. မြ တစ်ယောက် စိတ်ပျက်နေသည်။ . ဒီနေ့ သတင်းများကြောင့်ဖြစ်သည်။ . အဲဒီ သတင်းကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည်။ . ယဲ့ယဲ့လေး တောက်နေသည့် မျှော်လင့်ချက်လေး ပျောက်သွားသည်။ . မတရားမှု ကို ထင်ထင်ရှားရှား တွေ့လိုက်ရ၍ ဖြစ်သည်။ . နိုင်ငံတကာ ဒီမိုကရေစီ နည်း အရ မဲ ခွဲသည် ဆိုရာမှာ လူများစု သဘောသည် အနိုင်ဖြစ်ရမည်။ ၁% များလိုက်တာနဲ့ ဒါမှမဟုတ် ၁မဲ သာတာ နဲ့ နိုင်သည်ခေါ်နိုင်ပြီ။ ထိုနည်း သည် မြန်မာ့နည်း မြန်မာ့ဟန် ဖြစ်သွားလေသော် ၇၅% အထက် မဲ ရမှ ဖြစ်သွားလေသည်။ ၂၅% သည် သေချာပေါက် အန်တီ […]


alinsettJune 25, 20151min016
အပါတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ကနေ ။။။။။ အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ ….     မြန်မာပြည်က အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်အားခ လစာ သတ်မှတ်လိုက်တဲ့ သတင်း၊ ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းပေးမယ်လို့ အစိုးရဘက်က ကတိပေးစကား ပြောကြားလိုက်တဲ့ သတင်း၊ လှေစီးဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ စက်လှေပေါ်က စကားပြန်နဲ့ လှေလုပ်သား အယောက် ၂ဝ ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တဲ့သတင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရ ခုကို ပြင်ဆင်ဖို့ သဘောတူခဲ့တဲ့ သတင်း US ဝါရှင်တန်ဒီစီမြို့တော်ရှိ အိမ်ဖြူတော်မှာ ကျင်းပတဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ “ဝါဖြေ ညစာစားပွဲ”နဲ့ ပတ်သက်နေတဲ့ မြန်မာပြည်က လူ့အခွင့်အရေးလှုပ်ရှားသူရဲ့ […]


“စက်ဘီးသမားတစ်ယောက်ကို ပြိုင်ကားမောင်းသူဖြစ်အောင် လုပ်မပေးနိုင်ဘူး” အထက်ပါစကားကို တစ်ချို့ကအမှတ်တမဲ့နဲ့ ကြားလိုက်ကြမှာ မဟုတ်ပါဘူး။ ဒီစကားကိုပြောသူက “ဖရိုက်ဒရစ်” ဆိုတဲ့လူပါ။ ဂျာမနီအမျိုးသားဖြစ်ပါတယ် ၂၀၁၅- မြန်မာ ယူ-၂ဝ ဘောလုံးအသင်းနည်းပြကြီးပါပဲ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ခမျာ အခုမှပြန်လည်ပျိုးထောင်ရတဲ့ ကလေးသင်း (ယူ-၂၀) အတွက် ကမာ္ဘ့နည်းစနစ်တွေနဲ့ အရှင်မွေးနေ့ချင်းကြီးဖြစ်ပါစေတော့ဆိုပြီး နာမည်ကြီးတဲ့ဂျာမနီနည်းပြကို ငှားရမ်းခဲ့ရှာတာပါ။ ငွေဘယ်လောက်ကုန်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ နည်းပြကိုငှားပြီး ဒီကလေးတွေကို နိုင်ငံခြားမှာသွားရောက်လေ့ကျင့် ခဲ့ကြတာပါ။ ကမာ္ဘ့ဖလားခြေစစ်ပွဲအောင်ပြီး၊ ကမာ္ဘ့ဖလားဝင်ခွင့် ရခဲ့တယ်။ နယူးဇီလန်မှာကန်တယ်။ ၃ ပွဲလုံးမရှုနိုင်မကယ်နိုင်အောင်ရှုံးခဲ့တယ်။ ဒီလိုရှုံးရတာဟာ သူ့တာဝန်လို့နည်းပြက တရားဝင်တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ အထက်မှာတွေ့တဲ့စကားကိုတော့ ပြောဖြစ်အောင်ပြောခဲ့ပါသေးတယ်။ “စက်ဘီးသမားတစ်ယောက်ကို ပြိုင်ကားမောင်းသူဖြစ်အောင်မလုပ်ပေးနိုင်ဘူး”တဲ့။ မှန်ပါတယ်။ ငြင်းဖို့မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ကလေးတွေဟာ စက်ဘီးသမားလေးတွေပါ။ ပြိုင်ကားမမောင်းတတ်ပါဘူး။ ဒါဟာကလေးတွေအပြစ် မဟုတ်ပါဘူး။ ကျွန်မတို့မိဘတွေရဲ့အပြစ်ပါ။ ကျွန်မတို့က သူတို့ကိုစက်ဘီးပဲ ဝယ်ပေးနိုင်ခဲ့တာကိုး။ […]


