” မတူ ခြားနား ဘဝများ”

“မတူ ခြားနား ဘဝများ ”

အချို့က
နေပူကျဲကျဲမှာ
ချွေးသံရွှဲရွှဲ
ဇွဲနဘဲနဲ့
အော်လို့ကောင်းနေချိန်

အချို့ကတော့
ဘာမှတွေးမပူ
အေးအေးလူလူ
KFC မှာ
ကြက်ကြော်ဆွဲနေ ဆဲ။

အချို့က
အသဲအသန်
မဲစာရင်းအမှန်ဖြစ်ရေး
ကြိုးစားနေချိန်
အချို့ကတော့
အေးအေးငြိမ့်ငြိမ့်
သံစဉ်အနိမ့်အမြင့်နဲ့
KTVမှာ
သီချင်းဟဲလို့ကောင်းနေဆဲ။

အချို့က
တက်ကြွသူ
သမီးသား
ဝန်းရံသူလင်သား
ရုံးထုတ်မယ့်ရက်
လက်ချိုးတွက်နေချိန်
အချို့ကတော့
FBမှာ
အော်လိုအော်
ဖြဲလိုဖြဲ
ကီးဘုတ်သူရဲကောင်းလုပ်နေဆဲ။

သူ့ဘဝနဲ့သူ
ကိုယ့် ဘဝနဲ့ကိုယ်
သူ့ယုံကြည်ချက်နဲ့သူ
ကိုယ့် ယုံကြည်ချက်နဲ့ကိုယ်
သူမှားသလား
ကိုယ်မှန်သလား
မစဉ်းစားပါနဲ့တော့
ဟိုကြော်ငြာထဲကလို
“ကိုယ့်အတွေးနဲ့ကိုယ်”ပေါ့နော်။

ကိုပေါက်လက်ဆောင်အတွေးစဉ်
30-6-2015

15 comments

  • Ma Ma

    June 30, 2015 at 8:45 pm

    ကိုယ့်အတွေးနဲ့ ကိုယ် လုပ်ချင်တိုင်းလုပ်၊ ဖြစ်ချင်တိုင်း ဖြစ်နေရင်တော့ ရင်လေးစရာပဲ။
    ခုရက်ထဲ မဲစာရင်းကိစ္စနဲ့ပတ်သက်ပြီး ဖဘမှာ စာတွေအများကြီး ရေးကြတင်ကြတာတွေထဲက မြင်းကျားဆိုပြီး လူတွေကို မေ့လွယ်တာ၊ ကိုယ့်အလှည့်မရောက်မချင်း မဆိုင်သလိုနေတတ်တာတွေကို သတိပေး ရေးထားတဲ့စာတစ်ပုဒ် ဖတ်ပြီး သဘောကျတာ ဒီမှာပြန်တင်ပေးချင်ပေမယ့် ရှာလို့မရတော့ဘူး။

    Reply

    • YE YINT HLAING

      June 30, 2015 at 8:59 pm

      မြန်မာ တွေ (အထူးသဖြငိ့)ဗမာသွေး စစ်စစ်တွေ က ဟိုလိုလို ဒီလိုလိုတွေ များတယ်
      သူတို့ က လူတွင်ကျယ်
      လူကြိုက်များ
      လူရာဝင်
      ကိုယ့်ပတ်ဝန်းကျင်မှာလည်း
      ဆရာကြီး

      Reply

      • ကိုရဲရင့်လှိုင်ရေ

        နှစ်ပေါင်းများစွာ အထူးလူ ဆိုတဲ့လူတန်းစားက ရှေ့ဆုံးက နေရာယူထားတော့
        အထူးလူ နဲ့ တူအောင် တုကြတော့ တာကိုး

        Reply

    • မမရေ
      ရွေးကောက်ပွဲကို ယုံယုံကြည်ကြည်နှစ်နှစ်ကာကာ လုပ်နေကြသူရှိသလို
      အပိုတွေပါကွာလို့ ဆိုသူတွေကလဲ မနည်းပါဘူး

