်သတင်း၊ US တစ်ပြည်လုံးမှာ လိင်တူချင်း လက်ထပ်ခြင်း ခွင့်ပြုကြောင်း US ၊ ဗဟိုတရားရုံးချုပ်ကနေ မဲခွဲစီရင်ချက် ချမှတ်လိုက်တဲ့သတင်း၊ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဆုတံဆိပ်တစ်ခုကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် […]


“ဝေ ဝေ ကိုကြိုဆိုခြင်း” “အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှစားရမှာလဲ”တဲ့ ဟိုမျက်မှန်နဲ့ကောင်လေးက နောက်တာလိုလို အဟုတ်လိုလို သီချင်းလုပ်ဆိုခဲ့ဘူးပါတယ်။ နိုင်ငံခြားမှာတော့ အသက်လေးဆယ်ဆိုတာ ဘဝအသစ်တခုစသတဲ့ ဒီမှာတော့ အဲဒီအရွယ်ကို နှစ်ဆယ်တိုးလိုက်တာနဲ့ ပင်စင်ဆိုတာကြီးကို မယူချင်ဘူးဆိုလဲ ဇွတ်ပေးပြန်တော့ သုံးမရ စားမရ ဆုံးဘဝ ရောက်ရပြန်တယ်။ “ဝေ” တို့ အရွယ်ဆိုတာ ဟိုနားက ကိုက် ဒီနားက နာ မမြင်ရတဲ့ စိတ်ဒဏ်ရာ တွေကလည်း ဗလပွပေါ့။ ဖြတ်သန်းခြင်း ဘဝ ပင်လယ်မှာ အောင်မြင် ကြည်နူး ရှုံးနိမ့် ကြေကွဲ ရယူ ကျေနပ် ပေးဆပ် ခံပြင်း ဆုံးရှုံး နာကျင် မနိုင်၍သီးခံခြင်း နိုင်ပါလျက်နဲ့ရှုံးရခြင်း အကြောင်းအချင်းများစွာ ကြုံချင်လည်းဆုံ မဆုံချင်လည်းကြုံ ဘဝဇာတ်ခုံပေါ်မှာ မရပ်မနား သွားနေရင်းက […]


ဟိုရောက်သည်ရောက် ရောက်တတ်ရာရာ ပြောရဦးမယ်… ဒီလိုပါခင်ဗျ … ကျနော် ဦးကျောက်ခဲမှာ ဥမမယ် စာမမြောက် ၊ အရွယ်မရောက်သေးတဲ့ တူမလေး ၃-ယောက်ရှိပါတယ် ။ အစ်မလတ်ကမွေးတာ ၂-ယောက် ၊ ညီမငယ်ကမွေးတာ ၁-ယောက်ခင်ဗျ ။ ညီမကမွေးတဲ့တူမလေးကတော့ ကိုယ်တိုင်ကိုယ်ကြ မီးနေစောင့် ၊ ညရေးညတာ နို့ထတိုက် ၊ ကိုယ့်လက်ပေါ်မှာပဲမွေးခဲ့တယ် ဆိုပေမည့် ဦးကျောက်ခဲ တူမအားလုံးကို သာတူညီမျှချစ်ပါတယ် ။ တူမအကြီးကြတော့လည်း ဗဟုသုတပြည့်စုံပြီး စာတော်တာကလွဲရင် ထူထူအအမို့ သနားချစ်နဲ့ချစ်ရ ၊ တူမအလတ်ကြတော့လည်း ဖြတ်ထိုးဉာဏ်ကောင်းပြီး တွတ်တီးတွတ်တာ နှုတ်သွက်လို့ချစ်ရ ၊ တူမအငယ်ကြတော့လည်း အပြုံးချိုချိုနဲ့ အလွန်ဆော့လို့ချစ်ရ မရိုးရပါဘူးဗျာ ။   စာရေးရင်းလမ်းကြုံလို့ တူမအလတ်အကြောင်း ပြောရဦးမယ် ။ ဒီလိုခင်ဗျ… […]