ဒီရက်ပိုင်း ရွာလုံးကျွတ် မွေးနေ့တွေတူနေတဲ့ကိစ္စ တွေ့ရတော့ ၂၀၀၉ တုန်းက အဖြစ်အပျက်လေး သွားသတိရတယ်။ ၂၀၀၉ ခုနှစ် (၄) လပိုင်း၊ (၅) လပိုင်း ဆိုတော့ ၂၀၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတဲ့ အချိန်ပေါ့။ နောက်ဆုံးနှစ် ပထမနှစ်ဝက် တက်ပြီးလို့ ကျောင်း (၂) လ ပိတ်ထားချိန် နယ်မှာ ပြန်နေဖြစ်တယ်။ အလုပ်မရှိဘဲ မနေတတ်တဲ့သူဆိုတော့ အဲဒီ (၂) လအတွင်းမှာ ကိုးတန်းကလေးတစ်ယောက်ကို စာပြပေးနေတုန်း ခု အာဏာရနေတဲ့ပါတီက အသိတွေက လာပြောတယ်။ data entry လေး လုပ်ပေးပါတဲ့။ သူတို့ပြတာလေးတွေကြည့်တော့ သိပ်မခက်တာနဲ့ပဲ စာသင်ပြီးချိန် ညနေဘက်လေးမှာ အဲဒါလေးတွေ ဖြည့်ပေးတယ်။ ဘယ်လောက်ရလဲတောင် မမှတ်မိတော့ပါဘူး။ အရမ်းလည်း ကြာနေပြီဆိုတော့လေ။   သူတို့က […]


kotun winlattJune 24, 20152min012
ကျနော် ထွန်းဝင်းလတ်မှ မေးပြီး ညီငယ် သီဟအောင်မှ ဖြေဆိုပါသည်။   ~~~~~~~~~~~~~~~~~~~~ မေး ။ ။ ညီလေးရဲ့ နာမည်က ဘယ်လိုခေါ်သလဲ ? ဖြေ။ ။ ကျွန်တော့်နာမည်က မောင်သီဟအောင်ပါ။ မေး။ ။ ညီလေးရဲ့ မိဘတွေအမည်နဲ့ အလုပ်အကိုင်လေးကို ပြောပြပါလား။ ဖြေ။ ။ အဖေအမည်ကတော့ ဦးရဲအောင်၊ အမေအမည်ကတော့ ဒေါ်အေးအေးမြင့်ပါ။ အလုပ်အကိုင်ကတော့ လက်လုပ်လက်စားတွေပါ။ မေး။ ။ ညီလေး သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့တဲ့ကျောင်းက…? ဖြေ။ ။ ဟုတ်ကဲ့ပါ အစ်ကို သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှာပဲ ပညာသင်ကြားခဲ့တာပါ။ မေး။ ။ ညီလေး တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့တဲ့ ခုံအမှတ်က…? ဖြေ။ […]