      ဒါတွေကို အပြစ်ရယ်လို လဲ မဆိုနိုင်ပြန်ဘူး
      အတွေးအမြင်ခြင်းတွေက အများကြိး ကွာနေကြပြီလေ

      Reply

  • Alinsett @ Maung Thura

    July 1, 2015 at 9:38 am

    ကီးဘုတ်သူရဲကောင်းတွေ စုစည်းပြီး အားတစ်ခု ဖြစ်အောင်
    အဲ့အားနဲ့ တစ်ခုခု ဖြစ်မြောက် အောင်မြင်အောင် . . ရှေ့ဆက် လုပ်နိုင်ရင်ကောင်းမယ်ထင့်

    ဟိုတလောက ဖုန်းဘေလ်အခွန် ကောက်ခံမယ်ဆိုပြီး သတင်းထုတ်ပြန်အပြီးရက်တွေမှာ
    (နောက်ပိုင်း မကောက်ခံတော့ပါဘူးဆိုတဲ့သတင်း ပြန် ဖြစ်သွားစေတဲ့အထိ)
    FB ပေါ်က (ကီးဘုတ်သူရဲကောင်းတွေ) တိုက်ပွဲဝင်လိုက်လို့ လို့ ပြောရင် ရမလားပဲ

    Reply

    • အလင်းဆက်ရေ

      အချက်ကျကျ ပြောနိုင်ရေးနိုင်သူ ဘယ်နှစ်ယောက်ရှိလဲ
      လူမမြင်ရဘူးဆိုပြီး ငါ့ စကားနွားရ ပြော နေ ဆဲ နေသူ က အများစုပါ

      Reply

  • kai

    July 2, 2015 at 4:55 am

    သာမန်လူထုဟာ.. အလုပ်တွေများ.. ကိုယ့်ဘဝနဲ့ကိုယ်မို့.. မသိသလိုနေကြတာ.. သဘာဝကျပါတယ်..။
    လူသားလည်းဆန်ပါတယ်..။
    ယူအက်စ်မှာ.. သာမန်မြို့လေးသွား.. လမ်းဘေးမှာရပ်ဖြတ်လျှောက်လာတဲ့လူ.. ၁၀ဝကို.. ဒုသမ္မတဘယ်သူလည်းမေးရင်.. .. ၄ဝအထက်ကမသိဘူဖြေတယ်တဲ့..
    ၁ဝယောက်ဝန်းကျင်ကတော့… လွတ်လပ်ရေးနေ့ကိုမသိဘူးတဲ့..။

    Pew Survey: 41% Can’t ID Biden as Vice President
    http://www.newsmax.com/…presidentPewsurvey/…/371976/
    Newsmax Media
    Sep 29, 2010 – With some Democrats still whining about Vice President Joe Biden’s … 41 percent of Americans surveyed couldn’t name the vice president in a Pew … remember this: The fact that 41 percent don’t know you’re VP means that …

    အဲလိုမသိတာသဘာဝကျပါတယ်..။
    မအားလို့.. အဲဒီလိုနိုင်ငံရေးအလုပ်တွေလုပ်ရအောင်.. စိနိတ်တာ..။ ကွန်ဂရက်အမတ်တွေကို.. မဲပေးပြီး.. လစာငွေပေးပြီး…ခန့်ထား..ခိုင်းထားတာလေ…။
    အမတ်တွေလစာငွေဟာ.. လူထုရဲ့…အခွန်ငွေဖြစ်ပါတယ်..။