. မြ တစ်ယောက် ခေါင်းကုတ်နေသည်။ သန်းရှိလို့ မဟုတ်။ ဝိုင်တူးကေ လို ခုနှစ် အချိန် အပြောင်း က ခြိမ်းခြောက်မှုမျိုး ကြားပြန်လို့ ဖြစ်သည်။ ဒီနေ့ ဇွန်လ ၃ဝရက် သည် ၃နှစ်ကာလ အတွင်း နေ့တာအရှည်ဆုံး ဖြစ်ပြီး သန်းခေါင်အရောက် တွင် တစ်စက္ကန့် ပို သွားမည် ဟု သတင်းများ တွင်ဖတ်ရသည်။ . နေရှင်နယ်ဂျီအိုဂရပ်ဖစ် ဆိုက် ထဲ မှာတော့ “World Will Gain a Leap Second on Tuesday:” လို့ ဆိုသည်။ http://news.nationalgeographic.com/2015/06/150629-leap-second-atomic-astronomical-time-earth-rotation-physics/ အဲဒီ တစ်စက္ကန့် အပို ရလိုက်မှာ အတွက် ဘယ်လို အသုံးချမလဲ မေးသူမေး ကြသည်။ […]


“မတူ ခြားနား ဘဝများ ” အချို့က နေပူကျဲကျဲမှာ ချွေးသံရွှဲရွှဲ ဇွဲနဘဲနဲ့ အော်လို့ကောင်းနေချိန် အချို့ကတော့ ဘာမှတွေးမပူ အေးအေးလူလူ KFC မှာ ကြက်ကြော်ဆွဲနေ ဆဲ။ အချို့က အသဲအသန် မဲစာရင်းအမှန်ဖြစ်ရေး ကြိုးစားနေချိန် အချို့ကတော့ အေးအေးငြိမ့်ငြိမ့် သံစဉ်အနိမ့်အမြင့်နဲ့ KTVမှာ သီချင်းဟဲလို့ကောင်းနေဆဲ။ အချို့က တက်ကြွသူ သမီးသား ဝန်းရံသူလင်သား ရုံးထုတ်မယ့်ရက် လက်ချိုးတွက်နေချိန် အချို့ကတော့ FBမှာ အော်လိုအော် ဖြဲလိုဖြဲ ကီးဘုတ်သူရဲကောင်းလုပ်နေဆဲ။ သူ့ဘဝနဲ့သူ ကိုယ့် ဘဝနဲ့ကိုယ် သူ့ယုံကြည်ချက်နဲ့သူ ကိုယ့် ယုံကြည်ချက်နဲ့ကိုယ် သူမှားသလား ကိုယ်မှန်သလား မစဉ်းစားပါနဲ့တော့ ဟိုကြော်ငြာထဲကလို “ကိုယ့်အတွေးနဲ့ကိုယ်”ပေါ့နော်။ ကိုပေါက်လက်ဆောင်အတွေးစဉ် 30-6-2015


. မြ သည်လဲ အပြောကြီးသူ တစ်ယောက် ဖြစ်သည်။ ဆင်ဖမ်းမည်၊ ကျားဖမ်းမည် ပြောပြီး ကြောင်ကိုတောင် အမြီးကုတ် အောင် မပစ်နိုင်တာ တွေ့သည်။ ထိုအခါ သူများဖမ်းသည် ကို ဘဲ ကြည့်၍ ဟိုလိုလုပ်ပါလား၊ ဒီလို လုပ်ပါလား အော်တော့သည်။ . လေဖြင့်အော်ပြီး ဝေဖန်ရသည်မှာ အင်မတန်လွယ်ကြောင်း ပိုပိုသိလာ၍လည်း ဖြစ်သည်။ ကလေး ငယ်တုန်းက ကစားသည့် ဂိန်း တစ်ခု ကို သွားသတိရသည်။ . ခေါင်းထွက်လာသည့် အရုပ်လေးတွေ ကို တူ နှင့် ထုရတာ ဖြစ်သည်။ ရည်ရွယ်ချက်မှာ ကလေး လက်သန်အောင် လဲ ပါမည်။ လိုသည့်နေရာကို အမြန် အာရုံဝင်စားတတ်အောင်လဲ ပါမည်။ သို့သော် လက်ယဉ်ပြီး […]