SawAungJune 23, 20151min017
  ညနေ(၅)နာရီမို့ တိမ်တောက်သလိုလို အလင်းရောင်ခပ်ဖြာဖြာပင်ရှိနေသေးသည်။ အနော်ရထားလမ်း လမ်း(၅၀)ဘက်ကနေ ဆူးလေဘက်ကို ရုံးအဆင်းလမ်းလျှောက်လာ ခဲ့သည်။ စိန်ပေါကျောင်းအကျော် ဝန်ကြီးများရုံးခြံစည်းရိုးတစ်လျှောက် ခရေပင်များတန်းစီ ကာ စိုက်ထားသည်ကိုတော့ သတိထားမိသည်။ အခုတော့ ပလက်ဖောင်းတစ်လျှောက် ခရေပန်းများဖွေးဖွေးလှုပ်ကျနေသည်ကို ကျောင်းအပြန်ကလေးငယ်များ လက်ခုတ်လေး ထဲကောက်ယူနေကြသည်ကို ကြည့်ပြီးကျွန်တော်ပြုံးမိလိုက်သည်။ လမ်းများလည်း အတော် ပိတ်သည်မို့ အိမ်အပြန်စောစောရောက်ရန် စိတ်ကစောနေသောကြောင့် ရှေ့မှာကျနေသော ခရေပးန်ေးလများ ကို မနင်းရက်ဘဲ သုံးလေးပွင့်ကောက်ယူပြီး နမ်းရှိုက်မိသည်။ ခရေပန်း ရဲ့ မွှေးရနံ့တို့က ကျွန်တော့်အတိတ်ပုံရိပ် များကို ရေးရေးမြင်ယောင်လာစေမိသည်။ ငယ်ငယ်ကတည်းက သစ်ပင် ၊ ပန်းပင်များနှင့် အကျိုးပေးသည်ဟုပင် ခေါ်ရမလားပင်။ သစ်ပင် ၊ ပန်းပင်နှင့် ပတ်သက်လာလျှင် မှတ်မှတ်ရရ အဖြစ်အပျက်များစွာရှိခဲ့ဖူးသည်။ ထိုအဖြစ်အပျက်များစွာထဲမှ ခရေပန်းလေးများနှင့် ပတ်သက်သော အဖြစ်အပျက်များမှာ […]


( ရွေးကောက်ပွဲသို့ လမ်းလေးသွယ်  ) ရွေးကောက်ပွဲ ဆိုတာကြီးကတော့ နီးသထက်နီးလာပါပြီ ၊ တကယ် လုပ်ဖြစ်ရင် ပြောပါတယ် ၊ အောင်ပွဲ တဲ့ ၊ အဲဒီ အောင်ပွဲဆိုတာ   ၂၀၁၅ ရွေးကောက်မှာ နိူင်မယ့်သူအတွက်ပါ ၊ အဲဒီအောင်ပွဲရှိရာကို ဦးတည်နေကြတဲ့လမ်းတွေထဲမှာ ကျနော့်အမြင်တော့ လမ်း ၄ လမ်းက လာနေတဲ့ အုပ်စု ၄ စု ရှိနေပါတယ် ၊ ( ၁ ) လက်ရှိအာဏာရအုပ်စု သူတို့ကတော့ ကိုယ်ကိုယ်တိုင် ဆက်မနေတော့ရင်တောင် သူတို့ရဲ့   နောက်လိုက်တွေ အမွေဆက်ခံစေနိူင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့ပေါ့ ၊ တစ်ခြားပြိုင်ဘက်တွေအပေါ် အသာစီးရဖို့ နည်းပေါင်းစုံသုံးနေလေရဲ့  ၊ ( ၂ ) ဒေါ်စုအုပ်စု စုမှတစ်ပါး […]


“ယုံမိမှား” လောကထဲက လောဘသား ပွားလာမလားလို့ ယုံမှတ်။ ပုံအပ်မိ သကာလ အလိုလေး   လေး မမင်းတုပ် အရင်းပြုတ်ပါပကော တော်။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၁၀- ၄-  ၂၀၁၅


ဇီဇီJune 22, 20151min041
“ဟဲ့။ ဖြည့်လေ ဖြူ ရယ်။ ဘာတွေ စဉ်းစားနေတာတုန်း??” . မေ့ အမကြီး ကြီးကြီးဆီ က ဆော်ဩသံ အကြား ဖြူ ဘာ ဆက်လုပ်ရမည် အကြံအိုက်နေသည်။ . “ကဲ! ရေး ရေးးး ၁ က ဆေးတက္ကသိုလ် လို့ ရေးးး ၂ က စက်မှု တက္ကသိုလ်လို့ ရေးး…” . “ဟွာလေ၊ ကြီးမေ .. ဖြူ မှ ဆရာဝန်မဖြစ်ချင်တာ၊ အင်ဂျင်နီယာလည်း မဖြစ်ချင်ဘူးးး” . “ဖြူ… ငါ ခေါက်မိတော့မယ်နော်။ ဂျစ်ကန်ကန်မလုပ်နဲ့၊ သမီး ကိုကြိုးစားခိုင်းခဲ့တာ ဒီ ပန်းတိုင်ရောက်ဖို့…” . “သမီးက ဘာဖြစ်ချင်တာတုန်းးး” . အဖိုးရဲ့ လှမ်းမေးတော့ […]