    ဆိုတော့….
    အခုအင်တာနက်ထဲရှိနေသူတွေက.. ကိုယ့်စားရိပ်နဲ့ကိုယ်.. တာဝန်ယူလုပ်နေကြတာဆိုမှန်ကန်သင့်လျှော်တယ်ထင်ပါကြောင်း…။
    ကိုယ့်စားရိပ်နဲ့ကိုယ်မဟုတ်ပဲ.. လူထုထောက်ပံ့ပေးကမ်းထားငွေတွေ.. အစိုးရငွေ(အခွန်ငွေ)တွေနဲ့.. ကိုယ်စိတ်ကြိုက်/အဘစိတ်ကြိုက် နိုင်ငံရေးအတင်းဝင်လုပ်.. Hate တွေလုပ်.. အစွန်းတွေရောက်နေသူမာျးကိုသာ.. လူထုက.. အပြစ်ပေးသင့်ပါကြောင်းရယ်…။
    ဟုတ်ပါ့…။
    သူတို့ကိုပြောတာ.. ။ :k:

    Reply

  • Ma Ma

    July 2, 2015 at 7:34 am

    (သာမန်လူထုဟာ.. အလုပ်တွေများ.. ကိုယ့်ဘဝနဲ့ကိုယ်မို့.. မသိသလိုနေကြတာ.. သဘာဝကျပါတယ်..။
    လူသားလည်းဆန်ပါတယ်..။)
    လူတွေက မသိသလိုနေကြတာများပေမယ့်….
    ကိုယ့်ဂုဏ်ပုဒ်နဲ့ကိုယ် ပေါ်လွင်လာကြတာတွေကြောင့်…. :k:

    Reply

  • Mike

    July 2, 2015 at 10:10 am

    .သာမန်လူထုဟာ.. အလုပ်တွေများ.. ကိုယ့်ဘဝနဲ့ကိုယ်မို့.. မသိသလိုနေကြတာ.. သဘာဝကျပါတယ်..။
    .အမှန်ပဲ…က ျုပ်စက်ရုံက လုပ်သားတွေမ ျား မဲစါရင်းကိစ္စ ဘယ်သူမှ ဟတာမတွေ့မိဘူးဗ ျ
    .ကိုယ့်ဘဝနဲ့ကိုယ်ပေါ့လေ…

    Reply

  • ကို ခိုင် မမ နဲ့ ကိုမိုက်တို့ရေ

    ကျောင်းသူ ကျောင်း သား ဘဝ မှာ ကတည်း က
    နိုင်ငံရေး ကို စိတ်ဝင်စားသူ တက်ကြွသူ ဆိုတာ သူ့ စရိုက် သူ့ အမြင်နဲ့ အတူပေါ်လာခဲ့ပါတယ်
    အဲလို လူငယ်တွေက လူကြီးဖြစ်တော့ ရပ်ရေး ရွာရေး မြို့ ရေး တိုင်းပြည် အရေး နိုင်ငံအရေးတွေကို
    သူတို့ တာဝန်လို့ သတ်မှတ်ပြီး တိုင်းပြည်အုပ်ချုပ်မင်းလုပ်ကြပါတယ်
    အဲတော့ တိုင်းပြည်ကောင်းစားတာပေါ့

    ကျနော်တို့ ဆီမှာတော့
    ကျောင်း သား နိုင်ငံရေးမလုပ်ရ မလုပ်ရဲအောင် အမွှေးသပ်လွတ်လိုက်တော့
    တိုင်းပြည်အခြေအနေ က အခုလိုဖြစ်သွားတော့တာပေါ့
    တကယ်လုပ်ချင်သူ လုပ်နိုင်သူ ထွက်မလာအောင်
    အပင်မပေါက် အောင် မျုးိစေ့ ဘဝ က တည်း က ရေနွေးအဖျောခံလိုက်ရတာအမှန်ပါဘဲ

    Reply

    • kai

      July 4, 2015 at 5:22 am

      ဆိုတော့….
      မသိတဲ့သူတွေမသိ.. ဖာသိဖာသာနေတာ.. သဘာဝပါ…။
      သူတို့သိတတ်လာအောင်… .. သိသူတွေက.. မဲတချပ်တော့ မမှားမယွင်းထည့်ပါမယ့်အကြောင်း…တိုက်တွန်းပြောနေသင့်တာပေါ့…။
      အထူးသဖြင့်… အခုလိုတိုင်းပြည်ကိုအဆုံးအဖြတ်ပေးမယ့်… ပွဲကြီးမျိုးမှာပေါ့…။