manawphyulayJune 29, 20151min03
အမေ…. လောကရဲ့ ဓမ္မတာအရ သေမင်းကို အံတုပြီး ရဲရင့်မှု အပြည့်နဲ့ သားသီ္မး တို့ကိုမွေးဖွား သွေးသားကို နို့ချိုပြောင်း အားသစ်တွေလောင်းပေးတဲ့အမေ….. များတကာမတုနိုင်တဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံ ရင်တွင်းမှာ လုံခြုံစေပြီး လောကရဲ့ အလယ် မျက်နှာမငယ်စေတဲ့ အမေ….. အချိန်တန် ရင်ကိုစုံကန်ထွက်လည်း မျက်နှာတစ်ချက်မပျက် ရင်ထဲပွက်ဆူတာ လူမသိစေ မချိ ပေမဲ့ အပြုံး မပျက်စေတဲ့ အမေ…… ဆန်ရေကို မမျှော် စုန်ရေကို ပျော်နေတဲ့ အမေ…. အမေ့သွေးသားတွေနဲ့ ထုဆစ်ဝေခဲ့တဲ့ သားသ္မီးတွေ ပျော်နေ ၊ ပြုံးနေရင် အမေ့ရင်မှာ လုံးလုံးကြီးငြိမ်းနေသယောင် အနန ္တဆိုတာ တိုင်းတာဖို့ ခက်ပေမဲ့ အနန ္တပေါင်းအနန ္တဆိုတာ အမေ့ မေတ္တာနဲ့ စာခဲ့ရင် အသေးအမွှားပါလား […]


ムラカミJune 29, 201510min013
ဒီဂျုပ်လှော်ဗီ အန်တီ ဂွ.. အဲလေ အန်တီ မျဆာဂယေး ကို အားကျလို့ သီချင်းတပုဒ် အကြောင်း တင်ဆက်ပရစေ။ မော်ဒန် ကလပ်စစ် သီချင်းတပုဒ် အကြောင်း ဖြစ်ပါတယ်..။ ကဲ .. စပြီ။   ==================================================================================== “Every Breath You Take” ဒီသီချင်းကို ရွာသူားတွေ နားရည်ဝနေပြီးသားပါ..။ (နားရည်ဝပြီးသားဆို ကော်ပီသီချင်းကလည်း နာမည်ကြီးတာကိုး သည်အကြောင်းအောက်မှာ ပါပါမယ်။ ) Every Breath You Take အကြောင်းဆက်ပြောရအောင်။ သည်သီချင်းက ဗြိတိသျှ Rock band “The Police” က ရေးစပ် သီဆိုခဲ့တာဖြစ်ပါတယ်။ The Police ဆိုတာက အမေရိကကို ထိုးဖောက်ခဲ့တဲ့ ဒုတိယမြောက် ဗြိတိသျှ […]


alinsettJune 29, 20154min032
ညမင်းသား-ကျနော်နှင့် အတုမမများ ——— ဒီကာလထဲ. . .ကျနော်ဟာ ညပိုင်း Taxi မောင်း တဲ့သူအဖြစ် ရပ်တည်ကြည့်မိတယ်။ (စားဝတ်နေရေးအတွက် လက်တလော လုပ်မိတာပါ။ တသက်လုံး လုပ်ဖို့ မရည်ရွယ်ပါဘူး။ Taxi မောင်းခြင်းဟာ ကျနော့်ဝါသနာလည်း မဟုတ်၊ တသက်တာလုံး လုပ်သင့်တဲ့ အလုပ်အမျိုးအစားလည် မဟုတ်ဘူးလို့ ထင်ပါတယ်။) ညဘက်အချိန်တွေ မြို့ထဲမှာ ကားပတ်မောင်းရင်း လူအမျိုးစုံ၊ အဖြစ်အပျက် အမျိုးစုံကို ကြုံရပါတယ်။ တချို့ အဖြစ်တွေက ရီချင်စရာ။ တချို့အဖြစ်တွေကတော့ စိတ်ရှုပ် စိတ်ညစ်စရာ။ တချို့ အဖြစ်တွေကတော့ ဒေါသထွက်စရာ. . .စသည်ဖြင့် ကြုံရ၊ဆုံရပါတယ်။ အဲ့ဒီ ကြုံရဆုံရတာတွေကို ညမင်းသားတစ်ယောက်၏မှတ်စုများဆိုပြီး အဖြစ်အပျက်တစ်ခုချင်းစီ ပြန်ပြောပြပါရစေ။ ပထမဆုံး အနေနဲ့. . . (ညဘက် […]