manawphyulayJune 22, 20152min020
တောင်ကြီးခရီးစဉ်မှာ ကလောမြို့သို့ အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့ပါတယ်။ ကံကောင်းချင်ပြန်တော့ သွားဖြစ်ခဲ့တဲ့အိမ်ခြံနဲ့ ကပ်ရက်က ဗိုလ်ချုပ်ကြီး စမစ်ဒွန်း အိမ်ဖြစ်နေတဲ့အတွက် ဒီဘက်အိမ်က အိမ်ရှင်တွေက သွားချင်ရင် လိုက်ပို့ပေးမယ်ပြောလို့ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအိမ်သို့ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက ရှမ်းပြည်မှာ ပထမဆုံး ဗိုလ်ချုပ်စဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအကြောင်းကိုတော့ ရေးရေးမျှပဲ သိရတဲ့အတွက် အကျယ်တဝင့် သိသူများရှိရင် ပြန်လည်မျှဝေဖို့ ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်ရှင်။ အိမ်ကြီးကိုရောက်တော့ မှောင်ရီပျိုးစအချိန်ဖြစ်နေပါပြီ။ အဲဒီအိမ်မှာ ဘယ်သူနေလဲ စပ်စုမိတော့ ဗိုလ်ချုပ်ကြီးရဲ့ မျိုးဆက် သမီးတစ်ဦးထဲ နေထိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ အသက်ကတော့ ၇ဝ ကျော်ကျော် ကရင် အမျိုးသမီးကြီးတစ်ဦးတည်း အိမ်အကြီးကြီးမှာ နေတယ်ဆိုလို့ အံ့ဩမိပါသေးတယ်။ အိမ်ထဲဝင်ဖို့ အဘွားကို ခွင့်တောင်းတော့ တံခါးသော့ခတ်ထားတာကို လာဖွင့်ပေးပါတယ်။ တံခါးတင်သော့ခတ်ထားတာမဟုတ်ပါဘူး။ […]


ဒီနေ့ သစ်ထူးလွင်သတင်းမှာ အစိုးမရ၊ လွှတ်တော်၊ ဗကသနဲ့ NNER ၄ပွင့်ဆိုင် သဘောတူထားတဲ့ မူတွေကို လွှတ်တော်က ချိုးဖောက်ပြီး ပြောင်းလဲပြင်ဆင် အတည်ပြုလိုက်တဲ့အတွက် ကျောင်းသား သပိတ်တိုက်ပွဲ ပြန်ဆင်နွှဲတော့မည်ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ် ပြောတာ ဖတ်ရတယ်။ တိုက်ပွဲကို ကြိုဆိုပါတယ်၊ တိုက်ပွဲရှိမှ သူရဲကောင်းထွက်မည်… အဲဒီကမှ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာလိမ့်မည်။ နို့မို့လိုို့ကတော့ ဒီလူတွေပဲ ရန်ဖြစ်လိုက် ပြန်ခြစ်လိုက်… ဒုံရင်းက ဒုံရင်း..။ အပြောင်းအလဲကို ပြည်သူတွေ မွတ်သိပ်နေပီ၊ အောင်မြင်မှု ဂုဏ်သိက္ခာ အလွန်အမင်း တောင့်တနေတာ ယူ၂၀၊ ယူ၂၃ ဘောလုံးပွဲတွေမှာ မြင်ရတယ်။ ဘယ်သူ ဆောင်က ျဉ်းပေးနိုင်မည်လဲ….။ အသစ်အသစ်များ ထွက်လာဖို့ လိုနေတယ်။ ၁၉၈၈ အရေးတော်ပုံနဲ့အတူ ရိုက်ချိုးခံလိုက်ရတဲ့ ၈၈မျိုးဆက်များ လက်ရှိရေချိန်ထက် […]