      ဒါက.. နိုင်ငံတနိုင်ငံရယ်လို့တည်ထောင်တာမှာ.. နိုင်ငံသားတယောက်ရဲ့.. သမိုင်းပေးတာဝန်လေ…။
      ကိုယ်တိုင်လည်း.. မဲထည့်ရမယ်..။ မဲမထည့်သေးတဲ့သူကိုလည်း.. ထည့်ဖို့တိုက်တွန်းရမယ်…။

      ယူအက်စ်မှာ.. Vote လုပ်ပြီးရင်.. I Voted ဆိုတဲ့.. ရင်ထိုးလေးတွေပေးတယ်..။

      အဲဒါမျိုးလေးတွေကို.. ပါတီကြီးတွေက..ပေးသင့်တယ်..။
      မြန်မာပြည်မယ်ဆို… “ငါ သမိုင်းကြွေးဆပ်ခဲ့သည်” ဆိုတာမျိုးစာသားလေးနဲ့ဂုဏ်ပြုတီရှပ်လေးတွေတောင်.. ပေးချင်.. ပေးသင့်..။

      Reply

      • မှန်ပါတယ်

        လူတွေစိတ်မဝင်စားတဲ့ ဒီဆန္ဒမဲ ထည့် တာကို စိတ်ဝင်စားလာအောင်
        ကိုယ့် ဘဝနဲ့ လည်းသက်ဆိုင်တယ်ဆိုတာ သိအောင်
        လုပ်ယူ ပေးဘို့ သင့်ပါတယ်။

        လုပ်တဲ့သူတွေလဲ လုပ်နေကြပါတယ်။
        နောက်မဲထည့်သူတွေ မျက်စေ့ မှောက် မျက်စေ့ လည် မသွားအောင်
        တတ်သိနားလည်သူများက ရှင်းပြ ဘို့လဲ လိုမယ်လို့ ထင်ပါတယ်။

        ကျနော်တို့ ခေတ်အဆက်ဆက် မဲ ထည့် တယ်ဆိုတာ ရွေးပြီးသားလူ ကို ထောက်ခံ ခဲ့ရတာပါ
        ပထမတစ်ခေါက် ဒေါ်အောင်ဆန်းစုကြည် ပြတ်သားစွာအနိုင်ရလိုက်စဉ်အချိန်က
        လူတွေစိတ်ထဲမှာ တစ်ယောက်ထဲဘဲရှိခဲ့တာအမှန်ပါပေ။
        သို့သော်လည်း နို်င်ပေမယ့် မရ ခဲ့ ပါဘူး။

        အခု လာမယ် 2015 က သူ့လူ ကိုယ့် လူ သူ့ဘက်ကိုယ့်ဘက်ရှိနေတယ်ဆိုတာ ငြင်းလို့ မရနို်င်ပါဘူး။
        အဲဒီအထဲက မှာ ကိုယ့် လူ စစ် စစ်ရဲ့ မဲတွေဟာ သူ့ လူ ဖြစ်မသွားအောင်
        ကျနော်တို့အားလုံးဝိုင်းဝန်းဘို့ လိုအပ်တာတော့ အမှန်ပါဘဲ။
        ဒါကတော့ ကျနော်တွေးမိတဲ့အမြင်ပါ။
        အရှင်းဆုံးပြောရရင်တော့ စိတ်ပူပါတယ်။

        Reply

  • ရာမည

    July 4, 2015 at 1:47 am

    အိုဗျာ
    ကံ ကံ၏အကျိုး
    တယောက်နဲ့တယောက်အကျိုးပေးမတူနိုင်ပါဘူးခင်ဗျာ
    မနာလိုမရှိကြပါနဲ့
    သဘာဝဟာ သဘာဝပါ ခင်ဗျ
    ဟီဟိ

    Reply

Leave a Reply

Your email address will not be published.