“မညှင်းစကောင်း…….ညှင်းစကောင်း ” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၄)   ဒီနေ့ဖေစ်ဘုတ်မှာ ကျနော်အကိုကြီးလိုနေတဲ့  R.c Win Oo က သူငယ်ငယ်က သူဌေးအိမ်မှာအကြွေးတောင်းခဲ့ရတဲ့အကြောင်းလေးကိုရေးလာတော့ ဈေးရောင်းအကြွေးတောင်းတဲ့အလုပ်ကိုအခုချိန်ထိလုပ်နေတဲ့ကျနော်မှာ အကြွေးနဲ့ပါတ်သက်လို့ပြောစရာတွေရှိလာပြန်တာပေါ့။ ဒီတော့လဲအကိုကြီး ကျနော်လဲရေးအုံးမယ်ဆိုတော့ သူကလဲရေးပါလို့အားပေးတော့ ရေးဖြစ်တယ်ဆိုပါတော့။   ကျနော်ကကောက်ပဲသီးနှံအရောင်းအဝယ်လုပ်တဲ့ပွဲရုံမှာအလုပ်လုပ်နေစဉ်တုံးကပေါ့။ ကျနော်တို့ ကုန်သည်ထဲမှာဟိန္ဒူလူမျိုး ဦးလေးကြီးတစ်ယောက်ရှိပါတယ်။ သူ့ဆီကရစရာရှိတဲ့ငွေကို ကျနော်တို့က သူ့ ဆိုင်မှာသွားမကောက်ရပါဘူး။ သူကိုယ်တိုင်ဆိုင်ကိုလာပေးပါတယ်။ သူက သူ့ဆိုင်ပိတ်မှလာပေးတော့ မိုးချုပ်တာပေါ့။ သူအကြွေးလာဆပ်မယ်လို့ဖုန်းဆက်ထားတဲ့နေ့ဆိုရင် ကျနော်တို့ဆိုင်ပိတ်တာနောက်ကျတာ အသေအချာပါဘဲ။ ကျနော်တို့ကအလုပ်ပြီးသွားလဲ သူကိုထို်င်စောင့်ရပါတယ်။ အဲ့တော့စိတ်တော့ နည်းနည်းလေတာပေါ့။ တစ်ရက်တော့ သူငွေလာပေးတဲ့အချိန် ကျနော်တို့ကပြောတာပေါ့။ “ကျနော်တို့က နေ့တိုင်း ငွေခံထွက်တာ၊ ဦးလေး လာမပေးနဲ့ ကျနော်တို့ ဆိုင်လာပြီးယူပေးမယ်လေ”လို့ပြောတော့ သူက “ရတယ် မလာနဲ့ ချွန်ဒေါ် အခုလိုဘဲလာပေးပါမယ်”လို့ […]


aye.kkJune 21, 20151min019
အဖေဆိုတာ- နားလည်တဲ့ အရွယ်ထဲကနေ အခုချိန်အထိ သိလာခဲ့တာက ကရုတစိုက် စောင့်ရှောက်တယ်။ အသိပညာ အတတ်ပညာ တွေ သူသိသမျှအားလုံးကို မချွင်းမချန် သင်ပေးတယ်။ ရာသီဥတုနဲ ့ညီမျှအောင် နေထိုင်စားသောက် တတ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ပေးပြီး လူလားမြောက်စေခဲ့တယ်။ ငွေနှင့်လူကို နှိုင်းယဉ်ပြပြီး သက်မဲ့ငွေကို သက်ရှိလူအတွက် အသုံးချခံ ဒြပ်ဝထ္ထု ပစ္စည်းအဖြစ် တစ်ခုအနေနဲ့သာ ခံယူခိုင်းတယ်။ “လူမသေ-ငွေမရှား”ဆိုတာ အဖေ့လက်သုံး စကါးဖြစ်ခဲ့ပါတယ်။ လူအသက်တစ်ချောင်း ကယ်ကေါင်းတယ်။ လူ့အသက်တစ်ချောင်းအတွက် ကယ်ဖို့လိုအပ်လာရင် ငွေကိုမနှောမြော မိစေဖို့အတွက် ဆိုဆုံးမထားတယ်။ အဖေဆုံးမတဲ့စကါး နားထဲဝင်အောင် သွန်သင်ပေးခဲ့လို့ ကိုယ်ပိုင်ရှာဖွေထားတဲ့ ပိုက်ဆံတွေနဲ ့အသက်တွေ ကယ်ခဲ့ပေးမိတယ်။ ကယ်ခဲ့ပေးဘူးတာတွေ စဉ်းစားမိတိုင်း ပီတိဝမ်းသာ အမြဲပြန်ပြီးတော့ ခံစားရတယ်။ “ပညာရွှေအိုး-လူမခိုး”တဲ့။ အဲဒီစကါးပုံ အကြောင်းပြုပြီး အဖေဟာ […]